အဆိုေတာ္ အိုင္ရင္းဇင္မာျမင့္ႏွင့္ေတြ႕ဆုံျခင္း

“One Lady Show ေလးကို ျပည့္ျပည့္ဝဝ တင္ဆက္တာမ်ိဳးလုပ္ခ်င္တယ္”

အဆိုေတာ္ အိုင္ရင္းဇင္မာျမင့္ႏွင့္ ေတြ႕ဆုံခိုက္ ဂီတလႈပ္ရွားမႈ၊ One Lady Show ႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားႏွင့္စပ္လ်ဥ္း၍ သိလိုသမၽွ ေမးျမန္းေဖာ္ျပေပးလိုက္ပါသည္။

ေမး – လတ္တေလာ သီခ်င္းအသစ္ေလးေတြ လုပ္ေနတာ ရွိမလား။

-Ads-
-Ads-

ေျဖ – သီခ်င္းအသစ္ေလးကေတာ့ လုပ္ၿပီးသြားၿပီ။ အခု Mixing ဆြဲေနတယ္။ Music Video ေလးကိုေတာ့ ပုံေဖာ္ႏိုင္ေအာင္ႀကိဳးစားမယ္။ အကယ္၍ Music Video မထြက္ျဖစ္ရင္လည္း သီခ်င္းေလးေတာ့ တင္ေပးျဖစ္မွာပါ။

ေမး – ဗယ္လင္တိုင္းေဒး နီးလာၿပီဆိုေတာ့ သီခ်င္းေလးေတြ တင္ေပးျဖစ္ဦးမလား။

ေျဖ – သီခ်င္းေလးတစ္ပုဒ္ေတာ့ တင္ေပးဖို႔ရွိတယ္။ ဘယ္လိုသီခ်င္းေလးျဖစ္မယ္ဆိုတာေတာ့ ႀကိဳမေျပာခ်င္ေသးဘူး။ ဗယ္လင္တိုင္းေဒးနဲ႔ ကိုက္ညီမႈရွိတဲ့သီခ်င္းေလးပဲျဖစ္မွာပါ။

ေမး – One Lady Show ေကာ ဒီႏွစ္ထဲမွာ လုပ္ဖို႔ရွိေသးလား။

ေျဖ – ၂၀၂၀ ျပည့္ႏွစ္ထဲမွာေတာ့ One Lady Show ေလးကို ျပည့္ျပည့္၀၀ တင္ဆက္တာမ်ိဳးလုပ္ခ်င္တယ္။ အိုင္ရင္းမွာရွိတဲ့ သီခ်င္းအေနအထားအရဆိုရင္ေတာ့ One Lady Show က လုပ္လို႔ ရသေလာက္ျဖစ္ေနၿပီ။ ဒါေပမဲ့ ကိုယ္တိုင္ဆိုႏိုင္ဖို႔ ကိုယ့္ဘာသာကိုယ္ပဲ ႀကိဳးစားရမွာပါ။ အစီအစဥ္တစ္ခုလုံးကို ကိုယ့္ဘာသာကိုယ္စီစဥ္ၿပီးလုပ္ရမွာပါ။ သီခ်င္းအေနနဲ႔ကေတာ့ လုပ္ဖို႔ ျပည့္ေနၿပီ။ အဘက္ဘက္က ကိုယ္လုပ္ႏိုင္မလား၊ ကိုယ့္ကို ကူညီေပးမယ့္သူေကာ ရွိလာႏိုင္မလား ဒါေလးေတြပဲ ခ်ိန္ရမွာပါ။ One Lady Show ကေတာ့ လုပ္သင့္ေနၿပီ။ လုပ္လည္းလုပ္ခ်င္ေနပါၿပီ။

ေမး – သီခ်င္းတစ္ပုဒ္ခ်င္းစီထြက္တာ သိပ္မရွိဘူးေနာ္။ အယ္လ္ဘမ္အလိုက္ပဲ ထြက္ျဖစ္တာကေကာ ဘာေၾကာင့္လဲ။

ေျဖ – ဟုတ္တယ္။ တစ္ပုဒ္ခ်င္းစီလုပ္တာရွားတယ္။ ၁၀ ခါ တစ္ခါေလာက္ပဲလုပ္ျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္အသက္ႀကီးလာတဲ့အခါ အယ္လ္ဘမ္ေလးကပဲ ကိုယ့္ရဲ႕မွတ္တိုင္အေနနဲ႔ က်န္ခဲ့မွာပါ။ အိုင္ရင္းရဲ႕ေနာက္က မ်ိဳးဆက္သစ္ေတြကို ဘယ္ႏွစ္ေခြေလာက္ေတာ့ ထြက္ေပးထားတယ္။ ဘယ္ႏွစ္ေခြကျဖင့္ မွတ္တိုင္ေလးျဖစ္ခဲ့ပါတယ္ဆိုတာကို အမွတ္တရအေနနဲ႔ ထားခဲ့ခ်င္လို႔ပါ။

