ဒီဘ႐ိုင္းႏွင့္ဆာလက္ခ္်တို႔ကို ေမာ္ရင္ဟိုအခြင့္အေရးမေပးခဲ့ဟု လမ္းပတ္ေဝဖန္ ဆြန္ေဟာင္မင္၏အနီကတ္ အယူခံပယ္ခ်ခံရ၍ သုံးပြဲပယ္ျပစ္ဒဏ္ခံရေတာ့မည္

စပါးကို ခ်ယ္လ္ဆီးအသင္း အႏိုင္ရသည့္ပြဲစဥ္တြင္ ခ်ယ္လ္ဆီးခံစစ္မႉး ႐ူဒီဂါကို စပါးမွ ေတာင္ကိုရီးယားတိုက္စစ္မႉး ဆြန္ေဟာင္မင္ ေျခေထာက္ျဖင့္ကန္ခဲ့ျခင္းအတြက္ ကြင္းလယ္ဒိုင္မွ အနီကတ္မျပေသာ္လည္း ဗြီေအအာရ္ဒိုင္က မွတ္တမ္းျပန္ၾကည့္ၿပီး တိုက္႐ိုက္အနီကတ္ျပခဲ့မႈကို စပါးနည္းျပ ေမာ္ရင္ဟိုက ဟန္ေဆာင္မႈပိုလြန္းၿပီး နာက်င္ဟန္ျပသပုံႏွင့္ဆိုလၽွင္ နံ႐ိုးမ်ားက်ိဳးသြားသည့္ပုံစံဟု ေဝဖန္ခဲ့ရာ ခ်ယ္လ္ဆီးတြင္ ေမာ္ရင္ဟိုလက္ေအာက္၌ ကစားခဲ့သည့္ လက္ရွိခ်ယ္လ္ဆီးနည္းျပ လမ္းပတ္က တုံ႔ျပန္ေဝဖန္ခဲ့သည္။

ထိုပြဲတြင္ ႐ူဒီဂါမွာ ဆြန္ေဟာင္မင္အနီကတ္ထိၿပီးေနာက္ စပါးပရိသတ္မ်ား၏ လူမ်ိဳးခြဲျခား ေစာ္ကားမႈကိုလည္း ခံခဲ့ရသည့္အတြက္ လမ္းပတ္က ေမာ္ရင္ဟိုအေပၚ တုံ႔ျပန္ေဝဖန္သြားခဲ့သည္။

လမ္းပတ္က ‘႐ူဒီဂါရဲ႕ ဂုဏ္သိကၡာကို ထိပါးခံရတဲ့အတြက္ ကၽြန္ေတာ္စိတ္မေကာင္းဘူး။ လူမ်ိဳးခြဲျခားေစာ္ကားခံရအၿပီး လူမႈကြန္ရက္မွာ ႐ူဒီဂါ ဟာ ၂၀၁၉ ေရာက္လာၿပီ လူမ်ိဳးခြဲျခားေစာ္ကားေနၾကတုန္း၊ ဘယ္ေတာ့မွရပ္တန္႔မွာလည္းလို႔ ေရးတင္ထားတဲ့အတြက္ တကယ္စိတ္မေကာင္းလို႔ ေခၚေတြ႕ၿပီး သူ႕ဘက္ကရွိတဲ့အေၾကာင္းနဲ႔ အကာအကြယ္အၿမဲေပးမယ့္အေၾကာင္း ေျပာခဲ့တယ္။ ဒီရာသီမွာ တမ္မီအဘရာဟမ္လည္း ဒီလိုေစာ္ကားခံခဲ့ရေသးတယ္။ ကၽြန္ေတာ့္ ကစားသမားေတြ ဂုဏ္သိကၡာအတြက္ အၿမဲ မားမားမတ္မတ္ရပ္တည္သြားမွာပါ။ ဆြန္ေဟာင္မင္အနီကတ္ကို ျမင္ရသူတိုင္းေရာ ပြဲအၿပီးျပန္ၾကည့္ရာမွာ ေရာ၊ ဗြီေအအာရ္ဆုံးျဖတ္ခ်က္မွာပါ ရွင္းလင္းစြာ အားလုံးအမွန္ကို ျမင္ႏိုင္ပါတယ္။ ႐ူဒီဂါ ဂုဏ္သိကၡာကို ေစာ္ကားမႈအတြက္ ျပန္ေမးခြန္းထုတ္ခ်င္တယ္။ ပြဲၿပီးခါနီး ၁၅ မိနစ္အတြင္း စပါး ကစားသမားေတြ ပင္နယ္တီရေအာင္ အႀကိမ္ႀကိမ္ဂိုးဧရိယာထဲလုပ္ခဲ့တာေတြအတြက္ေရာ ဘာေျပာခ်င္ပါသလဲ’ ဟု ေမာ္ရင္ဟိုကို တုံ႔ျပန္ေျပာဆိုသြားခဲ့သည္။

