ၿဗိတိန္ဘုရင္မႀကီးက ျပႆနာေျဖရွင္းရန္ႀကိဳးစားေနခ်ိန္ ဆာဆက္ၿမိဳ႕စားကေတာ္ မီဂန္မာကယ္ ကေနဒါသို႔ျပန္

ေတာ္ဝင္မိသားစုအတြင္း ဆာဆက္ၿမိဳ႕စားႏွင့္ၿမိဳ႕စားကေတာ္တို႔အတြက္ အနာဂတ္အခန္းက႑ႏွင့္ပတ္သက္၍ ေဆြးေႏြးမႈမ်ားဆက္လက္ျပဳလုပ္ေနခ်ိန္အတြင္း ၿမိဳ႕စားကေတာ္ မီဂန္မာကယ္သည္ ကေနဒါသို႔ျပန္သြားၿပီျဖစ္ေၾကာင္း ဘီဘီစီက သတင္းထုတ္ျပန္သည္။

မီဂန္မာကယ္ႏွင့္ မင္းသားဟယ္ရီတို႔သည္ ခရစၥမတ္ၿပီးသည္အထိ ကေနဒါတြင္ သားျဖစ္သူအာခ်ီႏွင့္အတူ ရွိေနျခင္းျဖစ္သည္။

အဆိုပါဇနီးေမာင္ႏွံသည္ ထိပ္တန္းေတာ္ဝင္မ်ားအျဖစ္မွ စြန္႔ခြာေတာ့မည္ဟု ေၾကညာလိုက္ၿပီးေနာက္ ဘုရင္မႀကီး၊ ေဝလမင္းသားႏွင့္ ကင္းဘရစ္ၿမိဳ႕စားတို႔က တတ္ႏိုင္သမၽွ အေျဖရွာရန္ ႀကိဳးပမ္းေနခ်ိန္တြင္ ယင္းျဖစ္ရပ္ေပၚေပါက္လာျခင္းျဖစ္သည္။

ဟယ္ရီတို႔ေမာင္ႏွံ၏ ေၾကညာခ်က္သည္ နာက်င္မႈျဖစ္ေစလိမ့္မည္ဟု ေတာ္ဝင္မိသားစုက ေျပာၾကားသည္။

မင္းသားဟယ္ရီႏွင့္ မီဂန္တို႔သည္ ၎တို႔၏ပုဂၢိဳလ္ေရးရာ ေၾကညာခ်က္ျပဳလုပ္ျခင္းႏွင့္ပတ္သက္၍ အျခားေသာ ေတာ္ဝင္မိသားစုဝင္မ်ားႏွင့္ တိုင္ပင္ေဆြးေႏြးျခင္းမ်ိဳးမရွိေၾကာင္း နန္းေတာ္သတင္းရင္းျမစ္မ်ားက ဘီဘီစီကို ေျပာၾကားသည္။

(Unicode Version)

ဗြိတိန်ဘုရင်မကြီးက ပြဿနာဖြေရှင်းရန်ကြိုးစားနေချိန် ဆာဆက်မြို့စားကတော် မီဂန်မာကယ် ကနေဒါသို့ပြန်

တော်ဝင်မိသားစုအတွင်း ဆာဆက်မြို့စားနှင့်မြို့စားကတော်တို့အတွက် အနာဂတ်အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေချိန်အတွင်း မြို့စားကတော် မီဂန်မာကယ်သည် ကနေဒါသို့ပြန်သွားပြီဖြစ်ကြောင်း ဘီဘီစီက သတင်းထုတ်ပြန်သည်။

မီဂန်မာကယ်နှင့် မင်းသားဟယ်ရီတို့သည် ခရစ္စမတ်ပြီးသည်အထိ ကနေဒါတွင် သားဖြစ်သူအာချီနှင့်အတူ ရှိနေခြင်းဖြစ်သည်။

အဆိုပါဇနီးမောင်နှံသည် ထိပ်တန်းတော်ဝင်များအဖြစ်မှ စွန့်ခွာတော့မည်ဟု ကြေညာလိုက်ပြီးနောက် ဘုရင်မကြီး၊ ဝေလမင်းသားနှင့် ကင်းဘရစ်မြို့စားတို့က တတ်နိုင်သမျှ အဖြေရှာရန် ကြိုးပမ်းနေချိန်တွင် ယင်းဖြစ်ရပ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဟယ်ရီတို့မောင်နှံ၏ ကြေညာချက်သည် နာကျင်မှုဖြစ်စေလိမ့်မည်ဟု တော်ဝင်မိသားစုက ပြောကြားသည်။

မင်းသားဟယ်ရီနှင့် မီဂန်တို့သည် ၎င်းတို့၏ပုဂ္ဂိုလ်ရေးရာ ကြေညာချက်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အခြားသော တော်ဝင်မိသားစုဝင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းမျိုးမရှိကြောင်း နန်းတော်သတင်းရင်းမြစ်များက ဘီဘီစီကို ပြောကြားသည်။