စာခ်ဳပ္ထဲမွ လိုခ်င္သည့္အပိုင္းကို ကြက္ယူ၊ မႀကိဳက္သည့္အပိုင္းကို ေရွာင္လႊဲေနပါက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အက်ပ္အတည္းမ်ားျဖစ္ေပၚလာႏိုင္ဟု အတိုင္ပင္ခံဆို

NCA လက္မွတ္ေရးထိုးထားသည့္ အဖြဲ႕(၁၀)ဖြဲ႕အေနျဖင့္ စာခ်ဳပ္ထဲမွ မိမိလို ခ်င္သည့္အပိုင္းကိုသာ ကြက္ယူၿပီး မႀကိဳက္သည့္အပိုင္းကို ေရွာင္လႊဲေနမည္ဆိုပါကက်န္သည့္ အစုအဖြဲ႕မ်ားအတြက္ အခက္အခဲျဖစ္ေစၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ အက်ပ္အတည္းမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာနဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားသည္။

‘ဒီစာခ်ဳပ္ထဲကမွ ကိုယ္ႀကိဳက္တာကိုပဲ ယူမယ္။ ကိုယ္မႀကိဳက္တာကို မယူဘူး။ ကိုယ္သေဘာက်တဲ့အပိုင္းကိုပဲ အေကာင္အထည္ေဖာ္မယ္။ ကိုယ္ သေဘာမက်လို႔ရွိရင္ အေကာင္အထည္မေဖာ္ဘူးဆိုတာမ်ိဳးေတြကို ေရွာင္ၾကဥ္ ၾကဖို႔ ကၽြန္မအေနနဲ႔ အေလးအနက္ သတိ ေပးလိုပါတယ္။ အစုအဖြဲ႕ တစ္ဖြဲ႕ဖြဲ႕က ဒီလိုပုံစံမ်ိဳးလိုခ်င္တာကိုပဲ ကြက္ၿပီးယူမယ္။ မႀကိဳက္တာဆိုလို႔ရွိရင္ က်န္တဲ့အစုအဖြဲ႕ေတြအားလုံးမွာလည္း အခက္အခဲေတြ ျဖစ္လာေစၿပီးေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အက်ပ္အတည္းေတြ ဆက္လက္ၿပီးေတာ့ ျဖစ္ေပၚလာႏိုင္ပါတယ္’ဟု ၎က ေျပာဆိုသည္။

ေနျပည္ေတာ္ရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) တြင္ ဇန္နဝါရီ ၈ ရက္က ျပဳလုပ္ခဲ့ေသာ ရွစ္ႀကိမ္ေျမာက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ၫွိႏႈိင္းအစည္းအေဝး (JICM) အဖြင့္အမွာစကားေျပာၾကားရာတြင္ ယင္းသို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

-Ads-
-Ads-

NCA စာခ်ဳပ္သည္ အားလုံးပူးတြဲပိုင္ဆိုင္သည့္စာခ်ဳပ္ျဖစ္ေသာေၾကာင့္ လက္မွတ္ေရးထိုးထားသည့္ အစုအဖြဲ႕ အားလုံးက မၽွေဝၿပီး တာဝန္ယူမႈ၊ တာဝန္ခံမႈရွိၾကရန္ လိုအပ္ေၾကာင္း အတိုင္ပင္ခံ ပုဂၢိဳလ္က ေျပာၾကားသည္။

‘စာခ်ဳပ္ေပၚမွာ ေရးထိုးထားတဲ့ လက္မွတ္ေတြက ကတိသစၥာ တည္ၾကည္မႈနဲ႔ မွန္ကန္ေျဖာင့္မတ္မႈကို ကိုယ္စားျပဳပါတယ္။ ေျပာရရင္ ကၽြန္မတို႔အစိုးရအေနနဲ႔ NCAမွာ စတင္ပါဝင္လက္မွတ္ေရးထိုးခဲ့တာ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း အစိုးရတစ္ခုနဲ႔တစ္ခု လႊဲေျပာင္းတာဝန္ထမ္းေဆာင္တဲ့အခ်ိန္မွာ အစိုးရအစဥ္အဆက္ တာဝန္ရွိမႈ၊ တာဝန္သိမႈေတြကို လႊဲေျပာင္းရယူ တာဝန္ထမ္းေဆာင္ရတာျဖစ္ပါတယ္။ ဒီအေပၚမွာ ကၽြန္မတို႔ ခိုင္ခိုင္မာမာရပ္တည္ေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္’ဟု ၎က ေျပာဆိုသည္။

ပန္းတိုင္တူေသာ္လည္း နည္းနာပိုင္းဆိုင္ရာ မတူညီႏိုင္ေသးသည့္အေပၚ လက္ခံႏိုင္ေၾကာင္း၊ မတူညီသည္မ်ားကို တူညီလာေအာင္ အားလုံးၫွိၫွိႏႈိင္းႏႈိင္း တိုင္တိုင္ပင္ပင္ႏွင့္ အေျဖရွာၾကရမည္ျဖစ္ေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားခဲ့သည္။

‘နည္းနာပိုင္းဆိုင္ရာ ကြဲလြဲမႈေတြကို အျပန္အလွန္နားလည္မႈ၊ အျပန္အလွန္ယုံၾကည္မႈ အေျခခံေတြနဲ႔ ၫွိႏႈိင္းတိုင္ပင္မယ္ဆိုရင္ ပိုၿပီးအဆင္ေျပေခ်ာေမြ႕ပါလိမ့္မယ္။ ဒါေၾကာင့္ ကၽြန္မတို႔ အခ်င္းခ်င္းၾကားမွာ အေရးပါတဲ့ ယုံၾကည္မႈတည္ေဆာက္ေရး မ်က္ျခည္မျပတ္ၾကဖို႔ တိုက္တြန္းေျပာၾကားလိုပါတယ္’ဟု ၎က တိုက္တြန္းေျပာၾကားခဲ့သည္။

