သ႐ုပ္ေဆာင္ ပိုင္တံခြန္ႏွင့္ေတြ႕ဆုံျခင္း

“ႏိုင္ငံတကာမွာျပမယ့္ဇာတ္ကားဆိုေတာ့ ကိုယ့္ဘက္က ပိုၿပီး ျပင္ဆင္ရတာေပါ့”

ကေမၻာဒီးယား-ျမန္မာ ႏွစ္ႏိုင္ငံပူးေပါင္း႐ိုက္ကူးေသာ The Clock : Red Wall ႐ုပ္ရွင္ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္မည့္ သ႐ုပ္ေဆာင္ပိုင္တံခြန္ႏွင့္ေတြ႕ ဆုံခိုက္ ယင္းဇာတ္ကားတြင္ ပါဝင္႐ိုက္ကူးရန္ လက္ခံျဖစ္ပုံအေၾကာင္း၊ ကာ႐ိုက္တာအေၾကာင္း၊ ဇာတ္ကားႏွင့္ပတ္သက္၍ သိရွိလိုသမၽွ ေမးျမန္းထားသည္မ်ားကို ေဖာ္ျပလိုက္ပါသည္-

ေမး – ကေမၻာဒီးယားနဲ႔ေပါင္း႐ိုက္မယ့္ဇာတ္ကားမွာ ပါဝင္မယ္လို႔သိရတယ္။ အရင္ဆုံး ေျပာျပေပးပါဦး။

ေျဖ – အဲဒီဇာတ္ကားက သရဲကားပါ။ ပထမ သူ႕ရဲ႕႐ုပ္ရွင္ဇာတ္ကားက The Cloud ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားပါ၊ အဲဒီဇာတ္ကားက သူတို႔ဆီမွာဆိုရင္ နံပါတ္တစ္လို႔ေတာင္ ေျပာလို႔ရတယ္။ အရမ္းေပါက္တဲ့ဇာတ္ကားပါ။ ကၽြန္ေတာ္လည္း အရမ္းႀကိဳက္တယ္။ သရဲကားက ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတယ္။ ႐ိုက္ခ်က္ေတြ လည္းေတာ္ေတာ္မိုက္တယ္။ လာအိုမွာလည္းတင္တယ္။ အခု ဒုတိယပိုင္း ဆက္႐ိုက္မွာကို ကၽြန္ေတာ္က ပါဝင္ရမွာပါ။ အဲဒီ႐ုပ္ရွင္ဇာတ္ကား႐ိုက္ဖို႔ ကမ္းလွမ္းတာပါ။

ေမး – လက္ခံျဖစ္တာကေကာ ဘယ္လိုေၾကာင့္လဲ။

ေျဖ – အဓိကကေတာ့ ကိုယ့္အေနနဲ႔ အထဲက ႐ုပ္ရွင္ကာ႐ိုက္တာအေနနဲ႔ဆိုလည္းေကာင္းတယ္။ ၿပီးေတာ့႐ိုက္ခ်က္ေတြကလည္း အရမ္းမိုက္တယ္။ တကယ့္အင္တာေနရွင္နယ္ဇာတ္ကားလိုမ်ိဳး ႏိုင္ငံတကာအထိ ထိုးေဖာက္လို႔ရတဲ့ ဇာတ္ကားတစ္ကားျဖစ္လို႔လည္း လက္ခံျဖစ္တာပါ။ ဒုတိယပိုင္း႐ိုက္မယ့္ဇာတ္ကားဆိုလည္း ဇာတ္လမ္းကို ကၽြန္ေတာ္ဖတ္ၾကည့္ၿပီးၿပီ။ ဇာတ္လမ္းလည္း အရမ္းေကာင္းတယ္။ အဲဒါေလးကိုလည္း အရမ္းႀကိဳက္လို႔လက္ခံျဖစ္တာပါ။

ေမး – ပိုင္တံခြန္က ေမာ္ဒယ္ဆိုေတာ့ သ႐ုပ္ေဆာင္ပိုင္း အားနည္းတယ္လို႔လည္း ေျပာသြားတာေတြ႕ရတယ္။ အဲဒီအတြက္ ဘယ္လိုျပင္ဆင္ထားလဲ။

