စစ္အာဏာရွင္အစိုးရကို ဆန္႔က်င္ဆႏၵျပပြဲတြင္ ထိုင္းျပည္သူ ေထာင္ေပါင္းမ်ားစြာ ပူးေပါင္းပါဝင္

ထိုင္းႏိုင္ငံအတြင္း စစ္တပ္ေထာက္ခံေသာ အစိုးရအဖြဲ႕အား ဆန္႔က်င္ဆႏၵျပရန္ ႏိုင္ငံတစ္ဝန္း ပန္းၿခံမ်ား၌ လူေပါင္းေထာင္ႏွင့္ခ်ီကာ စုေဝးခဲ့ၾကၿပီး ႏိုင္ငံေရးလြတ္လပ္ခြင့္ ပိုမိုရရွိရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။

ဗန္ေကာက္ၿမိဳ႕ေတာ္တြင္ စစ္အာဏာရွင္စနစ္ ဆန္႔က်င္ေရးလႈပ္ရွားမႈအတြက္ လူေပါင္း ၁၀၀၀၀ ထက္မနည္းစာရင္းေပးသြင္းခဲ့ၾကသည္ဆို၏။

အျခားေသာ ဗန္ေကာက္ပန္းၿခံတစ္ခုတြင္ ပရာယြတ္ခ်န္အိုခ်ာကိုေထာက္ခံသည့္ အလားတူဆႏၵျပပြဲအတြက္ လူေပါင္း ၃၀၀၀ ခန္႔ အမည္စာရင္းေပးသြင္းခဲ့ၾကသည္ဟု ဆိုသည္။

-Ads-
-Ads-

ယခင္စစ္အုပ္ခ်ဳပ္ေရးေခါင္းေဆာင္ ပရာယြတ္ခ်န္အိုခ်ာသည္ ယမန္ႏွစ္ ေ႐ြးေကာက္ပြဲအတြင္း ဝန္ႀကီးခ်ဳပ္အျဖစ္ အာဏာျပန္လည္ရယူထားျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံသည္ ႏိုင္ငံေရးမတည္မၿငိမ္မႈ၏ ေနာက္ဆက္တြဲ႐ိုက္ခတ္မႈမ်ား ခံေနရသည္မွာ ႏွစ္ခ်ီၾကာျမင့္ေနၿပီျဖစ္ကာ စစ္တပ္ေထာက္ခံသူမ်ားႏွင့္ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရွင္နာဝပ္ထရာအား ေထာက္ခံသူမ်ားအၾကား အျငင္းပြားမႈမ်ားမွာလည္း ပိုမိုႀကီးထြားလာသည္။

ထိုင္းစစ္တပ္သည္ ႏိုင္ငံေရးရာတြင္ ၾကားဝင္သည့္ အစဥ္အလာရွိၿပီး ၁၉၃၂ ခုႏွစ္တြင္ သက္ဦးဆံပိုင္အုပ္ခ်ဳပ္မႈစနစ္ အဆုံးသတ္ခဲ့ၿပီးေနာက္ပိုင္း စစ္တပ္က (၁၂) ႀကိမ္တိုင္ အာဏာသိမ္းဖူးသည္။ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး ပရာယြတ္သည္ ၂၀၁၄ ခုႏွစ္တြင္ ဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္၏ ညီမျဖစ္သူ ယင္လပ္အားဖယ္ရွားသည့္ စစ္အာဏာသိမ္းပြဲကိုဦးေဆာင္ခဲ့သူျဖစ္သည္။

(Unicode Version)

စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွင် ထိုင်းပြည်သူ ထောင်ပေါင်းများစွာ ပူးပေါင်းပါဝင်

ထိုင်းနိုင်ငံအတွင်း စစ်တပ်ထောက်ခံသော အစိုးရအဖွဲ့အား ဆန့်ကျင်ဆန္ဒပြရန် နိုင်ငံတစ်ဝန်း ပန်းခြံများ၌ လူပေါင်းထောင်နှင့်ချီကာ စုဝေးခဲ့ကြပြီး နိုင်ငံရေးလွတ်လပ်ခွင့် ပိုမိုရရှိရန် တောင်းဆိုထားကြောင်း သိရသည်။

ဗန်ကောက်မြို့တော်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် လူပေါင်း ၁၀၀၀၀ ထက်မနည်းစာရင်းပေးသွင်းခဲ့ကြသည်ဆို၏။

အခြားသော ဗန်ကောက်ပန်းခြံတစ်ခုတွင် ပရာယွတ်ချန်အိုချာကိုထောက်ခံသည့် အလားတူဆန္ဒပြပွဲအတွက် လူပေါင်း ၃၀၀၀ ခန့် အမည်စာရင်းပေးသွင်းခဲ့ကြသည်ဟု ဆိုသည်။

ယခင်စစ်အုပ်ချုပ်ရေးခေါင်းဆောင် ပရာယွတ်ချန်အိုချာသည် ယမန်နှစ် ရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ်အဖြစ် အာဏာပြန်လည်ရယူထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် နိုင်ငံရေးမတည်မငြိမ်မှု၏ နောက်ဆက်တွဲရိုက်ခတ်မှုများ ခံနေရသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကာ စစ်တပ်ထောက်ခံသူများနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ထောက်ခံသူများအကြား အငြင်းပွားမှုများမှာလည်း ပိုမိုကြီးထွားလာသည်။

ထိုင်းစစ်တပ်သည် နိုင်ငံရေးရာတွင် ကြားဝင်သည့် အစဉ်အလာရှိပြီး ၁၉၃၂ ခုနှစ်တွင် သက်ဦးဆံပိုင်အုပ်ချုပ်မှုစနစ် အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က (၁၂) ကြိမ်တိုင် အာဏာသိမ်းဖူးသည်။ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ညီမဖြစ်သူ ယင်လပ်အားဖယ်ရှားသည့် စစ်အာဏာသိမ်းပွဲကိုဦးဆောင်ခဲ့သူဖြစ်သည်။

-Ads-
-Ads-