မြေပြင်မှ မှားယွင်းပစ်ချမှုကြောင့် ပျက်ကျခဲ့ရတဲ့ သမိုင်းဝင်လေယာဉ်ပျက်ကျမှုများ

ကမ္ဘာသူ၊ ကမ္ဘာသားတွေကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့ပါ တယ်။ အဲဒါက အီရန်ဗိုလ်ချုပ်ကို အမေရိကန်ဘက်က လုပ်ကြံသတ်ဖြတ်လိုက်ပြီး ငါးရက်အကြာမှာဖြစ်ခဲ့တဲ့ ယူကရိန်းလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံးသေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

မှားယွင်းပစ်ခတ်မှုကြောင့် ဖြစ်ပွားခဲ့ရတဲ့ ဒီဖြစ်စဉ်ဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ထင်ကျန်ရစ်မှာဖြစ်ပါတယ်။ ထိုနည်းတူမှားယွင်းပစ်ခတ်မှုကြောင့် ကမ္ဘာ့သမိုင်းမှာထင်ကျန်ရစ်စေခဲ့တဲ့ အလားတူပဲ ဖြစ်စဉ်များလည်း အတိတ် မှာရှိခဲ့ပါတယ်။ ဒီရက်ပိုင်းထဲဖြစ်ပွားခဲ့ရတဲ့ အီရန်ဖြစ်စဉ်အပါအဝင် မှားယွင်းပစ်ချမှုကြောင့် ပျက်ကျခဲ့ရတဲ့ လေယာဉ်ဖြစ်စဉ် ခုနစ်ခုအကြောင်းကို စံတော်ချိန်ပရိသတ်တို့ ဗဟုသုတအလို့ငှာ စီစဉ်တင်ဆက်ပေးလိုက်ရ ပါတယ်။

၁။ ဆိုင်းနိုင်းသဲကန္တာရဖြစ်စဉ်

ဒီဖြစ်စဉ်ဟာ ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က လစ်ဗျားအာရတ်လေကြောင်းလိုင်းမှာ ဖြစ်ခဲ့တာပါ။ အဲဒီ လေကြောင်းလိုင်းရဲ့ ဘိုးအင်း ၇၂၇ ခရီးသည်တင်လေယာဉ်ဟာ ထရီပိုလီမြို့ကနေကိုင်ရိုမြို့ကို ပျံသန်းလာစဉ် ဆိုင်းနိုင်းသဲကန္တာရပေါ်အရောက်မှာ အစ္စရေးတိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့တာဖြစ်ပါတယ်။

ပစ်ချခံခဲ့ရတဲ့ လစ်ဗျားအာရတ်လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၂၇ လေယာဉ်အားတွေ့ရစဉ်။ Ref:wiki

အဲဒီလေယာဉ်ပေါ်မှာ ခရီးသည်စုစုပေါင်း ၁၁၆ ဦးလိုက်ပါလာပြီး လေးဦးသာ အသက်ရှင်ကျန်ခဲ့ကာ ၁၁၂ ဦးသေဆုံးခဲ့ပါတယ်။

အစ္စရေးလေတပ်ဘက်ကတော့ ဒီလေယာဉ်ဟာ အစ္စရေးကသိမ်းပိုက်ထားတဲ့ ဆိုင်းနိုင်းသဲကန္တာရအတွင်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အဦတစ်ခုပေါ်ကနေဖြတ်ကျော်ပျံသန်းမှုမပြုခင် လမ်းကြောင်းပြောင်းပျံသန်းခြင်း၊ ကွင်းဆင်းခြင်းတို့ပြုဖို့ သတိပေးခဲ့ရာ မလိုက်နာခဲ့တဲ့အတွက် ပစ်ချခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

၂။ ဆာဟာလင်းဖြစ်စဉ်

ဒီဖြစ်စဉ်ကတော့ ၁၉၈၃ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ဆာဟာလင်းကျွန်းပေါ် လမ်းကြောင်းမှားဝင်လာတဲ့ တောင်ကိုရီးယားလေကြောင်းလိုင်း ကိုရီးယားအဲပိုင် ဘိုအင်း ၇၄၇ လေယာဉ်ကို ဆိုဗီယက်တိုက်လေယာဉ်က ပစ်ချခဲ့တာဖြစ်ပါတယ်။

