ဘီးလင္းျမစ္ေရတြင္ ခဲဓာတ္၊ စိန္ဓာတ္ပါဝင္မႈႏႈန္း မ်ားျပားေနျခင္းေၾကာင့္ အဆိပ္သင့္ႏိုင္ဟုဆို

ဘီးလင္းျမစ္ေရႏွင့္ ပတ္သက္ၿပီး သုေတသနမ်ား ျပဳလုပ္ခဲ့ရာတြင္ ခဲဓာတ္၊ စိန္ဓာတ္ပါဝင္မႈႏႈန္းမ်ားျပားေနေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ဘီးလင္းျမစ္ေရကို သုံးစြဲမည္ဆိုပါက အဆိပ္သင့္ႏိုင္ေၾကာင္း ေက်ာက္ဆည္တကၠသိုလ္ ဓာတုေဗဒဌာနပါေမာကၡ ေဒါက္တာေအးေအးခ်ိဳက ရွင္းလင္းေျပာဆိုသည္။

‘ဘီးလင္းျမစ္နဲ႔ပတ္သက္ၿပီး သုေတသနလုပ္တဲ့အခါမွာ ျမစ္ဖ်ားနဲ႔ ျမစ္လယ္က ေရနမူနာေတြကို ရယူတယ္။ ၿပီးေတာ့ ႐ုပ္ပိုင္းဆိုင္ရာဂုဏ္သတၱိေတြျဖစ္တဲ့ ခ်ဥ္ဖန္ကိန္း၊ ေနာက္က်ိမႈ၊ ပ်က္စီးကိန္း၊ အနည္ေပ်ာ္ဝင္မႈေတြကို ဆန္းစစ္ပါတယ္။ ဒါ့အျပင္ ဓာတ္ပိုင္းဆိုင္ရာပါဝင္မႈေတြကို သုေတသနလုပ္ခဲ့တယ္။ သုေတသနလုပ္တဲ့အခါမွာ ရရွိတဲ့အေျဖအရ ျမစ္ေရထဲမွာ ဘာေတြ႕ရလဲဆိုရင္ ျမစ္ေရက ေနာက္က်ိေနတယ္။ ၿပီးေတာ့ သံဓာတ္ ပါဝင္မႈ အရမ္းမ်ားေနလို႔ သုံးစြဲဖို႔ မသင့္ပါဘူး။ ေသာက္သုံးေရအတြက္ဆို ခဲဓာတ္ပမာဏက ၀ ဒသမ၂ ရာခိုင္ႏႈန္းပါ။ ဒါေပမဲ့ ျမစ္ေရထဲမွာ ခဲဓာတ္အရမ္းမ်ားတယ္။ စိန္ဓာတ္ဆိုရင္ သတ္မွတ္စံႏႈန္း ျဖစ္တဲ့ ၀ ဒသမ ၁ ရာခိုင္ႏႈန္းထက္ အမ်ားႀကီးပိုတယ္။ ဒါေၾကာင့္ ဒီေရကိုသုံးမယ္ဆိုရင္ အဆိပ္သင့္တတ္ပါတယ္’ဟု ေဒါက္တာေအးေအးခ်ိဳက ေျပာသည္။

ဘီးလင္းၿမိဳ႕နယ္၏ ေရေျမသဘာ၀ႏွင့္ ယဥ္ေက်းမႈ အေမြအႏွစ္မ်ားဆိုင္ရာ သုေတသနစာတမ္းဖတ္ပြဲတြင္ ဘီးလင္း ျမစ္လယ္ပိုင္းႏွင့္ ျမစ္ဖ်ားပိုင္းရွိ ေရအရည္အေသြးမ်ားႏွင့္ ႏႈိင္းယွဥ္ဆန္းစစ္ေလ့လာျခင္း စာတမ္းေခါင္းစဥ္ျဖင့္ သုေတသနျပဳလုပ္ခဲ့မႈအေျခအေနကို ရွင္းလင္းစဥ္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