ေမး – သီခ်င္းဘက္ကို တစိုက္မတ္မတ္လုပ္ေနတာကို ေတြ႕ရတယ္။ သ႐ုပ္ေဆာင္အေနနဲ႔ေကာ အရင္တုန္းကလုပ္ခဲ့တာရွိလား။

ေျဖ – ရွိတယ္။ ဇာတ္ကားတစ္ကားေတာ့ ႐ိုက္ခဲ့ဖူးတယ္။ ဒါေပမဲ့ ကိုယ္မႏိုင္ဘူးထင္လို႔ အဲဒီဘက္ကိုမလုပ္ျဖစ္တာပါ။ ကိုယ့္သီခ်င္းေတြမွာ သ႐ုပ္ေဆာင္တာကေတာ့ ကိုယ့္သီခ်င္းျဖစ္ေတာ့ ကိုယ့္ခံစားခ်က္ထည့္လို႔ရတယ္။ ကိုယ့္သီခ်င္းေလးက အေဆြးသီခ်င္းေလးဆိုရင္ ကိုယ္လည္းေဆြးသြားတာပဲ။ အမွန္အတိုင္းေျပာရင္ေတာ့ အသက္(၁၇)ႏွစ္ ေက်ာ္ေက်ာ္ေလာက္နဲ႔ ဒီေလာကထဲကို ေရာက္ခဲ့တာဆိုေတာ့ ကေလးစိတ္လည္းရွိတယ္။ အလုပ္မ်ားတဲ့ Stress ကို သိပ္မခံႏိုင္ခဲ့တာလည္းပါတယ္။ ဇာတ္ကားတစ္ကားပဲ ႐ိုက္ခဲ့ဖူးတာပါ။ ပရိသတ္ေတြေတာင္ သိပ္မသိလိုက္ပါဘူး။ ဒါကေတာ့ အခုမွႀကဳံလို႔ အထုပ္ေျဖျပလိုက္တဲ့သေဘာပါ။ တခ်ိဳ႕လည္း အဆိုေရာ၊ သ႐ုပ္ေဆာင္ပါလုပ္ႏိုင္တဲ့ အႏုပညာရွင္ေတြကို ေတြ႕ေတာ့လည္း ေတာ္လိုက္တာဆိုတာမ်ိဳး ေတြးမိတယ္။ ကိုယ့္အလွည့္တုန္းကေတာ့ ပ်င္းေနတာနဲ႔ပဲ မလုပ္ျဖစ္ခဲ့ဘူး။

ေမး – အဲဒီဇာတ္ကားမွာေကာ ဘယ္လိုကာ႐ိုက္တာမ်ိဳးေလး ပါဝင္ခဲ့တာလဲ။

ေျဖ – ေတာ္ေတာ္ေတာင္ၾကာၿပီ။ သိပ္ေတာင္မမွတ္မိေတာ့ဘူး။ စာေမးပြဲေျဖေနရင္းနဲ႔႐ိုက္တာ။ ၿပီးေတာ့ ခက္ခက္ခဲခဲ ဂ်က္မ ေနရာက သ႐ုပ္ေဆာင္ရတာပါ။ ဂ်က္မေတာင္ ႐ိုး႐ိုးဂ်က္မ မဟုတ္ဘူး။ စားေသာက္ဆိုင္မွာ သီခ်င္းဆိုတဲ့ CID က ဂ်က္မေနရာက လုပ္ခဲ့ရတာ။ ကိုယ္က လူဆိုးေတြကို ေဖာ္ထုတ္တဲ့သူေပါ့ေလ။ လူဆိုးေတြကို ကိုယ္က သေဘၤာေပၚမွာဖမ္းတာ။ သူတို႔က သေဘၤာေပၚမွာ ထြက္ေျပးေနၿပီ။ ကိုယ္က သေဘၤာေပၚတက္ၿပီး သူတို႔ကိုဖမ္းတဲ့ သူေပါ့ေလ။ အဲဒီေလာက္ပဲ မွတ္မိေတာ့တယ္။ ေတာ္ေတာ္လည္းၾကာပါၿပီ။

