ပရီးမီးယားလိဂ္ ဂိုးအမ်ားဆုံးသြင္းႏိုင္ေသာျပည္ပသား အဂူ႐ိုျဖစ္လာ အဂူ႐ိုကို သူရဲေကာင္းတစ္ဦးဟု မန္စီးတီးနည္းျပ ဂြါဒီယိုလာခ်ီးက်ဴး

ဇန္နဝါရီ ၁၂ ရက္ည ဗီလာႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ မန္စီးတီးအသင္းသည္ ေျခာက္ဂိုး- တစ္ဂိုးျဖင့္အႏိုင္ရခဲ့ရာ ထိုပြဲ၌ အသက္ (၃၁) ႏွစ္ရွိၿပီျဖစ္ေသာ မန္စီးတီးတိုက္စစ္မႉး အဂူ႐ိုသည္ ဟက္ထရစ္သြင္းႏိုင္ခဲ့သျဖင့္ ယခင္ အာဆင္နယ္ ဂႏၴဝင္ တိုက္စစ္မႉး သီယာရီအြန္နရီ၏ ပရီးမီးယားလိဂ္သြင္းဂိုးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္တြင္ ျပည္ပသားမ်ားထဲ၌ ဂိုးအမ်ားဆုံးသြင္းႏိုင္သူအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့သည္။

ယခင္စံခ်ိန္ရွင္ အြန္နရီသည္ ပရီးမီးယားလိဂ္သြင္းဂိုး ၁၇၅ ဂိုး သြင္းႏိုင္ခဲ့ၿပီး ယခုအဂူ႐ိုက သုံးဂိုးသြင္းႏိုင္ခဲ့သျဖင့္ ၁၇၇ ဂိုးသြင္းႏိုင္ခဲ့ကာ ပရီးမီးယားလိဂ္သမိုင္း၌ အလန္ရွီးယား၏ ဂိုးသြင္းစံခ်ိန္ကိုပါ ခ်ိဳးဖ်က္ႏိုင္ခဲ့သျဖင့္ မန္စီးတီးနည္းျပ ဂြါဒီယိုလာက အဂူ႐ိုကို ဒ႑ာရီသူရဲေကာင္းဟု ခ်ီးက်ဴးသြားခဲ့သည္။

၂၀၁၁ ခုႏွစ္က မန္စီးတီးအသင္းသို႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာၿပီးေနာက္ ၁၂ ႀကိမ္ေျမာက္ ဟက္ထရစ္သြင္းႏိုင္ခဲ့သည့္ အဂူ႐ိုႏွင့္ပတ္သက္ၿပီး ဂြါဒီယိုလာက ‘အဂူ႐ိုဆိုတာ ဒ႑ာရီသူရဲေကာင္းပဲ။ ဒီညမွာ သူရဲေကာင္း ထြက္ေပၚလာတာပဲ။ သူဟာ တကယ့္ကို မယုံႏိုင္ေလာက္ေအာင္ေကာင္းတဲ့ လူပုဂၢိဳလ္တစ္ဦးျဖစ္သလို ကၽြန္ေတာ္လက္တြဲအလုပ္လုပ္ခ်င္ဆုံး လူစားမ်ိဳးလဲျဖစ္တယ္’ ဟု ခ်ီးက်ဴသြားခဲ့သည္။

-Ads-
-Ads-

ၿပီးခဲ့သည့္ေမလက အဂူ႐ိုသည္ မန္စီးတီးႏွင့္ေနာက္လာမည့္ ရာသီကုန္တြင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မည္ျဖစ္ရာ မိမိ၏ငယ္ဘ၀ေမြးထုတ္ေပးခဲ့ေသာ အင္ဒီပန္ဒီယန္တီအသင္းသို႔ အနားမယူမီျပန္ကစားလိုသည္ဟု ေျပာခဲ့ဖူးသည္။ ထိုအေျခအေနႏွင့္ပတ္သက္၍လည္း ဂြါဒီယိုလာက ‘သူနဲ႔ အသင္းအေပၚမွာပဲ မူတည္တဲ့ကိစၥပါ။ သူ႕ဆုံးျဖတ္ခ်က္ျဖစ္ပါလိမ့္မယ္။ အဂၤလန္ေဘာလုံးသမိုင္းမွာ ဒီလိုကစားသမားမ်ိဳးေတြ အမ်ားႀကီး ေပၚထြက္ခဲ့ဖူးပါတယ္။ အဂူ႐ိုဟာ ပရီးမီးယားလိဂ္နဲ႔ အဂၤလန္ေဘာလုံးေလာက တိုးတက္ဖို႔ ကူညီေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ကၽြန္ေတာ္လက္တြဲအလုပ္လုပ္ဖူးခဲ့တဲ့ ကစားသမားေတြထဲမွာ မက္ဆီက အေကာင္းဆုံးကစားသမားပါ။ က်န္တဲ့ကစားသမားေတြထဲကေျပာရင္ အဂူ႐ိုဟာအေကာင္းဆုံးေတြထဲက တစ္ဦးျဖစ္တယ္လို႔ ေျပာရမယ္။ အြန္နရီလို တျခားေသာ သူရဲေကာင္း ကစားသမားတစ္ဦးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္တယ္ဆိုကတည္းက ဒီလူဟာမယုံႏိုင္စရာေကာင္းတဲ့ သူရဲေကာင္းပဲေပါ့။ ဒီလိုစံခ်ိန္ခ်ိဳးႏိုင္ဖို႔က ႏွစ္ေပါင္းမ်ားစြာ အေကာင္းဆုံးေျခစြမ္းကို တည္ၿငိမ္ေအာင္ ထိန္းကစားႏိုင္မွ ရတာမ်ိဳးပါ။ ဒီေန႔သူတင္လိုက္တဲ့ စံခ်ိန္က တကယ့္ဂုဏ္ယူစရာျဖစ္လို႔ ေနာက္ထပ္ ဂိုးေတြအမ်ားႀကီးထပ္သြင္း ႏိုင္ဦးမယ္လို႔လည္း ယုံၾကည္ပါတယ္။ ဒါေပမဲ့ ၁၄ မွတ္ကြာေသးတဲ့ လီဗာပူးကိုလိုက္မီဖို႔ကေတာ့ ကၽြန္ေတာ္တို႔ေမ့ထားလိုက္ၿပီ။ အေၾကာင္းေတြ အမ်ားႀကီးရွိတယ္’ ဟု ေျပာခဲ့သည္။

