သ႐ုပ္ေဆာင္ စုလင္းရွိန္ႏွင့္ ေတြ႕ဆုံျခင္း

“ပရိသတ္နဲ႔လည္း ပိုၿပီးေတာ့ ရင္းႏွီးလြယ္တဲ့အတြက္ ဇာတ္လမ္းတြဲဘက္ကို ဝင္လိုက္တာပါ”

MRTV – 4 က ထုတ္လႊင့္ျပသေနသည့္ အခန္းနံပါတ္ ? ႐ုပ္သံဇာတ္လမ္းတြဲတြင္ ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည့္ သ႐ုပ္ေဆာင္ စုလင္းရွိန္ႏွင့္ ေတြ႕ဆုံခိုက္ ဇာတ္လမ္းတြဲ႐ိုက္ကူးမႈႏွင့္ပတ္သက္၍ သိလိုသမၽွ ေမးျမန္းေဖာ္ျပလိုက္ပါသည္-

ေမး – အခန္းနံပါတ္ ? ဇာတ္လမ္းတြဲမွာ ပါဝင္ထားတာ ေတြ႕ရတယ္ေနာ္။ အဲဒီဇာတ္လမ္း႐ိုက္တုန္းက ဘယ္လိုမ်ိဳး အမွတ္တရေတြရွိခဲ့လဲ။

-Ads-
-Ads-

ေျဖ – အဲဒီဇာတ္လမ္းတြဲ႐ိုက္တုန္းက ညီမက ဧည့္သည္အေနနဲ႔ပဲ သ႐ုပ္ေဆာင္ထားတားပါ။ အဖမ္းခံထားရတဲ့အခန္းေလးပဲ ပါဝင္သ႐ုပ္ေဆာင္ထားတာပါ။ အဲဒါက ငါးရက္ေလာက္ပဲ ႐ိုက္ရတယ္။ ဒါေပမဲ့ ႐ိုက္ရတဲ့ရက္တိုင္းကလည္း အဖမ္းခံထားရတာဆိုေတာ့ အဲဒီအခန္းေလးထဲမွာပဲ ႀကိဳးတုပ္ခံရ၊ ပါးစပ္ပိတ္ခံရ၊ ပါး႐ိုက္ခံရတဲ့အခန္းေတြ ႐ိုက္ရတာခ်ည္းပဲ။ ဖမ္းဆီးႏွိပ္စက္ခံရတဲ့အခန္းကို ႐ိုက္ရတာဆိုေတာ့ အဲဒါကေတာ့အမွတ္တရပါပဲ။

ေမး – ကိုယ္က ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဗီဒီယိုဇာတ္ကားေတြ ႐ိုက္တာမ်ားေတာ့ ဇာတ္လမ္းတြဲ႐ိုက္တဲ့ အေတြ႕အႀကဳံေလး ေျပာျပေပးပါဦး။

ေျဖ – အခု ညီမ႐ိုက္ထားတာဆိုရင္ မာယာလွည့္ကြက္ဆိုတဲ့ ဇာတ္လမ္းတြဲေလးရွိတယ္။ မႏၲေလးနဲ႔ ရန္ကုန္မွာ ႐ိုက္ထားတာပါ။ ဇာတ္လမ္းကေတာ့ ၿပီးသြားၿပီ။ ဇာတ္လမ္းတြဲက်ေတာ့ ေတာက္ေလၽွာက္႐ိုက္ေနတဲ့အခါက်ေတာ့ သူက ကာ႐ိုက္တာထဲကို ဝင္ေနေရာ။ ဒါေပမဲ့ ဇာတ္လမ္းတြဲမွာ ပါဝင္႐ိုက္ကူးတဲ့ သ႐ုပ္ေဆာင္ေတြကမ်ားေတာ့ သူတို႔႐ိုက္ေနတဲ့အခ်ိန္ဆိုရင္ ညီမက နားေနရတယ္။ နားေနရတဲ့အခါက်ရင္ ကိုယ့္ရဲ႕ကာ႐ိုက္တာက ေပ်ာက္သြားတယ္။ ျပန္႐ိုက္တဲ့အခ်ိန္က်မွ ျပန္ၿပီးေတာ့ မု(ဒ္)သြင္းရတယ္။ အဲဒီလိုမ်ိဳးေတာ့ အခက္အခဲရွိပါတယ္။

ေမး – ႀကိဳးတုပ္ခံရတဲ့ အခန္းေတြခ်ည္းပဲ ႐ိုက္ထားေတာ့ ကိုယ့္ရဲ႕ပရိသတ္ေတြက ဘာေျပာၾကလဲ။