-Ads-
-Ads-

ဘီးလင္းျမစ္ေရသည္ ေရထုညစ္ညမ္းမႈအဆင့္ထိ မေရာက္ေသးေသာ္လည္း လူဦးေရမ်ားလာသည္ႏွင့္အမၽွ စက္႐ုံအလုပ္႐ုံမ်ားမွ စြန္႔ပစ္အညစ္အေၾကးမ်ားကို ဘီးလင္းျမစ္ထဲကို ထပ္မံ စြန္႔ပစ္မည္ဆိုပါက မၾကာခင္ကာလတြင္ ေရထုညစ္ညမ္းမႈ အဆိုး႐ြားဆုံးအဆင့္ ေရာက္ရွိလာကာ အပင္၊ လူ၊ တိရစၧာန္မ်ားအတြက္ ထိခိုက္မႈမ်ားစြာျဖစ္လာႏိုင္ေၾကာင္း ေဒါက္တာေအးေအးခ်ိဳက ဆက္ေျပာသည္။

သုေတသနျပဳလုပ္ခ်က္မ်ားအရ ဘီးလင္းျမစ္ဖ်ားပိုင္းတြင္ စိန္ဓာတ္ပိုမိုမ်ားေနၿပီး ျမစ္လယ္ပိုင္းတြင္ ခဲဓာတ္ အမ်ားဆုံးျဖစ္သည့္အျပင္ အျခားဓာတ္မ်ားပါဝင္မႈမ်ားသည့္အတြက္ သုံးစြဲရန္မသင့္ဘဲ က်န္းမာေရးအတြက္ မ်ားစြာထိခိုက္ႏိုင္ေၾကာင္းသိရသည္။

အဆိုပါ ဓာတ္မ်ားေၾကာင့္ ဘီးလင္းျမစ္ေရကို သုံးစြဲမည္ဆိုပါက ဦးေႏွာက္၊ အာ႐ုံေၾကာ၊ ႏွလုံး၊ ေက်ာက္ကပ္၊ အသည္းေရာဂါမ်ား ခံစားရမည္ျဖစ္ေၾကာင္း သိရသည္။

‘လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္ကအထိ ဘီးလင္းျမစ္ေရဟာ ၾကည္လင္ေနတာပါ ပဲ။ ကၽြန္ေတာ္တို႔ေတာင္ ငါးရွာရင္ ေရငုပ္ရွာေသးတယ္။ အခုေနာက္ပိုင္း ျမစ္ေရက ဘာေၾကာင့္ ဒီလိုေတြျဖစ္လာတယ္ဆိုတာ ဒီဘက္ကသူေတြအားလုံး သိပါတယ္။ ျမစ္ေရကို အရင္ကေတာ့ ကၽြဲ၊ ႏြားနဲ႔ အပင္ေတြအတြက္ သုံးတယ္။ အခုေနာက္ပိုင္း မသုံးျဖစ္တာေတာင္ၾကာၿပီ။ ပညာရွင္ေတြ အဆိုအရ ျမစ္ေရက သုံးစြဲဖို႔မသင့္ဘူးဆိုေတာ့ ပိုဆိုးတာေပါ့။ ဒါကို တာဝန္ရွိသူေတြက စနစ္တက်နဲ႔ ဘယ္လိုလုပ္သင့္တယ္ဆိုတာ ေတြးေခၚၿပီး ျပည္သူေတြ အက်ိဳးအတြက္ ေဆာင္႐ြက္ေပးေစခ်င္တယ္’ဟု နတ္ႀကီးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုးျမင့္က ေျပာသည္။

