အဆိုေတာ္ နန္႔ခ်စ္နဒီေဇာ္ႏွင့္ ေတြ႕ဆုံျခင္း

“အႏုပညာနဲ႔ပတ္သက္ရင္ အကုန္လုံး ဝါသနာပါတယ္”

Dancer ႏွင့္အႏုပညာရွင္ ႏွစ္ဦးတြဲ၍ ကျပယွဥ္ၿပိဳင္ရသည့္ Dancing with the star အစီအစဥ္တြင္ ပါဝင္ေနေသာ အဆိုေတာ္ နန္႔ခ်စ္နဒီေဇာ္ႏွင့္ ေတြ႕ဆုံခိုက္ အကႏွင့္ ပတ္သက္သည္မ်ား၊ ပါဝင္ျဖစ္သည့္ အေၾကာင္းအရာမ်ားကို သိရွိလိုသမၽွ ေမးျမန္းေဖာ္ျပလိုက္ပါသည္-

ေမး – Dancing with the star အစီအစဥ္မွာ နန္႔ခ်စ္ပါဝင္ျဖစ္သြားတာက ဘယ္လိုမ်ိဳးေၾကာင့္လဲ။

-Ads-
-Ads-

ေျဖ – Dancing with the star မွာ ပါျဖစ္သြားတယ္ဆိုတာကလည္း နန္႔ခ်စ္က အစကတည္းက ကတာကို ဝါသနာပါတယ္။ ၿပီးေတာ့ Forevr group က လုပ္တာဆိုေတာ့ နန္႔ခ်စ္တို႔က Forevr group နဲ႔စာခ်ဳပ္ကရွိၿပီးသားမို႔ သူတို႔ကလည္း အခြင့္အေရးေပးတာလည္း ပါတယ္။ ၿပီးေတာ့ နန္႔ခ်စ္က စာမ်က္ႏွာသစ္ဆိုတဲ့ဇာတ္လမ္းတြဲလည္း ႐ိုက္ဖူးေတာ့ နည္းနည္းပါးပါး ကဖူးတယ္ဆိုေတာ့ ပါဝင္ျဖစ္တာပါ။

ေမး – အခုဆိုလည္း ေတာ္ေတာ္ ကတတ္ေနၿပီေပါ့။ ကိုယ့္ကိုယ္ကိုယ္ေကာ ဘယ္လိုယုံၾကည္မႈထားရွိလဲ။

ေျဖ – နန္႔ခ်စ္အေနနဲ႔ တစ္ခါမွလည္း မကဖူးဘူး။ နည္းနည္းေလာက္ပဲ ကဖူးတာဆိုေတာ့ အရမ္းအခက္အခဲရွိတယ္။ ၿပီးေတာ့ အကေတြကလည္း မတင္တာေတြ၊ ခ်ီရတာေတြ၊ ပစ္ရတာေတြ မိုးေပၚေရာက္လိုက္၊ ေအာက္ေရာက္လိုက္နဲ႔ ျဖစ္ေနတာေပါ့။ ဆုံး႐ႈံးမႈကလည္း ေတာ္ေတာ္မ်ားတယ္။ နန္႔ခ်စ္ဆိုရင္ ခါးထိသြားတယ္။ ေျခေထာက္ေတြထိသြားတယ္။ ေဆးေတြ ျပန္လူးလိုက္၊ ေဆးခန္းေတြျပ၊ ဓာတ္မွန္႐ိုက္တာေတြ လုပ္ၿပီး ဝင္ၿပိဳင္ရတာပါ။ နန္႔ခ်စ္ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုယုံၾကည္ခ်က္ထားရလဲဆိုေတာ့ ငါလုပ္ႏိုင္တယ္ေပါ့။ နန္႔ခ်စ္အေနနဲ႔ကလည္း ကတဲ့အပိုင္းကိုပဲ ေသခ်ာေလး အာ႐ုံစိုက္ၿပီး လုပ္ရတာပါ။ ပရိသတ္ေတြကေတာ့ နန္႔ခ်စ္ကို သီခ်င္းဆိုတတ္တယ္ပဲ ထင္တာေပါ့။ နန္႔ခ်စ္လည္း ကိုယ့္ကိုယ္ကိုယ္ ဒီေလာက္ကတတ္လိမ့္မယ္လို႔ မထင္ထားဘူး။ အဲဒီလိုမ်ိဳးကရင္းနဲ႔ သူ႕ဘာသာသူ ျဖစ္သြားတာပါ။

