အဆိုေတာ္မီးမီးခဲႏွင့္ေတြ႕ဆုံျခင္း

“အစ္မအသက္ရွင္တာ စိတ္ေၾကာင့္ အသက္ရွင္ေနတာပါ”

အဆိုေတာ္မီးမီးခဲ၏ ဂီတသက္တမ္းႏွစ္ ၂၀ ေက်ာ္ၾကာမွ ပထမဆုံးအႀကိမ္က်င္းပမည့္ တစ္ကိုယ္ေတာ္႐ႈိးပြဲကို ရန္ကုန္ၿမိဳ႕ရွိ ေတာ္ဝင္စင္တာရွစ္လႊာ၌ ဇန္နဝါရီ ၁၁ ရက္ ည ၇ နာရီတြင္ က်င္းပမည္ျဖစ္သည္။ ရင္သားကင္ဆာေရာဂါေၾကာင့္ ေဆးကုသမႈခံယူေနရသည့္ ၎အေနျဖင့္ အျဖစ္ခ်င္ဆုံးဆႏၵတစ္ခုျဖစ္ေသာ ဂီတ႐ႈိးပြဲကို လုပ္ေဆာင္ခဲ့ရသည့္ အေၾကာင္းအရာမ်ားႏွင့္စပ္လ်ဥ္း၍ သိရွိလိုသမၽွ ေမးျမန္းေဖာ္ျပေပးလိုက္ပါသည္။

ေမး – တစ္ကိုယ္ေတာ္ Solo Show စီစဥ္ျဖစ္ပုံေလး ေျပာျပေပးပါဦး။

-Ads-
-Ads-

ေျဖ – ရွင္းရွင္းေျပာရရင္ ဘ၀မွာ မေသခင္ေလးမွာ တစ္ကိုယ္ေတာ္ပြဲေလး လုပ္ခ်င္တယ္ဆိုတဲ့ စိတ္ေၾကာင့္လုပ္ျဖစ္ခဲ့တာပါ။ အစ္မပြဲမွာဆိုရင္ အဆိုေတာ္ေတြက ေယာက္်ားေလးအဆိုေတာ္ေတြကိုေတာ့ မေျပာျပေတာ့ဘူး။ Suprise အေနနဲ႔ ထားထားမယ္။ အဆိုေတာ္အသစ္ေတြ ပါဝင္မွာပါ။ အစ္မတို႔က အသက္ႀကီးေနၿပီဆိုေတာ့ လူငယ္အဆိုရွင္ေလးေတြကို ေျမေတာင္ေျမႇာက္ေပးတဲ့အေနနဲ႔ လုပ္ေပးတာပါ။ ဒီပြဲမွာေတာ့ အစ္မ အရင္သီခ်င္းအေဟာင္းေတြ အကုန္ဆိုမယ္။ အခ်ိဳ႕သီခ်င္းေတြက Copy ေတြ ျဖစ္ေနတယ္။ အဲဒီသီခ်င္းေလးေတြေတာ့ အစ္မ မဆိုဘူးလို႔ စဥ္းစားထားတယ္။ သီခ်င္းတစ္ပုဒ္၊ ႏွစ္ပုဒ္ေတာ့ ျဖဳတ္ရမယ္။ အခ်ိဳ႕သီခ်င္းေတြကေတာ့ အရမ္းေပါက္တယ္။ ဒါေပမဲ့ ေကာ္ပီျဖစ္ေနတယ္။ အရင္တုန္းကေတာ့ ေကာ္ပီကေခတ္စားတာေပါ့ေလ။ အခုေနာက္ပိုင္းက်ေတာ့ ေခတ္မစားေတာ့ဘူးဆိုေတာ့ အဲဒါေတာ့ ျဖဳတ္ရမွာေပါ့။ သီခ်င္းအသစ္ေတြလည္း ထည့္မယ္၊ ေပါက္တဲ့အသစ္သီခ်င္းေလးေတြ ထည့္မယ္။

ေမး – ဂီတသက္တမ္း ႏွစ္ ၂၀ ေက်ာ္ၾကာမွ ပထမဆုံးလုပ္တဲ့ တစ္ကိုယ္ေတာ္႐ႈိးပြဲျဖစ္တဲ့အတြက္ ရင္ခုန္စိတ္လႈပ္ရွားတာမ်ိဳး ရွိလား။

