ဝုဗ္ကိုႏိုင္ရန္ ရက္ရွ္ဖို႔ဒ္ကိုလူစားဝင္ခိုင္းခဲ့ရာမွ ဒဏ္ရာရခဲ့၍ ဆိုးရွားေနာင္တရ လီဗာပူးႏွင့္ပြဲတြင္ ရက္ရွ္ဖို႔ဒ္ပါဝင္ႏိုင္ျခင္းမရွိမည္ကို စိုးရိမ္တႀကီးျဖစ္ေနရဟုဆို

မန္ယူနည္းျပဆိုးရွားသည္ ဇန္နဝါရီ ၁၅ ရက္ညက ဝုဗ္ႏွင့္ကစားခဲ့ရေသာ အက္ဖ္ေအဖလား ျပန္ကန္ပြဲစဥ္၌ အဓိကတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကို အရန္စာရင္းတြင္သာ ထားရွိခဲ့ေသာ္လည္း ဒုတိယပိုင္းတြင္ လူစားဝင္ကစားခိုင္းခဲ့ရာမွ ေက်ာဒဏ္ရာရသြားသည့္အတြက္ မိမိဆုံးျဖတ္ခ်က္မွားယြင္းခဲ့ေၾကာင္း ဝန္ခံေျပာၾကားသြားခဲ့သည္။

မန္ယူအသင္းသည္ ဝုဗ္ႏွင့္ပထမအေက်ာ့တြင္ ဂိုးမရွိသေရက်ခဲ့သည့္အတြက္ အိုးထရက္ဖို႔ဒ္ကြင္းတြင္ျပန္ကန္ပြဲကစားရျခင္းျဖစ္ကာ ဒုတိယပိုင္း ဂိုးမရွိသေရက်ေနခ်ိန္ လင္ဂတ္အစား လူစားဝင္ကစားခိုင္ခဲ့ျခင္းျဖစ္သည္။ ရက္ရွ္ဖို႔ဒ္သည္ ယခုရာသီတြင္ ေက်ာဒဏ္ရာ မၾကာခဏရရွိေနသျဖင့္ ၿပီးခဲ့သည့္ ေနာ္ဝစ္ခ္်ႏွင့္ပြဲတြင္လည္း လူစားလဲၿပီး အနားေပးခဲ့သလို လာမည့္ ဇန္နဝါရီ ၁၉ ရက္၌ လီဗာပူးႏွင့္ အေရးအႀကီးဆုံးပြဲကစားရမည္ျဖစ္သည့္အတြက္ အရန္စာရင္းတြင္သာ ထားခဲ့သည့္ၾကားမွႏိုင္ပြဲရရွိေစရန္လိုအပ္သျဖင့္ လူစားဝင္ကစားခိုင္းခဲ့ရာမွ ဝုဗ္အသင္းမွ မတ္ဒိုဟာတီႏွင့္ ထိခိုက္မိျခင္းေၾကာင့္ ၁၅ မိနစ္သာကစားရၿပီး ျပန္လည္ထြက္ခြာခဲ့ရျခင္းျဖစ္သည္။

ဆိုးရွားက ‘ကၽြန္ေတာ္ ဒီေန႔ပြဲမွာ သူ႕ကိုလန္းဆန္းေနေစဖို႔အတြက္ အရန္စာရင္းမွာပဲထည့္သြင္းခဲ့တာပါ။ ဒါေပမဲ့လည္း ႏိုင္ဖို႔လိုအပ္တာေၾကာင့္ လူစားဝင္ကစားခိုင္းခဲ့မိလို႔ အကင္းမေသးတဲ့ ေက်ာဒဏ္ရာေတြထဲမွာ ေနာက္ထပ္ဒဏ္ရာတစ္ခုထပ္တိုးသြားရတယ္။ လီဗာပူးနဲ႔ေနာက္ကစားရမယ့္ပြဲအတြက္ သူမပါႏိုင္မွာကို စိုးရိမ္ေနပါၿပီ။ တစ္ဖက္ကစားသမားရဲ႕ ဒူးနဲ႔ထိမိတာလို႔ထင္တယ္။ ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီ အသင္းအတြက္ အေကာင္းဆုံးကစားေပးေနႏိုင္သူျဖစ္လို႔ သူအခ်ိန္မီျပန္ကစားႏိုင္ေအာင္ အစြမ္းကုန္ႀကိဳးစားမွာပါ။ ရက္ရွ္ဖို႔ဒ္ဟာ ဒဏ္ရာေပ်ာက္ကင္းႏႈန္းျမန္တဲ့ကစားသမားပါ။ သူနာက်င္မႈတခ်ိဳ႕ရွိေနခဲ့ရင္ေတာင္ ကစားႏိုင္ရင္ ေနာက္ပြဲထုတ္သုံးသြားရမွာပဲ’ ဟု ေျပာသြားခဲ့သည္။