ေမး – တစ္ဆင့္ၿပီးတစ္ဆင့္ ပိုၿပီးေတာ့ခက္ခဲလာတယ္ဆိုေတာ့ ေနာက္ပိုင္းအဆင့္ေတြက ပိုၿပီးတာဝန္ႀကီးလာမယ္ထင္တယ္ေနာ္။

ေျဖ – ဟုတ္တယ္။ ပိုၿပီးေတာ့ တာဝန္ေတြ ႀကီးလာတယ္။ Top 5 ထဲ ပါသြားရင္ ထပ္ၿပီးေတာ့ Risk ေတြ လာဦးမယ္။ တကယ္လို႔ ပါသြားရင္ တစ္ပတ္ကို ႏွစ္ပုဒ္ေလာက္ၿပိဳင္ရမွာဆိုေတာ့ အရမ္းကို ခက္ခဲဦးမွာပါ။

ေမး – ထိခိုက္ဒဏ္ရာေတြေကာ ေတာ္ေတာ္မ်ားမ်ားရခဲ့ေသးလား။

ေျဖ – နန္႔ခ်စ္ ခုနက ေျပာသလိုပဲ ခါးထိသြားတယ္။ ဓာတ္မွန္သြား႐ိုက္ေတာ့ ႂကြက္သားေရာင္သြားတာလို႔ေျပာတယ္။ အဲဒီလို ႂကြက္သားေရာင္တာေတြ ခဏခဏျဖစ္တယ္။ ေျခေထာက္ေတြလည္း ခဏခဏေခါက္တယ္။ အဲဒါမ်ိဳးေတြေတာ့ ျဖစ္တယ္။

ေမး – သ႐ုပ္ေဆာင္ပိုင္းကို ေျခလွမ္းစေနၿပီလို႔ သိရတယ္။ အစကတည္းက ဝါသနာပါတာလား။

ေျဖ – ဝါသနာပါတယ္။ အႏုပညာနဲ႔ ပတ္သက္ရင္ အကုန္လုံး ဝါသနာပါတယ္။ သ႐ုပ္ေဆာင္အလုပ္ကို လုပ္ျဖစ္သြားတဲ့အခ်ိန္မွာလည္း အရမ္းေပ်ာ္တယ္။ အရမ္းလည္း ဘက္စုံပိုျဖစ္သြားတယ္လို႔ ထင္တယ္။

ေမး – Mini Album ေလးက ဘယ္ေလာက္အထိ ၿပီးေနၿပီလဲ။

ေျဖ – Mini Album ကေတာ့ အနည္းဆုံး ေျခာက္ပုဒ္၊ ခုနစ္ပုဒ္ေလာက္ လုပ္မယ္လို႔ စဥ္းစားထားတယ္။ သီခ်င္းအတြက္ ေတးေရးေတြကေတာ့ လတ္တေလာ နာမည္ႀကီးေနတဲ့ ေတးေရးဆရာေတြ အမ်ားႀကီးပါတယ္။ သီခ်င္းအေရးေကာင္းတဲ့ ေတးေရးဆရာေတြလည္းပါမယ္။ သူတို႔ဆီက သီခ်င္းယူထားတာေလးေတြ ရွိတယ္။ အခုက သီခ်င္းႏွစ္ပုဒ္၊ သုံးပုဒ္ေလာက္ပဲ သြင္းရေသးတယ္။