ေျဖ – ဒီပြဲက ပထမဆုံးတစ္ကိုယ္ေတာ္ပြဲျဖစ္တဲ့အတြက္ ရင္ခုန္မႈရွိလားဆိုရင္ ကေလးမဟုတ္ေတာ့ ရင္ေတာ့မခုန္ေတာ့ဘူး။ ဒါေပမဲ့ အလုပ္ကို ဘယ္လိုေကာင္းေကာင္း လုပ္ရမလဲဆိုတာကိုပဲ ေတြးမိတယ္။ ငါဒီပြဲမွာ ဘယ္လိုသီခ်င္းေတြဆိုရမလဲေပါ့။ ဘယ္လိုသီခ်င္းေတြကိုဆိုရင္ ေကာင္းမလဲဆိုတာမ်ိဳးကိုပဲ ေတြးပါတယ္။ သီခ်င္းဆိုတာကို စိတ္လႈပ္ရွားတာေတြ ဘာေတြမရွိေတာ့ဘူး။ ဆိုတာလည္းၾကာၿပီဆိုေတာ့ အဲဒီလိုမ်ိဳးမရွိေတာ့ဘူး။ ပရိသတ္ကို အေကာင္းဆုံး ဘယ္လိုမ်ိဳးေပးမလဲဆိုတာမ်ိဳး၊ အေကာင္းဆုံးဘယ္လိုလုပ္ေပးမလဲ အၿမဲစဥ္းစားထားတယ္။ ဒီႏိုင္ငံမွာ တစ္ကိုယ္ေတာ္လုပ္ဖို႔စဥ္းစားထားတာကတည္းက တစ္ကိုယ္ေတာ္လုပ္ရင္ သီခ်င္းအသစ္ ႏွစ္ပုဒ္၊ သုံးပုဒ္ေလာက္ေတာ့ လိုမယ္။ ပရိသတ္ေတြ၊ လူငယ္ေတြအတြက္ေပါ့။ တခ်ိဳ႕က မမီးမီးခဲကို မသိေတာ့ဘူး။ သူတို႔အတြက္ ျပန္သိေအာင္လို႔ မ်က္ဝန္းၫိုနဲ႔ အေဝးကခ်စ္သူ အဲဒီသီခ်င္းေလးေတြကို ထည့္ၿပီးဆိုမယ္လို႔ေတာ့ စဥ္းစားထားတယ္။

ေမး – အစ္မရဲ႕သမီးနဲ႔လည္း ျပန္ေတြ႕တုန္း ဘာေတြမ်ားေျပာျဖစ္ၾကလဲ။

ေျဖ – သမီးနဲ႔ကေတာ့ အၿမဲတမ္းအဆက္အသြယ္ရွိတယ္။ သူက အေမ့အိမ္မွာပဲေနတဲ့အခါက်ေတာ့ အၿမဲတမ္းအဆက္အသြယ္ရွိတယ္။ အခု ျပန္လာတဲ့အခါက်ေတာ့လည္း သူက ကေလး ဝိုင္းထိန္းေပးတယ္။ ကေလးေတြက သူ႕ကိုထိန္းလိုက္၊ သူက ထိန္းလိုက္နဲ႔ျဖစ္ေနတာေပါ့။ သူကလည္း ကေလးပဲ။ အငယ္ေလးေတြက်ေတာ့လည္း ႏိုင္ငံျခားမွာေနၿပီးေတာ့ အစ္မေနမေကာင္းတဲ့ၾကားက ေမြးလာတဲ့ကေလးေတြဆိုေတာ့ သူတို႔ကၿငိမ္တယ္ ေအးေအးေဆးေဆးပဲ။ သမီးႀကီးကက်ေတာ့ သြက္တယ္ဆိုေတာ့ သူတို႔အခ်င္းခ်င္းေတာ့ အိမ္မွာေတာ့ ႐ႈပ္ယွက္ခတ္ေနၾကတာပဲ။ အဲဒီေန႔က်ရင္ လာခဲ့ပါ။ သူတို႔လည္း ေဖ်ာ္ေျဖမယ္။ အစ္မအမ်ိဳးသားက ေအးေအးေဆးေဆးပဲေပါ့။ သူအေၾကာင္းေမးၾကည့္ရင္ သိမွာပါ၊ သူရွိေနရင္ေတာင္ အသံမထြက္ဘူး။ ဘယ္သူနဲ႔မွလည္း သူက ျပႆနာတက္မယ့္ သူမ်ိဳးမဟုတ္ဘူးေပါ့ေနာ္။ သမီးႀကီးနဲ႔လည္း သူက ေအးေအးေဆးေဆးပဲ။ ဦးေလးနဲ႔တူမလိုပုံစံမ်ိဳးပဲ ေအးေအးေဆးေဆးပါပဲ။

