ဂီေရာ့ဒ္ကိုေခၚယူရန္ အင္တာသေဘာတူထားၿပီး အဲရစ္ဆင္ကိုေခၚရန္ ေဆြးေႏြးေန အင္တာသို႔ ယခုလ၌ေျပာင္းေ႐ႊ႕ခြင့္မေပးသည့္မန္ယူကို အက္ရွ္ေလယန္းေဒါသထြက္

ယခုရာသီတြင္ ဂ်ဴဗင္တပ္ကိုေက်ာ္ျဖတ္ကာ စီးရီးေအခ်န္ပီယံဆုရရွိရန္ အလားအလာေကာင္းေနသည့္ အင္တာမီလန္အသင္းနည္းျပ ကြန္တီသည္ စီးရီးေအတြင္ ျပန္လည္စိုးမိုးႏိုင္ေရးအတြက္ စီစဥ္ေနရာ ပရီးမီးယားလိဂ္မွ အလြယ္တကူေခၚယူရရွိႏိုင္မည့္ ထိပ္တန္းကစားသမားမ်ားကို ေခၚယူႏိုင္ေရးအတြက္ႀကိဳးစားေနရာတြင္ ခ်ယ္လ္ဆီးမွ ျပင္သစ္တိုက္စစ္မႉး ဂီေရာ့ဒ္ကိုေခၚယူရန္ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရခဲ့ၿပီး စပါးအသင္းမွ ဒိန္းမတ္ကြင္းလယ္ကစားသမား အဲရစ္ဆင္ကိုလည္း ေခၚယူႏိုင္ရန္ ေအးဂ်င့္ျဖစ္သူသည္ မီလန္ၿမိဳ႕သို႔ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

ဂီေရာ့ဒ္သည္ ခ်ယ္လ္ဆီးတြင္ နည္းျပလမ္းပတ္လက္ထက္၌ လူငယ္တိုက္စစ္မႉး တမ္မီအဘရာဟမ္ကို ဦးစားေပးတိုက္စစ္မႉးအျဖစ္ အသုံးျပဳေနျခင္းေၾကာင့္ ယခုရာသီတြင္ ၿပိဳင္ပြဲအရပ္ရပ္၌ ခုနစ္ပြဲသာကစားခြင့္ရထားသည့္အတြက္ လာမည့္ေႏြရာသီ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ၌ ျပင္သစ္လက္ေ႐ြးစင္ျပန္ျဖစ္ရန္ မလြယ္ကူႏိုင္ဘဲျဖစ္ေနသည္။ ထို႔ေၾကာင့္ အင္တာမီလန္သို႔ ေျပာင္းေ႐ႊ႕ရန္ ၿပီးခဲ့သည့္ရက္ပိုင္းက ေဆြးေႏြးခဲ့ရာ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ ရရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္ အင္တာမီလန္ႏွင့္ ခ်ယ္လ္ဆီးႏွစ္သင္းအၾကားတြင္မူ ဂီေရာ့ဒ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကိစၥမွာ သေဘာတူညီမႈမရႏိုင္ေသးေပ။ တစ္ၿပိဳင္နက္တည္း အင္တာမီလန္အသင္းသည္ ယခုရာသီကုန္တြင္ စပါးႏွင့္စာခ်ဳပ္သက္တမ္းကုန္မည္ျဖစ္ေသာ ကြင္းလယ္လူအဲရစ္ဆင္ကို ရာသီကုန္၌ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ရရွိႏိုင္ရန္ ေအးဂ်င့္ျဖစ္သူႏွင့္ မီလန္ၿမိဳ႕တြင္ ၫွိႏႈိင္းေနသည္။ အဲရစ္ဆင္ကို စပါးအသင္းက စာခ်ဳပ္တိုးႏိုင္ခဲ့ျခင္း မရွိေသးဘဲ စာခ်ဳပ္သက္တမ္း ေျခာက္လသာက်န္ေတာ့သျဖင့္ ၎သည္ ယခုကတည္းက ေျပာင္းေ႐ႊ႕လိုသည့္ မည္သည့္ ျပည္ပအသင္းကိုမဆို ေျပာင္းေ႐ႊ႕ရန္ ႀကိဳတင္သေဘာတူစာခ်ဳပ္ခြင့္ရထားသည္။ စပါးအသင္းသည္ ရာသီကုန္တြင္ အဲရစ္ဆင္ကို ေျပာင္းေ႐ႊ႕ေၾကးမရဘဲ ေစလႊတ္ရျခင္းထက္ ယခု ဇန္နဝါရီေဈးကြက္ကတည္းက ေပါင္သန္း ၂၀ ျဖင့္ ေရာင္းထုတ္လိုေနသလို ထိုသို႔မဟုတ္လၽွင္လည္း အဲရစ္ဆင္ကို စာခ်ဳပ္ထပ္တိုးရန္ ကမ္းလွမ္းထားၿပီး လက္ခံပါက လာမည့္ေႏြတြင္ ေဈးေကာင္းျဖင့္ ေရာင္းလိုေနသည္။

အင္တာမီလန္အသင္းသည္ မန္ယူအသင္း ေခါင္းေဆာင္အက္ရွ္ေလယန္းကိုလည္း ရာသီကုန္တြင္ ေျပာင္းေ႐ႊ႕ေၾကးမေပးရဘဲေခၚယူရန္ ၁၂ လစာခ်ဳပ္ ႀကိဳတင္ခ်ဳပ္ဆိုထားႏိုင္ခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ မန္ယူအသင္းက ဒဏ္ရာရခံစစ္မႉးမ်ား မ်ားျပားေနျခင္းေၾကာင့္ ယခုဇန္နဝါရီေဈးကြက္တြင္ အင္တာသို႔ အလြတ္ထြက္ခြာခြင့္ မေပးခဲ့သည့္အတြက္ အက္ရွ္ေလယန္းက ေဒါသထြက္ေပါက္ကြဲေနရေၾကာင္းလည္း ေဒးလီးေမးလ္သတင္းစာကဆိုသည္။