ေမး – ပရိသတ္ေတြကို ဘာမ်ားေျပာခ်င္ေသးလဲ။

ေျဖ – Dancing with the star အစီအစဥ္ကို အားေပးပါဦးလို႔ေျပာခ်င္ပါတယ္။ နန္႔ခ်စ္ ဆက္ၿပီးေတာ့ တစ္ဆင့္ၿပီးတစ္ဆင့္ ႀကိဳးစားသြားမယ္။ ပရိသတ္ေတြေပးတဲ့ မဲကလည္း အေရးႀကီးတဲ့အတြက္ နန္႔ခ်စ္ကို Voting ေလးေတြ ေပးပါလို႔ ေျပာခ်င္တယ္။

ဓာတ္ပုံ – နန္႔ခ်စ္နဒီေဇာ္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

အဆိုတော် နန့်ချစ်နဒီဇော်နှင့် တွေ့ဆုံခြင်း

“အနုပညာနဲ့ပတ်သက်ရင် အကုန်လုံး ဝါသနာပါတယ်”

Dancer နှင့်အနုပညာရှင် နှစ်ဦးတွဲ၍ ကပြယှဉ်ပြိုင်ရသည့် Dancing with the star အစီအစဉ်တွင် ပါဝင်နေသော အဆိုတော် နန့်ချစ်နဒီဇော်နှင့် တွေ့ဆုံခိုက် အကနှင့် ပတ်သက်သည်များ၊ ပါဝင်ဖြစ်သည့် အကြောင်းအရာများကို သိရှိလိုသမျှ မေးမြန်းဖော်ပြလိုက်ပါသည်-

မေး – Dancing with the star အစီအစဉ်မှာ နန့်ချစ်ပါဝင်ဖြစ်သွားတာက ဘယ်လိုမျိုးကြောင့်လဲ။

ဖြေ – Dancing with the star မှာ ပါဖြစ်သွားတယ်ဆိုတာကလည်း နန့်ချစ်က အစကတည်းက ကတာကို ဝါသနာပါတယ်။ ပြီးတော့ Forevr group က လုပ်တာဆိုတော့ နန့်ချစ်တို့က Forevr group နဲ့စာချုပ်ကရှိပြီးသားမို့ သူတို့ကလည်း အခွင့်အရေးပေးတာလည်း ပါတယ်။ ပြီးတော့ နန့်ချစ်က စာမျက်နှာသစ်ဆိုတဲ့ဇာတ်လမ်းတွဲလည်း ရိုက်ဖူးတော့ နည်းနည်းပါးပါး ကဖူးတယ်ဆိုတော့ ပါဝင်ဖြစ်တာပါ။

မေး – အခုဆိုလည်း တော်တော် ကတတ်နေပြီပေါ့။ ကိုယ့်ကိုယ်ကိုယ်ကော ဘယ်လိုယုံကြည်မှုထားရှိလဲ။

ဖြေ – နန့်ချစ်အနေနဲ့ တစ်ခါမှလည်း မကဖူးဘူး။ နည်းနည်းလောက်ပဲ ကဖူးတာဆိုတော့ အရမ်းအခက်အခဲရှိတယ်။ ပြီးတော့ အကတွေကလည်း မတင်တာတွေ၊ ချီရတာတွေ၊ ပစ်ရတာတွေ မိုးပေါ်ရောက်လိုက်၊ အောက်ရောက်လိုက်နဲ့ ဖြစ်နေတာပေါ့။ ဆုံးရှုံးမှုကလည်း တော်တော်များတယ်။ နန့်ချစ်ဆိုရင် ခါးထိသွားတယ်။ ခြေထောက်တွေထိသွားတယ်။ ဆေးတွေ ပြန်လူးလိုက်၊ ဆေးခန်းတွေပြ၊ ဓာတ်မှန်ရိုက်တာတွေ လုပ်ပြီး ဝင်ပြိုင်ရတာပါ။ နန့်ချစ်ကိုယ့်ကိုယ်ကိုယ် ဘယ်လိုယုံကြည်ချက်ထားရလဲဆိုတော့ ငါလုပ်နိုင်တယ်ပေါ့။ နန့်ချစ်အနေနဲ့ကလည်း ကတဲ့အပိုင်းကိုပဲ သေချာလေး အာရုံစိုက်ပြီး လုပ်ရတာပါ။ ပရိသတ်တွေကတော့ နန့်ချစ်ကို သီချင်းဆိုတတ်တယ်ပဲ ထင်တာပေါ့။ နန့်ချစ်လည်း ကိုယ့်ကိုယ်ကိုယ် ဒီလောက်ကတတ်လိမ့်မယ်လို့ မထင်ထားဘူး။ အဲဒီလိုမျိုးကရင်းနဲ့ သူ့ဘာသာသူ ဖြစ်သွားတာပါ။