အမေရိကန်ထောက်လှမ်းရေးဌာန CIA ကထုတ်ပြန်ခဲ့တဲ့တောင်ကိုရီးယားခရီးသည်တင်လေယာဉ်ပျံသန်းခဲ့တဲ့လမ်းကြောင်းနဲ့၎င်းပစ်ချခံရတဲ့နေရာပြပုံ။ Ref:Wiki

လေယာဉ်ပေါ်ပါလေယာဉ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၂၆၉ဦးသေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ငါးရက်အကြာမှာ တောင်ကိုရီးယားလေယာဉ်ကို ပစ်ချမိခဲ့ကြောင်း ဆိုဗီယက်တာဝန်ရှိသူတွေက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

၃။ ၁၉၈၈ အီရန်ဖြစ်စဉ်

၁၉၈၈ခုနစ် ဇူလိုင် ၃ ရက်မှာ အီရန်အဲပိုင် အဲဘတ်စ် A-300 လေယာဉ်ဟာ အီရန်နိုင်ငံ ဘန်ဒါအက်ဘတ်စ် ကနေ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို ပျံသန်းနေစဉ် အီရန်ရေပိုင်နက်ပါရှားပင်လယ်ကွေ့မှာ ဟော်မူ့ရေလက်ကြားအတွင်း ကင်းလှည့်နေတဲ့ အမေရိကန်ဖရီးဂိတ်စစ်သင်္ဘော ယူအက်စ်အက်စ်ဗင်းဆင့်က စစ်တိုက်လေယာဉ်လို့ထင်မှတ်ပြီး ပစ်ချခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရေတပ်ရဲ့ ဖရီးဂတ်စစ်သင်္ဘော USS vincennes အားတွေ့ရစဉ်။ Ref:US Navy

အဲဒီလေယာဉ်ပေါ်မှာ ကလေးငယ် ၆၆ ဦးအပါအဝင် လေယာဉ်ပေါ်ပါတဲ့ခရီးသည်စုစုပေါင်း ၂၉၀ ဦးစလုံးသေဆုံး ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICJ) ရဲ့ ညွှန်ကြားချက်နဲ့ အမေရိကန်ဟာ သေဆုံးခဲ့ရသူအားလုံးရဲ့ မိသားစုဝင်တွေထံ‌ အမေရိကန် ဒေါ်လာ ၁၀၁ ဒသမ ၈သန်းပေးလျော်ခဲ့ရသလို ဒီဖြစ်ရပ်အတွက် အီရန်နိုင်ငံကို တရားဝင်တောင်းပန်ခဲ့ရပါတယ်။

၎။ ၂၀၀၁ ပင်လယ်နက်ဖြစ်စဉ်

၂၀၀၁ခုနှစ် အောက်တိုဘာ ၄ ရက်မှာတော့ အစ္စရေးနိုင်ငံ တဲအဘစ်မြို့ကနေ ရုရှားနိုင်ငံ နိုဘိုစီဘရစ်မြို့ကို ခရီးသည် ၇၈ ဦးလိုက်ပါ ပျံသန်းလာတဲ့ ရုရှားလေကြောင်းလိုင်းပိုင် တူပိုလတ်-၁၅၄ လေယာဉ်ဟာ ပင်လယ်နက်ကိုဖြတ်သန်းစဉ် ခရိုင်းမီးယားကမ်းခြေကနေ ၁၈၆မိုင်အကွာမှာ ပစ်ချခံခဲ့ရပါတယ်။

နယူးယောက်တိုင်းသတင်းစာ၏သတင်းတစ်ပုဒ်။Ref:NewyorkTime

ဖြစ်စဉ်ဖြစ်ပွားပြီး တစ်ပတ်ခန့်အကြာမှာတော့ မှားယွင်းပစ်ခေတ်မှုဖြစ်ကြောင်း ယူကရိန်းအစိုးရက ဝန်ခံခဲ့ပါတယ်။

ယူကရိန်းအစိုးရ၏ဝန်ခံပြောဆိုချက်အားဖော်ပြထားသော The Guardian သတင်းတစ်ပုဒ်။ Ref:TheGuardian