(Unicode Version)

ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းနိုင်သောပြည်ပသား အဂူရိုဖြစ်လာ အဂူရိုကို သူရဲကောင်းတစ်ဦးဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာချီးကျူး

ဇန်နဝါရီ ၁၂ ရက်ည ဗီလာနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းသည် ခြောက်ဂိုး- တစ်ဂိုးဖြင့်အနိုင်ရခဲ့ရာ ထိုပွဲ၌ အသက် (၃၁) နှစ်ရှိပြီဖြစ်သော မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် ဟက်ထရစ်သွင်းနိုင်ခဲ့သဖြင့် ယခင် အာဆင်နယ် ဂန္ထဝင် တိုက်စစ်မှူး သီယာရီအွန်နရီ၏ ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်တွင် ပြည်ပသားများထဲ၌ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။

ယခင်စံချိန်ရှင် အွန်နရီသည် ပရီးမီးယားလိဂ်သွင်းဂိုး ၁၇၅ ဂိုး သွင်းနိုင်ခဲ့ပြီး ယခုအဂူရိုက သုံးဂိုးသွင်းနိုင်ခဲ့သဖြင့် ၁၇၇ ဂိုးသွင်းနိုင်ခဲ့ကာ ပရီးမီးယားလိဂ်သမိုင်း၌ အလန်ရှီးယား၏ ဂိုးသွင်းစံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့သဖြင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာက အဂူရိုကို ဒဏ္ဍာရီသူရဲကောင်းဟု ချီးကျူးသွားခဲ့သည်။

၂၀၁၁ ခုနှစ်က မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ၁၂ ကြိမ်မြောက် ဟက်ထရစ်သွင်းနိုင်ခဲ့သည့် အဂူရိုနှင့်ပတ်သက်ပြီး ဂွါဒီယိုလာက ‘အဂူရိုဆိုတာ ဒဏ္ဍာရီသူရဲကောင်းပဲ။ ဒီညမှာ သူရဲကောင်း ထွက်ပေါ်လာတာပဲ။ သူဟာ တကယ့်ကို မယုံနိုင်လောက်အောင်ကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ကျွန်တော်လက်တွဲအလုပ်လုပ်ချင်ဆုံး လူစားမျိုးလဲဖြစ်တယ်’ ဟု ချီးကျူသွားခဲ့သည်။

ပြီးခဲ့သည့်မေလက အဂူရိုသည် မန်စီးတီးနှင့်နောက်လာမည့် ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ မိမိ၏ငယ်ဘ၀မွေးထုတ်ပေးခဲ့သော အင်ဒီပန်ဒီယန်တီအသင်းသို့ အနားမယူမီပြန်ကစားလိုသည်ဟု ပြောခဲ့ဖူးသည်။ ထိုအခြေအနေနှင့်ပတ်သက်၍လည်း ဂွါဒီယိုလာက ‘သူနဲ့ အသင်းအပေါ်မှာပဲ မူတည်တဲ့ကိစ္စပါ။ သူ့ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်။ အင်္ဂလန်ဘောလုံးသမိုင်းမှာ ဒီလိုကစားသမားမျိုးတွေ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။ အဂူရိုဟာ ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ဘောလုံးလောက တိုးတက်ဖို့ ကူညီပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်လက်တွဲအလုပ်လုပ်ဖူးခဲ့တဲ့ ကစားသမားတွေထဲမှာ မက်ဆီက အကောင်းဆုံးကစားသမားပါ။ ကျန်တဲ့ကစားသမားတွေထဲကပြောရင် အဂူရိုဟာအကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောရမယ်။ အွန်နရီလို တခြားသော သူရဲကောင်း ကစားသမားတစ်ဦးစံချိန်ကို ချိုးဖျက်နိုင်တယ်ဆိုကတည်းက ဒီလူဟာမယုံနိုင်စရာကောင်းတဲ့ သူရဲကောင်းပဲပေါ့။ ဒီလိုစံချိန်ချိုးနိုင်ဖို့က နှစ်ပေါင်းများစွာ အကောင်းဆုံးခြေစွမ်းကို တည်ငြိမ်အောင် ထိန်းကစားနိုင်မှ ရတာမျိုးပါ။ ဒီနေ့သူတင်လိုက်တဲ့ စံချိန်က တကယ့်ဂုဏ်ယူစရာဖြစ်လို့ နောက်ထပ် ဂိုးတွေအများကြီးထပ်သွင်း နိုင်ဦးမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ ၁၄ မှတ်ကွာသေးတဲ့ လီဗာပူးကိုလိုက်မီဖို့ကတော့ ကျွန်တော်တို့မေ့ထားလိုက်ပြီ။ အကြောင်းတွေ အများကြီးရှိတယ်’ ဟု ပြောခဲ့သည်။

-Ads-
-Ads-