သ႐ုပ္ေဆာင္၊ အကယ္ဒမီ ဝတ္မႈံေ႐ႊရည္ႏွင့္ ေတြ႕ဆုံျခင္း

“ကိုယ္လုပ္တဲ့ အႏုပညာအလုပ္ေတြကို အမ်ားႀကီး ထိထိေရာက္ေရာက္ ရွိေစခ်င္တယ္”

သ႐ုပ္ေဆာင္ အကယ္ဒမီဝတ္မႈံေ႐ႊရည္ႏွင့္ ေတြ႕ဆုံခိုက္ ၂၀၂၀ ျပည့္ႏွစ္တြင္ လုပ္ေဆာင္မည့္ ၎၏အႏုပညာလႈပ္ရွားမႈမ်ား၊ အကယ္ဒမီအတြက္ ရင္ခုန္မႈ အေၾကာင္းအရာမ်ားအျပင္ အျခားသိရွိလိုသမၽွ အေၾကာင္းအရာမ်ားကို ေမးျမန္းေဖာ္ျပလိုက္ပါသည္-

ေမး – ၂၀၂၀မွာ ဘယ္လိုမ်ိဳး အႏုပညာလႈပ္ရွားမႈေတြ လုပ္သြားမယ္လို႔ စဥ္းစားထားလဲ။

-Ads-
-Ads-

ေျဖ – အဓိကကေတာ့ ကစ္က ဇာတ္ကား႐ိုက္တဲ့ ဘက္ကို ၂၀၂၀ ျပည့္ႏွစ္ထဲမွာ ပိုၿပီးေတာ့လုပ္မယ္။

ေမး – ၂၀၂၀ ျပည့္ႏွစ္ ႏွစ္စပိုင္းမွာ ကံေကာင္းမႈေတြကို ခံစားေနရၿပီလား။

ေျဖ – ကံေကာင္းပါတယ္။ အလုပ္ေတြလည္း ပိုၿပီးေတာ့မ်ားမယ္လို႔ ထင္တယ္။

ေမး – ဒီႏွစ္အကယ္ဒမီအတြက္ ပရိသတ္ေတြက ကစ္ကို ရဖို႔မွန္းထားတာေတြလည္းရွိေတာ့ သူတို႔ကို ဘာမ်ား ေျပာခ်င္ေသးလဲ။

ေျဖ – ကစ္ အၿမဲတမ္းေျပာေနက်စကားရွိတယ္။ ကစ္ကေတာ့ ႏွစ္တိုင္းမေမၽွာ္လင့္ဘူးလို႔ပဲ ေျပာေနက်ပါ။ ကိုယ္လုပ္တဲ့ အႏုပညာအလုပ္ကိုေတာ့ အေကာင္းဆုံး လုပ္ခဲ့တယ္။ ပရိသတ္လည္း ေက်နပ္တယ္ဆိုတာနဲ႔တင္ ကစ္ကေတာ္ေတာ္ေပ်ာ္ေနပါၿပီ။

ေမး – အခုေနာက္ပိုင္း ျပည္ပနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ အလုပ္လုပ္တာေတြလည္း မ်ားလာတာကို ေတြ႕ရတယ္။ ကိုယ့္ကိုယ္ကိုယ္ေကာ ဒီႏွစ္ထဲမွာ အားရေက်နပ္မႈမ်ားလား။

