ယမကာ ေမွာင္ခိုေဈးကြက္ျဖစ္ထြန္းေနမႈ ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းေပးေစလို

အခြန္အခ မေပးေဆာင္ဘဲ ယမကာ ေမွာင္ခိုေဈးကြက္ျဖစ္ထြန္းေနမႈအေပၚ ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းေပးေစလိုၿပီး ျပည္တြင္းထုတ္လုပ္သူမ်ား၊ ေရာင္းခ်သူမ်ားအတြက္ မၽွတသည့္ ယွဥ္ၿပိဳင္မႈမ်ိဳးလိုအပ္ေၾကာင္း ျမန္မာႏိုင္ငံ ယမကာထုတ္လုပ္ျဖန္႔ျဖဴးသူမ်ားအသင္းက ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲမွ သိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ရွန္ဂရီလာဟိုတယ္တြင္ ဇန္နဝါရီ ၁၃ ရက္ မြန္းလြဲ ၁ နာရီခြဲကက်င္းပသည့္ ျမန္မာႏိုင္ငံ ယမကာထုတ္လုပ္ျဖန္႔ျဖဴးသူမ်ားအသင္း၏ လတ္တေလာ ေဈးကြက္တြင္း ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ ျမန္မာႏိုင္ငံ၏ စီးပြားေရးအေျခအေနမ်ားအေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ၎က ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

‘ကၽြန္ေတာ္တို႔ျမင္ရတဲ့ အဓိကအေၾကာင္းအရာက တင္သြင္းမႈဥပေဒတင္းက်ပ္တဲ့ေနရာေတြမွာ တရားမဝင္ ေမွာင္ခိုေဈးကြက္ကို ဟန္႔တားႏိုင္ျခင္း သိပ္မရွိေသးတာကို ေတြ႕ရတယ္။ ဒါေၾကာင့္ ဝိုင္လိုမ်ိဳး ေမွာင္ခိုေဈးကြက္အေျခအေနကို မေျဖရွင္းႏိုင္တဲ့အျပင္ နယ္စပ္ကေနတစ္ဆင့္ အခြန္အခေတြ မေပးေဆာင္ဘဲ ေမွာင္ခိုတင္သြင္းေနတာ ေတြ႕ေနရပါတယ္။ ထုတ္ကုန္ပဲျဖစ္ျဖစ္၊ သြင္းကုန္ပဲျဖစ္ျဖစ္ အေျခအေနေတြ အားလုံးက တစ္သမတ္တည္းနဲ႔ တန္းတူညီမၽွမႈရွိဖို႔လိုအပ္တယ္။ ဒါမွသာ ေဈးကြက္အတြင္းမွာ အခြန္ေပးေဆာင္တဲ့ ျပည္တြင္းထုတ္လုပ္သူေတြနဲ႔ ေရာင္းခ်သူေတြအတြက္ မၽွတတဲ့ ယွဥ္ၿပိဳင္မႈမ်ိဳးျဖစ္လာၿပီး ေရွ႕ဆက္ႏိုင္မွာျဖစ္ပါတယ္’ဟု ျမန္မာႏိုင္ငံ ယမကာထုတ္လုပ္ ျဖန္႔ျဖဴးသူမ်ားအသင္း တြဲဖက္အတြင္းေရးမႉး ဦးဝင္းေသာ္က ေျပာဆိုသည္။

ျပည္တြင္းထုတ္လုပ္ေရာင္းခ်သည့္လုပ္ငန္းမ်ားႏွင့္ ႏိုင္ငံတကာမွ တင္သြင္းေရာင္းခ်သည့္ လုပ္ငန္းမ်ားကိုပါ အျပန္အလွန္ အက်ိဳးသက္ေရာက္ေစသည့္ အခြန္ဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားကို ထိေရာက္ေသာ ယွဥ္ၿပိဳင္မႈမ်ိဳးျဖစ္ေစလိုၿပီး ႏွစ္စဥ္ႏွစ္တိုင္း ႏိုင္ငံေတာ္အစိုးရ၏ ဘ႑ာေငြက်ပ္ ဘီလီယံ ေပါင္းမ်ားစြာ ဆုံး႐ႈံးျခင္းအေပၚ အခြန္အခမ်ား မွန္ကန္စြာ ေပးေဆာင္ျခင္းမရွိသည့္ ယွဥ္ၿပိဳင္သူမ်ားကို ပိုမိုတင္းက်ပ္သည့္ နည္းဥပေဒမ်ား ခ်မွတ္ေပးျခင္းျဖင့္ ထိန္းခ်ဳပ္ႏိုင္ေရးလိုအပ္ေၾကာင္း အဆိုပါ သတင္းစာရွင္းလင္းပြဲမွသိရသည္။