ေမး – က်န္းမာေရးအေျခအေနကေကာ အခုဘယ္လိုမ်ိဳးအေျခအေနရွိေနလဲ။

ေျဖ – အစ္မ ၂၀၁၇ ခုႏွစ္မွာ ရင္သားကင္ဆာျဖစ္တာပါ၊ အဲဒီ ရင္သားကင္ဆာကေနတစ္ဆင့္ ေက်ာ႐ိုးထဲေရာက္သြားၿပီးေတာ့ အ႐ိုးထဲကိုျပန္႔သြားတယ္။ အဲဒါကို ထိန္းခ်ဳပ္ေနရတာေပါ့။ အသက္ရွင္ေအာင္ ကီမိုသြင္းတယ္။ ဓာတ္ကင္တယ္။ ၿပီးေတာ့ တစ္ႏွစ္ခြဲေလာက္ ေကာင္းသြားတယ္၊ အစ္မကက်ေတာ့ ေနာက္ဆုံးအဆင့္ျဖစ္တဲ့အခါက်ေတာ့ ရင္သားကို ျဖတ္ထုတ္လို႔လည္း မရေတာ့ဘူး။ မမီေတာ့တဲ့အခါက်ေတာ့ ဒီႏွစ္မွာထပ္ျဖစ္တာပါ။ ေခါင္းနဲ႔ လည္ပင္းမွာ ထပ္ျဖစ္တာပါ။ ထပ္ျဖစ္တဲ့အတြက္ အခုထပ္ၿပီး ဓာတ္ ငါးခါ ကင္ထားရတယ္။ ကင္ၿပီးသြားတဲ့အခ်ိန္မွာပဲ အစ္မက ဒီပြဲကို စၿပီးေတာ့ လုပ္ျဖစ္တာပါ။ အခုေလာေလာဆယ္ကေတာ့ အစ္မဆီမွာ ဘာမွမရွိေသးဘူး။ အစ္မကို ျပန္ျဖစ္မယ္လို႔လည္း ဆရာဝန္ကေျပာတယ္။ ဒါေပမဲ့ အစ္မက ျပန္ၿပီးေတာ့ ထိန္းခ်ဳပ္ေနရဦးမွာေပါ့။ အခုေလာေလာဆယ္ကေတာ့ ေပၚလာတာကို ကုထားလိုက္ေတာ့ မရွိေတာ့ဘူး။ ေပ်ာက္ေနတယ္။ ဒါေပမဲ့လည္း အစ္မျပန္သြားတဲ့အခ်ိန္မွာ ထပ္ေပၚလာရင္ ထပ္ကုရမွာေပါ့။ ဓာတ္ကင္လို႔မွ မေပ်ာက္ရင္ ကီမိုသြင္းေပါ့။ ကီမိုသြင္းလို႔မွ မေပ်ာက္ရင္ေတာ့ ေသေပါ့။ တစ္လမ္းပဲရွိတယ္။ အစ္မေရာဂါက ဆရာဝန္ေတြက လက္ေလၽွာ႔ၿပီးသားပါ။ အစ္မအသက္ရွင္တာ စိတ္ေၾကာင့္ အသက္ရွင္ေနတာပါ။

ေမး – စိတ္ဓာတ္ႀကံ႕ခိုင္တဲ့ ပုံစံမ်ိဳးေလး ျမင္ေတြ႕ရတယ္။ ဘာေတြကမ်ား စိတ္ဓာတ္ခြန္အားရေစခဲ့တာလဲ။

