အသုံးမျပဳ ရထားသိမ္းဆည္းေျမမ်ား ျပန္လည္ရရွိရန္ ေျမပိုင္ရွင္ေတာင္းဆို

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ အကြက္အမွတ္(၃၂-စီ)ပန္းၿခံကုန္းအုပ္စု အမွတ္(၂၇)ရွိ ေျမမ်ားအား မီးရထားလမ္းစီမံကိန္းအျဖစ္ သိမ္းဆည္းခံခဲ့ရၿပီး လက္ရွိမီးရထားစီမံကိန္းတြင္ အသုံးမျပဳသည့္ေျမမ်ားအား ျပန္လည္ရရွိလိုေၾကာင္း မူလေျမပိုင္ရွင္က ေတာင္းဆိုလိုက္ေၾကာင္း သိရသည္။

ေမာ္လၿမိဳင္ၿမိဳ႕ ေအာက္က်င္းရပ္ရွိ ျမန္မာျပည္ေတာင္ပိုင္း ဂ်ာနယ္လစ္ကြန္ရက္႐ုံးတြင္ ဇန္နဝါရီ ၆ ရက္က ျပဳလုပ္ေသာ ျမန္မာ့မီးရထားတိုင္း(၈)က သိမ္းဆည္းထားေသာ ေျမေပၚ၌ က်ဴးေက်ာ္ဝင္ေရာက္ေနထိုင္မႈအေပၚ မူလပိုင္ရွင္ထံ ျပန္လည္လႊဲအပ္ေစလိုေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ မူလေျမပိုင္ရွင္၏ ညီမျဖစ္သူက ေတာင္းဆိုလိုက္ေၾကာင္း သိရသည္။

‘ေျမကို ကၽြန္မအစ္ကိုက ၁၉၅၁ ခုႏွစ္ကတည္းက မူလေျမပိုင္ရွင္ထံက ႐ူပီ ၂၀၀၀ နဲ႔ ဝယ္ထားတယ္။ ၿပီးေတာ့ လယ္ေျမေတြကို ကိုယ္တိုင္လုပ္ခဲ့တယ္။ ၁၉၇၉ ခုႏွစ္ေလာက္ကစၿပီး သီးစားခ်လုပ္ကိုင္ခဲ့တယ္။ ေနာက္ဆုံးသီးစားခ်တဲ့ ဦးေက်ာ္ေအး လက္ထက္ ၂၀၀၂ ခုႏွစ္မွာ ျမန္မာ့မီးရထားက မီးရထားလမ္းစီမံကိန္းအတြက္ဆိုၿပီး ကၽြန္မတို႔ ေျမကိုးဧကနီးပါးကို သိမ္းဆည္းခဲ့တယ္။ အဲဒီအခ်ိန္တုန္းကလည္း ေျမပိုင္ရွင္ျဖစ္တဲ့ ကၽြန္မအစ္ကိုက ေလ်ာ္ေၾကးတစ္က်ပ္မွ မရခဲ့ဘူး။ သီးစားလုပ္ကိုင္တဲ့ ဦးေက်ာ္ေအးတို႔က ၾကားထဲက ေလ်ာ္ေၾကးရခဲ့တယ္။ ကၽြန္မအစ္ကို ဦးအင္ၾကည္က မူလေျမပိုင္ရွင္ျဖစ္တဲ့အတြက္ ျပန္ရဖို႔လုပ္ေနရင္း ၂၀၁၄ ခုႏွစ္မွာ အမိန္႔တစ္ခုထြက္လာၿပီး ဦးေက်ာ္ေအးက ေျမရဲ႕အလုပ္သမား ဦးအင္ၾကည္က မူလေျမပိုင္ရွင္ျဖစ္တယ္ဆိုတာ ထြက္လာတယ္။ အဲဒီအခ်ိန္တုန္းက ကၽြန္မအစ္ကိုက သိမ္းယူထားတဲ့ေျမေတြကို မီးရထားဌာနက အသုံးျပဳမယ္ဆိုရင္ ခြင့္လႊတ္တယ္။ တစ္ဦးတစ္ေယာက္ကို ေရာင္းစားမယ္ဆိုရင္ မလိုခ်င္ဘူးလို႔ေျပာခဲ့တယ္။ ကၽြန္မအစ္ကိုက ၂၀၁၆ ခုႏွစ္ေလာက္မွာ ဆုံးသြားတယ္။ ကၽြန္မတို႔မွာ အေမနဲ႔ ကၽြန္မတို႔ ေမာင္ႏွမပဲ ရွိတယ္။ အစ္ကိုမဆုံးခင္ တစ္ႏွစ္ေလာက္ကတည္းက မီးရထားက သိမ္းဆည္းခံထားရတဲ့ ကၽြန္မတို႔ ေျမေပၚ မွာ ဘယ္လိုကေန ဘယ္လို အေရာင္းအဝယ္ေတြလုပ္ၾကလဲ မသိဘူး။ အခုဆို ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းနဲ႔ တျခားလူေနအိမ္ေတြပါေတြ႕လာရတယ္။ ေျမေတြကို သိန္းေထာင္ခ်ီတဲ့ ေဈးေတြနဲ႔ အေရာင္းအဝယ္ေတြ လုပ္ထားၾကတယ္လို႔ သိရတယ္။ သူတို႔ေျမအေရာင္းအဝယ္ လုပ္ထားတာေတြကို ကၽြန္မတို႔မွာသက္ေသေတြ ရွိတယ္’ဟု သတင္းစာရွင္းလင္းပြဲျပဳလုပ္သည့္ မူလေျမပိုင္ရွင္ ဦးအင္ၾကည္၏ ညီမေဒၚက်င္စီက ေျပာဆိုသည္။

