ၫႊန္ၾကားခ်က္ရလၽွင္ အခြန္ေဆာင္ရန္အသင့္ဟု YRTA တာဝန္ရွိသူေျပာ

တာဝန္ရွိသူမ်ားက ၫႊန္ၾကားခ်က္မ်ားရွိလာပါက YRTA အေနနဲ႔ အခြန္ေဆာင္မွာျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ တြဲဘက္အတြင္းေရးမႉး ဦးလွေအာင္ကေျပာပါတယ္။

ဒီကေန႔(ဇန္နဝါရီ ၁၆ ရက္) မနက္ပိုင္းက ရန္ကန္ၿမိဳ႕ Sky Star ဟိုတယ္မွာ ျပဳလုပ္ခဲ့တဲ့ YRTA သုံးႏွစ္ျပည့္ႏွစ္ပတ္လည္ အခမ္းအနားအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။

၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္အတြင္း ရန္ကုန္တိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာမွာ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕အေနနဲ႔ ဝင္ေငြရရွိမႈအေပၚ အသုံးစရိတ္သုံးစြဲၿပီး ပိုလ်ံေငြ ၇၆၉၁ ဒႆမ ၈၀၁ သန္းရွိေပမဲ့ ႏိုင္ငံေတာ္ကို အခြန္ေပးေဆာင္ထားျခင္း မရွိဘူးလို႔ ေဖာ္ျပထားပါတယ္။

-Ads-
-Ads-

စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာထဲမွာေတာ့ YRTA ဟာ ၂၀၁၇ – ၂၀၁၈ ဘ႑ာေရးႏွစ္မွာ က်ပ္သန္းေပါင္း ၉၄၈၇ ဒႆမ ၇၈၅ သန္းရရွိခဲ့ပါတယ္။ အဲ့ဒီအထဲကမွ သုံးစြဲေငြ က်ပ္သန္းေပါင္း ၁၉၇၆ ဒႆမ ၁၈၄ သန္း သုံးစြဲခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

သတင္း၊ ႐ိုက္ကူး – ေက်ာ္သက္ေအာင္/ စံေတာ္ခ်ိန္

(Unicode Version)

ညွှန်ကြားချက်ရလျှင် အခွန်ဆောင်ရန်အသင့်ဟု YRTA တာဝန်ရှိသူပြော

တာဝန်ရှိသူများက ညွှန်ကြားချက်များရှိလာပါက YRTA အနေနဲ့ အခွန်ဆောင်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

ဒီကနေ့(ဇန်နဝါရီ ၁၆ ရက်) မနက်ပိုင်းက ရန်ကန်မြို့ Sky Star ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ YRTA သုံးနှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေနဲ့ ဝင်ငွေရရှိမှုအပေါ် အသုံးစရိတ်သုံးစွဲပြီး ပိုလျံငွေ ၇၆၉၁ ဒဿမ ၈၀၁ သန်းရှိပေမဲ့ နိုင်ငံတော်ကို အခွန်ပေးဆောင်ထားခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

စာရင်းစစ်ချုပ် အစီရင်ခံစာထဲမှာတော့ YRTA ဟာ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်းပေါင်း ၉၄၈၇ ဒဿမ ၇၈၅ သန်းရရှိခဲ့ပါတယ်။ အဲ့ဒီအထဲကမှ သုံးစွဲငွေ ကျပ်သန်းပေါင်း ၁၉၇၆ ဒဿမ ၁၈၄ သန်း သုံးစွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတင်း၊ ရိုက်ကူး – ကျော်သက်အောင်/ စံတော်ချိန်

-Ads-
-Ads-