သဘာ၀ေခၚသံေဖာင္ေဒးရွင္း ေတာင္တက္အဖြဲ႕ မဒြယ္ရာဇီေရခဲေတာင္ထိပ္ ေအာင္ျမင္စြာတက္ေရာက္ခဲ့

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္တြင္ က်ေရာက္သည့္ ရန္ကုန္တကၠသိုလ္ (၉၉)ႏွစ္ေျမာက္(ရာျပည့္အႀကိဳ) ေမြးေန႔ကို ဂုဏ္ျပဳႀကိဳဆိုသည့္ အထိမ္းအမွတ္ တကၠသိုလ္ေျခလ်င္ႏွင့္ ေတာင္တက္အသင္း သဘာ၀ေခၚသံေဖာင္ေဒးရွင္း ဒုတိယဥကၠ႒ ဦးဝင္းကို ဦးေဆာင္ေသာ ေဆာင္းရာသီ ေတာင္တက္အဖြဲ႕သည္ ကခ်င္ျပည္နယ္ ပူတာအိုခ႐ိုင္ အိႏၵိယ-ျမန္မာနယ္နိမိတ္မ်ဥ္းအနီးရွိ မဒြယ္ရာဇီေရခဲေတာင္ (ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၅၁၁၇ ေပ) ထိပ္သို႔ ႏိုဝင္ဘာ ၃၀ ရက္ နံနက္ ၉ နာရီ ၃၇ မိနစ္တြင္ ေအာင္ျမင္စြာ တက္ေရာက္ခဲ့ၾကသည္။

တကၠသိုလ္အသီးသီးမွ အဖြဲ႕ဝင္ အမ်ိဳးသားရွစ္ဦး၊ အမ်ိဳးသမီးေျခာက္ဦး စုစုေပါင္းအဖြဲ႕ဝင္ ၁၄ဦးပါဝင္သည့္ အဆိုပါ လက္ေ႐ြးစင္ေတာင္တက္အဖြဲ႕သည္ ႏိုဝင္ဘာ ၂၂ ရက္က ပူတာအိုအေျခစိုက္စခန္းမွ စတင္ထြက္ခြာခဲ့ၾကၿပီး သဘာ၀ေရေျမေတာေတာင္ႏွင့္ ရာသီဥတု အတားအဆီး အခက္အခဲ အမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္၍ မဒြယ္ရာဇီေရခဲေတာင္ထိပ္သို႔ ႏိုဝင္ဘာ ၃၀ ရက္ နံနက္ ၉ နာရီ ၃၇ မိနစ္တြင္ အဖြဲ႕ဝင္အားလုံး ေအာင္ျမင္စြာ ေရာက္ရွိၾကကာ ႏိုင္ငံေတာ္အလံ၊ ေတာင္တက္အဖြဲ႕အလံတို႔ကို စိုက္ထူၿပီး ႏိုင္ငံေတာ္သီခ်င္းကို ဂုဏ္ျပဳသီဆိုခဲ့ၾကသည္။

ေတာင္တက္အဖြဲ႕သည္ ဒီဇင္ဘာ ၅ ရက္တြင္ ပူတာအိုအေျခစိုက္စခန္းသို႔ ေခ်ာေမာစြာ ျပန္လည္ေရာက္ရွိခဲ့ၾကသည္။ ေတာင္တက္ခရီးစဥ္ေအာင္ျမင္ေရးအတြက္ ေဒသခံလမ္းျပႏွင့္ အထမ္းသမားမ်ားက ဝိုင္းဝန္းကူညီခဲ့ၾကေၾကာင္း သိရသည္။