ေျဖ – ဘယ္လိုျပင္ဆင္ထားလဲဆိုေတာ့ ကၽြန္ေတာ္႐ိုက္မယ္ဆိုရင္ ဒီအတိုင္းေတာ့ ကၽြန္ေတာ္မ႐ိုက္ခ်င္ဘူး။ ကၽြန္ေတာ့္ကို သင္ေပးလို႔ေတာ့ ေျပာထားတယ္။ ကၽြန္ေတာ္က မင္းသားႀကီးလည္းမဟုတ္ေတာ့ အမွားပါမွာလည္း စိုးရိမ္တယ္။ ၿပီးေတာ့ အဲဒီလိုမ်ိဳး ႏိုင္ငံတကာမွာျပမယ့္ ဇာတ္ကားဆိုေတာ့ ကိုယ့္ဘက္ကပိုၿပီး ျပင္ဆင္ရတာေပါ့။

ေမး – ေအာင္ျမင္မႈရၿပီးသား ဇာတ္ကားကို ဒုတိယပိုင္း႐ိုက္ရမွာဆိုေတာ့ ခံစားခ်က္ကေကာ။

ေျဖ – ကၽြန္ေတာ္ကေတာ့ ပရိသတ္ေတြကိုပဲ ေက်းဇူးတင္ရတာေပါ့။ ျမန္မာႏိုင္ငံက ပရိသတ္ေတြေရာ ထိုင္းကပရိသတ္ေတြကိုပါ ေက်းဇူးတင္တယ္။ သူတို႔ေၾကာင့္ပဲ လူသိလာတာပါ။ အခုဆိုရင္ ကေမၻာဒီးယားႏိုင္ငံက ပရိသတ္ေတြကလည္း ဆုံခ်င္တယ္၊ ေတြ႕ခ်င္တယ္ဆိုၿပီး ဒီဇာတ္ကားေလးမွာပါဝင္ဖို႔ ေတာင္းဆိုလာေတာ့ ကၽြန္ေတာ့္အတြက္ အခြင့္အေရးရသြားတာေပါ့။ သူတို႔ကိုလည္း ေက်းဇူးတင္ေနမိပါတယ္။

ေမး – ကေမၻာဒီးယားပရိသတ္ေတြက ျမန္မာႏိုင္ငံနဲ႔ပူးေပါင္းၿပီး ႐ိုက္မယ္ဆိုေတာ့ ပိုင္တံခြန္နာမည္ကို ေျပာခဲ့တာလို႔ သိရတယ္။

ေျဖ – ဟုတ္တယ္ခင္ဗ်။ သူတို႔က ျမန္မာႏိုင္ငံနဲ႔ ဒီဇာတ္ကား႐ိုက္မယ္လို႔ေျပာေတာ့ အကုန္လုံးကကၽြန္ေတာ့္နာမည္ကိုပဲ ေျပာၾကတယ္။ အဲဒါကိုလည္းအရမ္းအံ့ဩတယ္။ အဲဒီလိုမ်ိဳးၾကားရတဲ့အတြက္လည္း ဝမ္းသာပါတယ္။

ေမး – ထိုင္းနဲ႔ ႐ိုက္ေနတဲ့ဇာတ္ကားကေကာ ၿပီးၿပီလား။

ေျဖ – ထိုင္းက ဇာတ္လမ္းတြဲ႐ိုက္ဖို႔ ကမ္းလွမ္းခဲ့တာ။ ျမန္မာက သ႐ုပ္ေဆာင္ႀကီးေတြလည္းပါတယ္။ အဲဒီထိုင္းနဲ႔ ႐ိုက္ေနတဲ့ဇာတ္ကားက ဧၿပီ ၁၅ ရက္ဆိုရင္ ၿပီးပါၿပီ။ ၁၅ ရက္ေနာက္ပိုင္းမွာ ကေမၻာဒီးယားနဲ႔ ႐ုပ္ရွင္႐ိုက္မွာပါ။