ထို႔ျပင္ ပစ္ခတ္တိုက္ခိုက္မႈ မရပ္စဲႏိုင္ေသးသည့္အဖြဲ႕မ်ား၊ NCA လက္မွတ္မထိုးႏိုင္ေသးသည့္ အဖြဲ႕မ်ားအေနျဖင့္လည္း ပစ္ခတ္တိုက္ခိုက္မႈမ်ားရပ္စဲကာ NCA တြင္ ပါဝင္လာႏိုင္ရန္ အစိုးရက ေဆာင္႐ြက္လ်က္ရွိၿပီး NCA ထီးရိပ္ေအာက္သို႔ ေရာက္ရွိလာရန္အတြက္လည္း အၿမဲတမ္းဖိတ္ေခၚေနေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားသည္။

သတင္း၊ ဓာတ္ပုံ – မင္းမင္းထြန္း

………………………………………………………..

(Unicode Version)

စာချုပ်ထဲမှ လိုချင်သည့်အပိုင်းကို ကွက်ယူ၊ မကြိုက်သည့်အပိုင်းကို ရှောင်လွှဲနေပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းများဖြစ်ပေါ်လာနိုင်ဟု အတိုင်ပင်ခံဆို

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၁၀)ဖွဲ့အနေဖြင့် စာချုပ်ထဲမှ မိမိလို ချင်သည့်အပိုင်းကိုသာ ကွက်ယူပြီး မကြိုက်သည့်အပိုင်းကို ရှောင်လွှဲနေမည်ဆိုပါကကျန်သည့် အစုအဖွဲ့များအတွက် အခက်အခဲဖြစ်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

‘ဒီစာချုပ်ထဲကမှ ကိုယ်ကြိုက်တာကိုပဲ ယူမယ်။ ကိုယ်မကြိုက်တာကို မယူဘူး။ ကိုယ်သဘောကျတဲ့အပိုင်းကိုပဲ အကောင်အထည်ဖော်မယ်။ ကိုယ် သဘောမကျလို့ရှိရင် အကောင်အထည်မဖော်ဘူးဆိုတာမျိုးတွေကို ရှောင်ကြဉ် ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် သတိ ပေးလိုပါတယ်။ အစုအဖွဲ့ တစ်ဖွဲ့ဖွဲ့က ဒီလိုပုံစံမျိုးလိုချင်တာကိုပဲ ကွက်ပြီးယူမယ်။ မကြိုက်တာဆိုလို့ရှိရင် ကျန်တဲ့အစုအဖွဲ့တွေအားလုံးမှာလည်း အခက်အခဲတွေ ဖြစ်လာစေပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်လက်ပြီးတော့ ဖြစ်ပေါ်လာနိုင်ပါတယ်’ဟု ၎င်းက ပြောဆိုသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ဇန်နဝါရီ ၈ ရက်က ပြုလုပ်ခဲ့သော ရှစ်ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်အမှာစကားပြောကြားရာတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

NCA စာချုပ်သည် အားလုံးပူးတွဲပိုင်ဆိုင်သည့်စာချုပ်ဖြစ်သောကြောင့် လက်မှတ်ရေးထိုးထားသည့် အစုအဖွဲ့ အားလုံးက မျှဝေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန် လိုအပ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။

‘စာချုပ်ပေါ်မှာ ရေးထိုးထားတဲ့ လက်မှတ်တွေက ကတိသစ္စာ တည်ကြည်မှုနဲ့ မှန်ကန်ဖြောင့်မတ်မှုကို ကိုယ်စားပြုပါတယ်။ ပြောရရင် ကျွန်မတို့အစိုးရအနေနဲ့ NCAမှာ စတင်ပါဝင်လက်မှတ်ရေးထိုးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အစိုးရတစ်ခုနဲ့တစ်ခု လွှဲပြောင်းတာဝန်ထမ်းဆောင်တဲ့အချိန်မှာ အစိုးရအစဉ်အဆက် တာဝန်ရှိမှု၊ တာဝန်သိမှုတွေကို လွှဲပြောင်းရယူ တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်မတို့ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်’ဟု ၎င်းက ပြောဆိုသည်။

ပန်းတိုင်တူသော်လည်း နည်းနာပိုင်းဆိုင်ရာ မတူညီနိုင်သေးသည့်အပေါ် လက်ခံနိုင်ကြောင်း၊ မတူညီသည်များကို တူညီလာအောင် အားလုံးညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နှင့် အဖြေရှာကြရမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

‘နည်းနာပိုင်းဆိုင်ရာ ကွဲလွဲမှုတွေကို အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု အခြေခံတွေနဲ့ ညှိနှိုင်းတိုင်ပင်မယ်ဆိုရင် ပိုပြီးအဆင်ပြေချောမွေ့ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့ အချင်းချင်းကြားမှာ အရေးပါတဲ့ ယုံကြည်မှုတည်ဆောက်ရေး မျက်ခြည်မပြတ်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်’ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲနိုင်သေးသည့်အဖွဲ့များ၊ NCA လက်မှတ်မထိုးနိုင်သေးသည့် အဖွဲ့များအနေဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲကာ NCA တွင် ပါဝင်လာနိုင်ရန် အစိုးရက ဆောင်ရွက်လျက်ရှိပြီး NCA ထီးရိပ်အောက်သို့ ရောက်ရှိလာရန်အတွက်လည်း အမြဲတမ်းဖိတ်ခေါ်နေကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

သတင်း၊ ဓာတ်ပုံ – မင်းမင်းထွန်း

-Ads-
-Ads-