ေတာမီးေလာင္ကၽြမ္းျခင္းကို ကိုင္တြယ္ေျဖရွင္းမႈ မွားယြင္းေၾကာင္း ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္ ဝန္ခံ

ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္ စေကာ့ေမာရစ္ဆင္သည္ ႏိုင္ငံတစ္ဝန္း ဝါးမ်ိဳလ်က္ရွိေသာ ေတာမီးေလာင္ကၽြမ္းမႈ ပဋိပကၡအေပၚ ၎၏ကိုင္တြယ္ေျဖရွင္းမႈႏွင့္ပတ္သက္၍ ဝမ္းနည္းေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။

ဝန္ႀကီးခ်ဳပ္သည္ ေတာမီးေလာင္ကၽြမ္းမႈမ်ားႏွင့္ ရာသီဥတုဆိုင္ရာမူဝါဒမ်ားအား ၎၏အစိုးရအဖြဲ႕က တုံ႔ျပန္မႈအေပၚ ေဝဖန္ျပစ္တင္မႈမ်ား ျမင့္တက္လာသည့္အေျခအေနႏွင့္ ရင္ဆိုင္ေနရသည္။

ဩစေၾတးလ်တြင္ စက္တင္ဘာလကတည္းက ျဖစ္ေပၚေနေသာ ေတာမီးေလာင္ကၽြမ္းမႈမ်ားေၾကာင့္ လူေပါင္း ၂၈ ဦးထက္မနည္း ေသဆုံးသြားၿပီျဖစ္သလို လူေနအိမ္ေပါင္းေထာင္ႏွင့္ခ်ီ၍လည္း ပ်က္စီးသြားၿပီျဖစ္သည္။

-Ads-
-Ads-

ယင္းျပႆနာမ်ားကို အေျခခံက်က် ပိုမိုေကာင္းမြန္ေသာ နည္းလမ္းမ်ားျဖင့္ ကိုင္တြယ္ေျဖရွင္းႏိုင္သည္မ်ားလည္းရွိေၾကာင္း မစၥတာေမာရစ္ဆင္က ဇန္နဝါရီ ၁၂ ရက္တြင္ ဝန္ခံေျပာဆိုထားသည္။

မၾကာေသးမီ သီတင္းပတ္မ်ားအတြင္း မစၥတာေမာရစ္ဆင္သည္ အဆိုးဆုံး မီးေဘးသင့္နယ္ေျမမ်ားျဖစ္ေသာ နယူးေဆာက္ေဝးျပည္နယ္ႏွင့္ဗစ္တိုးရီးယားျပည္နယ္မ်ားအတြင္းသြားေရာက္စဥ္ ေဒသခံမ်ား၏ ေဝဖန္ျပစ္တင္ ေႏွာင့္ယွက္မႈခံရသည္ဟု ဆိုသည္။

(Unicode Version)

တောမီးလောင်ကျွမ်းခြင်းကို ကိုင်တွယ်ဖြေရှင်းမှု မှားယွင်းကြောင်း ဩစတြေးလျဝန်ကြီးချုပ် ဝန်ခံ

ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်သည် နိုင်ငံတစ်ဝန်း ဝါးမျိုလျက်ရှိသော တောမီးလောင်ကျွမ်းမှု ပဋိပက္ခအပေါ် ၎င်း၏ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဝန်ကြီးချုပ်သည် တောမီးလောင်ကျွမ်းမှုများနှင့် ရာသီဥတုဆိုင်ရာမူဝါဒများအား ၎င်း၏အစိုးရအဖွဲ့က တုံ့ပြန်မှုအပေါ် ဝေဖန်ပြစ်တင်မှုများ မြင့်တက်လာသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဩစတြေးလျတွင် စက်တင်ဘာလကတည်းက ဖြစ်ပေါ်နေသော တောမီးလောင်ကျွမ်းမှုများကြောင့် လူပေါင်း ၂၈ ဦးထက်မနည်း သေဆုံးသွားပြီဖြစ်သလို လူနေအိမ်ပေါင်းထောင်နှင့်ချီ၍လည်း ပျက်စီးသွားပြီဖြစ်သည်။

ယင်းပြဿနာများကို အခြေခံကျကျ ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သည်များလည်းရှိကြောင်း မစ္စတာမောရစ်ဆင်က ဇန်နဝါရီ ၁၂ ရက်တွင် ဝန်ခံပြောဆိုထားသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မစ္စတာမောရစ်ဆင်သည် အဆိုးဆုံး မီးဘေးသင့်နယ်မြေများဖြစ်သော နယူးဆောက်ဝေးပြည်နယ်နှင့်ဗစ်တိုးရီးယားပြည်နယ်များအတွင်းသွားရောက်စဉ် ဒေသခံများ၏ ဝေဖန်ပြစ်တင် နှောင့်ယှက်မှုခံရသည်ဟု ဆိုသည်။

-Ads-
-Ads-