အီရန္ဗိုလ္ခ်ဳပ္ႀကီး ဆိုလိုင္မာနီေသဆုံးမႈ စစ္ပြဲရပ္ျခင္းျဖစ္ဟု သမၼတထရန္႔ေျပာဆို

အေမရိကန္က အီရန္ႏိုင္ငံ၏ ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ႀကီး ကာစင္ဆိုလိုင္မာနီအား သုတ္သင္လိုက္ျခင္းသည္ တစ္စုံတစ္ရာ စတင္ေစျခင္းမဟုတ္ဘဲ စစ္ပြဲတစ္ပြဲကို ရပ္တန္႔ရန္သာျဖစ္ေၾကာင္း သမၼတေဒၚနယ္ထရန္႔က ေျပာၾကားလိုက္သည္။

ဇန္နဝါရီ ၃ ရက္တြင္ အီရတ္ရွိ ဘဂၢဒက္ေလဆိပ္၌ တိုက္ခိုက္မႈအၿပီး ဆိုလိုင္မာနီ၏ အၾကမ္းဖက္အုပ္ခ်ဳပ္မႈကာလသည္ ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း သမၼတ ထရန္႔က ေျပာသည္။

ဆိုလိုင္မာနီသည္ ကြဒ္တပ္ဖြဲ႕ေခါင္းေဆာင္အျဖစ္ အီရန္အေရွ႕အလယ္ပိုင္းစစ္ဆင္ေရးမ်ားကို ဦးေဆာင္တိုက္ခိုက္ခဲ့သူျဖစ္သည္။

-Ads-
-Ads-

၎၏ေသဆုံးမႈအတြက္ တာဝန္ရွိသူမ်ားကို ျပင္းျပင္းထန္ထန္လက္တုံ႔ျပန္မည္ဟု အီရန္က ကတိျပဳထားသည္။

ယင္းဗိုလ္ခ်ဳပ္ႀကီးေသဆုံးမႈသည္ အီရန္ႏွင့္ အေမရိကန္အၾကား တင္းမာမႈမ်ားကို သိသိသာသာ အရွိန္ျမင့္မားလာေစသည္ဟု သတင္းထုတ္ျပန္ခ်က္တြင္ မွတ္ခ်က္ျပဳထားသည္။

အေမရိကန္ အရာရွိမ်ားသည္ ႀကိဳတင္သတိေပးခ်က္တစ္ရပ္အေနျဖင့္ အေရွ႕အလယ္ပိုင္းသို႔ ထပ္တိုးတပ္ဖြဲ႕ဝင္ ၃၀၀၀ ခန္႔ ေစလႊတ္မည္ဟု ေျပာၾကားသည္။

ဗိုလ္ခ်ဳပ္ႀကီး ဆိုလိုင္မာနီေသဆုံးၿပီးေနာက္ ၂၄ နာရီအတြင္း ႏိုင္ငံတြင္း၌ အျခားေသာ ေလေၾကာင္းတိုက္ခိုက္မႈလည္းရွိေၾကာင္း အီရတ္ႏိုင္ငံပိုင္ ႐ုပ္သံသတင္းဌာနက ထုတ္ျပန္သည္။ သို႔ေသာ္ ယင္းကိစၥအား အေမရိကန္ဘက္မွတစ္စုံတစ္ရာ သုံးသပ္ေျပာဆိုထားျခင္းမရွိေၾကာင္း သိရသည္။

အီရန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး ဆိုလိုင္မာနီသည္ အီရတ္ႏိုင္ငံတြင္ ေသဆုံးသြားၿပီးေနာက္ ေရနံေဈးႏႈန္းမ်ားသည္လည္း သိသိသာသာ ျမင့္တက္သြားေၾကာင္း ဘီဘီစီက သတင္းထုတ္ျပန္သည္။

ယင္းျဖစ္ရပ္သည္ ေဒသတြင္းတင္းမာမႈမ်ားကို အရွိန္ျမင့္တက္လာေစႏိုင္ၿပီး ကမၻာလုံးဆိုင္ရာ ေရနံထုတ္လုပ္မႈအေပၚ ႐ိုက္ခတ္လာႏိုင္ေၾကာင္း ေလ့လာေစာင့္ၾကည့္သူမ်ားက သတိေပးထားသည္။

Brent ေရနံစိမ္းေဈးႏႈန္းသည္ ၃ ရာခိုင္ႏႈန္းေက်ာ္ ခုန္တက္သြားခဲ့ၿပီး တစ္ႀကိမ္တြင္ ေရနံတစ္စည္လၽွင္ ေဒၚလာ ၆၉ ဒသမ ၅၀ အထိပင္ ေရာက္ရွိသြားေၾကာင္း၊ ယင္းမွာ စက္တင္ဘာလေနာက္ပိုင္း အျမင့္ဆုံးေဈးႏႈန္းျဖစ္ေၾကာင္းသိရသည္။