ေျဖ – အဓိကကေတာ့ ဘုရားေၾကာင့္ပါ။ ဘုရားကို ခ်စ္တယ္။ ဘုရားကို အားကိုးတယ္။ အစ္မကဘုရားကို နံပါတ္တစ္အေနနဲ႔ ထားတဲ့သူပါ။ ဘုရားက အကုန္လုံးလုပ္ေပးႏိုင္တယ္ဆိုတာကိုအစ္မယုံၾကည္တယ္။ လူတိုင္းက ဘုရားရွိခိုး၊ တရားထိုင္ရင္ စိတ္ၿငိမ္တယ္ေလ။ စိတ္ၿငိမ္ရင္အရာအားလုံးကို focus ျဖတ္ႏိုင္တယ္။ ကိုယ္လုပ္ရမယ့္ အရာ၊ ကိုယ္လုပ္သင့္တဲ့အရာကိုလည္းသိလာတာေပါ့။ အဲဒါေၾကာင့္ အစ္မက ဘုရားကိုပဲ နံပါတ္တစ္ထားၿပီးေတာ့လုပ္ေတာ့ အစ္မရဲ႕ဘ၀မွာဘာဆက္လုပ္ရမလဲ၊ ဘယ္လိုဆက္သြားရမလဲ ဆိုတာက ရွင္းလာတာေပါ့။ အဲဒါေၾကာင့္လည္းအသက္ရွင္တယ္လို႔ ထင္တယ္။

ေမး – ေဘးပတ္ဝန္းက်င္ကသူေတြကေကာ ကိုယ့္ကို ဘယ္လိုအားေပးၾကတာမ်ိဳးရွိလဲ။

ေျဖ – အဓိကကေတာ့ ကင္ဆာေရာဂါသည္ေတြက ေဘးပတ္ဝန္းက်င္နဲ႔ အရမ္းဆိုင္တယ္။ အစ္မကကိုယ္ေရာဂါျဖစ္တာကို ကိုယ္သိတဲ့အခါက်ေတာ့ သူတို႔ဝိုင္းၿပီးေတာ့ ပံ့ပိုးတဲ့အရာမွာ အစ္မကေပ်ာ္ေမြ႕တယ္။ ကိုယ္တိုင္လည္းႀကိဳးစားတယ္။ ကိုယ္တိုင္ကလည္း ကိုယ့္ကိုယ္ကိုယ္ ကင္ဆာေရာဂါရွိတယ္လို႔ သေဘာမထားဘူး။ ကင္ဆာေရာဂါသည္တစ္ေယာက္လို႔လည္း သူတို႔က မဆက္ဆံဘူး။ ကိုယ္ကလည္း မေနဘူး။ သာမန္လူတစ္ေယာက္လိုမ်ိဳးေနတဲ့အခါက်ေတာ့ အသက္ရွင္မႈအပိုင္းကလည္း ေျပာင္းလဲသြားတာျဖစ္မွာပါ။

