တ႐ုတ္ႏိုင္ငံမွ ထူးဆန္းေသာတုပ္ေကြးေရာဂါ ဂ်ပန္အမ်ိဳးသားတစ္ဦးတြင္ ေတြ႕ရွိ

တ႐ုတ္ႏိုင္ငံ ဝူဟန္ျပည္နယ္သို႔အလည္အပတ္သြားေရာက္ခဲ့သူ ဂ်ပန္အမ်ိဳးသားတစ္ဦးတြင္ ထူးဆန္းသည့္တုပ္ေကြးေရာဂါကူးစက္မႈကို စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း ဂ်ပန္က်န္းမာေရးဝန္ႀကီးဌာနက ေျပာသည္။

တ႐ုတ္ႏိုင္ငံ ကုန္းတြင္းပိုင္းၿမိဳ႕ျဖစ္သည့္ ဝူဟန္တြင္ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ပြားပုံရေသာ ထူးဆန္းသည့္ တုပ္ေကြးေရာဂါ ျဖစ္ပြားလ်က္ရွိသည္။ ယင္းေရာဂါသည္ ဂ်ပန္ႏိုင္ငံ၌ ေတြ႕ရွိျခင္းကို ပထမဆုံးအႀကိမ္ အတည္ျပဳခဲ့ျခင္းျဖစ္သည္။

တိုက်ိဳအနီး ကာနာဂါဝါျပည္နယ္တြင္ ေနထိုင္သည့္ အသက္ (၃၀) အ႐ြယ္အမ်ိဳးသားမွာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕၌ ဇန္နဝါရီ ၃ ရက္က ဖ်ားနာျခင္းျဖစ္ပြားခဲ့ေၾကာင္း ဂ်ပန္က်န္းမာေရးဝန္ႀကီးဌာနကေျပာသည္။

-Ads-
-Ads-

အဆိုပါအမ်ိဳးသားသည္ ဂ်ပန္ႏိုင္ငံသို႔ ေျခာက္ႀကိမ္ေျမာက္ျပန္လာခဲ့ျခင္းျဖစ္ၿပီး ဆရာဝန္ႏွင့္ျပသၿပီးေနာက္ ေဆး႐ုံတက္ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။

၎အား ကူးစက္ေရာဂါမ်ားဆိုင္ရာ အမ်ိဳးသားအင္စတီက်ဳက စမ္းသပ္မႈမ်ားျပဳလုပ္ခဲ့ၿပီး ထူးဆန္းသည့္ တုပ္ေကြးေရာဂါသစ္ကို ေတြ႕ရွိခဲ့သည္။ လက္ရွိတြင္ အဆိုပါအမ်ိဳးသားမွာ ျပန္လည္က်န္းမာလာၿပီျဖစ္ကာ ဇန္နဝါရီ ၁၅ ရက္တြင္ ေဆး႐ုံမွဆင္းသြားၿပီျဖစ္ေၾကာင္း က်န္းမာေရးတာဝန္ရွိသူမ်ားကေျပာသည္။

(Unicode Version)

တရုတ်နိုင်ငံမှ ထူးဆန်းသောတုပ်ကွေးရောဂါ ဂျပန်အမျိုးသားတစ်ဦးတွင် တွေ့ရှိ

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်သို့အလည်အပတ်သွားရောက်ခဲ့သူ ဂျပန်အမျိုးသားတစ်ဦးတွင် ထူးဆန်းသည့်တုပ်ကွေးရောဂါကူးစက်မှုကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းမြို့ဖြစ်သည့် ဝူဟန်တွင် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားပုံရသော ထူးဆန်းသည့် တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည်။ ယင်းရောဂါသည် ဂျပန်နိုင်ငံ၌ တွေ့ရှိခြင်းကို ပထမဆုံးအကြိမ် အတည်ပြုခဲ့ခြင်းဖြစ်သည်။

တိုကျိုအနီး ကာနာဂါဝါပြည်နယ်တွင် နေထိုင်သည့် အသက် (၃၀) အရွယ်အမျိုးသားမှာ တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဇန်နဝါရီ ၃ ရက်က ဖျားနာခြင်းဖြစ်ပွားခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

အဆိုပါအမျိုးသားသည် ဂျပန်နိုင်ငံသို့ ခြောက်ကြိမ်မြောက်ပြန်လာခဲ့ခြင်းဖြစ်ပြီး ဆရာဝန်နှင့်ပြသပြီးနောက် ဆေးရုံတက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

၎င်းအား ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားအင်စတီကျုက စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ထူးဆန်းသည့် တုပ်ကွေးရောဂါသစ်ကို တွေ့ရှိခဲ့သည်။ လက်ရှိတွင် အဆိုပါအမျိုးသားမှာ ပြန်လည်ကျန်းမာလာပြီဖြစ်ကာ ဇန်နဝါရီ ၁၅ ရက်တွင် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများကပြောသည်။

-Ads-
-Ads-