ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ားမွ ကေလးငယ္မ်ားအား ၁၀၁၄ ႐ုပ္ရွင္ဇာတ္ကား လႉဒါန္းျပသ

EXCELLENT FORTUNE FOUNDATION က စီစဥ္၍ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ‘1014’ ႐ုပ္ရွင္ဇာတ္ကားလႉဒါန္းျပသပြဲအခမ္းအနားကို ဒီဇင္ဘာ ၂၄ ရက္ နံနက္ ၉ နာရီက ရန္ကုန္ၿမိဳ႕သမၼတအဆင့္ျမင့္႐ုပ္ရွင္႐ုံ၌ ျပဳလုပ္သည္။

‘ဒီေန႔အလႉကေတာ့ ဘုန္းႀကီးေက်ာင္းႏွစ္ေက်ာင္းက ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမွာရွိတဲ့ ကေလးေတြ တစ္ေက်ာင္းကို ၉၀၀ စီနဲ႔ စုစုေပါင္း ၁၈၀၀ကို ဒီ႐ုံမွာ ဦးေက်ာ္သူရဲ႕ဇာတ္ကားျဖစ္တဲ့ ‘1014’ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ျပသေပးတဲ့အလႉပါ။ ဒီဇာတ္ကားက သမိုင္းဝင္မွတ္သားစရာကားတစ္ကား ျဖစ္တယ္။ ေနာင္တစ္ခ်ိန္မွာ ဒီကေလးေတြ အသက္ႀကီးလာၿပီးေတာ့ ႏိုင္ငံေတာ္ရဲ႕တာဝန္ကို က်ရာေနရာက ထမ္းေဆာင္ၾကတဲ့အခါ တာဝန္ယူမႈ၊ တာဝန္ခံမႈ စိတ္ဓာတ္ေလးေတြကို ငယ္စဥ္ကတည္းက အေျခခံၿပီးေတာ့ သေႏၶတည္သြားေအာင္ ရည္႐ြယ္ခ်က္နဲ႔ အခုလိုျပသေပးတာ ျဖစ္ပါတယ္’ဟု Excellent ေဖာင္ေဒးရွင္း၏ အလုပ္အမႈေဆာင္ ဦးေအးမင္းသိန္းကေျပာဆိုသည္။

ျမင္သာၿမိဳ႕ဦး ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းႏွင့္ သာေကတၿမိဳ႕နယ္ မွန္ကင္းေက်ာင္းတို႔တြင္ရွိေသာ မိဘမဲ့ကေလးငယ္ ၁၈၀၀ တို႔ကို စိတ္ေပ်ာ္႐ႊင္ေစရန္ႏွင့္ ဗဟုသုတရရွိေစရန္ရည္႐ြယ္၍ ႀကိဳပို႔ကား ငွားရမ္းခ က်ပ္သိန္း ႏွစ္ဆယ္ႏွင့္ ႏွစ္ပြဲစာ ႐ုံဝင္ခအတြက္ က်ပ္ ၅၄ သိန္း စုစုေပါင္းက်ပ္ ၇၄၀၀၀၀၀ ကို သမၼတ႐ုပ္ရွင္႐ုံတြင္ ျပသႏိုင္ရန္ ေဖာင္ေဒးရွင္းက လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

-Ads-
-Ads-

‘ဒီေန႔ ကေလးေတြကို Excellent ေဖာင္ေဒရွင္းက လႉဒါန္းၿပီး ကၽြန္ေတာ့္ရဲ႕ ဇာတ္ကားကို လာေရာက္ျပသေပးတဲ့အတြက္ ခံစားမႈက ေျပာမျပတတ္ေအာင္ပါပဲ။ ဒီဇာတ္ကား႐ိုက္ကတည္းကိုက ပါခ်ဳပ္ဆရာေတာ္ႀကီးဆီကို ခ်ဥ္းကပ္ရတယ္။ ဘာသာေရးနဲ႔ပတ္သက္တာမို႔ လူဆိုးတစ္ေယာက္က လူေကာင္းဘက္ေရာက္ဖို႔ အခ်ိန္သုံးမိနစ္အတြင္းမွာ ဘယ္လိုတရားမ်ိဳးရွိလဲဆိုတာ ဆရာေတာ္ႀကီးဆီ ေလၽွာက္ထားေမးျမန္းေတာ့ ဆရာေတာ္ႀကီးက ဒီဇာတ္က အင္မတန္ေကာင္းမြန္တဲ့ဇာတ္ ျဖစ္တယ္။ လူသားေတြအားလုံး လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြးအားလုံးၾကည့္သင့္တဲ့ ဇာတ္ကားမ်ိဳးဆိုၿပီး ေတာ့ ဆရာေတာ္ႀကီးက မိန္႔မွတ္လိုက္တယ္။ ဒီလိုဇာတ္ကားမ်ိဳးကို ကေလးငယ္ေတြကို ျပခြင့္ရတဲ့အတြက္ ေနာက္မ်ိဳးဆက္သစ္အတြက္ ေတာ္ေတာ္ေလး အားရပါတယ္’ဟု သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ဦးေက်ာ္သူက ေျပာၾကားသည္။

Excellent ေဖာင္ေဒရွင္းကို ၁၆-၁၀-၂၀၁၆ ရက္က စတင္တည္ေထာင္ခဲ့ၿပီး ၃-၃-၂၀၁၇ ရက္တြင္ လုပ္ငန္းစတင္လုပ္ေဆာင္ခြင့္ရရွိခဲ့ျခင္းျဖစ္ကာ ယေန႔အထိ EXCLELLENT FORTUNE FOUNDATION က ပရဟိတလုပ္ငန္းမ်ားတြင္ စုစုေပါင္း တန္ဖိုးေငြက်ပ္ ၂၂၉၈၆၅၄၀၀၀ ဖိုး သုံးစြဲခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း၊ ဓာတ္ပုံ – ႏွင္းစုမြန္

………………………………………………………..