ေမး – စိတ္ပူေပးၾကတဲ့ ပရိသတ္ေတြကိုေကာ ဘာမ်ားေျပာခ်င္ေသးလဲ။

ေျဖ – ပရိသတ္ႀကီးကို အရမ္းေက်းဇူးတင္တယ္။ အစ္မကိုလည္း ဆက္ၿပီးေတာ့ ဆုေတာင္းေပးေစခ်င္တယ္။ အစ္မက ပြင့္ပြင့္လင္းလင္းေျပာရရင္ ဘယ္ေလာက္အသက္ရွင္မလဲဆိုတာ မသိဘူး။ ဆရာဝန္ေတြကလည္း အစ္မကိုေျပာတယ္။ ငါးႏွစ္ေတာင္ အသက္ရွင္ႏိုင္ဖို႔က ၂၀ ရာခိုင္ႏႈန္းေလာက္ပဲ ရွိတယ္လို႔ေျပာၾကတယ္။ ဒါေပမဲ့ အစ္မေရာဂါစျဖစ္ကတည္းက အခုဆို သုံးႏွစ္ခြဲရွိၿပီ။ အသက္ရွင္ေနတုန္းပဲဆိုေတာ့ဒါက ေတာ္ေတာ္ေမၽွာ္လင့္ခ်က္ရွိတယ္လို႔ ေျပာရမွာေပါ့ေနာ္။ အဲဒါအျပင္ အစ္မက ဒီပြဲကိုေတာင္လုပ္ႏိုင္တယ္ဆိုတာက နည္းတဲ့ခြန္အားမဟုတ္ဘူးေနာ္။ အားလုံး ပရိသတ္ေပးတဲ့ ေမတၱာေတြ။ ပရိသတ္ေပးတဲ့ ဆုေတာင္းမႈေတြေၾကာင့္ ဒီလို အေျခအေနအထိ ေရာက္လာတာပါ။ ပရိသတ္ေတြလည္း ဆက္ၿပီးေတာ့ ဆုေတာင္းေပးၾကပါ။ အစ္မလည္း ပရိသတ္ေတြကို ဆက္ၿပီးေတာ့ ဆုေတာင္းေပးေနမယ္။ အားလုံးက်န္းမာပါေစ၊ ေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းပါတယ္။

ႏွင္းစုမြန္ေတြ႕ဆုံသည္
ဓာတ္ပုံ – မီးမီးခဲေဖ့စ္ဘြတ္ခ္

(Unicode Version)

အဆိုတော်မီးမီးခဲနှင့်တွေ့ဆုံခြင်း

“အစ်မအသက်ရှင်တာ စိတ်ကြောင့် အသက်ရှင်နေတာပါ”

အဆိုတော်မီးမီးခဲ၏ ဂီတသက်တမ်းနှစ် ၂၀ ကျော်ကြာမှ ပထမဆုံးအကြိမ်ကျင်းပမည့် တစ်ကိုယ်တော်ရှိုးပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်စင်တာရှစ်လွှာ၌ ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီတွင် ကျင်းပမည်ဖြစ်သည်။ ရင်သားကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေရသည့် ၎င်းအနေဖြင့် အဖြစ်ချင်ဆုံးဆန္ဒတစ်ခုဖြစ်သော ဂီတရှိုးပွဲကို လုပ်ဆောင်ခဲ့ရသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိလိုသမျှ မေးမြန်းဖော်ပြပေးလိုက်ပါသည်။

မေး – တစ်ကိုယ်တော် Solo Show စီစဉ်ဖြစ်ပုံလေး ပြောပြပေးပါဦး။

ဖြေ – ရှင်းရှင်းပြောရရင် ဘ၀မှာ မသေခင်လေးမှာ တစ်ကိုယ်တော်ပွဲလေး လုပ်ချင်တယ်ဆိုတဲ့ စိတ်ကြောင့်လုပ်ဖြစ်ခဲ့တာပါ။ အစ်မပွဲမှာဆိုရင် အဆိုတော်တွေက ယောက်ျားလေးအဆိုတော်တွေကိုတော့ မပြောပြတော့ဘူး။ Suprise အနေနဲ့ ထားထားမယ်။ အဆိုတော်အသစ်တွေ ပါဝင်မှာပါ။ အစ်မတို့က အသက်ကြီးနေပြီဆိုတော့ လူငယ်အဆိုရှင်လေးတွေကို မြေတောင်မြှောက်ပေးတဲ့အနေနဲ့ လုပ်ပေးတာပါ။ ဒီပွဲမှာတော့ အစ်မ အရင်သီချင်းအဟောင်းတွေ အကုန်ဆိုမယ်။ အချို့သီချင်းတွေက Copy တွေ ဖြစ်နေတယ်။ အဲဒီသီချင်းလေးတွေတော့ အစ်မ မဆိုဘူးလို့ စဉ်းစားထားတယ်။ သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်တော့ ဖြုတ်ရမယ်။ အချို့သီချင်းတွေကတော့ အရမ်းပေါက်တယ်။ ဒါပေမဲ့ ကော်ပီဖြစ်နေတယ်။ အရင်တုန်းကတော့ ကော်ပီကခေတ်စားတာပေါ့လေ။ အခုနောက်ပိုင်းကျတော့ ခေတ်မစားတော့ဘူးဆိုတော့ အဲဒါတော့ ဖြုတ်ရမှာပေါ့။ သီချင်းအသစ်တွေလည်း ထည့်မယ်၊ ပေါက်တဲ့အသစ်သီချင်းလေးတွေ ထည့်မယ်။