ေျဖ – အဓိကကေတာ့ ကိုယ္လုပ္တဲ့အႏုပညာအလုပ္ေတြကို အမ်ားႀကီး ထိထိေရာက္ေရာက္ရွိေစခ်င္တယ္။ ကိုယ္လုပ္တဲ့ အႏုပညာတင္မကဘဲနဲ႔ ကိုယ့္႐ုပ္ရွင္ေလာကကလည္း ဘယ္လိုပဲျဖစ္ျဖစ္ တျခားႏိုင္ငံေတြမွာ ျပခြင့္ရတာမ်ိဳးေတြ၊ ဝင္ၿပိဳင္ခြင့္ရတာမ်ိဳးေတြ၊ ဆုေတြကိုလည္း ကိုယ့္႐ုပ္ရွင္မွမဟုတ္ဘူး တျခားသူေတြရဲ႕ ႐ုပ္ရွင္ဇာတ္ကားေတြကိုလည္း ရေစခ်င္တယ္။ ကိုယ္တစ္ေယာက္တည္းအတြက္ စဥ္းစားတာမ်ိဳးမဟုတ္ဘူး။ ႏိုင္ငံတကာနဲ႔က်ေတာ့ ကိုယ့္ႏိုင္ငံကပါတယ္ဆိုရင္ ဘယ္လိုပဲျဖစ္ျဖစ္ ကစ္မွမဟုတ္ဘူး တျခားသူေတြရဲ႕ ဇာတ္ကားေတြလည္း ႏိုင္ငံတကာမွာ ဒီလိုမ်ိဳးဆုေတြရတာပဲျဖစ္ျဖစ္၊ ဝင္ၿပိဳင္ခြင့္ရတာပဲျဖစ္ျဖစ္ အဲဒီလိုမ်ိဳးသြားေစခ်င္တယ္။ ကိုယ့္အတြက္မဟုတ္ဘဲ ကိုယ့္ႏိုင္ငံအတြက္ တစ္ေနရာကေနပါရတဲ့အတြက္ ဝမ္းသာပါတယ္။

ေမး – ႏိုင္ငံတကာ စင္ျမင့္ထက္မွာတက္ အဂၤလိပ္စကားေျပာၿပီး အစီအစဥ္တင္ဆက္ေပးခဲ့တာကို ပရိသတ္ေတြကလည္း ဂုဏ္ယူေနၾကတယ္။ ကိုယ္တိုင္ ခံစားခ်က္ကေကာ။

ေျဖ – အမွန္အတိုင္းေျပာရရင္ ပထမဆုံးပဲ။ ကစ္မွမဟုတ္ဘူး အဲဒီလိုမ်ိဳး ကစ္နဲ႔အတူတူ အစီအစဥ္တင္ဆက္တဲ့ သူကလည္း စိတ္လႈပ္ရွားေနတယ္။ ကစ္အတြက္ဆိုလည္း ဒါကပထမဆုံးေပါ့ေနာ္။ အေကာင္းဆုံးေတာ့ အားတင္းၿပီး လုပ္ခဲ့တာေပါ့။ ဘယ္လိုမွန္းမသိဘူး။ အဲဒီစိတ္ခံစားခ်က္က ရင္လည္းအရမ္းခုန္တယ္။ ေပ်ာ္လည္း ေပ်ာ္တယ္။ ျပည့္ျပည့္ေလးကိုလည္း လိပ္ျပာစံအိမ္ဇာတ္ကားနဲ႔ ရမယ္လို႔ ကိုယ္က ထင္ေနတာ။ ဘာျဖစ္လို႔လဲေတာ့ မသိဘူး။ စင္ေပၚမတက္ခင္ကတည္းက စိတ္ခံစားခ်က္ထဲမွာ ျပည့္ျပည့္ရမယ္ဆိုတာကို သိေနတယ္။ ကိုယ့္စိတ္ထဲမွာျပည့္ျပည့္ရမယ္လို႔ပဲထင္တယ္။ ျပည့္ျပည့္ကလည္း စိတ္လႈပ္ရွားေနတာေပါ့။ ရမယ္မွန္းလည္း မသိဘူး။ ရလည္းရေစခ်င္တာပါ။ အဲဒီကတည္းက ေျခဖ်ား၊ လက္ဖ်ားေတြ တုန္ေနခဲ့တာေပါ့။ တကယ္လည္း စင္ေပၚေရာက္သြားေတာ့ ျပည့္ျပည့္နာမည္လည္းေတြ႕ေရာ အရမ္းကိုဝမ္းသာတယ္။ တကယ့္ကို အမွတ္တရပါပဲ။ အရမ္းေပ်ာ္တယ္။

