သမၼတေဒၚနယ္ထရန္႔အား စြပ္စြဲျပစ္တင္ေရးအစီအစဥ္ အထက္လႊတ္ေတာ္သို႔ အျမန္လႊဲေပးရန္ တိုက္တြန္း

သမၼတထရန္႔အား စြပ္စြဲျပစ္တင္ေရးအစီအစဥ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီက လက္ထဲဆုပ္ကိုင္အခ်ိန္ဆြဲထားစဥ္ အထက္လႊတ္ေတာ္မွ ဒီမိုကရက္မဟာမိတ္မ်ား၏ေထာက္ခံမႈမ်ား ယုတ္ေလ်ာ့လာသည္ဟု ဆိုသည္။

ရီပတ္ဘလီကန္မ်ားႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားဆိုင္ရာ အႀကိတ္အနယ္ျဖစ္ေနစဥ္ ေအာက္လႊတ္ေတာ္ ဥကၠ႒ နန္စီပီလိုစီသည္ သမၼတထရန္႔အား စြပ္စြဲျပစ္တင္ေရး အစီအစဥ္မ်ားကို အထက္လႊတ္ေတာ္သို႔ လႊဲမေပးဘဲ အခ်ိန္ဆြဲလ်က္ရွိသည္။

အထက္လႊတ္ေတာ္ ဒီမိုကရက္တစ္အမတ္ မီးစ္ဒိုင္ယာနီဖိန္းစတိန္းက ယင္းကိစၥကို အထက္လႊတ္ေတာ္သို႔ ေပးပို႔ရန္ ေအာက္လႊတ္ေတာ္ဥကၠ႒ မီးစ္နန္စီပီလိုစီအား တိုက္တြန္းလိုက္သည္။

အထက္လႊတ္ေတာ္ ရီပတ္ဘလီကန္ေခါင္းေဆာင္ကမူ ယင္းကိစၥအတြက္ ေဈးဆစ္မည္မဟုတ္ဟု ဆုံးျဖတ္ထားသည္။

စြပ္စြဲျပစ္တင္ျခင္း ျပဳ၊ မျပဳတြင္ ဒီမိုကရက္တစ္မ်ားမပါဝင္ဘဲ ၎တို႔ ရီပတ္ဘလီကန္မ်ားအတြင္းမွာပင္ လိုအပ္သည့္ ၅၁ မဲကို သူစုစည္းထားႏိုင္ေၾကာင္း ရီပတ္ဘလီကန္ေခါင္းေဆာင္ အထက္လႊတ္ေတာ္အမတ္ မစ္ခ္်မက္ေကာနဲက ေျပာဆိုသည္။

အခ်ိန္ဆြဲျခင္းျဖင့္ ေလးနက္မႈ ပိုေလ်ာ့ပါးသြားႏိုင္သျဖင့္ အျမန္လႊဲေပးရန္ မီးစ္နန္စီပီလိုစီအား မီးစ္ဖိန္းစတိန္းက ေျပာၾကားႏႈိးေဆာ္လိုက္သည္။

(Unicode Version)

သမ္မတဒေါ်နယ်ထရန့်အား စွပ်စွဲပြစ်တင်ရေးအစီအစဉ် အထက်လွှတ်တော်သို့ အမြန်လွှဲပေးရန် တိုက်တွန်း

သမ္မတထရန့်အား စွပ်စွဲပြစ်တင်ရေးအစီအစဉ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက လက်ထဲဆုပ်ကိုင်အချိန်ဆွဲထားစဉ် အထက်လွှတ်တော်မှ ဒီမိုကရက်မဟာမိတ်များ၏ထောက်ခံမှုများ ယုတ်လျော့လာသည်ဟု ဆိုသည်။

ရီပတ်ဘလီကန်များနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အကြိတ်အနယ်ဖြစ်နေစဉ် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီသည် သမ္မတထရန့်အား စွပ်စွဲပြစ်တင်ရေး အစီအစဉ်များကို အထက်လွှတ်တော်သို့ လွှဲမပေးဘဲ အချိန်ဆွဲလျက်ရှိသည်။

အထက်လွှတ်တော် ဒီမိုကရက်တစ်အမတ် မီးစ်ဒိုင်ယာနီဖိန်းစတိန်းက ယင်းကိစ္စကို အထက်လွှတ်တော်သို့ ပေးပို့ရန် အောက်လွှတ်တော်ဥက္ကဋ္ဌ မီးစ်နန်စီပီလိုစီအား တိုက်တွန်းလိုက်သည်။

အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင်ကမူ ယင်းကိစ္စအတွက် ဈေးဆစ်မည်မဟုတ်ဟု ဆုံးဖြတ်ထားသည်။

စွပ်စွဲပြစ်တင်ခြင်း ပြု၊ မပြုတွင် ဒီမိုကရက်တစ်များမပါဝင်ဘဲ ၎င်းတို့ ရီပတ်ဘလီကန်များအတွင်းမှာပင် လိုအပ်သည့် ၅၁ မဲကို သူစုစည်းထားနိုင်ကြောင်း ရီပတ်ဘလီကန်ခေါင်းဆောင် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲက ပြောဆိုသည်။

အချိန်ဆွဲခြင်းဖြင့် လေးနက်မှု ပိုလျော့ပါးသွားနိုင်သဖြင့် အမြန်လွှဲပေးရန် မီးစ်နန်စီပီလိုစီအား မီးစ်ဖိန်းစတိန်းက ပြောကြားနှိုးဆော်လိုက်သည်။