-Ads-
-Ads-

ျမန္မာ့မီးရထားအေနျဖင့္ အသုံးျပဳရန္ မလိုအပ္ေသာ ေျမမ်ားအား မူလပိုင္ရွင္ထံ ျပန္လည္ေပးအပ္ရမည္ဟု ဝန္ႀကီးဌာန အႀကီးအကဲမ်ားက လမ္းၫႊန္ထားသည္ဟု သိရွိရသျဖင့္ မိမိတို႔ထံမွ သိမ္းဆည္းထားေသာေျမမ်ားအနက္ မီးရထားဌာနမွ အသုံးမျပဳေသာ ေျမမ်ားအား နစ္နာသူ မူလပိုင္ရွင္ မိမိတို႔မိသားစုထံ ျပန္လည္ေပးအပ္ေစလိုၿပီး မိမိတို႔ သိမ္းဆည္းခံထားရေသာေျမေပၚတြင္ မဆိုင္သူမ်ားက ေရာင္းစားၿပီး ေနအိမ္မ်ားတည္ေဆာက္ထားမႈအေပၚ တာဝန္ရွိသူမ်ားက ရွင္းလင္းေပးေစလိုေၾကာင္း ၎ကေျပာဆိုသည္။

၁၉၅၁ ခုႏွစ္တြင္ ဦးအင္ၾကည္က မူလေျမပိုင္ရွင္ျဖစ္ေသာ အဲဖက္ေမာင္ေမာင္ႀကီးထံမွ ေမာ္လၿမိဳင္ၿမိဳ႕ အကြက္အမွတ္(၃၂-စီ)၊ ပန္းၿခံကုန္းအုပ္စုအမွတ္ (၂၇)၊ ဦးပိုင္အမွတ္(၁၆-ေအ)၁၉၅၁- ၁၉၅၂ ရွိ ေျမခ်ိန္ဧရိယာ ၈ ဒသမ ၂၁၁ ဧက လယ္ေျမႏွင့္ ဦးပိုင္အမွတ္ (၃) ၁၉၅၁-၁၉၅၂ ရွိ လယ္ေျမ(ဒသမ ၄၇၇)ဧကအား ဝယ္ယူခဲ့ၿပီး သီးစားခ်လုပ္ကိုင္စဥ္ ၂၀၀၂ ခုႏွစ္တြင္ ျမန္မာ့မီးရထားလမ္းစီမံကိန္းတြင္ ပါဝင္သည္ဟုဆိုကာ ယင္းေျမအားလုံးကို ေလ်ာ္ေၾကးမရဘဲ သိမ္းယူခံခဲ့ရေၾကာင္း သိရသည္။

သတင္း – ေအာင္ျမင့္ထြန္း(ျမစ္မခ)

………………………………………………………..