ေမး – ျမန္မာႏိုင္ငံမွာေကာ ႐ိုက္ဦးမွာလား။

ေျဖ – ျမန္မာႏိုင္ငံမွာလည္း ႐ိုက္မယ္။ ႐ိုက္ရမယ့္ေနရာေတြကေတာ့ အတိအက်မသိေသးဘူး။ ျမန္မာႏိုင္ငံကေနရာမွာလည္း ႐ိုက္မယ္။ ကေမၻာဒီးယားမွာလည္း ႐ိုက္မယ္လို႔ ေျပာတယ္။

ေမး – အားေပးေနတဲ့ပရိသတ္ေတြအတြက္ စကားလက္ေဆာင္ေလး ေျပာေပးပါဦး။

ေျဖ – အားေပးတဲ့ပရိသတ္အားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကၽြန္ေတာ့္ကိုလည္း ေရွ႕ဆက္ၿပီး အားေပးၾကပါဦးလို႔ ေျပာခ်င္တယ္။

ဓာတ္ပုံ – ပိုင္တံခြန္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

သရုပ်ဆောင် ပိုင်တံခွန်နှင့်တွေ့ဆုံခြင်း

“နိုင်ငံတကာမှာပြမယ့်ဇာတ်ကားဆိုတော့ ကိုယ့်ဘက်က ပိုပြီး ပြင်ဆင်ရတာပေါ့”

ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံပူးပေါင်းရိုက်ကူးသော The Clock : Red Wall ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်ပိုင်တံခွန်နှင့်တွေ့ ဆုံခိုက် ယင်းဇာတ်ကားတွင် ပါဝင်ရိုက်ကူးရန် လက်ခံဖြစ်ပုံအကြောင်း၊ ကာရိုက်တာအကြောင်း၊ ဇာတ်ကားနှင့်ပတ်သက်၍ သိရှိလိုသမျှ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

မေး – ကမ္ဘောဒီးယားနဲ့ပေါင်းရိုက်မယ့်ဇာတ်ကားမှာ ပါဝင်မယ်လို့သိရတယ်။ အရင်ဆုံး ပြောပြပေးပါဦး။

ဖြေ – အဲဒီဇာတ်ကားက သရဲကားပါ။ ပထမ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားက The Cloud ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပါ၊ အဲဒီဇာတ်ကားက သူတို့ဆီမှာဆိုရင် နံပါတ်တစ်လို့တောင် ပြောလို့ရတယ်။ အရမ်းပေါက်တဲ့ဇာတ်ကားပါ။ ကျွန်တော်လည်း အရမ်းကြိုက်တယ်။ သရဲကားက တော်တော်ကြောက်ဖို့ကောင်းတယ်။ ရိုက်ချက်တွေ လည်းတော်တော်မိုက်တယ်။ လာအိုမှာလည်းတင်တယ်။ အခု ဒုတိယပိုင်း ဆက်ရိုက်မှာကို ကျွန်တော်က ပါဝင်ရမှာပါ။ အဲဒီရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတာပါ။

မေး – လက်ခံဖြစ်တာကကော ဘယ်လိုကြောင့်လဲ။

ဖြေ – အဓိကကတော့ ကိုယ့်အနေနဲ့ အထဲက ရုပ်ရှင်ကာရိုက်တာအနေနဲ့ဆိုလည်းကောင်းတယ်။ ပြီးတော့ရိုက်ချက်တွေကလည်း အရမ်းမိုက်တယ်။ တကယ့်အင်တာနေရှင်နယ်ဇာတ်ကားလိုမျိုး နိုင်ငံတကာအထိ ထိုးဖောက်လို့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့လည်း လက်ခံဖြစ်တာပါ။ ဒုတိယပိုင်းရိုက်မယ့်ဇာတ်ကားဆိုလည်း ဇာတ်လမ်းကို ကျွန်တော်ဖတ်ကြည့်ပြီးပြီ။ ဇာတ်လမ်းလည်း အရမ်းကောင်းတယ်။ အဲဒါလေးကိုလည်း အရမ်းကြိုက်လို့လက်ခံဖြစ်တာပါ။