-Ads-
-Ads-

ရက္ရွ္ဖို႔ဒ္သည္ ယခုရာသီတြင္ မန္ယူအသင္းအတြက္ ဂိုးအမ်ားဆုံးသြင္းေပးထားသူျဖစ္ကာ ၿပိဳင္ပြဲအရပ္ရပ္တြင္ ၁၉ ဂိုးသြင္းထားႏိုင္သည္။ ရက္ရွ္ဖို႔ဒ္ကိုယ္တိုင္ကလည္း ဒဏ္ရာေၾကာင့္ ကြင္းတြင္းမွထြက္ခဲ့ရ၍ အသင္းေဖာ္မ်ားအတြက္ စိတ္ခံစားမႈျဖစ္ရေၾကာင္း၊ဆက္ကစားေပးခ်င္ေသာ္လည္း လမ္းမေလၽွာက္ႏိုင္ေတာ့၍ ထြက္ခဲ့ရသည္ဟု တြစ္တာတြင္ ေရးတင္ခဲ့သည္။

ထိုပြဲတြင္ မာတာ၏ ပြဲခ်ိန္ ၆၇ မိနစ္သြင္းဂိုးျဖင့္ မန္ယူအႏိုင္ရရွိခဲ့ၿပီး ထိုဂိုးကိုလူကၽြံမကၽြံ ဗီေအအာရ္ၾကည့္ၿပီးမွ ဂိုးေပးခဲ့ကာ ပြဲအစပိုင္း ပီဒ႐ိုနက္တို၏ ဝုဗ္အတြက္သြင္းယူေသာဂိုးကိုမူ ဂ်ီမီးနက္ဇ္လူကၽြံသည္ဟုဆုံးျဖတ္ကာ ျငင္းပယ္ခဲ့သည္။ ပထမအေက်ာ့ကလည္း ဝုဗ္ဘက္မွ ဒိုဟာတီေခါင္းတိုက္ဂိုးကို လက္ထိေဘာသတ္မွတ္ခဲ့သည့္အတြက္ ဝုဗ္နည္းျပ အက္စ္ပရစ္တိုဆန္းတို႔စ္က စိတ္ပ်က္မိသည္ဟု ေဝဖန္ခဲ့သည္။

(Unicode Version)

ဝုဗ်ကိုနိုင်ရန် ရက်ရှ်ဖို့ဒ်ကိုလူစားဝင်ခိုင်းခဲ့ရာမှ ဒဏ်ရာရခဲ့၍ ဆိုးရှားနောင်တရ လီဗာပူးနှင့်ပွဲတွင် ရက်ရှ်ဖို့ဒ်ပါဝင်နိုင်ခြင်းမရှိမည်ကို စိုးရိမ်တကြီးဖြစ်နေရဟုဆို

မန်ယူနည်းပြဆိုးရှားသည် ဇန်နဝါရီ ၁၅ ရက်ညက ဝုဗ်နှင့်ကစားခဲ့ရသော အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်၌ အဓိကတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အရန်စာရင်းတွင်သာ ထားရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် လူစားဝင်ကစားခိုင်းခဲ့ရာမှ ကျောဒဏ်ရာရသွားသည့်အတွက် မိမိဆုံးဖြတ်ချက်မှားယွင်းခဲ့ကြောင်း ဝန်ခံပြောကြားသွားခဲ့သည်။