ဘီးလင္းၿမိဳ႕နယ္ႏွင့္ပတ္သက္ေသာ သုေတသနလုပ္ငန္းကို မြန္ျပည္နယ္လႊတ္ေတာ္၊ သက္ဆိုင္ရာတကၠသိုလ္မ်ားမွ သုေတသနပညာရွင္မ်ား စုေပါင္းကာ ေျခာက္လတာကာလအတြင္း အစည္းအေဝးေပါင္း ခုနစ္ႀကိမ္၊ ဘီးလင္းၿမိဳ႕နယ္ ေဒသအသီးသီးသို႔ ကြင္းဆင္းသုေတသနျပဳမႈ ၁၅ ႀကိမ္ျပဳလုပ္ကာ သက္ဆိုင္ရာ ဘာသာရပ္အလိုက္ ေဒသခံမ်ားႏွင့္ေတြ႕ဆုံၿပီး သုေတသန စစ္တမ္းေကာက္ယူခဲ့ေၾကာင္း သိရသည္။

သတင္း – ေအာင္ျမင့္ထြန္း(ျမစ္မခ)

………………………………………………………..

(Unicode Version)

ဘီးလင်းမြစ်ရေတွင် ခဲဓာတ်၊ စိန်ဓာတ်ပါဝင်မှုနှုန်း များပြားနေခြင်းကြောင့် အဆိပ်သင့်နိုင်ဟုဆို

ဘီးလင်းမြစ်ရေနှင့် ပတ်သက်ပြီး သုတေသနများ ပြုလုပ်ခဲ့ရာတွင် ခဲဓာတ်၊ စိန်ဓာတ်ပါဝင်မှုနှုန်းများပြားနေသောကြောင့် ပြည်သူများအနေဖြင့် ဘီးလင်းမြစ်ရေကို သုံးစွဲမည်ဆိုပါက အဆိပ်သင့်နိုင်ကြောင်း ကျောက်ဆည်တက္ကသိုလ် ဓာတုဗေဒဌာနပါမောက္ခ ဒေါက်တာအေးအေးချိုက ရှင်းလင်းပြောဆိုသည်။

‘ဘီးလင်းမြစ်နဲ့ပတ်သက်ပြီး သုတေသနလုပ်တဲ့အခါမှာ မြစ်ဖျားနဲ့ မြစ်လယ်က ရေနမူနာတွေကို ရယူတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိတွေဖြစ်တဲ့ ချဉ်ဖန်ကိန်း၊ နောက်ကျိမှု၊ ပျက်စီးကိန်း၊ အနည်ပျော်ဝင်မှုတွေကို ဆန်းစစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပိုင်းဆိုင်ရာပါဝင်မှုတွေကို သုတေသနလုပ်ခဲ့တယ်။ သုတေသနလုပ်တဲ့အခါမှာ ရရှိတဲ့အဖြေအရ မြစ်ရေထဲမှာ ဘာတွေ့ရလဲဆိုရင် မြစ်ရေက နောက်ကျိနေတယ်။ ပြီးတော့ သံဓာတ် ပါဝင်မှု အရမ်းများနေလို့ သုံးစွဲဖို့ မသင့်ပါဘူး။ သောက်သုံးရေအတွက်ဆို ခဲဓာတ်ပမာဏက ၀ ဒသမ၂ ရာခိုင်နှုန်းပါ။ ဒါပေမဲ့ မြစ်ရေထဲမှာ ခဲဓာတ်အရမ်းများတယ်။ စိန်ဓာတ်ဆိုရင် သတ်မှတ်စံနှုန်း ဖြစ်တဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်းထက် အများကြီးပိုတယ်။ ဒါကြောင့် ဒီရေကိုသုံးမယ်ဆိုရင် အဆိပ်သင့်တတ်ပါတယ်’ဟု ဒေါက်တာအေးအေးချိုက ပြောသည်။