ေမး – အားေပးေနတဲ့ ပရိသတ္ေတြကို ဘာေျပာခ်င္ေသးလဲ။

ေျဖ – သီခ်င္းနဲ႔ပတ္သက္ရင္ေတာ့ ေဖေဖာ္ဝါရီလမွာ သီခ်င္းေလးတစ္ပုဒ္ထြက္ဖို႔ႀကိဳးစားေနတယ္။ နားဆင္အားေပးပါဦး။ ငါးေခြေျမာက္ အယ္လ္ဘမ္ေလးလည္း ထြက္ဖို႔ႀကိဳးစားေနတယ္။ အားေပးပါဦးလို႔ ေျပာခ်င္ပါတယ္။

ႏွင္းစုမြန္ေတြ႕ဆုံသည္
ဓာတ္ပုံ – အိုင္ရင္းဇင္မာျမင့္ ေဖ့စ္ဘြတ္ခ္

(Unicode Version)

အဆိုတော် အိုင်ရင်းဇင်မာမြင့်နှင့်တွေ့ဆုံခြင်း

“One Lady Show လေးကို ပြည့်ပြည့်ဝဝ တင်ဆက်တာမျိုးလုပ်ချင်တယ်”

အဆိုတော် အိုင်ရင်းဇင်မာမြင့်နှင့် တွေ့ဆုံခိုက် ဂီတလှုပ်ရှားမှု၊ One Lady Show နှင့်ပတ်သက်သည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိလိုသမျှ မေးမြန်းဖော်ပြပေးလိုက်ပါသည်။

မေး – လတ်တလော သီချင်းအသစ်လေးတွေ လုပ်နေတာ ရှိမလား။

ဖြေ – သီချင်းအသစ်လေးကတော့ လုပ်ပြီးသွားပြီ။ အခု Mixing ဆွဲနေတယ်။ Music Video လေးကိုတော့ ပုံဖော်နိုင်အောင်ကြိုးစားမယ်။ အကယ်၍ Music Video မထွက်ဖြစ်ရင်လည်း သီချင်းလေးတော့ တင်ပေးဖြစ်မှာပါ။

မေး – ဗယ်လင်တိုင်းဒေး နီးလာပြီဆိုတော့ သီချင်းလေးတွေ တင်ပေးဖြစ်ဦးမလား။

ဖြေ – သီချင်းလေးတစ်ပုဒ်တော့ တင်ပေးဖို့ရှိတယ်။ ဘယ်လိုသီချင်းလေးဖြစ်မယ်ဆိုတာတော့ ကြိုမပြောချင်သေးဘူး။ ဗယ်လင်တိုင်းဒေးနဲ့ ကိုက်ညီမှုရှိတဲ့သီချင်းလေးပဲဖြစ်မှာပါ။

မေး – One Lady Show ကော ဒီနှစ်ထဲမှာ လုပ်ဖို့ရှိသေးလား။

ဖြေ – ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ One Lady Show လေးကို ပြည့်ပြည့်၀၀ တင်ဆက်တာမျိုးလုပ်ချင်တယ်။ အိုင်ရင်းမှာရှိတဲ့ သီချင်းအနေအထားအရဆိုရင်တော့ One Lady Show က လုပ်လို့ ရသလောက်ဖြစ်နေပြီ။ ဒါပေမဲ့ ကိုယ်တိုင်ဆိုနိုင်ဖို့ ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားရမှာပါ။ အစီအစဉ်တစ်ခုလုံးကို ကိုယ့်ဘာသာကိုယ်စီစဉ်ပြီးလုပ်ရမှာပါ။ သီချင်းအနေနဲ့ကတော့ လုပ်ဖို့ ပြည့်နေပြီ။ အဘက်ဘက်က ကိုယ်လုပ်နိုင်မလား၊ ကိုယ့်ကို ကူညီပေးမယ့်သူကော ရှိလာနိုင်မလား ဒါလေးတွေပဲ ချိန်ရမှာပါ။ One Lady Show ကတော့ လုပ်သင့်နေပြီ။ လုပ်လည်းလုပ်ချင်နေပါပြီ။

မေး – သီချင်းတစ်ပုဒ်ချင်းစီထွက်တာ သိပ်မရှိဘူးနော်။ အယ်လ်ဘမ်အလိုက်ပဲ ထွက်ဖြစ်တာကကော ဘာကြောင့်လဲ။

ဖြေ – ဟုတ်တယ်။ တစ်ပုဒ်ချင်းစီလုပ်တာရှားတယ်။ ၁၀ ခါ တစ်ခါလောက်ပဲလုပ်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အသက်ကြီးလာတဲ့အခါ အယ်လ်ဘမ်လေးကပဲ ကိုယ့်ရဲ့မှတ်တိုင်အနေနဲ့ ကျန်ခဲ့မှာပါ။ အိုင်ရင်းရဲ့နောက်က မျိုးဆက်သစ်တွေကို ဘယ်နှစ်ခွေလောက်တော့ ထွက်ပေးထားတယ်။ ဘယ်နှစ်ခွေကဖြင့် မှတ်တိုင်လေးဖြစ်ခဲ့ပါတယ်ဆိုတာကို အမှတ်တရအနေနဲ့ ထားခဲ့ချင်လို့ပါ။