မေး – ဂီတသက်တမ်း နှစ် ၂၀ ကျော်ကြာမှ ပထမဆုံးလုပ်တဲ့ တစ်ကိုယ်တော်ရှိုးပွဲဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားတာမျိုး ရှိလား။

ဖြေ – ဒီပွဲက ပထမဆုံးတစ်ကိုယ်တော်ပွဲဖြစ်တဲ့အတွက် ရင်ခုန်မှုရှိလားဆိုရင် ကလေးမဟုတ်တော့ ရင်တော့မခုန်တော့ဘူး။ ဒါပေမဲ့ အလုပ်ကို ဘယ်လိုကောင်းကောင်း လုပ်ရမလဲဆိုတာကိုပဲ တွေးမိတယ်။ ငါဒီပွဲမှာ ဘယ်လိုသီချင်းတွေဆိုရမလဲပေါ့။ ဘယ်လိုသီချင်းတွေကိုဆိုရင် ကောင်းမလဲဆိုတာမျိုးကိုပဲ တွေးပါတယ်။ သီချင်းဆိုတာကို စိတ်လှုပ်ရှားတာတွေ ဘာတွေမရှိတော့ဘူး။ ဆိုတာလည်းကြာပြီဆိုတော့ အဲဒီလိုမျိုးမရှိတော့ဘူး။ ပရိသတ်ကို အကောင်းဆုံး ဘယ်လိုမျိုးပေးမလဲဆိုတာမျိုး၊ အကောင်းဆုံးဘယ်လိုလုပ်ပေးမလဲ အမြဲစဉ်းစားထားတယ်။ ဒီနိုင်ငံမှာ တစ်ကိုယ်တော်လုပ်ဖို့စဉ်းစားထားတာကတည်းက တစ်ကိုယ်တော်လုပ်ရင် သီချင်းအသစ် နှစ်ပုဒ်၊ သုံးပုဒ်လောက်တော့ လိုမယ်။ ပရိသတ်တွေ၊ လူငယ်တွေအတွက်ပေါ့။ တချို့က မမီးမီးခဲကို မသိတော့ဘူး။ သူတို့အတွက် ပြန်သိအောင်လို့ မျက်ဝန်းညိုနဲ့ အဝေးကချစ်သူ အဲဒီသီချင်းလေးတွေကို ထည့်ပြီးဆိုမယ်လို့တော့ စဉ်းစားထားတယ်။

မေး – အစ်မရဲ့သမီးနဲ့လည်း ပြန်တွေ့တုန်း ဘာတွေများပြောဖြစ်ကြလဲ။

ဖြေ – သမီးနဲ့ကတော့ အမြဲတမ်းအဆက်အသွယ်ရှိတယ်။ သူက အမေ့အိမ်မှာပဲနေတဲ့အခါကျတော့ အမြဲတမ်းအဆက်အသွယ်ရှိတယ်။ အခု ပြန်လာတဲ့အခါကျတော့လည်း သူက ကလေး ဝိုင်းထိန်းပေးတယ်။ ကလေးတွေက သူ့ကိုထိန်းလိုက်၊ သူက ထိန်းလိုက်နဲ့ဖြစ်နေတာပေါ့။ သူကလည်း ကလေးပဲ။ အငယ်လေးတွေကျတော့လည်း နိုင်ငံခြားမှာနေပြီးတော့ အစ်မနေမကောင်းတဲ့ကြားက မွေးလာတဲ့ကလေးတွေဆိုတော့ သူတို့ကငြိမ်တယ် အေးအေးဆေးဆေးပဲ။ သမီးကြီးကကျတော့ သွက်တယ်ဆိုတော့ သူတို့အချင်းချင်းတော့ အိမ်မှာတော့ ရှုပ်ယှက်ခတ်နေကြတာပဲ။ အဲဒီနေ့ကျရင် လာခဲ့ပါ။ သူတို့လည်း ဖျော်ဖြေမယ်။ အစ်မအမျိုးသားက အေးအေးဆေးဆေးပဲပေါ့။ သူအကြောင်းမေးကြည့်ရင် သိမှာပါ၊ သူရှိနေရင်တောင် အသံမထွက်ဘူး။ ဘယ်သူနဲ့မှလည်း သူက ပြဿနာတက်မယ့် သူမျိုးမဟုတ်ဘူးပေါ့နော်။ သမီးကြီးနဲ့လည်း သူက အေးအေးဆေးဆေးပဲ။ ဦးလေးနဲ့တူမလိုပုံစံမျိုးပဲ အေးအေးဆေးဆေးပါပဲ။