ေမး – အားေပးေနတဲ့ ပရိသတ္ေတြကို ဘာမ်ားေျပာခ်င္ေသးလဲ။

ေျဖ – အားေပးေနတဲ့ ပရိသတ္ေတြကို ေက်းဇူးအမ်ားႀကီးတင္တယ္။ ၂၀၂၀ ျပည့္ႏွစ္အတြက္ကေတာ့ ေစာေစာက ကစ္ေျပာသလိုပါပဲ ဒီႏွစ္မွာ ႐ုပ္ရွင္ေတြ အမ်ားႀကီး႐ိုက္ပါမယ္။ ပရိသတ္ေတြလည္း ႐ုပ္ရွင္မ်ားမ်ားၾကည့္ခ်င္တယ္လို႔ ေျပာေန၊ေတာင္းဆိုေနၾကေတာ့ ဒီႏွစ္ကေတာ့ ႐ုပ္ရွင္ကို ဦးစားေပးၿပီး ႐ိုက္ျဖစ္ပါမယ္။

ဓာတ္ပုံ – ဝတ္မႈံေ႐ႊရည္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

သရုပ်ဆောင်၊ အကယ်ဒမီ ဝတ်မှုံရွှေရည်နှင့် တွေ့ဆုံခြင်း

“ကိုယ်လုပ်တဲ့ အနုပညာအလုပ်တွေကို အများကြီး ထိထိရောက်ရောက် ရှိစေချင်တယ်”

သရုပ်ဆောင် အကယ်ဒမီဝတ်မှုံရွှေရည်နှင့် တွေ့ဆုံခိုက် ၂၀၂၀ ပြည့်နှစ်တွင် လုပ်ဆောင်မည့် ၎င်း၏အနုပညာလှုပ်ရှားမှုများ၊ အကယ်ဒမီအတွက် ရင်ခုန်မှု အကြောင်းအရာများအပြင် အခြားသိရှိလိုသမျှ အကြောင်းအရာများကို မေးမြန်းဖော်ပြလိုက်ပါသည်-

မေး – ၂၀၂၀မှာ ဘယ်လိုမျိုး အနုပညာလှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ စဉ်းစားထားလဲ။

ဖြေ – အဓိကကတော့ ကစ်က ဇာတ်ကားရိုက်တဲ့ ဘက်ကို ၂၀၂၀ ပြည့်နှစ်ထဲမှာ ပိုပြီးတော့လုပ်မယ်။

မေး – ၂၀၂၀ ပြည့်နှစ် နှစ်စပိုင်းမှာ ကံကောင်းမှုတွေကို ခံစားနေရပြီလား။

ဖြေ – ကံကောင်းပါတယ်။ အလုပ်တွေလည်း ပိုပြီးတော့များမယ်လို့ ထင်တယ်။

မေး – ဒီနှစ်အကယ်ဒမီအတွက် ပရိသတ်တွေက ကစ်ကို ရဖို့မှန်းထားတာတွေလည်းရှိတော့ သူတို့ကို ဘာများ ပြောချင်သေးလဲ။

ဖြေ – ကစ် အမြဲတမ်းပြောနေကျစကားရှိတယ်။ ကစ်ကတော့ နှစ်တိုင်းမမျှော်လင့်ဘူးလို့ပဲ ပြောနေကျပါ။ ကိုယ်လုပ်တဲ့ အနုပညာအလုပ်ကိုတော့ အကောင်းဆုံး လုပ်ခဲ့တယ်။ ပရိသတ်လည်း ကျေနပ်တယ်ဆိုတာနဲ့တင် ကစ်ကတော်တော်ပျော်နေပါပြီ။

မေး – အခုနောက်ပိုင်း ပြည်ပနဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်တာတွေလည်း များလာတာကို တွေ့ရတယ်။ ကိုယ့်ကိုယ်ကိုယ်ကော ဒီနှစ်ထဲမှာ အားရကျေနပ်မှုများလား။