ဆြန္ေဟာင္မင္အတြက္ စပါးအသင္းက အယူခံဝင္ခဲ့မႈသည္လည္း အယူခံက်သျဖင့္ ၎သည္ သုံးပြဲပယ္ခံရၿပီျဖစ္သည္။ လမ္းပတ္သည္ ေဆာက္သမ္တန္ႏွင့္ ေဘာက္ဆင္ေဒးေန႔ပြဲမတိုင္မီ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္လည္း ေမာ္ရင္ဟိုသည္ ကမၻာ့ထိပ္တန္းအဆင့္ ကစားသမားမ်ားျဖစ္ေသာ ဆာလက္ခ္်ႏွင့္ဒီဘ႐ိုင္းတို႔ကို ခ်ယ္လ္ဆီးတြင္ရွိစဥ္ စိတ္ရွည္ရွည္ျဖင့္ေနရာမေပးဘဲ အသင္းမွထြက္ေစခဲ့သူဟုလည္း ထပ္မံေဝဖန္သြားခဲ့သည္။ ေမာ္ရင္ဟိုသည္ ခ်ယ္ဆီးအသင္းကို ဒုတိယအႀကိမ္နည္းျပစဥ္ ဒီဘ႐ိုင္းကို ဝုဗ္ဘတ္ထံေရာင္းခ်ခဲ့သလို ဆာလက္ခ္်ကိုလည္း ႐ိုးမားထံ အငွားခ်ခဲ့ၿပီး ေနာက္ဆက္ခံသည့္ ကြန္တီက အၿပီးေရာင္းခ်ခဲ့ျခင္းျဖစ္သည္။ ‘စိတ္မရွည္ဘူး၊ ကစားသမားေတြအေပၚ နားမလည္ႏိုင္ဘူးဆိုရင္ ကမၻာ့ထိပ္တန္းအဆင့္ ကစားသမားေတြကို အရင္ကဆုံး႐ႈံးခဲ့သလိုပဲ ဆုံး႐ႈံးရမွာပါ’ ဟု ေဝဖန္ေျပာၾကားသြားခဲ့သည္။

(Unicode Version)

ဒီဘရိုင်းနှင့်ဆာလက်ခ်ျတို့ကို မော်ရင်ဟိုအခွင့်အရေးမပေးခဲ့ဟု လမ်းပတ်ဝေဖန် ဆွန်ဟောင်မင်၏အနီကတ် အယူခံပယ်ချခံရ၍ သုံးပွဲပယ်ပြစ်ဒဏ်ခံရတော့မည်

စပါးကို ချယ်လ်ဆီးအသင်း အနိုင်ရသည့်ပွဲစဉ်တွင် ချယ်လ်ဆီးခံစစ်မှူး ရူဒီဂါကို စပါးမှ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင် ခြေထောက်ဖြင့်ကန်ခဲ့ခြင်းအတွက် ကွင်းလယ်ဒိုင်မှ အနီကတ်မပြသော်လည်း ဗွီအေအာရ်ဒိုင်က မှတ်တမ်းပြန်ကြည့်ပြီး တိုက်ရိုက်အနီကတ်ပြခဲ့မှုကို စပါးနည်းပြ မော်ရင်ဟိုက ဟန်ဆောင်မှုပိုလွန်းပြီး နာကျင်ဟန်ပြသပုံနှင့်ဆိုလျှင် နံရိုးများကျိုးသွားသည့်ပုံစံဟု ဝေဖန်ခဲ့ရာ ချယ်လ်ဆီးတွင် မော်ရင်ဟိုလက်အောက်၌ ကစားခဲ့သည့် လက်ရှိချယ်လ်ဆီးနည်းပြ လမ်းပတ်က တုံ့ပြန်ဝေဖန်ခဲ့သည်။