မေး – ကျန်းမာရေးအခြေအနေကကော အခုဘယ်လိုမျိုးအခြေအနေရှိနေလဲ။

ဖြေ – အစ်မ ၂၀၁၇ ခုနှစ်မှာ ရင်သားကင်ဆာဖြစ်တာပါ၊ အဲဒီ ရင်သားကင်ဆာကနေတစ်ဆင့် ကျောရိုးထဲရောက်သွားပြီးတော့ အရိုးထဲကိုပြန့်သွားတယ်။ အဲဒါကို ထိန်းချုပ်နေရတာပေါ့။ အသက်ရှင်အောင် ကီမိုသွင်းတယ်။ ဓာတ်ကင်တယ်။ ပြီးတော့ တစ်နှစ်ခွဲလောက် ကောင်းသွားတယ်၊ အစ်မကကျတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့အခါကျတော့ ရင်သားကို ဖြတ်ထုတ်လို့လည်း မရတော့ဘူး။ မမီတော့တဲ့အခါကျတော့ ဒီနှစ်မှာထပ်ဖြစ်တာပါ။ ခေါင်းနဲ့ လည်ပင်းမှာ ထပ်ဖြစ်တာပါ။ ထပ်ဖြစ်တဲ့အတွက် အခုထပ်ပြီး ဓာတ် ငါးခါ ကင်ထားရတယ်။ ကင်ပြီးသွားတဲ့အချိန်မှာပဲ အစ်မက ဒီပွဲကို စပြီးတော့ လုပ်ဖြစ်တာပါ။ အခုလောလောဆယ်ကတော့ အစ်မဆီမှာ ဘာမှမရှိသေးဘူး။ အစ်မကို ပြန်ဖြစ်မယ်လို့လည်း ဆရာဝန်ကပြောတယ်။ ဒါပေမဲ့ အစ်မက ပြန်ပြီးတော့ ထိန်းချုပ်နေရဦးမှာပေါ့။ အခုလောလောဆယ်ကတော့ ပေါ်လာတာကို ကုထားလိုက်တော့ မရှိတော့ဘူး။ ပျောက်နေတယ်။ ဒါပေမဲ့လည်း အစ်မပြန်သွားတဲ့အချိန်မှာ ထပ်ပေါ်လာရင် ထပ်ကုရမှာပေါ့။ ဓာတ်ကင်လို့မှ မပျောက်ရင် ကီမိုသွင်းပေါ့။ ကီမိုသွင်းလို့မှ မပျောက်ရင်တော့ သေပေါ့။ တစ်လမ်းပဲရှိတယ်။ အစ်မရောဂါက ဆရာဝန်တွေက လက်လျှော့ပြီးသားပါ။ အစ်မအသက်ရှင်တာ စိတ်ကြောင့် အသက်ရှင်နေတာပါ။

မေး – စိတ်ဓာတ်ကြံ့ခိုင်တဲ့ ပုံစံမျိုးလေး မြင်တွေ့ရတယ်။ ဘာတွေကများ စိတ်ဓာတ်ခွန်အားရစေခဲ့တာလဲ။

