သ႐ုပ္ေဆာင္ သြန္းဆက္ႏွင့္ေတြ႕ဆုံျခင္း

“အလႈပ္ ကာ႐ိုက္တာမ်ိဳးေတြဆိုရင္ ပိုၿပီးေတာ့ သေဘာက်တယ္”

႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္ သြန္းဆက္ႏွင့္ေတြ႕ ဆုံခိုက္ အႏုပညာလႈပ္ရွားမႈ အေၾကာင္းအရာမ်ားအျပင္ အျခားေသာ ႐ုပ္ရွင္ဇာတ္ကားကမ္းလွမ္းထားမႈမ်ား၊ ၂၀၂၀ ျပည့္ႏွစ္တြင္ လုပ္ေဆာင္မည့္ လႈပ္ရွားမႈမ်ားအေၾကာင္းကို ေမးျမန္းေဖာ္ျပလိုက္ပါသည္-

ေမး – ေနာက္ပိုင္းသြန္းဆက္ကို ပြဲတက္တာေတြသိပ္မေတြ႕ရေတာ့ဘူးေနာ္။

ေျဖ – ဟုတ္တယ္။ ပြဲေတြသိပ္မတက္ျဖစ္ဘူးဆိုတာက သြန္းဆက္က ခရီးေတြထြက္ေနတာမ်ားတဲ့အတြက္ သိပ္မတက္ျဖစ္တာပါ။ အရင္တုန္းကေတာ့ တက္ျဖစ္ပါတယ္။ အခုေနာက္ပိုင္း သိပ္မတက္ျဖစ္ေတာ့ဘူး။ အဓိကကေတာ့ ခရီးေတြထြက္ေနရတာမ်ားေနလို႔ပါ။

ေမး – ဒီဇင္ဘာလထဲမွာ အႏုပညာလႈပ္ရွားမႈ ဘာေတြမ်ားလုပ္ဖို႔ရွိေသးလဲ။

ေျဖ – အႏုပညာလႈပ္ရွားမႈကေတာ့ သြန္းဆက္ စီးရီးတစ္ခု႐ိုက္ဖို႔ ေျပာထားတာရွိတယ္။ ၿပီးေတာ့ဒီၾကားထဲ နယ္မွာသီခ်င္းဆိုျဖစ္တယ္။ အရင္တုန္းကလို ဗီဒီယိုကားေတြကလည္း မ႐ိုက္ၾကေတာ့ဘူးဆိုေတာ့ နယ္မွာသီခ်င္းဆိုတယ္။ ေၾကာ္ျငာေတြ ႐ိုက္တယ္။ အဲဒီေလာက္ပါပဲ။

ေမး – ယုသႏၲာတင္တို႔နဲ႔ခရီးသြားတဲ့ ပုံေလးေတြလည္း ေတြ႕ရတယ္ေနာ္။

ေျဖ – ယုတို႔နဲ႔က အဲဒီလိုမ်ိဳး ခရီးေတြသြားျဖစ္ပါတယ္။ နယ္ေတြမွာလည္း ဇာတ္ကား႐ိုက္ျဖစ္တယ္။ အျပင္မွာလည္း အၿမဲတမ္းသြားျဖစ္တယ္ဆိုေတာ့ သူတို႔နဲ႔က အရမ္းကို ရင္းႏွီးေနၾကတာပါ။