ထိုပွဲတွင် ရူဒီဂါမှာ ဆွန်ဟောင်မင်အနီကတ်ထိပြီးနောက် စပါးပရိသတ်များ၏ လူမျိုးခွဲခြား စော်ကားမှုကိုလည်း ခံခဲ့ရသည့်အတွက် လမ်းပတ်က မော်ရင်ဟိုအပေါ် တုံ့ပြန်ဝေဖန်သွားခဲ့သည်။

လမ်းပတ်က ‘ရူဒီဂါရဲ့ ဂုဏ်သိက္ခာကို ထိပါးခံရတဲ့အတွက် ကျွန်တော်စိတ်မကောင်းဘူး။ လူမျိုးခွဲခြားစော်ကားခံရအပြီး လူမှုကွန်ရက်မှာ ရူဒီဂါ ဟာ ၂၀၁၉ ရောက်လာပြီ လူမျိုးခွဲခြားစော်ကားနေကြတုန်း၊ ဘယ်တော့မှရပ်တန့်မှာလည်းလို့ ရေးတင်ထားတဲ့အတွက် တကယ်စိတ်မကောင်းလို့ ခေါ်တွေ့ပြီး သူ့ဘက်ကရှိတဲ့အကြောင်းနဲ့ အကာအကွယ်အမြဲပေးမယ့်အကြောင်း ပြောခဲ့တယ်။ ဒီရာသီမှာ တမ်မီအဘရာဟမ်လည်း ဒီလိုစော်ကားခံခဲ့ရသေးတယ်။ ကျွန်တော့် ကစားသမားတွေ ဂုဏ်သိက္ခာအတွက် အမြဲ မားမားမတ်မတ်ရပ်တည်သွားမှာပါ။ ဆွန်ဟောင်မင်အနီကတ်ကို မြင်ရသူတိုင်းရော ပွဲအပြီးပြန်ကြည့်ရာမှာ ရော၊ ဗွီအေအာရ်ဆုံးဖြတ်ချက်မှာပါ ရှင်းလင်းစွာ အားလုံးအမှန်ကို မြင်နိုင်ပါတယ်။ ရူဒီဂါ ဂုဏ်သိက္ခာကို စော်ကားမှုအတွက် ပြန်မေးခွန်းထုတ်ချင်တယ်။ ပွဲပြီးခါနီး ၁၅ မိနစ်အတွင်း စပါး ကစားသမားတွေ ပင်နယ်တီရအောင် အကြိမ်ကြိမ်ဂိုးဧရိယာထဲလုပ်ခဲ့တာတွေအတွက်ရော ဘာပြောချင်ပါသလဲ’ ဟု မော်ရင်ဟိုကို တုံ့ပြန်ပြောဆိုသွားခဲ့သည်။

ဆွန်ဟောင်မင်အတွက် စပါးအသင်းက အယူခံဝင်ခဲ့မှုသည်လည်း အယူခံကျသဖြင့် ၎င်းသည် သုံးပွဲပယ်ခံရပြီဖြစ်သည်။ လမ်းပတ်သည် ဆောက်သမ်တန်နှင့် ဘောက်ဆင်ဒေးနေ့ပွဲမတိုင်မီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်လည်း မော်ရင်ဟိုသည် ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားများဖြစ်သော ဆာလက်ခ်ျနှင့်ဒီဘရိုင်းတို့ကို ချယ်လ်ဆီးတွင်ရှိစဉ် စိတ်ရှည်ရှည်ဖြင့်နေရာမပေးဘဲ အသင်းမှထွက်စေခဲ့သူဟုလည်း ထပ်မံဝေဖန်သွားခဲ့သည်။ မော်ရင်ဟိုသည် ချယ်ဆီးအသင်းကို ဒုတိယအကြိမ်နည်းပြစဉ် ဒီဘရိုင်းကို ဝုဗ်ဘတ်ထံရောင်းချခဲ့သလို ဆာလက်ခ်ျကိုလည်း ရိုးမားထံ အငှားချခဲ့ပြီး နောက်ဆက်ခံသည့် ကွန်တီက အပြီးရောင်းချခဲ့ခြင်းဖြစ်သည်။ ‘စိတ်မရှည်ဘူး၊ ကစားသမားတွေအပေါ် နားမလည်နိုင်ဘူးဆိုရင် ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားတွေကို အရင်ကဆုံးရှုံးခဲ့သလိုပဲ ဆုံးရှုံးရမှာပါ’ ဟု ဝေဖန်ပြောကြားသွားခဲ့သည်။