-Ads-
-Ads-

(Unicode Version)

ဂီရော့ဒ်ကိုခေါ်ယူရန် အင်တာသဘောတူထားပြီး အဲရစ်ဆင်ကိုခေါ်ရန် ဆွေးနွေးနေ အင်တာသို့ ယခုလ၌ပြောင်းရွှေ့ခွင့်မပေးသည့်မန်ယူကို အက်ရှ်လေယန်းဒေါသထွက်

ယခုရာသီတွင် ဂျူဗင်တပ်ကိုကျော်ဖြတ်ကာ စီးရီးအေချန်ပီယံဆုရရှိရန် အလားအလာကောင်းနေသည့် အင်တာမီလန်အသင်းနည်းပြ ကွန်တီသည် စီးရီးအေတွင် ပြန်လည်စိုးမိုးနိုင်ရေးအတွက် စီစဉ်နေရာ ပရီးမီးယားလိဂ်မှ အလွယ်တကူခေါ်ယူရရှိနိုင်မည့် ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်ရေးအတွက်ကြိုးစားနေရာတွင် ချယ်လ်ဆီးမှ ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ကိုခေါ်ယူရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရခဲ့ပြီး စပါးအသင်းမှ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကိုလည်း ခေါ်ယူနိုင်ရန် အေးဂျင့်ဖြစ်သူသည် မီလန်မြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဂီရော့ဒ်သည် ချယ်လ်ဆီးတွင် နည်းပြလမ်းပတ်လက်ထက်၌ လူငယ်တိုက်စစ်မှူး တမ်မီအဘရာဟမ်ကို ဦးစားပေးတိုက်စစ်မှူးအဖြစ် အသုံးပြုနေခြင်းကြောင့် ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ ခုနစ်ပွဲသာကစားခွင့်ရထားသည့်အတွက် လာမည့်နွေရာသီ ယူရို ၂၀၂၀ ပြိုင်ပွဲ၌ ပြင်သစ်လက်ရွေးစင်ပြန်ဖြစ်ရန် မလွယ်ကူနိုင်ဘဲဖြစ်နေသည်။ ထို့ကြောင့် အင်တာမီလန်သို့ ပြောင်းရွှေ့ရန် ပြီးခဲ့သည့်ရက်ပိုင်းက ဆွေးနွေးခဲ့ရာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သို့သော် အင်တာမီလန်နှင့် ချယ်လ်ဆီးနှစ်သင်းအကြားတွင်မူ ဂီရော့ဒ်အတွက် ပြောင်းရွှေ့ကြေးကိစ္စမှာ သဘောတူညီမှုမရနိုင်သေးပေ။ တစ်ပြိုင်နက်တည်း အင်တာမီလန်အသင်းသည် ယခုရာသီကုန်တွင် စပါးနှင့်စာချုပ်သက်တမ်းကုန်မည်ဖြစ်သော ကွင်းလယ်လူအဲရစ်ဆင်ကို ရာသီကုန်၌ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရရှိနိုင်ရန် အေးဂျင့်ဖြစ်သူနှင့် မီလန်မြို့တွင် ညှိနှိုင်းနေသည်။ အဲရစ်ဆင်ကို စပါးအသင်းက စာချုပ်တိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ စာချုပ်သက်တမ်း ခြောက်လသာကျန်တော့သဖြင့် ၎င်းသည် ယခုကတည်းက ပြောင်းရွှေ့လိုသည့် မည်သည့် ပြည်ပအသင်းကိုမဆို ပြောင်းရွှေ့ရန် ကြိုတင်သဘောတူစာချုပ်ခွင့်ရထားသည်။ စပါးအသင်းသည် ရာသီကုန်တွင် အဲရစ်ဆင်ကို ပြောင်းရွှေ့ကြေးမရဘဲ စေလွှတ်ရခြင်းထက် ယခု ဇန်နဝါရီဈေးကွက်ကတည်းက ပေါင်သန်း ၂၀ ဖြင့် ရောင်းထုတ်လိုနေသလို ထိုသို့မဟုတ်လျှင်လည်း အဲရစ်ဆင်ကို စာချုပ်ထပ်တိုးရန် ကမ်းလှမ်းထားပြီး လက်ခံပါက လာမည့်နွေတွင် ဈေးကောင်းဖြင့် ရောင်းလိုနေသည်။

အင်တာမီလန်အသင်းသည် မန်ယူအသင်း ခေါင်းဆောင်အက်ရှ်လေယန်းကိုလည်း ရာသီကုန်တွင် ပြောင်းရွှေ့ကြေးမပေးရဘဲခေါ်ယူရန် ၁၂ လစာချုပ် ကြိုတင်ချုပ်ဆိုထားနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် မန်ယူအသင်းက ဒဏ်ရာရခံစစ်မှူးများ များပြားနေခြင်းကြောင့် ယခုဇန်နဝါရီဈေးကွက်တွင် အင်တာသို့ အလွတ်ထွက်ခွာခွင့် မပေးခဲ့သည့်အတွက် အက်ရှ်လေယန်းက ဒေါသထွက်ပေါက်ကွဲနေရကြောင်းလည်း ဒေးလီးမေးလ်သတင်းစာကဆိုသည်။

-Ads-
-Ads-