‘ဒီခရီးက တျခားခရီးေတြနဲ႔မတူဘူး။ မဒြယ္မလြယ္လို႔ ေျပာရေအာင္ လြယ္မလိုနဲ႔ ေတာ္ေတာ္ ပင္ပန္းခက္ခဲတယ္။ ေသခ်ာေလ့က်င့္ထားၾကတာရယ္၊ ဂ႐ုတစိုက္သြားၾကတာရယ္၊ ရာသီဥတုက အေျခအေနေပးခဲ့တာရယ္ေၾကာင့္ ကၽြန္မတို႔ ေအာင္ျမင္ခဲ့ၾကတာ။ လိုက္ပါတဲ့သူ ၁၄ ဦးစလုံး ေအာင္ျမင္ခဲ့လို႔ အဲဒီေတာင္ထိပ္မွာ လိုက္ပါတဲ့ ေတာင္တက္အဖြဲ႕ဝင္အားလုံး ေအာင္ျမင္တဲ့အဖြဲ႕လို႔ ေျပာလို႔ရတယ္’ဟု ေတာင္တက္အဖြဲ႕တြင္ အုပ္ခ်ဳပ္သူတစ္ဦးအျဖစ္ လိုက္ပါခဲ့သူ မအူပင္တကၠသိုလ္ ပထဝီဝင္ဌာနကထိက ေဒါက္တာေဒၚခင္ေအးမူကရွင္းျပသည္။

၁၉၉၈ ခုႏွစ္က ရန္ကုန္တကၠသိုလ္ ေျခလ်င္ႏွင့္ေတာင္တက္အဖြဲ႕ဝင္ ၂၄ ဦးသည္ ပူတာအိုခ႐ိုင္ရွိ ဖြန္ဂန္ရာဇီေရခဲေတာင္ထိပ္ (၁၁၅၀၀ ေပ)သို႔ တကၠသိုလ္ ေတာင္တက္အသင္းအေနျဖင့္ ပထမဦးဆုံးအႀကိမ္ ေအာင္ျမင္စြာ တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ တကၠသိုလ္၊ ေကာလိပ္အသီးသီးႏွင့္ အေပ်ာ္တမ္း၊ ဝါသနာရွင္ ေတာင္တက္အဖြဲ႕မ်ားသည္ ျမန္မာႏိုင္ငံရွိ ေဝးလံသီေခါင္ေသာ ေတာေတာင္မ်ားႏွင့္ ေရခဲေတာင္မ်ားကို တစ္စထက္တစ္စ တက္ေရာက္လာၾကကာ ဇြဲ၊ လုံ႔လ၊ ဝီရိယ၊ သတၱိႏွင့္အဖြဲ႕အစည္း စိတ္ဓာတ္တို႔ကို ျပဳစုပ်ိဳးေထာင္ေပးေသာ ေျခလ်င္ေတာင္တက္အားကစားကို စိတ္ပါဝင္စားသူ မ်ားျပားလာခဲ့ၾကေၾကာင္း သဘာ၀ေခၚသံေဖာင္ေဒးရွင္း ဥကၠ႒ ဦးမ်ိဳးသန္႔က သုံးသပ္ေျပာၾကားသည္။

ဓာတ္ပုံ – ေဒၚခင္ေအးမူ

………………………………………………………..

(Unicode Version)

သဘာ၀ခေါ်သံဖောင်ဒေးရှင်း တောင်တက်အဖွဲ့ မဒွယ်ရာဇီရေခဲတောင်ထိပ် အောင်မြင်စွာတက်ရောက်ခဲ့

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်သည့် ရန်ကုန်တက္ကသိုလ် (၉၉)နှစ်မြောက်(ရာပြည့်အကြို) မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာ၀ခေါ်သံဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းကို ဦးဆောင်သော ဆောင်းရာသီ တောင်တက်အဖွဲ့သည် ကချင်ပြည်နယ် ပူတာအိုခရိုင် အိန္ဒိယ-မြန်မာနယ်နိမိတ်မျဉ်းအနီးရှိ မဒွယ်ရာဇီရေခဲတောင် (ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၁၁၇ ပေ) ထိပ်သို့ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီ ၃၇ မိနစ်တွင် အောင်မြင်စွာ တက်ရောက်ခဲ့ကြသည်။