ေမး – ဒီႏွစ္ထဲမွာ သြန္းဆက္ရဲ႕ ဇာတ္ကားေတြ႐ုံတင္ဖို႔ ရွိေသးလား။

ေျဖ – အမ်ားႀကီးက်န္ပါေသးတယ္။ သြန္းဆက္ဇာတ္ကား ၁၀ ကား၊ ၁၂ ကားေလာက္က်န္ပါေသးတယ္။

ေမး – အရင္ကထက္စာရင္ ဇာတ္ကားေ႐ြးခ်ယ္မႈအပိုင္းေတြမွာ ေျပာင္းလဲမႈေတြရွိလာလား။

ေျဖ – ေျပာင္းလဲလာတယ္။ သြန္းဆက္ကိုဇာတ္ကားႀကီးေတြ႐ိုက္ဖို႔ လာကမ္းလွမ္းတာမ်ိဳးေတြလည္းရွိတယ္။ ဒါေပမဲ့ ဇာတ္ကားႀကီးက ကာ႐ိုက္တာကို အရမ္းႀကီးမႀကိဳက္လို႔ မ႐ိုက္ျဖစ္ေတာ့ဘူး။ သြန္းဆက္ အခုေနာက္ပိုင္းဆိုရင္ အရင္တုန္းကလိုမ်ိဳးမဟုတ္ေတာ့ဘူး။ ကာ႐ိုက္တာပိုင္းကို နည္းနည္းေလးေ႐ြးၿပီးေတာ့ ႐ိုက္လာပါတယ္။ အဓိကကေတာ့ ကိုယ့္ကို ပရိသတ္ကေသေသခ်ာခ်ာသိၿပီးေတာ့ လုပ္ရမယ့္အခန္းေတြ၊ အလႈပ္ကာ႐ိုက္တာမ်ိဳးေတြဆိုရင္ ပိုၿပီးေတာ့သေဘာက်တယ္။ အခုေနာက္ပိုင္းလည္း အဲဒီလို ကာ႐ိုက္တာမ်ိဳးေတြကိုပို႐ိုက္ခ်င္တယ္၊

ေမး – ၂၀၂၀ ျပည့္ႏွစ္ထဲမွာ ထူးထူးျခားျခားလုပ္ေဆာင္မယ့္ အရာေတြ ရွိေသးလား။

ေျဖ – ၂၀၂၀ မွာ ထူးထူးျခားျခားလုပ္သြားဖို႔ရွိတယ္။ အျခားအလုပ္ေတြလည္း လုပ္သြားဖို႔ရွိတယ္။ ၂၀၂၀ မွာ အလုပ္တစ္ခုလုပ္ဖို႔ရွိတယ္။ အႏုပညာနဲ႔ပတ္သက္တာေတာ့ မဟုတ္ဘူး။ တျခားအျပင္ စီးပြားေရးလုပ္ဖို႔ရွိပါတယ္။

ေမး – ၂၀၁၉ခုႏွစ္က သြန္းဆက္အတြက္ ကံေကာင္းတဲ့ႏွစ္ ျဖစ္ခဲ့လား။

ေျဖ – ၂၀၁၉ကေတာ့ သြန္းဆက္အတြက္ ကံေကာင္းတယ္လည္း မဟုတ္ဘူး။ ကံဆိုးတဲ့ႏွစ္လည္း မဟုတ္ဘူး။ ပုံမွန္ေလးပါပဲ။ အရင္တုန္းကေလာက္ေတာ့ ကံေတြမေကာင္းေတာ့ဘူး။ ကိုယ္ေတြတင္မဟုတ္ဘူး။ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားက သိပ္ၿပီးမ႐ိုက္ရေတာ့ဘူး။ အကုန္လုံးက မ႐ိုက္ရေတာ့ဘူးဆိုေတာ့ အလုပ္ကိုလည္း ပုံမွန္ေလးပဲေပါ့ေနာ္။ အျပင္တျခားကိစၥေတြကိုလည္း ပုံမွန္ေလးပဲသြားေနတာဆိုေတာ့ ကံေကာင္းတယ္လည္း မဟုတ္ဘူး။ ကံဆိုးတယ္လည္းမဟုတ္ဘူး။ အလယ္မွာပဲ သြားေနတာပါပဲ။

ေမး – အားေပးေနတဲ့ ပရိသတ္အတြက္ စကားလက္ေဆာင္ေလး ေျပာေပးပါဦး။

ေျဖ – သြန္းဆက္ရဲ႕ခ်စ္ပရိသတ္ႀကီး ၂၀၂၀ မွာလည္း သြန္းဆက္ရဲ႕ ဇာတ္ကားႀကီးေတြ႐ုံတင္ဖို႔လည္းရွိတယ္။ ေရွ႕လပိုင္းေတြမွာလည္း သြန္းဆက္ရဲ႕ကားႀကီးေတြ ႐ုံတင္ဖို႔လည္း ရွိတယ္လို႔ၾကားပါတယ္။ ထပ္ၿပီးေတာ့ဗီဒီယိုဇာတ္ကားေတြ မရွိေတာ့ေပမယ့္ ႐ုပ္ရွင္ကားႀကီးေတြ ႐ုံတင္ရင္လည္း သြန္းဆက္ကို ေစာင့္ေမၽွာ္ၾကည့္႐ႈၿပီးေတာ့ အားေပးၾကပါလို႔ ေျပာခ်င္ပါတယ္။