မေး – တစ်ဆင့်ပြီးတစ်ဆင့် ပိုပြီးတော့ခက်ခဲလာတယ်ဆိုတော့ နောက်ပိုင်းအဆင့်တွေက ပိုပြီးတာဝန်ကြီးလာမယ်ထင်တယ်နော်။

ဖြေ – ဟုတ်တယ်။ ပိုပြီးတော့ တာဝန်တွေ ကြီးလာတယ်။ Top 5 ထဲ ပါသွားရင် ထပ်ပြီးတော့ Risk တွေ လာဦးမယ်။ တကယ်လို့ ပါသွားရင် တစ်ပတ်ကို နှစ်ပုဒ်လောက်ပြိုင်ရမှာဆိုတော့ အရမ်းကို ခက်ခဲဦးမှာပါ။

မေး – ထိခိုက်ဒဏ်ရာတွေကော တော်တော်များများရခဲ့သေးလား။

ဖြေ – နန့်ချစ် ခုနက ပြောသလိုပဲ ခါးထိသွားတယ်။ ဓာတ်မှန်သွားရိုက်တော့ ကြွက်သားရောင်သွားတာလို့ပြောတယ်။ အဲဒီလို ကြွက်သားရောင်တာတွေ ခဏခဏဖြစ်တယ်။ ခြေထောက်တွေလည်း ခဏခဏခေါက်တယ်။ အဲဒါမျိုးတွေတော့ ဖြစ်တယ်။

မေး – သရုပ်ဆောင်ပိုင်းကို ခြေလှမ်းစနေပြီလို့ သိရတယ်။ အစကတည်းက ဝါသနာပါတာလား။

ဖြေ – ဝါသနာပါတယ်။ အနုပညာနဲ့ ပတ်သက်ရင် အကုန်လုံး ဝါသနာပါတယ်။ သရုပ်ဆောင်အလုပ်ကို လုပ်ဖြစ်သွားတဲ့အချိန်မှာလည်း အရမ်းပျော်တယ်။ အရမ်းလည်း ဘက်စုံပိုဖြစ်သွားတယ်လို့ ထင်တယ်။

မေး – Mini Album လေးက ဘယ်လောက်အထိ ပြီးနေပြီလဲ။

ဖြေ – Mini Album ကတော့ အနည်းဆုံး ခြောက်ပုဒ်၊ ခုနစ်ပုဒ်လောက် လုပ်မယ်လို့ စဉ်းစားထားတယ်။ သီချင်းအတွက် တေးရေးတွေကတော့ လတ်တလော နာမည်ကြီးနေတဲ့ တေးရေးဆရာတွေ အများကြီးပါတယ်။ သီချင်းအရေးကောင်းတဲ့ တေးရေးဆရာတွေလည်းပါမယ်။ သူတို့ဆီက သီချင်းယူထားတာလေးတွေ ရှိတယ်။ အခုက သီချင်းနှစ်ပုဒ်၊ သုံးပုဒ်လောက်ပဲ သွင်းရသေးတယ်။

မေး – ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – Dancing with the star အစီအစဉ်ကို အားပေးပါဦးလို့ပြောချင်ပါတယ်။ နန့်ချစ် ဆက်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားသွားမယ်။ ပရိသတ်တွေပေးတဲ့ မဲကလည်း အရေးကြီးတဲ့အတွက် နန့်ချစ်ကို Voting လေးတွေ ပေးပါလို့ ပြောချင်တယ်။

ဓာတ်ပုံ – နန့်ချစ်နဒီဇော်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်

-Ads-
-Ads-