မေး – ပိုင်တံခွန်က မော်ဒယ်ဆိုတော့ သရုပ်ဆောင်ပိုင်း အားနည်းတယ်လို့လည်း ပြောသွားတာတွေ့ရတယ်။ အဲဒီအတွက် ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ – ဘယ်လိုပြင်ဆင်ထားလဲဆိုတော့ ကျွန်တော်ရိုက်မယ်ဆိုရင် ဒီအတိုင်းတော့ ကျွန်တော်မရိုက်ချင်ဘူး။ ကျွန်တော့်ကို သင်ပေးလို့တော့ ပြောထားတယ်။ ကျွန်တော်က မင်းသားကြီးလည်းမဟုတ်တော့ အမှားပါမှာလည်း စိုးရိမ်တယ်။ ပြီးတော့ အဲဒီလိုမျိုး နိုင်ငံတကာမှာပြမယ့် ဇာတ်ကားဆိုတော့ ကိုယ့်ဘက်ကပိုပြီး ပြင်ဆင်ရတာပေါ့။

မေး – အောင်မြင်မှုရပြီးသား ဇာတ်ကားကို ဒုတိယပိုင်းရိုက်ရမှာဆိုတော့ ခံစားချက်ကကော။

ဖြေ – ကျွန်တော်ကတော့ ပရိသတ်တွေကိုပဲ ကျေးဇူးတင်ရတာပေါ့။ မြန်မာနိုင်ငံက ပရိသတ်တွေရော ထိုင်းကပရိသတ်တွေကိုပါ ကျေးဇူးတင်တယ်။ သူတို့ကြောင့်ပဲ လူသိလာတာပါ။ အခုဆိုရင် ကမ္ဘောဒီးယားနိုင်ငံက ပရိသတ်တွေကလည်း ဆုံချင်တယ်၊ တွေ့ချင်တယ်ဆိုပြီး ဒီဇာတ်ကားလေးမှာပါဝင်ဖို့ တောင်းဆိုလာတော့ ကျွန်တော့်အတွက် အခွင့်အရေးရသွားတာပေါ့။ သူတို့ကိုလည်း ကျေးဇူးတင်နေမိပါတယ်။

မေး – ကမ္ဘောဒီးယားပရိသတ်တွေက မြန်မာနိုင်ငံနဲ့ပူးပေါင်းပြီး ရိုက်မယ်ဆိုတော့ ပိုင်တံခွန်နာမည်ကို ပြောခဲ့တာလို့ သိရတယ်။

ဖြေ – ဟုတ်တယ်ခင်ဗျ။ သူတို့က မြန်မာနိုင်ငံနဲ့ ဒီဇာတ်ကားရိုက်မယ်လို့ပြောတော့ အကုန်လုံးကကျွန်တော့်နာမည်ကိုပဲ ပြောကြတယ်။ အဲဒါကိုလည်းအရမ်းအံ့ဩတယ်။ အဲဒီလိုမျိုးကြားရတဲ့အတွက်လည်း ဝမ်းသာပါတယ်။

မေး – ထိုင်းနဲ့ ရိုက်နေတဲ့ဇာတ်ကားကကော ပြီးပြီလား။

ဖြေ – ထိုင်းက ဇာတ်လမ်းတွဲရိုက်ဖို့ ကမ်းလှမ်းခဲ့တာ။ မြန်မာက သရုပ်ဆောင်ကြီးတွေလည်းပါတယ်။ အဲဒီထိုင်းနဲ့ ရိုက်နေတဲ့ဇာတ်ကားက ဧပြီ ၁၅ ရက်ဆိုရင် ပြီးပါပြီ။ ၁၅ ရက်နောက်ပိုင်းမှာ ကမ္ဘောဒီးယားနဲ့ ရုပ်ရှင်ရိုက်မှာပါ။

မေး – မြန်မာနိုင်ငံမှာကော ရိုက်ဦးမှာလား။

ဖြေ – မြန်မာနိုင်ငံမှာလည်း ရိုက်မယ်။ ရိုက်ရမယ့်နေရာတွေကတော့ အတိအကျမသိသေးဘူး။ မြန်မာနိုင်ငံကနေရာမှာလည်း ရိုက်မယ်။ ကမ္ဘောဒီးယားမှာလည်း ရိုက်မယ်လို့ ပြောတယ်။

မေး – အားပေးနေတဲ့ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ – အားပေးတဲ့ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ကိုလည်း ရှေ့ဆက်ပြီး အားပေးကြပါဦးလို့ ပြောချင်တယ်။

ဓာတ်ပုံ – ပိုင်တံခွန်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်