‘ကၽြန္ေတာ္တို႔ဘက္က အခုေျပာခ်င္တာက ယမကာနဲ႔ပတ္သက္ၿပီး အေရးအႀကီးဆုံးအခ်က္ကေတာ့ အခုလက္ရွိ အခြန္ Issue ပဲျဖစ္ပါတယ္။ အခြန္ေကာက္ခံမႈက အမ်ားအျပားျဖစ္တဲ့အတြက္ ဒီအပိုင္းကိုပဲ အခြန္ Reform လုပ္မယ္ဆိုရင္ အဓိကက လက္ရွိ ထုတ္လုပ္ေနတဲ့ယမကာမွာ ပါဝင္ပတ္သက္ေနတဲ့ သူေတြအားလုံးနဲ႔ ေသခ်ာေလးေဆြးေႏြးၿပီးေတာ့ ႏိုင္ငံေတာ္အတြက္ အက်ိဳးရွိေစႏိုင္မယ့္ ျပည္တြင္းလုပ္ငန္းရွင္ေတြဘက္ကိုလည္း အားလုံး ႏွစ္ဦးႏွစ္ဖက္အဆင္ေျပေစႏိုင္မယ့္ အခြန္ Reform လုပ္ဖို႔ ကၽြန္ေတာ္တို႔ဘက္က စဥ္းစားၿပီးေတာ့မွ ေျပာင္းလဲသင့္ပါတယ္’ဟု ၎ကေျပာၾကားသည္။

သတင္း၊ ဓာတ္ပုံ – စည္သူဟိန္း

………………………………………………………..

(Unicode Version)

ယမကာ မှောင်ခိုဈေးကွက်ဖြစ်ထွန်းနေမှု ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးစေလို

အခွန်အခ မပေးဆောင်ဘဲ ယမကာ မှောင်ခိုဈေးကွက်ဖြစ်ထွန်းနေမှုအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးစေလိုပြီး ပြည်တွင်းထုတ်လုပ်သူများ၊ ရောင်းချသူများအတွက် မျှတသည့် ယှဉ်ပြိုင်မှုမျိုးလိုအပ်ကြောင်း မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲကကျင်းပသည့် မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း၏ လတ်တလော ဈေးကွက်တွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

‘ကျွန်တော်တို့မြင်ရတဲ့ အဓိကအကြောင်းအရာက တင်သွင်းမှုဥပဒေတင်းကျပ်တဲ့နေရာတွေမှာ တရားမဝင် မှောင်ခိုဈေးကွက်ကို ဟန့်တားနိုင်ခြင်း သိပ်မရှိသေးတာကို တွေ့ရတယ်။ ဒါကြောင့် ဝိုင်လိုမျိုး မှောင်ခိုဈေးကွက်အခြေအနေကို မဖြေရှင်းနိုင်တဲ့အပြင် နယ်စပ်ကနေတစ်ဆင့် အခွန်အခတွေ မပေးဆောင်ဘဲ မှောင်ခိုတင်သွင်းနေတာ တွေ့နေရပါတယ်။ ထုတ်ကုန်ပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် အခြေအနေတွေ အားလုံးက တစ်သမတ်တည်းနဲ့ တန်းတူညီမျှမှုရှိဖို့လိုအပ်တယ်။ ဒါမှသာ ဈေးကွက်အတွင်းမှာ အခွန်ပေးဆောင်တဲ့ ပြည်တွင်းထုတ်လုပ်သူတွေနဲ့ ရောင်းချသူတွေအတွက် မျှတတဲ့ ယှဉ်ပြိုင်မှုမျိုးဖြစ်လာပြီး ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်’ဟု မြန်မာနိုင်ငံ ယမကာထုတ်လုပ် ဖြန့်ဖြူးသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးဝင်းသော်က ပြောဆိုသည်။

ပြည်တွင်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများနှင့် နိုင်ငံတကာမှ တင်သွင်းရောင်းချသည့် လုပ်ငန်းများကိုပါ အပြန်အလှန် အကျိုးသက်ရောက်စေသည့် အခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ထိရောက်သော ယှဉ်ပြိုင်မှုမျိုးဖြစ်စေလိုပြီး နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေကျပ် ဘီလီယံ ပေါင်းများစွာ ဆုံးရှုံးခြင်းအပေါ် အခွန်အခများ မှန်ကန်စွာ ပေးဆောင်ခြင်းမရှိသည့် ယှဉ်ပြိုင်သူများကို ပိုမိုတင်းကျပ်သည့် နည်းဥပဒေများ ချမှတ်ပေးခြင်းဖြင့် ထိန်းချုပ်နိုင်ရေးလိုအပ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှသိရသည်။

‘ကျွန်တော်တို့ဘက်က အခုပြောချင်တာက ယမကာနဲ့ပတ်သက်ပြီး အရေးအကြီးဆုံးအချက်ကတော့ အခုလက်ရှိ အခွန် Issue ပဲဖြစ်ပါတယ်။ အခွန်ကောက်ခံမှုက အများအပြားဖြစ်တဲ့အတွက် ဒီအပိုင်းကိုပဲ အခွန် Reform လုပ်မယ်ဆိုရင် အဓိကက လက်ရှိ ထုတ်လုပ်နေတဲ့ယမကာမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံးနဲ့ သေချာလေးဆွေးနွေးပြီးတော့ နိုင်ငံတော်အတွက် အကျိုးရှိစေနိုင်မယ့် ပြည်တွင်းလုပ်ငန်းရှင်တွေဘက်ကိုလည်း အားလုံး နှစ်ဦးနှစ်ဖက်အဆင်ပြေစေနိုင်မယ့် အခွန် Reform လုပ်ဖို့ ကျွန်တော်တို့ဘက်က စဉ်းစားပြီးတော့မှ ပြောင်းလဲသင့်ပါတယ်’ဟု ၎င်းကပြောကြားသည်။

သတင်း၊ ဓာတ်ပုံ – စည်သူဟိန်း