ဓာတ္ပုံ – သြန္းဆက္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

သရုပ်ဆောင် သွန်းဆက်နှင့်တွေ့ဆုံခြင်း

“အလှုပ် ကာရိုက်တာမျိုးတွေဆိုရင် ပိုပြီးတော့ သဘောကျတယ်”

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သွန်းဆက်နှင့်တွေ့ ဆုံခိုက် အနုပညာလှုပ်ရှားမှု အကြောင်းအရာများအပြင် အခြားသော ရုပ်ရှင်ဇာတ်ကားကမ်းလှမ်းထားမှုများ၊ ၂၀၂၀ ပြည့်နှစ်တွင် လုပ်ဆောင်မည့် လှုပ်ရှားမှုများအကြောင်းကို မေးမြန်းဖော်ပြလိုက်ပါသည်-

မေး – နောက်ပိုင်းသွန်းဆက်ကို ပွဲတက်တာတွေသိပ်မတွေ့ရတော့ဘူးနော်။

ဖြေ – ဟုတ်တယ်။ ပွဲတွေသိပ်မတက်ဖြစ်ဘူးဆိုတာက သွန်းဆက်က ခရီးတွေထွက်နေတာများတဲ့အတွက် သိပ်မတက်ဖြစ်တာပါ။ အရင်တုန်းကတော့ တက်ဖြစ်ပါတယ်။ အခုနောက်ပိုင်း သိပ်မတက်ဖြစ်တော့ဘူး။ အဓိကကတော့ ခရီးတွေထွက်နေရတာများနေလို့ပါ။

မေး – ဒီဇင်ဘာလထဲမှာ အနုပညာလှုပ်ရှားမှု ဘာတွေများလုပ်ဖို့ရှိသေးလဲ။

ဖြေ – အနုပညာလှုပ်ရှားမှုကတော့ သွန်းဆက် စီးရီးတစ်ခုရိုက်ဖို့ ပြောထားတာရှိတယ်။ ပြီးတော့ဒီကြားထဲ နယ်မှာသီချင်းဆိုဖြစ်တယ်။ အရင်တုန်းကလို ဗီဒီယိုကားတွေကလည်း မရိုက်ကြတော့ဘူးဆိုတော့ နယ်မှာသီချင်းဆိုတယ်။ ကြော်ငြာတွေ ရိုက်တယ်။ အဲဒီလောက်ပါပဲ။

မေး – ယုသန္တာတင်တို့နဲ့ခရီးသွားတဲ့ ပုံလေးတွေလည်း တွေ့ရတယ်နော်။

ဖြေ – ယုတို့နဲ့က အဲဒီလိုမျိုး ခရီးတွေသွားဖြစ်ပါတယ်။ နယ်တွေမှာလည်း ဇာတ်ကားရိုက်ဖြစ်တယ်။ အပြင်မှာလည်း အမြဲတမ်းသွားဖြစ်တယ်ဆိုတော့ သူတို့နဲ့က အရမ်းကို ရင်းနှီးနေကြတာပါ။