၅။၂၀၀၇ ဆိုမာလီယာဖြစ်စဉ်

၂၀၀၇ခုနှစ် မတ်လ ၂၃ ရက်မှာတော့ ဘီလာရုပ်စ်လေကြောင်းလိုင်းပိုင်အစ်စ်လူရှင် ၂-၇၆ ကုန်တင်လေယာဉ်ဟာ ဆိုမာလီယာနိုင်ငံမြို့တော် မိုဂါဒစ်ရှူးကနေစတင်ထွက်ခွာစဉ်မှာ ဒုံးကျည်နဲ့ပစ်ခေတ်ခံရကာ လေယာဉ်ပေါ်ပါ အမှုထမ်းနဲ့ ခရီးသည် ၁၁ဦးသေဆုံးခဲ့ပါတယ်။

ဒီလေယာဉ်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်က ဒုံးကျည်နဲ့ ပစ်ခေတ်ခံခဲ့ရတဲ့လေယာဉ်ကို ပြုပြင်ဖို့အတွက် အင်ဂျင်နီယာ များကို သွားရောက်ပို့ဆောင်ပေးစဉ် ပစ်ခေတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

၆။ ၂၀၁၄ – ယူကရိန်းဖြစ်စဉ်

၂၀၁၄ခုနှစ် ဇူလိုင် ၁၇ ရက်မှာ မလေးရှားလေကြောင်းလိုင်းပိုင်း MH – 17 ဟာ မလေးရှားနိုင်ငံ ကွာတာ လန်ပူမြို့မှ အန်စတာဒန်မြို့သို့ ပျံသန်းစဉ်သူပုန်များထိန်းချုပ်ထားရာ နယ်မြေကိုဖြတ်သန်းစဉ် ပစ်ချခြင်းခံခဲ့ရပါ တယ်။

MH-17 လေယာဉ်၏အပျက်အစီးများ။

လေယာဉ်ပေါ်ပါအမှုထမ်းနဲ့ ခရီးသည် ၂၉၈ဦးသေဆုံးခဲ့ပါတယ်။ အဲဒီသေဆုံးသူတွေထဲက ၁၉၃ ဦးက ဒတ်နိုင်ငံသားများဖြစ်ပါတယ်။

MH-17 လေယာဉ်၏အပျက်အစီးများ။

ဒီဖြစ်ရပ်အတွက် ယူကရိန်းအစိုးရနဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းကိုသိမ်းပိုက်ထားတဲ့ သူပုန်များအကြား အပြန် အလှန် စွပ်စွဲပြစ်တင်ခဲ့ကြပါတယ်။

အဲဒီတိုက်ခိုက်မှုအတွက် ၂၀၁၉ ခုနှစ်မှာ ဒတ်အစိုးရရှေ့နေက သံသယရှိသူ လေးဦးကိုထုတ်ဖော်ပြောကြားခဲ့ရာမှာ သုံးဦးဟာ ရုရှားစစ်တပ်ကဖြစ်ပါတယ်။

၇။ ၂၀၂၀ – အီရန်ဖြစ်စဉ်

ပြီးခဲ့တဲ့ရက်ပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၈ မှာ အီရန်က အမေရိကန်စစ်စခန်းများကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက် ပြီးနောက် ယူကရိန်းနိုင်ငံ ကိစ်မြို့ထံပျံသန်းတဲ့ ယူကရိန်လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၃၇ လေယာဉ်ကို အီရန်က ဒုံးကျည်ဖြင့် ပစ်ချခဲ့တဲ့ဖြစ်စဉ်ကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။

အီရန်စုံစမ်းစစ်ဆေးသူများယူကရိန်းလေယာဉ်အပျက်အစီးများအားစစ်ဆေးနေစဉ်။
အီရန်စုံစမ်းစစ်ဆေးသူများယူကရိန်းလေယာဉ်အပျက်အစီးများအားစစ်ဆေးနေစဉ်။

အဲဒီလေယာဉ်ပေါ်ပါခရီးသည် ၁၆၇ဦးနဲ့ အမှုထမ်း ၉ဦး၊ စုစုပေါင်း ၁၇၆ ဦးစလုံးသေဆုံးခဲ့ပါတယ်။ သေဆုံးသူ တွေထဲမှာ အီရန်နိုင်ငံသား ၈၂ဦး၊ ကနေဒါနိုင်ငံသား ၅၇ဦးနဲ့ ယူကရိန်နိုင်ငံသား ၁၁ဦးပါဝင်ခဲ့ပါတယ်။

သတင်း – ငြိမ်းမောင်
Ref:aljazeera

သတင်း – ငြိမ်းမောင်
Ref:aljazeera