မန်ယူအသင်းသည် ဝုဗ်နှင့်ပထမအကျော့တွင် ဂိုးမရှိသရေကျခဲ့သည့်အတွက် အိုးထရက်ဖို့ဒ်ကွင်းတွင်ပြန်ကန်ပွဲကစားရခြင်းဖြစ်ကာ ဒုတိယပိုင်း ဂိုးမရှိသရေကျနေချိန် လင်ဂတ်အစား လူစားဝင်ကစားခိုင်ခဲ့ခြင်းဖြစ်သည်။ ရက်ရှ်ဖို့ဒ်သည် ယခုရာသီတွင် ကျောဒဏ်ရာ မကြာခဏရရှိနေသဖြင့် ပြီးခဲ့သည့် နော်ဝစ်ခ်ျနှင့်ပွဲတွင်လည်း လူစားလဲပြီး အနားပေးခဲ့သလို လာမည့် ဇန်နဝါရီ ၁၉ ရက်၌ လီဗာပူးနှင့် အရေးအကြီးဆုံးပွဲကစားရမည်ဖြစ်သည့်အတွက် အရန်စာရင်းတွင်သာ ထားခဲ့သည့်ကြားမှနိုင်ပွဲရရှိစေရန်လိုအပ်သဖြင့် လူစားဝင်ကစားခိုင်းခဲ့ရာမှ ဝုဗ်အသင်းမှ မတ်ဒိုဟာတီနှင့် ထိခိုက်မိခြင်းကြောင့် ၁၅ မိနစ်သာကစားရပြီး ပြန်လည်ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

ဆိုးရှားက ‘ကျွန်တော် ဒီနေ့ပွဲမှာ သူ့ကိုလန်းဆန်းနေစေဖို့အတွက် အရန်စာရင်းမှာပဲထည့်သွင်းခဲ့တာပါ။ ဒါပေမဲ့လည်း နိုင်ဖို့လိုအပ်တာကြောင့် လူစားဝင်ကစားခိုင်းခဲ့မိလို့ အကင်းမသေးတဲ့ ကျောဒဏ်ရာတွေထဲမှာ နောက်ထပ်ဒဏ်ရာတစ်ခုထပ်တိုးသွားရတယ်။ လီဗာပူးနဲ့နောက်ကစားရမယ့်ပွဲအတွက် သူမပါနိုင်မှာကို စိုးရိမ်နေပါပြီ။ တစ်ဖက်ကစားသမားရဲ့ ဒူးနဲ့ထိမိတာလို့ထင်တယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ အသင်းအတွက် အကောင်းဆုံးကစားပေးနေနိုင်သူဖြစ်လို့ သူအချိန်မီပြန်ကစားနိုင်အောင် အစွမ်းကုန်ကြိုးစားမှာပါ။ ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာပျောက်ကင်းနှုန်းမြန်တဲ့ကစားသမားပါ။ သူနာကျင်မှုတချို့ရှိနေခဲ့ရင်တောင် ကစားနိုင်ရင် နောက်ပွဲထုတ်သုံးသွားရမှာပဲ’ ဟု ပြောသွားခဲ့သည်။

ရက်ရှ်ဖို့ဒ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ဂိုးအများဆုံးသွင်းပေးထားသူဖြစ်ကာ ပြိုင်ပွဲအရပ်ရပ်တွင် ၁၉ ဂိုးသွင်းထားနိုင်သည်။ ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ဒဏ်ရာကြောင့် ကွင်းတွင်းမှထွက်ခဲ့ရ၍ အသင်းဖော်များအတွက် စိတ်ခံစားမှုဖြစ်ရကြောင်း၊ဆက်ကစားပေးချင်သော်လည်း လမ်းမလျှောက်နိုင်တော့၍ ထွက်ခဲ့ရသည်ဟု တွစ်တာတွင် ရေးတင်ခဲ့သည်။

ထိုပွဲတွင် မာတာ၏ ပွဲချိန် ၆၇ မိနစ်သွင်းဂိုးဖြင့် မန်ယူအနိုင်ရရှိခဲ့ပြီး ထိုဂိုးကိုလူကျွံမကျွံ ဗီအေအာရ်ကြည့်ပြီးမှ ဂိုးပေးခဲ့ကာ ပွဲအစပိုင်း ပီဒရိုနက်တို၏ ဝုဗ်အတွက်သွင်းယူသောဂိုးကိုမူ ဂျီမီးနက်ဇ်လူကျွံသည်ဟုဆုံးဖြတ်ကာ ငြင်းပယ်ခဲ့သည်။ ပထမအကျော့ကလည်း ဝုဗ်ဘက်မှ ဒိုဟာတီခေါင်းတိုက်ဂိုးကို လက်ထိဘောသတ်မှတ်ခဲ့သည့်အတွက် ဝုဗ်နည်းပြ အက်စ်ပရစ်တိုဆန်းတို့စ်က စိတ်ပျက်မိသည်ဟု ဝေဖန်ခဲ့သည်။

-Ads-
-Ads-