ေရနံေဈးႏႈန္းမ်ားျမင့္တက္သြားမႈသည္ လန္ဒန္စေတာ့ရွယ္ယာ ေရာင္းဝယ္မႈေဈးကြက္တြင္ ေရနံစေတာ့ရွယ္ယာေဈးမ်ားကိုလည္း ပိုမိုျမင့္တက္သြားေစေၾကာင္း ဘီဘီစီသတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

(Unicode Version)

အီရန်ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီသေဆုံးမှု စစ်ပွဲရပ်ခြင်းဖြစ်ဟု သမ္မတထရန့်ပြောဆို

အမေရိကန်က အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကာစင်ဆိုလိုင်မာနီအား သုတ်သင်လိုက်ခြင်းသည် တစ်စုံတစ်ရာ စတင်စေခြင်းမဟုတ်ဘဲ စစ်ပွဲတစ်ပွဲကို ရပ်တန့်ရန်သာဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။

ဇန်နဝါရီ ၃ ရက်တွင် အီရတ်ရှိ ဘဂ္ဂဒက်လေဆိပ်၌ တိုက်ခိုက်မှုအပြီး ဆိုလိုင်မာနီ၏ အကြမ်းဖက်အုပ်ချုပ်မှုကာလသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း သမ္မတ ထရန့်က ပြောသည်။

ဆိုလိုင်မာနီသည် ကွဒ်တပ်ဖွဲ့ခေါင်းဆောင်အဖြစ် အီရန်အရှေ့အလယ်ပိုင်းစစ်ဆင်ရေးများကို ဦးဆောင်တိုက်ခိုက်ခဲ့သူဖြစ်သည်။

၎င်း၏သေဆုံးမှုအတွက် တာဝန်ရှိသူများကို ပြင်းပြင်းထန်ထန်လက်တုံ့ပြန်မည်ဟု အီရန်က ကတိပြုထားသည်။

ယင်းဗိုလ်ချုပ်ကြီးသေဆုံးမှုသည် အီရန်နှင့် အမေရိကန်အကြား တင်းမာမှုများကို သိသိသာသာ အရှိန်မြင့်မားလာစေသည်ဟု သတင်းထုတ်ပြန်ချက်တွင် မှတ်ချက်ပြုထားသည်။

အမေရိကန် အရာရှိများသည် ကြိုတင်သတိပေးချက်တစ်ရပ်အနေဖြင့် အရှေ့အလယ်ပိုင်းသို့ ထပ်တိုးတပ်ဖွဲ့ဝင် ၃၀၀၀ ခန့် စေလွှတ်မည်ဟု ပြောကြားသည်။

ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီသေဆုံးပြီးနောက် ၂၄ နာရီအတွင်း နိုင်ငံတွင်း၌ အခြားသော လေကြောင်းတိုက်ခိုက်မှုလည်းရှိကြောင်း အီရတ်နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ထုတ်ပြန်သည်။ သို့သော် ယင်းကိစ္စအား အမေရိကန်ဘက်မှတစ်စုံတစ်ရာ သုံးသပ်ပြောဆိုထားခြင်းမရှိကြောင်း သိရသည်။

အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီသည် အီရတ်နိုင်ငံတွင် သေဆုံးသွားပြီးနောက် ရေနံဈေးနှုန်းများသည်လည်း သိသိသာသာ မြင့်တက်သွားကြောင်း ဘီဘီစီက သတင်းထုတ်ပြန်သည်။

ယင်းဖြစ်ရပ်သည် ဒေသတွင်းတင်းမာမှုများကို အရှိန်မြင့်တက်လာစေနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံထုတ်လုပ်မှုအပေါ် ရိုက်ခတ်လာနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက သတိပေးထားသည်။

Brent ရေနံစိမ်းဈေးနှုန်းသည် ၃ ရာခိုင်နှုန်းကျော် ခုန်တက်သွားခဲ့ပြီး တစ်ကြိမ်တွင် ရေနံတစ်စည်လျှင် ဒေါ်လာ ၆၉ ဒသမ ၅၀ အထိပင် ရောက်ရှိသွားကြောင်း၊ ယင်းမှာ စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်းသိရသည်။

ရေနံဈေးနှုန်းများမြင့်တက်သွားမှုသည် လန်ဒန်စတော့ရှယ်ယာ ရောင်းဝယ်မှုဈေးကွက်တွင် ရေနံစတော့ရှယ်ယာဈေးများကိုလည်း ပိုမိုမြင့်တက်သွားစေကြောင်း ဘီဘီစီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

-Ads-
-Ads-