ေျဖ – သူတို႔ေတြကေတာ့ သနားပါတယ္ေပါ့။ ပုံေလးေတြလည္း လာပို႔ၾကတယ္။ ႏွိပ္စက္ၾကျပန္ၿပီဆိုၿပီး လာေျပာတယ္။ တခ်ိဳ႕က်ေတာ့လည္း ဘာလို႔အခန္းနည္းနည္းေလးပဲပါတာလဲလို႔ လာေမးၾကတယ္။ ဒီဇာတ္ကားမွာ ညီမက ဧည့္သည္သ႐ုပ္ေဆာင္အေနနဲ႔ပဲပါတာလို႔ ျပန္ေျပာရတယ္။ ေနာက္ဇာတ္ကားက်မွ မ်ားမ်ားၾကည့္ဆိုၿပီး ေျပာရတယ္။

ေမး – အခန္းနည္းနည္းေလး ပါေပမယ့္လည္း ပရိသတ္ေတြ သတိထားမိတဲ့အေပၚ ကိုယ့္ရဲ႕ ခံစားခ်က္ကေကာ ဘယ္လိုမ်ိဳးျဖစ္မိလဲ။

ေျဖ – အဲဒီအတြက္လည္း ေပ်ာ္ပါတယ္။ ကိုယ့္ရဲ႕ ပရိသတ္ေတြကလည္း MRTV – 4 ဇာတ္လမ္းတြဲေတြ အားေပးေနၾကတာကို သိရတယ္။ အခန္းနည္းနည္းေလးပါေပမယ့္လည္း အဲဒီမွာေျပာတဲ့ ဒိုင္ယာေလာ့ခ္ေတြကအစ သူတို႔ကမွတ္မိၾကတယ္။ မွတ္မိၿပီးေတာ့ Comment ေတြမွာ ညီမေျပာခဲ့တဲ့ စကားေလးေတြကို ဝင္ေရးေပးၾကတဲ့အတြက္ ေပ်ာ္မိတယ္။

ေမး – ဇာတ္လမ္းတြဲတစ္ခုကို ပရိသတ္စိတ္ဝင္စားၿပီဆိုေတာ့ အျပင္ကနာမည္ထက္ ကာ႐ိုက္တာအမည္နဲ႔ တြဲျမင္ၾကတယ္။ အဲဒီလိုမ်ိဳးျဖစ္ဖို႔ေကာ တာဝန္ႀကီးမယ္လို႔ ထင္မိလား။

ေျဖ – ကာ႐ိုက္တာနဲ႔ တြဲျမင္တာမ်ိဳးျဖစ္ခ်င္တယ္။ အခု႐ိုက္ထားတဲ့ ေစတလုံးေမာင္ဘုန္းဇာတ္ကားေလး လႊင့္တဲ့အခ်ိန္က်ရင္ေတာ့ ညီမနဲ႔ ဒီဇာတ္ကားထဲက ကာ႐ိုက္တာနာမည္ကို တြဲျမင္မယ္လို႔ထင္တယ္။ အဲဒီလိုမ်ိဳးလည္း ေမၽွာ္လင့္ထားတယ္။

ေမး – ဇာတ္လမ္းတြဲေတြကို အခ်ိန္ၾကာၾကာ႐ိုက္ရလို႔ တခ်ိဳ႕က မႀကိဳက္ၾကဘူး။ ကိုယ္တိုင္ လက္ခံ႐ိုက္ကူးျဖစ္တာကေကာ ဘယ္လိုမ်ိဳးေၾကာင့္လဲ။

ေျဖ – ဇာတ္လမ္းတြဲ႐ိုက္ရတာကိုေတာ့ ညီမႀကိဳက္တယ္။ ဇာတ္လမ္းတြဲမွာလည္း အားသာခ်က္ရွိတယ္ေလ။ ပရိသတ္ေတြ ေန႔တိုင္းေတြ႕ရတယ္။ အပိုင္း ၃၀ဆို တစ္လေလာက္ လႊင့္ရတယ္။ အဲဒီတစ္လအတြင္းမွာ ပရိသတ္က ေတာက္ေလၽွာက္ျမင္ေနရမယ္။ ပရိသတ္နဲ႔လည္း ပိုၿပီးေတာ့ ရင္းႏွီးလြယ္တဲ့အတြက္ ဇာတ္လမ္းတြဲဘက္ကို ဝင္လိုက္တာပါ။

ေမး – ေနာက္ထပ္ ဇာတ္လမ္းတြဲေတြလည္း ႐ိုက္ထားတာရွိေသးတယ္ဆိုေတာ့ ပရိသတ္ေတြကို ဘာမ်ားေျပာခ်င္ေသးလဲ။

