မကၠဆီကို စာသင္ေက်ာင္းပစ္ခတ္တိုက္ခိုက္မႈ (၁၁)ႏွစ္အ႐ြယ္ေက်ာင္းသားက ဆရာကိုပစ္သတ္

မကၠဆီကိုႏိုင္ငံ ေျမာက္ပိုင္းရွိ စာသင္ေက်ာင္း တစ္ေက်ာင္းတြင္ အသက္ (၁၁)ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦးက ပစ္ခတ္တိုက္ခိုက္မႈျပဳလုပ္ခဲ့ရာ ဆရာတစ္ဦးေသဆုံး၍ အျခားလူေျခာက္ဦးထက္မနည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း၊ ယင္းေက်ာင္းသားသည္ ေနာက္ပိုင္းတြင္ မိမိကိုယ္မိမိ ေသနတ္ျဖင့္ပစ္၍ အဆုံးစီရင္ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားကေျပာသည္။

အဆိုပါတိုက္ခိုက္မႈသည္ ကိုဝီလာျပည္နယ္ ေတာရီအြန္ၿမိဳ႕ရွိ Colegio Cervantes ပုဂၢလိကစာသင္ေက်ာင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ယင္းသို႔ တိုက္ခိုက္မႈျပဳရသည့္အေၾကာင္းရင္းကိုမူ လတ္တေလာတြင္ ရွင္းရွင္းလင္းလင္း မသိရေသးေပ။

မကၠဆီကိုႏိုင္ငံတြင္ လူသတ္သမားမ်ား ပိုမိုမ်ားျပားလာေသာ္လည္း စာသင္ေက်ာင္းပစ္ခတ္မႈမ်ိဳးမွာ လြန္စြာရွားပါးသည္။

အမည္နာမ ထုတ္ျပန္ထားျခင္းမရွိေသာ ယင္းေက်ာင္းသားသည္ စာေတာ္ေသာ ေက်ာင္းသားျဖစ္ၿပီး ၎၏အဘြားျဖစ္သူႏွင့္ အတူေနထိုင္ျခင္းျဖစ္ကာ ျပဳမူေနထိုင္ပုံမွာလည္း ပုံမွန္ပင္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္ ေဂ်ာ့ဇာမီႏိုက မီလီနီအို႐ုပ္သံကို ေျပာၾကားထားသည္။

ယင္းေက်ာင္းသားသည္ ေသနတ္ႏွစ္လက္ကို ယူေဆာင္လာျခင္းျဖစ္ၿပီး ယင္းေသနတ္မ်ား မည္သို႔ရရွိသည္ကိုမူ ရွင္းရွင္းလင္းလင္း မသိရေသးေၾကာင္း မစၥတာဇာမီႏိုက ေျပာၾကားထားသည္။

(Unicode Version)

မက္ကဆီကို စာသင်ကျောင်းပစ်ခတ်တိုက်ခိုက်မှု (၁၁)နှစ်အရွယ်ကျောင်းသားက ဆရာကိုပစ်သတ်

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းရှိ စာသင်ကျောင်း တစ်ကျောင်းတွင် အသက် (၁၁)နှစ်အရွယ် ကျောင်းသားတစ်ဦးက ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဆရာတစ်ဦးသေဆုံး၍ အခြားလူခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းကျောင်းသားသည် နောက်ပိုင်းတွင် မိမိကိုယ်မိမိ သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ကိုဝီလာပြည်နယ် တောရီအွန်မြို့ရှိ Colegio Cervantes ပုဂ္ဂလိကစာသင်ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တိုက်ခိုက်မှုပြုရသည့်အကြောင်းရင်းကိုမူ လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မက္ကဆီကိုနိုင်ငံတွင် လူသတ်သမားများ ပိုမိုများပြားလာသော်လည်း စာသင်ကျောင်းပစ်ခတ်မှုမျိုးမှာ လွန်စွာရှားပါးသည်။

အမည်နာမ ထုတ်ပြန်ထားခြင်းမရှိသော ယင်းကျောင်းသားသည် စာတော်သော ကျောင်းသားဖြစ်ပြီး ၎င်း၏အဘွားဖြစ်သူနှင့် အတူနေထိုင်ခြင်းဖြစ်ကာ ပြုမူနေထိုင်ပုံမှာလည်း ပုံမှန်ပင်ဖြစ်ကြောင်း မြို့တော်ဝန် ဂျော့ဇာမီနိုက မီလီနီအိုရုပ်သံကို ပြောကြားထားသည်။

ယင်းကျောင်းသားသည် သေနတ်နှစ်လက်ကို ယူဆောင်လာခြင်းဖြစ်ပြီး ယင်းသေနတ်များ မည်သို့ရရှိသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း မစ္စတာဇာမီနိုက ပြောကြားထားသည်။