မေး – ဒီနှစ်ထဲမှာ သွန်းဆက်ရဲ့ ဇာတ်ကားတွေရုံတင်ဖို့ ရှိသေးလား။

ဖြေ – အများကြီးကျန်ပါသေးတယ်။ သွန်းဆက်ဇာတ်ကား ၁၀ ကား၊ ၁၂ ကားလောက်ကျန်ပါသေးတယ်။

မေး – အရင်ကထက်စာရင် ဇာတ်ကားရွေးချယ်မှုအပိုင်းတွေမှာ ပြောင်းလဲမှုတွေရှိလာလား။

ဖြေ – ပြောင်းလဲလာတယ်။ သွန်းဆက်ကိုဇာတ်ကားကြီးတွေရိုက်ဖို့ လာကမ်းလှမ်းတာမျိုးတွေလည်းရှိတယ်။ ဒါပေမဲ့ ဇာတ်ကားကြီးက ကာရိုက်တာကို အရမ်းကြီးမကြိုက်လို့ မရိုက်ဖြစ်တော့ဘူး။ သွန်းဆက် အခုနောက်ပိုင်းဆိုရင် အရင်တုန်းကလိုမျိုးမဟုတ်တော့ဘူး။ ကာရိုက်တာပိုင်းကို နည်းနည်းလေးရွေးပြီးတော့ ရိုက်လာပါတယ်။ အဓိကကတော့ ကိုယ့်ကို ပရိသတ်ကသေသေချာချာသိပြီးတော့ လုပ်ရမယ့်အခန်းတွေ၊ အလှုပ်ကာရိုက်တာမျိုးတွေဆိုရင် ပိုပြီးတော့သဘောကျတယ်။ အခုနောက်ပိုင်းလည်း အဲဒီလို ကာရိုက်တာမျိုးတွေကိုပိုရိုက်ချင်တယ်၊

မေး – ၂၀၂၀ ပြည့်နှစ်ထဲမှာ ထူးထူးခြားခြားလုပ်ဆောင်မယ့် အရာတွေ ရှိသေးလား။

ဖြေ – ၂၀၂၀ မှာ ထူးထူးခြားခြားလုပ်သွားဖို့ရှိတယ်။ အခြားအလုပ်တွေလည်း လုပ်သွားဖို့ရှိတယ်။ ၂၀၂၀ မှာ အလုပ်တစ်ခုလုပ်ဖို့ရှိတယ်။ အနုပညာနဲ့ပတ်သက်တာတော့ မဟုတ်ဘူး။ တခြားအပြင် စီးပွားရေးလုပ်ဖို့ရှိပါတယ်။

မေး – ၂၀၁၉ခုနှစ်က သွန်းဆက်အတွက် ကံကောင်းတဲ့နှစ် ဖြစ်ခဲ့လား။

ဖြေ – ၂၀၁၉ကတော့ သွန်းဆက်အတွက် ကံကောင်းတယ်လည်း မဟုတ်ဘူး။ ကံဆိုးတဲ့နှစ်လည်း မဟုတ်ဘူး။ ပုံမှန်လေးပါပဲ။ အရင်တုန်းကလောက်တော့ ကံတွေမကောင်းတော့ဘူး။ ကိုယ်တွေတင်မဟုတ်ဘူး။ အနုပညာရှင်တော်တော်များများက သိပ်ပြီးမရိုက်ရတော့ဘူး။ အကုန်လုံးက မရိုက်ရတော့ဘူးဆိုတော့ အလုပ်ကိုလည်း ပုံမှန်လေးပဲပေါ့နော်။ အပြင်တခြားကိစ္စတွေကိုလည်း ပုံမှန်လေးပဲသွားနေတာဆိုတော့ ကံကောင်းတယ်လည်း မဟုတ်ဘူး။ ကံဆိုးတယ်လည်းမဟုတ်ဘူး။ အလယ်မှာပဲ သွားနေတာပါပဲ။

မေး – အားပေးနေတဲ့ ပရိသတ်အတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ – သွန်းဆက်ရဲ့ချစ်ပရိသတ်ကြီး ၂၀၂၀ မှာလည်း သွန်းဆက်ရဲ့ ဇာတ်ကားကြီးတွေရုံတင်ဖို့လည်းရှိတယ်။ ရှေ့လပိုင်းတွေမှာလည်း သွန်းဆက်ရဲ့ကားကြီးတွေ ရုံတင်ဖို့လည်း ရှိတယ်လို့ကြားပါတယ်။ ထပ်ပြီးတော့ဗီဒီယိုဇာတ်ကားတွေ မရှိတော့ပေမယ့် ရုပ်ရှင်ကားကြီးတွေ ရုံတင်ရင်လည်း သွန်းဆက်ကို စောင့်မျှော်ကြည့်ရှုပြီးတော့ အားပေးကြပါလို့ ပြောချင်ပါတယ်။

ဓာတ်ပုံ – သွန်းဆက်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်