ဖြေ – အဓိကကတော့ ကိုယ်လုပ်တဲ့အနုပညာအလုပ်တွေကို အများကြီး ထိထိရောက်ရောက်ရှိစေချင်တယ်။ ကိုယ်လုပ်တဲ့ အနုပညာတင်မကဘဲနဲ့ ကိုယ့်ရုပ်ရှင်လောကကလည်း ဘယ်လိုပဲဖြစ်ဖြစ် တခြားနိုင်ငံတွေမှာ ပြခွင့်ရတာမျိုးတွေ၊ ဝင်ပြိုင်ခွင့်ရတာမျိုးတွေ၊ ဆုတွေကိုလည်း ကိုယ့်ရုပ်ရှင်မှမဟုတ်ဘူး တခြားသူတွေရဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရစေချင်တယ်။ ကိုယ်တစ်ယောက်တည်းအတွက် စဉ်းစားတာမျိုးမဟုတ်ဘူး။ နိုင်ငံတကာနဲ့ကျတော့ ကိုယ့်နိုင်ငံကပါတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကစ်မှမဟုတ်ဘူး တခြားသူတွေရဲ့ ဇာတ်ကားတွေလည်း နိုင်ငံတကာမှာ ဒီလိုမျိုးဆုတွေရတာပဲဖြစ်ဖြစ်၊ ဝင်ပြိုင်ခွင့်ရတာပဲဖြစ်ဖြစ် အဲဒီလိုမျိုးသွားစေချင်တယ်။ ကိုယ့်အတွက်မဟုတ်ဘဲ ကိုယ့်နိုင်ငံအတွက် တစ်နေရာကနေပါရတဲ့အတွက် ဝမ်းသာပါတယ်။

မေး – နိုင်ငံတကာ စင်မြင့်ထက်မှာတက် အင်္ဂလိပ်စကားပြောပြီး အစီအစဉ်တင်ဆက်ပေးခဲ့တာကို ပရိသတ်တွေကလည်း ဂုဏ်ယူနေကြတယ်။ ကိုယ်တိုင် ခံစားချက်ကကော။

ဖြေ – အမှန်အတိုင်းပြောရရင် ပထမဆုံးပဲ။ ကစ်မှမဟုတ်ဘူး အဲဒီလိုမျိုး ကစ်နဲ့အတူတူ အစီအစဉ်တင်ဆက်တဲ့ သူကလည်း စိတ်လှုပ်ရှားနေတယ်။ ကစ်အတွက်ဆိုလည်း ဒါကပထမဆုံးပေါ့နော်။ အကောင်းဆုံးတော့ အားတင်းပြီး လုပ်ခဲ့တာပေါ့။ ဘယ်လိုမှန်းမသိဘူး။ အဲဒီစိတ်ခံစားချက်က ရင်လည်းအရမ်းခုန်တယ်။ ပျော်လည်း ပျော်တယ်။ ပြည့်ပြည့်လေးကိုလည်း လိပ်ပြာစံအိမ်ဇာတ်ကားနဲ့ ရမယ်လို့ ကိုယ်က ထင်နေတာ။ ဘာဖြစ်လို့လဲတော့ မသိဘူး။ စင်ပေါ်မတက်ခင်ကတည်းက စိတ်ခံစားချက်ထဲမှာ ပြည့်ပြည့်ရမယ်ဆိုတာကို သိနေတယ်။ ကိုယ့်စိတ်ထဲမှာပြည့်ပြည့်ရမယ်လို့ပဲထင်တယ်။ ပြည့်ပြည့်ကလည်း စိတ်လှုပ်ရှားနေတာပေါ့။ ရမယ်မှန်းလည်း မသိဘူး။ ရလည်းရစေချင်တာပါ။ အဲဒီကတည်းက ခြေဖျား၊ လက်ဖျားတွေ တုန်နေခဲ့တာပေါ့။ တကယ်လည်း စင်ပေါ်ရောက်သွားတော့ ပြည့်ပြည့်နာမည်လည်းတွေ့ရော အရမ်းကိုဝမ်းသာတယ်။ တကယ့်ကို အမှတ်တရပါပဲ။ အရမ်းပျော်တယ်။

မေး – အားပေးနေတဲ့ ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်တယ်။ ၂၀၂၀ ပြည့်နှစ်အတွက်ကတော့ စောစောက ကစ်ပြောသလိုပါပဲ ဒီနှစ်မှာ ရုပ်ရှင်တွေ အများကြီးရိုက်ပါမယ်။ ပရိသတ်တွေလည်း ရုပ်ရှင်များများကြည့်ချင်တယ်လို့ ပြောနေ၊တောင်းဆိုနေကြတော့ ဒီနှစ်ကတော့ ရုပ်ရှင်ကို ဦးစားပေးပြီး ရိုက်ဖြစ်ပါမယ်။

ဓာတ်ပုံ – ဝတ်မှုံရွှေရည်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်

-Ads-
-Ads-