မေး – သီချင်းဘက်ကို တစိုက်မတ်မတ်လုပ်နေတာကို တွေ့ရတယ်။ သရုပ်ဆောင်အနေနဲ့ကော အရင်တုန်းကလုပ်ခဲ့တာရှိလား။

ဖြေ – ရှိတယ်။ ဇာတ်ကားတစ်ကားတော့ ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကိုယ်မနိုင်ဘူးထင်လို့ အဲဒီဘက်ကိုမလုပ်ဖြစ်တာပါ။ ကိုယ့်သီချင်းတွေမှာ သရုပ်ဆောင်တာကတော့ ကိုယ့်သီချင်းဖြစ်တော့ ကိုယ့်ခံစားချက်ထည့်လို့ရတယ်။ ကိုယ့်သီချင်းလေးက အဆွေးသီချင်းလေးဆိုရင် ကိုယ်လည်းဆွေးသွားတာပဲ။ အမှန်အတိုင်းပြောရင်တော့ အသက်(၁၇)နှစ် ကျော်ကျော်လောက်နဲ့ ဒီလောကထဲကို ရောက်ခဲ့တာဆိုတော့ ကလေးစိတ်လည်းရှိတယ်။ အလုပ်များတဲ့ Stress ကို သိပ်မခံနိုင်ခဲ့တာလည်းပါတယ်။ ဇာတ်ကားတစ်ကားပဲ ရိုက်ခဲ့ဖူးတာပါ။ ပရိသတ်တွေတောင် သိပ်မသိလိုက်ပါဘူး။ ဒါကတော့ အခုမှကြုံလို့ အထုပ်ဖြေပြလိုက်တဲ့သဘောပါ။ တချို့လည်း အဆိုရော၊ သရုပ်ဆောင်ပါလုပ်နိုင်တဲ့ အနုပညာရှင်တွေကို တွေ့တော့လည်း တော်လိုက်တာဆိုတာမျိုး တွေးမိတယ်။ ကိုယ့်အလှည့်တုန်းကတော့ ပျင်းနေတာနဲ့ပဲ မလုပ်ဖြစ်ခဲ့ဘူး။

မေး – အဲဒီဇာတ်ကားမှာကော ဘယ်လိုကာရိုက်တာမျိုးလေး ပါဝင်ခဲ့တာလဲ။

ဖြေ – တော်တော်တောင်ကြာပြီ။ သိပ်တောင်မမှတ်မိတော့ဘူး။ စာမေးပွဲဖြေနေရင်းနဲ့ရိုက်တာ။ ပြီးတော့ ခက်ခက်ခဲခဲ ဂျက်မ နေရာက သရုပ်ဆောင်ရတာပါ။ ဂျက်မတောင် ရိုးရိုးဂျက်မ မဟုတ်ဘူး။ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ CID က ဂျက်မနေရာက လုပ်ခဲ့ရတာ။ ကိုယ်က လူဆိုးတွေကို ဖော်ထုတ်တဲ့သူပေါ့လေ။ လူဆိုးတွေကို ကိုယ်က သင်္ဘောပေါ်မှာဖမ်းတာ။ သူတို့က သင်္ဘောပေါ်မှာ ထွက်ပြေးနေပြီ။ ကိုယ်က သင်္ဘောပေါ်တက်ပြီး သူတို့ကိုဖမ်းတဲ့ သူပေါ့လေ။ အဲဒီလောက်ပဲ မှတ်မိတော့တယ်။ တော်တော်လည်းကြာပါပြီ။

မေး – အားပေးနေတဲ့ ပရိသတ်တွေကို ဘာပြောချင်သေးလဲ။

ဖြေ – သီချင်းနဲ့ပတ်သက်ရင်တော့ ဖေဖော်ဝါရီလမှာ သီချင်းလေးတစ်ပုဒ်ထွက်ဖို့ကြိုးစားနေတယ်။ နားဆင်အားပေးပါဦး။ ငါးခွေမြောက် အယ်လ်ဘမ်လေးလည်း ထွက်ဖို့ကြိုးစားနေတယ်။ အားပေးပါဦးလို့ ပြောချင်ပါတယ်။

နှင်းစုမွန်တွေ့ဆုံသည်
ဓာတ်ပုံ – အိုင်ရင်းဇင်မာမြင့် ဖေ့စ်ဘွတ်ခ်

-Ads-
-Ads-