(Unicode Version)

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကလေးငယ်များအား ၁၀၁၄ ရုပ်ရှင်ဇာတ်ကား လှူဒါန်းပြသ

EXCELLENT FORTUNE FOUNDATION က စီစဉ်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ‘1014’ ရုပ်ရှင်ဇာတ်ကားလှူဒါန်းပြသပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြုလုပ်သည်။

‘ဒီနေ့အလှူကတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ ကလေးတွေ တစ်ကျောင်းကို ၉၀၀ စီနဲ့ စုစုပေါင်း ၁၈၀၀ကို ဒီရုံမှာ ဦးကျော်သူရဲ့ဇာတ်ကားဖြစ်တဲ့ ‘1014’ ရုပ်ရှင်ဇာတ်ကားကြီးကို ပြသပေးတဲ့အလှူပါ။ ဒီဇာတ်ကားက သမိုင်းဝင်မှတ်သားစရာကားတစ်ကား ဖြစ်တယ်။ နောင်တစ်ချိန်မှာ ဒီကလေးတွေ အသက်ကြီးလာပြီးတော့ နိုင်ငံတော်ရဲ့တာဝန်ကို ကျရာနေရာက ထမ်းဆောင်ကြတဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်လေးတွေကို ငယ်စဉ်ကတည်းက အခြေခံပြီးတော့ သန္ဓေတည်သွားအောင် ရည်ရွယ်ချက်နဲ့ အခုလိုပြသပေးတာ ဖြစ်ပါတယ်’ဟု Excellent ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် ဦးအေးမင်းသိန်းကပြောဆိုသည်။

မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သာကေတမြို့နယ် မှန်ကင်းကျောင်းတို့တွင်ရှိသော မိဘမဲ့ကလေးငယ် ၁၈၀၀ တို့ကို စိတ်ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကြိုပို့ကား ငှားရမ်းခ ကျပ်သိန်း နှစ်ဆယ်နှင့် နှစ်ပွဲစာ ရုံဝင်ခအတွက် ကျပ် ၅၄ သိန်း စုစုပေါင်းကျပ် ၇၄၀၀၀၀၀ ကို သမ္မတရုပ်ရှင်ရုံတွင် ပြသနိုင်ရန် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘ဒီနေ့ ကလေးတွေကို Excellent ဖောင်ဒေရှင်းက လှူဒါန်းပြီး ကျွန်တော့်ရဲ့ ဇာတ်ကားကို လာရောက်ပြသပေးတဲ့အတွက် ခံစားမှုက ပြောမပြတတ်အောင်ပါပဲ။ ဒီဇာတ်ကားရိုက်ကတည်းကိုက ပါချုပ်ဆရာတော်ကြီးဆီကို ချဉ်းကပ်ရတယ်။ ဘာသာရေးနဲ့ပတ်သက်တာမို့ လူဆိုးတစ်ယောက်က လူကောင်းဘက်ရောက်ဖို့ အချိန်သုံးမိနစ်အတွင်းမှာ ဘယ်လိုတရားမျိုးရှိလဲဆိုတာ ဆရာတော်ကြီးဆီ လျှောက်ထားမေးမြန်းတော့ ဆရာတော်ကြီးက ဒီဇာတ်က အင်မတန်ကောင်းမွန်တဲ့ဇာတ် ဖြစ်တယ်။ လူသားတွေအားလုံး လူမျိုးမရွေး၊ ဘာသာမရွေးအားလုံးကြည့်သင့်တဲ့ ဇာတ်ကားမျိုးဆိုပြီး တော့ ဆရာတော်ကြီးက မိန့်မှတ်လိုက်တယ်။ ဒီလိုဇာတ်ကားမျိုးကို ကလေးငယ်တွေကို ပြခွင့်ရတဲ့အတွက် နောက်မျိုးဆက်သစ်အတွက် တော်တော်လေး အားရပါတယ်’ဟု သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူက ပြောကြားသည်။

Excellent ဖောင်ဒေရှင်းကို ၁၆-၁၀-၂၀၁၆ ရက်က စတင်တည်ထောင်ခဲ့ပြီး ၃-၃-၂၀၁၇ ရက်တွင် လုပ်ငန်းစတင်လုပ်ဆောင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကာ ယနေ့အထိ EXCLELLENT FORTUNE FOUNDATION က ပရဟိတလုပ်ငန်းများတွင် စုစုပေါင်း တန်ဖိုးငွေကျပ် ၂၂၉၈၆၅၄၀၀၀ ဖိုး သုံးစွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ – နှင်းစုမွန်

-Ads-
-Ads-