(Unicode Version)

အသုံးမပြု ရထားသိမ်းဆည်းမြေများ ပြန်လည်ရရှိရန် မြေပိုင်ရှင်တောင်းဆို

မွန်ပြည်နယ် မော်လမြိုင်မြို့ အကွက်အမှတ်(၃၂-စီ)ပန်းခြံကုန်းအုပ်စု အမှတ်(၂၇)ရှိ မြေများအား မီးရထားလမ်းစီမံကိန်းအဖြစ် သိမ်းဆည်းခံခဲ့ရပြီး လက်ရှိမီးရထားစီမံကိန်းတွင် အသုံးမပြုသည့်မြေများအား ပြန်လည်ရရှိလိုကြောင်း မူလမြေပိုင်ရှင်က တောင်းဆိုလိုက်ကြောင်း သိရသည်။

မော်လမြိုင်မြို့ အောက်ကျင်းရပ်ရှိ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံးတွင် ဇန်နဝါရီ ၆ ရက်က ပြုလုပ်သော မြန်မာ့မီးရထားတိုင်း(၈)က သိမ်းဆည်းထားသော မြေပေါ်၌ ကျူးကျော်ဝင်ရောက်နေထိုင်မှုအပေါ် မူလပိုင်ရှင်ထံ ပြန်လည်လွှဲအပ်စေလိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် မူလမြေပိုင်ရှင်၏ ညီမဖြစ်သူက တောင်းဆိုလိုက်ကြောင်း သိရသည်။

‘မြေကို ကျွန်မအစ်ကိုက ၁၉၅၁ ခုနှစ်ကတည်းက မူလမြေပိုင်ရှင်ထံက ရူပီ ၂၀၀၀ နဲ့ ဝယ်ထားတယ်။ ပြီးတော့ လယ်မြေတွေကို ကိုယ်တိုင်လုပ်ခဲ့တယ်။ ၁၉၇၉ ခုနှစ်လောက်ကစပြီး သီးစားချလုပ်ကိုင်ခဲ့တယ်။ နောက်ဆုံးသီးစားချတဲ့ ဦးကျော်အေး လက်ထက် ၂၀၀၂ ခုနှစ်မှာ မြန်မာ့မီးရထားက မီးရထားလမ်းစီမံကိန်းအတွက်ဆိုပြီး ကျွန်မတို့ မြေကိုးဧကနီးပါးကို သိမ်းဆည်းခဲ့တယ်။ အဲဒီအချိန်တုန်းကလည်း မြေပိုင်ရှင်ဖြစ်တဲ့ ကျွန်မအစ်ကိုက လျော်ကြေးတစ်ကျပ်မှ မရခဲ့ဘူး။ သီးစားလုပ်ကိုင်တဲ့ ဦးကျော်အေးတို့က ကြားထဲက လျော်ကြေးရခဲ့တယ်။ ကျွန်မအစ်ကို ဦးအင်ကြည်က မူလမြေပိုင်ရှင်ဖြစ်တဲ့အတွက် ပြန်ရဖို့လုပ်နေရင်း ၂၀၁၄ ခုနှစ်မှာ အမိန့်တစ်ခုထွက်လာပြီး ဦးကျော်အေးက မြေရဲ့အလုပ်သမား ဦးအင်ကြည်က မူလမြေပိုင်ရှင်ဖြစ်တယ်ဆိုတာ ထွက်လာတယ်။ အဲဒီအချိန်တုန်းက ကျွန်မအစ်ကိုက သိမ်းယူထားတဲ့မြေတွေကို မီးရထားဌာနက အသုံးပြုမယ်ဆိုရင် ခွင့်လွှတ်တယ်။ တစ်ဦးတစ်ယောက်ကို ရောင်းစားမယ်ဆိုရင် မလိုချင်ဘူးလို့ပြောခဲ့တယ်။ ကျွန်မအစ်ကိုက ၂၀၁၆ ခုနှစ်လောက်မှာ ဆုံးသွားတယ်။ ကျွန်မတို့မှာ အမေနဲ့ ကျွန်မတို့ မောင်နှမပဲ ရှိတယ်။ အစ်ကိုမဆုံးခင် တစ်နှစ်လောက်ကတည်းက မီးရထားက သိမ်းဆည်းခံထားရတဲ့ ကျွန်မတို့ မြေပေါ် မှာ ဘယ်လိုကနေ ဘယ်လို အရောင်းအဝယ်တွေလုပ်ကြလဲ မသိဘူး။ အခုဆို ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ တခြားလူနေအိမ်တွေပါတွေ့လာရတယ်။ မြေတွေကို သိန်းထောင်ချီတဲ့ ဈေးတွေနဲ့ အရောင်းအဝယ်တွေ လုပ်ထားကြတယ်လို့ သိရတယ်။ သူတို့မြေအရောင်းအဝယ် လုပ်ထားတာတွေကို ကျွန်မတို့မှာသက်သေတွေ ရှိတယ်’ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် မူလမြေပိုင်ရှင် ဦးအင်ကြည်၏ ညီမဒေါ်ကျင်စီက ပြောဆိုသည်။