ဘီးလင်းမြို့နယ်၏ ရေမြေသဘာ၀နှင့် ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတွင် ဘီးလင်း မြစ်လယ်ပိုင်းနှင့် မြစ်ဖျားပိုင်းရှိ ရေအရည်အသွေးများနှင့် နှိုင်းယှဉ်ဆန်းစစ်လေ့လာခြင်း စာတမ်းခေါင်းစဉ်ဖြင့် သုတေသနပြုလုပ်ခဲ့မှုအခြေအနေကို ရှင်းလင်းစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘီးလင်းမြစ်ရေသည် ရေထုညစ်ညမ်းမှုအဆင့်ထိ မရောက်သေးသော်လည်း လူဦးရေများလာသည်နှင့်အမျှ စက်ရုံအလုပ်ရုံများမှ စွန့်ပစ်အညစ်အကြေးများကို ဘီးလင်းမြစ်ထဲကို ထပ်မံ စွန့်ပစ်မည်ဆိုပါက မကြာခင်ကာလတွင် ရေထုညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့် ရောက်ရှိလာကာ အပင်၊ လူ၊ တိရစ္ဆာန်များအတွက် ထိခိုက်မှုများစွာဖြစ်လာနိုင်ကြောင်း ဒေါက်တာအေးအေးချိုက ဆက်ပြောသည်။

သုတေသနပြုလုပ်ချက်များအရ ဘီးလင်းမြစ်ဖျားပိုင်းတွင် စိန်ဓာတ်ပိုမိုများနေပြီး မြစ်လယ်ပိုင်းတွင် ခဲဓာတ် အများဆုံးဖြစ်သည့်အပြင် အခြားဓာတ်များပါဝင်မှုများသည့်အတွက် သုံးစွဲရန်မသင့်ဘဲ ကျန်းမာရေးအတွက် များစွာထိခိုက်နိုင်ကြောင်းသိရသည်။

အဆိုပါ ဓာတ်များကြောင့် ဘီးလင်းမြစ်ရေကို သုံးစွဲမည်ဆိုပါက ဦးနှောက်၊ အာရုံကြော၊ နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါများ ခံစားရမည်ဖြစ်ကြောင်း သိရသည်။

‘လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကအထိ ဘီးလင်းမြစ်ရေဟာ ကြည်လင်နေတာပါ ပဲ။ ကျွန်တော်တို့တောင် ငါးရှာရင် ရေငုပ်ရှာသေးတယ်။ အခုနောက်ပိုင်း မြစ်ရေက ဘာကြောင့် ဒီလိုတွေဖြစ်လာတယ်ဆိုတာ ဒီဘက်ကသူတွေအားလုံး သိပါတယ်။ မြစ်ရေကို အရင်ကတော့ ကျွဲ၊ နွားနဲ့ အပင်တွေအတွက် သုံးတယ်။ အခုနောက်ပိုင်း မသုံးဖြစ်တာတောင်ကြာပြီ။ ပညာရှင်တွေ အဆိုအရ မြစ်ရေက သုံးစွဲဖို့မသင့်ဘူးဆိုတော့ ပိုဆိုးတာပေါ့။ ဒါကို တာဝန်ရှိသူတွေက စနစ်တကျနဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ တွေးခေါ်ပြီး ပြည်သူတွေ အကျိုးအတွက် ဆောင်ရွက်ပေးစေချင်တယ်’ဟု နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောသည်။

ဘီးလင်းမြို့နယ်နှင့်ပတ်သက်သော သုတေသနလုပ်ငန်းကို မွန်ပြည်နယ်လွှတ်တော်၊ သက်ဆိုင်ရာတက္ကသိုလ်များမှ သုတေသနပညာရှင်များ စုပေါင်းကာ ခြောက်လတာကာလအတွင်း အစည်းအဝေးပေါင်း ခုနစ်ကြိမ်၊ ဘီးလင်းမြို့နယ် ဒေသအသီးသီးသို့ ကွင်းဆင်းသုတေသနပြုမှု ၁၅ ကြိမ်ပြုလုပ်ကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဒေသခံများနှင့်တွေ့ဆုံပြီး သုတေသန စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

သတင်း – အောင်မြင့်ထွန်း(မြစ်မခ)

-Ads-
-Ads-