ဖြေ – အဓိကကတော့ ဘုရားကြောင့်ပါ။ ဘုရားကို ချစ်တယ်။ ဘုရားကို အားကိုးတယ်။ အစ်မကဘုရားကို နံပါတ်တစ်အနေနဲ့ ထားတဲ့သူပါ။ ဘုရားက အကုန်လုံးလုပ်ပေးနိုင်တယ်ဆိုတာကိုအစ်မယုံကြည်တယ်။ လူတိုင်းက ဘုရားရှိခိုး၊ တရားထိုင်ရင် စိတ်ငြိမ်တယ်လေ။ စိတ်ငြိမ်ရင်အရာအားလုံးကို focus ဖြတ်နိုင်တယ်။ ကိုယ်လုပ်ရမယ့် အရာ၊ ကိုယ်လုပ်သင့်တဲ့အရာကိုလည်းသိလာတာပေါ့။ အဲဒါကြောင့် အစ်မက ဘုရားကိုပဲ နံပါတ်တစ်ထားပြီးတော့လုပ်တော့ အစ်မရဲ့ဘ၀မှာဘာဆက်လုပ်ရမလဲ၊ ဘယ်လိုဆက်သွားရမလဲ ဆိုတာက ရှင်းလာတာပေါ့။ အဲဒါကြောင့်လည်းအသက်ရှင်တယ်လို့ ထင်တယ်။

မေး – ဘေးပတ်ဝန်းကျင်ကသူတွေကကော ကိုယ့်ကို ဘယ်လိုအားပေးကြတာမျိုးရှိလဲ။

ဖြေ – အဓိကကတော့ ကင်ဆာရောဂါသည်တွေက ဘေးပတ်ဝန်းကျင်နဲ့ အရမ်းဆိုင်တယ်။ အစ်မကကိုယ်ရောဂါဖြစ်တာကို ကိုယ်သိတဲ့အခါကျတော့ သူတို့ဝိုင်းပြီးတော့ ပံ့ပိုးတဲ့အရာမှာ အစ်မကပျော်မွေ့တယ်။ ကိုယ်တိုင်လည်းကြိုးစားတယ်။ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ကင်ဆာရောဂါရှိတယ်လို့ သဘောမထားဘူး။ ကင်ဆာရောဂါသည်တစ်ယောက်လို့လည်း သူတို့က မဆက်ဆံဘူး။ ကိုယ်ကလည်း မနေဘူး။ သာမန်လူတစ်ယောက်လိုမျိုးနေတဲ့အခါကျတော့ အသက်ရှင်မှုအပိုင်းကလည်း ပြောင်းလဲသွားတာဖြစ်မှာပါ။

မေး – စိတ်ပူပေးကြတဲ့ ပရိသတ်တွေကိုကော ဘာများပြောချင်သေးလဲ။

ဖြေ – ပရိသတ်ကြီးကို အရမ်းကျေးဇူးတင်တယ်။ အစ်မကိုလည်း ဆက်ပြီးတော့ ဆုတောင်းပေးစေချင်တယ်။ အစ်မက ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်လောက်အသက်ရှင်မလဲဆိုတာ မသိဘူး။ ဆရာဝန်တွေကလည်း အစ်မကိုပြောတယ်။ ငါးနှစ်တောင် အသက်ရှင်နိုင်ဖို့က ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ပြောကြတယ်။ ဒါပေမဲ့ အစ်မရောဂါစဖြစ်ကတည်းက အခုဆို သုံးနှစ်ခွဲရှိပြီ။ အသက်ရှင်နေတုန်းပဲဆိုတော့ဒါက တော်တော်မျှော်လင့်ချက်ရှိတယ်လို့ ပြောရမှာပေါ့နော်။ အဲဒါအပြင် အစ်မက ဒီပွဲကိုတောင်လုပ်နိုင်တယ်ဆိုတာက နည်းတဲ့ခွန်အားမဟုတ်ဘူးနော်။ အားလုံး ပရိသတ်ပေးတဲ့ မေတ္တာတွေ။ ပရိသတ်ပေးတဲ့ ဆုတောင်းမှုတွေကြောင့် ဒီလို အခြေအနေအထိ ရောက်လာတာပါ။ ပရိသတ်တွေလည်း ဆက်ပြီးတော့ ဆုတောင်းပေးကြပါ။ အစ်မလည်း ပရိသတ်တွေကို ဆက်ပြီးတော့ ဆုတောင်းပေးနေမယ်။ အားလုံးကျန်းမာပါစေ၊ ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်။

နှင်းစုမွန်တွေ့ဆုံသည်
ဓာတ်ပုံ – မီးမီးခဲဖေ့စ်ဘွတ်ခ်

-Ads-
-Ads-