မြန်မာ့မီးရထားအနေဖြင့် အသုံးပြုရန် မလိုအပ်သော မြေများအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရမည်ဟု ဝန်ကြီးဌာန အကြီးအကဲများက လမ်းညွှန်ထားသည်ဟု သိရှိရသဖြင့် မိမိတို့ထံမှ သိမ်းဆည်းထားသောမြေများအနက် မီးရထားဌာနမှ အသုံးမပြုသော မြေများအား နစ်နာသူ မူလပိုင်ရှင် မိမိတို့မိသားစုထံ ပြန်လည်ပေးအပ်စေလိုပြီး မိမိတို့ သိမ်းဆည်းခံထားရသောမြေပေါ်တွင် မဆိုင်သူများက ရောင်းစားပြီး နေအိမ်များတည်ဆောက်ထားမှုအပေါ် တာဝန်ရှိသူများက ရှင်းလင်းပေးစေလိုကြောင်း ၎င်းကပြောဆိုသည်။

၁၉၅၁ ခုနှစ်တွင် ဦးအင်ကြည်က မူလမြေပိုင်ရှင်ဖြစ်သော အဲဖက်မောင်မောင်ကြီးထံမှ မော်လမြိုင်မြို့ အကွက်အမှတ်(၃၂-စီ)၊ ပန်းခြံကုန်းအုပ်စုအမှတ် (၂၇)၊ ဦးပိုင်အမှတ်(၁၆-အေ)၁၉၅၁- ၁၉၅၂ ရှိ မြေချိန်ဧရိယာ ၈ ဒသမ ၂၁၁ ဧက လယ်မြေနှင့် ဦးပိုင်အမှတ် (၃) ၁၉၅၁-၁၉၅၂ ရှိ လယ်မြေ(ဒသမ ၄၇၇)ဧကအား ဝယ်ယူခဲ့ပြီး သီးစားချလုပ်ကိုင်စဉ် ၂၀၀၂ ခုနှစ်တွင် မြန်မာ့မီးရထားလမ်းစီမံကိန်းတွင် ပါဝင်သည်ဟုဆိုကာ ယင်းမြေအားလုံးကို လျော်ကြေးမရဘဲ သိမ်းယူခံခဲ့ရကြောင်း သိရသည်။

သတင်း – အောင်မြင့်ထွန်း(မြစ်မခ)

-Ads-
-Ads-