ကမၻာ့အဆိုးဆုံးဝက္သက္ေရာဂါျဖစ္ပြားမႈ ကြန္ဂိုတြင္ လူေပါင္း ၆၀၀၀ ေက်ာ္ေသဆုံး

ကြန္ဂို ဒီမိုကရက္တစ္သမၼတႏိုင္ငံတြင္ ဝက္သက္ေရာဂါပ်ံ႕ႏွံ႔မႈေၾကာင့္ ေသဆုံးသူဦးေရသည္ ၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႕ (ဒဗလ်ဴအိတ္ခ္်အို)က ေျပာၾကားသည္။

အဆိုပါ ကူးစက္ေရာဂါသည္ ကမၻာ့အႀကီးမားဆုံးႏွင့္ ကူးစက္မႈ အျမန္ဆုံးျဖစ္ေၾကာင္း ဒဗလ်ဴအိတ္ခ္်အိုက ေၾကညာသည္။

၂၀၁၉ ခုႏွစ္ အစပိုင္းမွစ၍ ဝက္သက္ေရာဂါ ျဖစ္ပြားေနေၾကာင္း သံသယရွိသူဦးေရမွာ ၃၁၀၀၀၀ ခန္႔ရွိသည္ဟု ဒဗလ်ဴအိတ္ခ္်အိုက ေျပာဆိုသည္။

ကြန္ဂိုအစိုးရႏွင့္ ဒဗလ်ဴအိတ္ခ္်အိုတို႔သည္ ၿပီးခဲ့သည့္ စက္တင္ဘာလမွ စ၍ အေရးေပၚ ကာကြယ္ေဆးထိုးျခင္း အစီအစဥ္ကို စတင္ခဲ့ၾကသည္။

၂၀၁၉ ခုႏွစ္တြင္ ႏိုင္ငံတစ္ဝန္း ငါးႏွစ္ေအာက္ ကေလးငယ္ ၁၈ သန္း ေက်ာ္ကို ေရာဂါကာကြယ္ေဆး ထိုးေပးထားၿပီးျဖစ္သည္ဟုလည္း ဒဗလ်ဴအိတ္ခ္်အိုက ေၾကညာသည္။

သို႔ေသာ္ ခ်ည့္နဲ႔ေသာ အေျခခံ အေဆာက္အအုံမ်ား၊ က်န္းမာေရးစင္တာမ်ားကို တိုက္ခိုက္မႈမ်ားႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈဆိုင္ရာ ပုံမွန္လုပ္ထုံးလုပ္နည္းမ်ား လက္ခံရရွိမႈမရွိျခင္းတို႔က ေရာဂါပ်ံ႕ႏွံ႔မႈကို ဟန္႔တားရန္ ႀကိဳးပမ္းမႈမ်ားအားလုံးကို ေႏွာင့္ေႏွးေစသည္ဟု ဆိုသည္။

ကြန္ဂို ဒီမိုကရက္တစ္သမၼတႏိုင္ငံတြင္ ဝက္သက္ေရာဂါျဖစ္ပြားမႈေၾကာင့္ ေသဆုံးသူဦးေရသည္ အီဘိုလာေရာဂါေၾကာင့္ ေသဆုံးသူဦးေရ၏ ႏွစ္ဆ ရွိေၾကာင္း သိရသည္။

(Unicode Version)

ကမ္ဘာ့အဆိုးဆုံးဝက်သက်ရောဂါဖြစ်ပွားမှု ကွန်ဂိုတွင် လူပေါင်း ၆၀၀၀ ကျော်သေဆုံး

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဝက်သက်ရောဂါပျံ့နှံ့မှုကြောင့် သေဆုံးသူဦးရေသည် ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က ပြောကြားသည်။

အဆိုပါ ကူးစက်ရောဂါသည် ကမ္ဘာ့အကြီးမားဆုံးနှင့် ကူးစက်မှု အမြန်ဆုံးဖြစ်ကြောင်း ဒဗလျူအိတ်ခ်ျအိုက ကြေညာသည်။

၂၀၁၉ ခုနှစ် အစပိုင်းမှစ၍ ဝက်သက်ရောဂါ ဖြစ်ပွားနေကြောင်း သံသယရှိသူဦးရေမှာ ၃၁၀၀၀၀ ခန့်ရှိသည်ဟု ဒဗလျူအိတ်ခ်ျအိုက ပြောဆိုသည်။

ကွန်ဂိုအစိုးရနှင့် ဒဗလျူအိတ်ခ်ျအိုတို့သည် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ အရေးပေါ် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို စတင်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ငါးနှစ်အောက် ကလေးငယ် ၁၈ သန်း ကျော်ကို ရောဂါကာကွယ်ဆေး ထိုးပေးထားပြီးဖြစ်သည်ဟုလည်း ဒဗလျူအိတ်ခ်ျအိုက ကြေညာသည်။

သို့သော် ချည့်နဲ့သော အခြေခံ အဆောက်အအုံများ၊ ကျန်းမာရေးစင်တာများကို တိုက်ခိုက်မှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများ လက်ခံရရှိမှုမရှိခြင်းတို့က ရောဂါပျံ့နှံ့မှုကို ဟန့်တားရန် ကြိုးပမ်းမှုများအားလုံးကို နှောင့်နှေးစေသည်ဟု ဆိုသည်။

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေသည် အီဘိုလာရောဂါကြောင့် သေဆုံးသူဦးရေ၏ နှစ်ဆ ရှိကြောင်း သိရသည်။