ေျဖ – ေမ၊ ဇြန္လပိုင္းေလာက္က်ရင္ ဇာတ္လမ္းတြဲ႐ိုက္ကူးထားတဲ့ မာယာလွည့္ကြက္ဆိုတဲ့ ဇာတ္လမ္းတြဲလႊင့္ပါမယ္။ ေစတလုံးေမာင္ဘုန္းဆိုတဲ့ ဇာတ္လမ္းတြဲလည္း လႊင့္ဖို႔ရွိပါတယ္။ အဲဒီအခ်ိန္က်ရင္ ပရိသတ္ေတြလည္း အားေပးၾကပါဦးလို႔ေျပာခ်င္ပါတယ္။

ဓာတ္ပုံ – စုလင္းရွိန္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

သရုပ်ဆောင် စုလင်းရှိန်နှင့် တွေ့ဆုံခြင်း

“ပရိသတ်နဲ့လည်း ပိုပြီးတော့ ရင်းနှီးလွယ်တဲ့အတွက် ဇာတ်လမ်းတွဲဘက်ကို ဝင်လိုက်တာပါ”

MRTV – 4 က ထုတ်လွှင့်ပြသနေသည့် အခန်းနံပါတ် ? ရုပ်သံဇာတ်လမ်းတွဲတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင် စုလင်းရှိန်နှင့် တွေ့ဆုံခိုက် ဇာတ်လမ်းတွဲရိုက်ကူးမှုနှင့်ပတ်သက်၍ သိလိုသမျှ မေးမြန်းဖော်ပြလိုက်ပါသည်-

မေး – အခန်းနံပါတ် ? ဇာတ်လမ်းတွဲမှာ ပါဝင်ထားတာ တွေ့ရတယ်နော်။ အဲဒီဇာတ်လမ်းရိုက်တုန်းက ဘယ်လိုမျိုး အမှတ်တရတွေရှိခဲ့လဲ။

ဖြေ – အဲဒီဇာတ်လမ်းတွဲရိုက်တုန်းက ညီမက ဧည့်သည်အနေနဲ့ပဲ သရုပ်ဆောင်ထားတားပါ။ အဖမ်းခံထားရတဲ့အခန်းလေးပဲ ပါဝင်သရုပ်ဆောင်ထားတာပါ။ အဲဒါက ငါးရက်လောက်ပဲ ရိုက်ရတယ်။ ဒါပေမဲ့ ရိုက်ရတဲ့ရက်တိုင်းကလည်း အဖမ်းခံထားရတာဆိုတော့ အဲဒီအခန်းလေးထဲမှာပဲ ကြိုးတုပ်ခံရ၊ ပါးစပ်ပိတ်ခံရ၊ ပါးရိုက်ခံရတဲ့အခန်းတွေ ရိုက်ရတာချည်းပဲ။ ဖမ်းဆီးနှိပ်စက်ခံရတဲ့အခန်းကို ရိုက်ရတာဆိုတော့ အဲဒါကတော့အမှတ်တရပါပဲ။

မေး – ကိုယ်က ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်တာများတော့ ဇာတ်လမ်းတွဲရိုက်တဲ့ အတွေ့အကြုံလေး ပြောပြပေးပါဦး။

ဖြေ – အခု ညီမရိုက်ထားတာဆိုရင် မာယာလှည့်ကွက်ဆိုတဲ့ ဇာတ်လမ်းတွဲလေးရှိတယ်။ မန္တလေးနဲ့ ရန်ကုန်မှာ ရိုက်ထားတာပါ။ ဇာတ်လမ်းကတော့ ပြီးသွားပြီ။ ဇာတ်လမ်းတွဲကျတော့ တောက်လျှောက်ရိုက်နေတဲ့အခါကျတော့ သူက ကာရိုက်တာထဲကို ဝင်နေရော။ ဒါပေမဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးတဲ့ သရုပ်ဆောင်တွေကများတော့ သူတို့ရိုက်နေတဲ့အချိန်ဆိုရင် ညီမက နားနေရတယ်။ နားနေရတဲ့အခါကျရင် ကိုယ့်ရဲ့ကာရိုက်တာက ပျောက်သွားတယ်။ ပြန်ရိုက်တဲ့အချိန်ကျမှ ပြန်ပြီးတော့ မု(ဒ်)သွင်းရတယ်။ အဲဒီလိုမျိုးတော့ အခက်အခဲရှိပါတယ်။

မေး – ကြိုးတုပ်ခံရတဲ့ အခန်းတွေချည်းပဲ ရိုက်ထားတော့ ကိုယ့်ရဲ့ပရိသတ်တွေက ဘာပြောကြလဲ။

