ဟယ္ရီကိန္းဒဏ္ရာ ခြဲစိတ္ကုသမႈ ေအာင္ျမင္ေၾကာင္း အတည္ျပဳ

ႏွစ္သစ္ကူးေန႔က ေဆာက္သမ္တန္အသင္းႏွင့္ပြဲစဥ္၌ တံေကာက္ေၾကာျပတ္ဒဏ္ရာရရွိသြားခဲ့သည့္ စပါးႏွင့္ အဂၤလန္တိုက္စစ္မႉး ဟယ္ရီကိန္းသည္ ဒဏ္ရာကိုခြဲစိတ္ကုသမႈခံယူခဲ့ရာတြင္ ရာႏႈန္းျပည့္ေအာင္ျမင္ေၾကာင္း ပရိသတ္မ်ားကို သတင္းေကာင္းပါးခဲ့သည္။ ဟယ္ရီကိန္း၏ဒဏ္ရာကို အထူးကုမ်ားျဖင့္ စမ္းသပ္ၿပီးေနာက္ ခြဲစိတ္ျခင္းက ပိုေကာင္းမည္ဟု အႀကံေပးခဲ့ၾကသျဖင့္ ခြဲစိတ္ကုသမႈခံယူခဲ့ျခင္းျဖစ္သည္။

ဟယ္ရီကိန္းသည္ ခြဲစိတ္ကုသမႈခံယူၿပီးေနာက္ ေဆး႐ုံေပၚတြင္ မိမိ၏စပါးအသင္း လီဗာပူးကို ဂိုးရႏိုင္သည့္အခြင့္အေရးေကာင္းမ်ားစြာရခဲ့သည့္ၾကားမွ တစ္ဂိုးတည္းျဖင့္ ကပ္႐ႈံးခဲ့ေသာပြဲကို ႐ုပ္သံမွ ၾကည့္႐ႈေနခဲ့သည့္ဓာတ္ပုံကိုလည္း လူမႈကြန္ရက္တြင္ တင္ခဲ့သည္။

ထိုပုံႏွင့္အတူ ဟယ္ရီကိန္းက ‘ခြဲစိတ္မႈေအာင္ျမင္ပါတယ္။ ပထမဆုံးေန႔အျဖစ္ျပန္လည္သန္စြမ္းေရးအတြက္ စတင္ေနပါၿပီ’ ဟုဆိုကာ လက္မေထာင္သည့္ အီမိုဂ်ီကိုတင္ခဲ့ျခင္းျဖစ္သည္။ ခြဲစိတ္ကုသမႈေအာင္ျမင္သည္ဆိုေသာ္လည္း ဟယ္ရီကိန္းသည္ ဧၿပီလမွသာ အသင္းႏွင့္ေလ့က်င့္ခန္းျပန္ဆင္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

-Ads-
-Ads-

(Unicode Version)

ဟယ်ရီကိန်းဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း အတည်ပြု

နှစ်သစ်ကူးနေ့က ဆောက်သမ်တန်အသင်းနှင့်ပွဲစဉ်၌ တံကောက်ကြောပြတ်ဒဏ်ရာရရှိသွားခဲ့သည့် စပါးနှင့် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းသည် ဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူခဲ့ရာတွင် ရာနှုန်းပြည့်အောင်မြင်ကြောင်း ပရိသတ်များကို သတင်းကောင်းပါးခဲ့သည်။ ဟယ်ရီကိန်း၏ဒဏ်ရာကို အထူးကုများဖြင့် စမ်းသပ်ပြီးနောက် ခွဲစိတ်ခြင်းက ပိုကောင်းမည်ဟု အကြံပေးခဲ့ကြသဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် ခွဲစိတ်ကုသမှုခံယူပြီးနောက် ဆေးရုံပေါ်တွင် မိမိ၏စပါးအသင်း လီဗာပူးကို ဂိုးရနိုင်သည့်အခွင့်အရေးကောင်းများစွာရခဲ့သည့်ကြားမှ တစ်ဂိုးတည်းဖြင့် ကပ်ရှုံးခဲ့သောပွဲကို ရုပ်သံမှ ကြည့်ရှုနေခဲ့သည့်ဓာတ်ပုံကိုလည်း လူမှုကွန်ရက်တွင် တင်ခဲ့သည်။

ထိုပုံနှင့်အတူ ဟယ်ရီကိန်းက ‘ခွဲစိတ်မှုအောင်မြင်ပါတယ်။ ပထမဆုံးနေ့အဖြစ်ပြန်လည်သန်စွမ်းရေးအတွက် စတင်နေပါပြီ’ ဟုဆိုကာ လက်မထောင်သည့် အီမိုဂျီကိုတင်ခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ကုသမှုအောင်မြင်သည်ဆိုသော်လည်း ဟယ်ရီကိန်းသည် ဧပြီလမှသာ အသင်းနှင့်လေ့ကျင့်ခန်းပြန်ဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

-Ads-
-Ads-