တက္ကသိုလ်အသီးသီးမှ အဖွဲ့ဝင် အမျိုးသားရှစ်ဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်းအဖွဲ့ဝင် ၁၄ဦးပါဝင်သည့် အဆိုပါ လက်ရွေးစင်တောင်တက်အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်က ပူတာအိုအခြေစိုက်စခန်းမှ စတင်ထွက်ခွာခဲ့ကြပြီး သဘာ၀ရေမြေတောတောင်နှင့် ရာသီဥတု အတားအဆီး အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်၍ မဒွယ်ရာဇီရေခဲတောင်ထိပ်သို့ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီ ၃၇ မိနစ်တွင် အဖွဲ့ဝင်အားလုံး အောင်မြင်စွာ ရောက်ရှိကြကာ နိုင်ငံတော်အလံ၊ တောင်တက်အဖွဲ့အလံတို့ကို စိုက်ထူပြီး နိုင်ငံတော်သီချင်းကို ဂုဏ်ပြုသီဆိုခဲ့ကြသည်။

တောင်တက်အဖွဲ့သည် ဒီဇင်ဘာ ၅ ရက်တွင် ပူတာအိုအခြေစိုက်စခန်းသို့ ချောမောစွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ တောင်တက်ခရီးစဉ်အောင်မြင်ရေးအတွက် ဒေသခံလမ်းပြနှင့် အထမ်းသမားများက ဝိုင်းဝန်းကူညီခဲ့ကြကြောင်း သိရသည်။

‘ဒီခရီးက တခြားခရီးတွေနဲ့မတူဘူး။ မဒွယ်မလွယ်လို့ ပြောရအောင် လွယ်မလိုနဲ့ တော်တော် ပင်ပန်းခက်ခဲတယ်။ သေချာလေ့ကျင့်ထားကြတာရယ်၊ ဂရုတစိုက်သွားကြတာရယ်၊ ရာသီဥတုက အခြေအနေပေးခဲ့တာရယ်ကြောင့် ကျွန်မတို့ အောင်မြင်ခဲ့ကြတာ။ လိုက်ပါတဲ့သူ ၁၄ ဦးစလုံး အောင်မြင်ခဲ့လို့ အဲဒီတောင်ထိပ်မှာ လိုက်ပါတဲ့ တောင်တက်အဖွဲ့ဝင်အားလုံး အောင်မြင်တဲ့အဖွဲ့လို့ ပြောလို့ရတယ်’ဟု တောင်တက်အဖွဲ့တွင် အုပ်ချုပ်သူတစ်ဦးအဖြစ် လိုက်ပါခဲ့သူ မအူပင်တက္ကသိုလ် ပထဝီဝင်ဌာနကထိက ဒေါက်တာဒေါ်ခင်အေးမူကရှင်းပြသည်။

၁၉၉၈ ခုနှစ်က ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အဖွဲ့ဝင် ၂၄ ဦးသည် ပူတာအိုခရိုင်ရှိ ဖွန်ဂန်ရာဇီရေခဲတောင်ထိပ် (၁၁၅၀၀ ပေ)သို့ တက္ကသိုလ် တောင်တက်အသင်းအနေဖြင့် ပထမဦးဆုံးအကြိမ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက် တက္ကသိုလ်၊ ကောလိပ်အသီးသီးနှင့် အပျော်တမ်း၊ ဝါသနာရှင် တောင်တက်အဖွဲ့များသည် မြန်မာနိုင်ငံရှိ ဝေးလံသီခေါင်သော တောတောင်များနှင့် ရေခဲတောင်များကို တစ်စထက်တစ်စ တက်ရောက်လာကြကာ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိနှင့်အဖွဲ့အစည်း စိတ်ဓာတ်တို့ကို ပြုစုပျိုးထောင်ပေးသော ခြေလျင်တောင်တက်အားကစားကို စိတ်ပါဝင်စားသူ များပြားလာခဲ့ကြကြောင်း သဘာ၀ခေါ်သံဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က သုံးသပ်ပြောကြားသည်။

ဓာတ်ပုံ – ဒေါ်ခင်အေးမူ