ဖြေ – သူတို့တွေကတော့ သနားပါတယ်ပေါ့။ ပုံလေးတွေလည်း လာပို့ကြတယ်။ နှိပ်စက်ကြပြန်ပြီဆိုပြီး လာပြောတယ်။ တချို့ကျတော့လည်း ဘာလို့အခန်းနည်းနည်းလေးပဲပါတာလဲလို့ လာမေးကြတယ်။ ဒီဇာတ်ကားမှာ ညီမက ဧည့်သည်သရုပ်ဆောင်အနေနဲ့ပဲပါတာလို့ ပြန်ပြောရတယ်။ နောက်ဇာတ်ကားကျမှ များများကြည့်ဆိုပြီး ပြောရတယ်။

မေး – အခန်းနည်းနည်းလေး ပါပေမယ့်လည်း ပရိသတ်တွေ သတိထားမိတဲ့အပေါ် ကိုယ့်ရဲ့ ခံစားချက်ကကော ဘယ်လိုမျိုးဖြစ်မိလဲ။

ဖြေ – အဲဒီအတွက်လည်း ပျော်ပါတယ်။ ကိုယ့်ရဲ့ ပရိသတ်တွေကလည်း MRTV – 4 ဇာတ်လမ်းတွဲတွေ အားပေးနေကြတာကို သိရတယ်။ အခန်းနည်းနည်းလေးပါပေမယ့်လည်း အဲဒီမှာပြောတဲ့ ဒိုင်ယာလော့ခ်တွေကအစ သူတို့ကမှတ်မိကြတယ်။ မှတ်မိပြီးတော့ Comment တွေမှာ ညီမပြောခဲ့တဲ့ စကားလေးတွေကို ဝင်ရေးပေးကြတဲ့အတွက် ပျော်မိတယ်။

မေး – ဇာတ်လမ်းတွဲတစ်ခုကို ပရိသတ်စိတ်ဝင်စားပြီဆိုတော့ အပြင်ကနာမည်ထက် ကာရိုက်တာအမည်နဲ့ တွဲမြင်ကြတယ်။ အဲဒီလိုမျိုးဖြစ်ဖို့ကော တာဝန်ကြီးမယ်လို့ ထင်မိလား။

ဖြေ – ကာရိုက်တာနဲ့ တွဲမြင်တာမျိုးဖြစ်ချင်တယ်။ အခုရိုက်ထားတဲ့ စေတလုံးမောင်ဘုန်းဇာတ်ကားလေး လွှင့်တဲ့အချိန်ကျရင်တော့ ညီမနဲ့ ဒီဇာတ်ကားထဲက ကာရိုက်တာနာမည်ကို တွဲမြင်မယ်လို့ထင်တယ်။ အဲဒီလိုမျိုးလည်း မျှော်လင့်ထားတယ်။

မေး – ဇာတ်လမ်းတွဲတွေကို အချိန်ကြာကြာရိုက်ရလို့ တချို့က မကြိုက်ကြဘူး။ ကိုယ်တိုင် လက်ခံရိုက်ကူးဖြစ်တာကကော ဘယ်လိုမျိုးကြောင့်လဲ။

ဖြေ – ဇာတ်လမ်းတွဲရိုက်ရတာကိုတော့ ညီမကြိုက်တယ်။ ဇာတ်လမ်းတွဲမှာလည်း အားသာချက်ရှိတယ်လေ။ ပရိသတ်တွေ နေ့တိုင်းတွေ့ရတယ်။ အပိုင်း ၃၀ဆို တစ်လလောက် လွှင့်ရတယ်။ အဲဒီတစ်လအတွင်းမှာ ပရိသတ်က တောက်လျှောက်မြင်နေရမယ်။ ပရိသတ်နဲ့လည်း ပိုပြီးတော့ ရင်းနှီးလွယ်တဲ့အတွက် ဇာတ်လမ်းတွဲဘက်ကို ဝင်လိုက်တာပါ။

မေး – နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ထားတာရှိသေးတယ်ဆိုတော့ ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – မေ၊ ဇွန်လပိုင်းလောက်ကျရင် ဇာတ်လမ်းတွဲရိုက်ကူးထားတဲ့ မာယာလှည့်ကွက်ဆိုတဲ့ ဇာတ်လမ်းတွဲလွှင့်ပါမယ်။ စေတလုံးမောင်ဘုန်းဆိုတဲ့ ဇာတ်လမ်းတွဲလည်း လွှင့်ဖို့ရှိပါတယ်။ အဲဒီအချိန်ကျရင် ပရိသတ်တွေလည်း အားပေးကြပါဦးလို့ပြောချင်ပါတယ်။

ဓာတ်ပုံ – စုလင်းရှိန်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်

-Ads-
-Ads-