အဆိုေတာ္ဇြဲျပည့္ႏွင့္ ေတြ႕ဆုံျခင္း

“အေဖဆိုတဲ့ ခံစားခ်က္ကို ဘယ္လို ရင္ဆိုင္ရမလဲဆိုတာ နည္းနည္းလန္႔ေနတယ္”

အဆိုေတာ္ဇြဲျပည့္ႏွင့္ ေတြ႕ဆုံခိုက္ ဂီတလႈပ္ရွားမႈႏွင့္ ပတ္သက္သည့္အေၾကာင္း၊ အေခြအတြက္ ျပင္ဆင္ေနသည့္ အေၾကာင္းအရာမ်ားႏွင့္စပ္လ်ဥ္း၍ သိလိုသမၽွ ေမးျမန္းေဖာ္ျပေပးလိုက္ပါသည္ –

ေမး – အခုလတ္တေလာ ရန္ကုန္မွာ သိပ္မေတြ႕ရေတာ့ဘူးေနာ္။ နယ္ပြဲေတြပဲ သြားတာမ်ားေနတာလား။

-Ads-
-Ads-

ေျဖ – ဟုတ္တယ္။ နယ္ပြဲေတြပဲ ဆက္တိုက္လိုလို ျဖစ္ေနေတာ့ နယ္ပြဲေတြပဲသြားျဖစ္ေနလို႔ပါ။ ၾကားထဲမွာေတာ့ ေနာက္ထပ္တစ္ေခြထပ္လုပ္ဖို႔ရွိတယ္။ အေခြအတြက္ ရန္ကုန္ကို ျပန္လာရမယ္။ သြားလိုက္၊ လာလိုက္ လုပ္ရမွာေပါ့။ ရန္ကုန္လာရင္လည္း ပြဲတက္တာေတြ နည္းတဲ့အတြက္ေၾကာင့္ ကၽြန္ေတာ့္ကို သိပ္ၿပီးေတာ့ ျမင္ရခဲသလို ျဖစ္ေနတာပါ။

ေမး – မိသားစုအေျခအေနေလးနဲ႔ပတ္သက္ၿပီး ေျပာျပေပးပါဦး။

ေျဖ – ေအးေဆးပါပဲ။ ႏွစ္ေယာက္တည္း ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ေလး ျဖတ္သန္းေနပါတယ္။ ကၽြန္ေတာ့္အတြက္ အရမ္းႀကီး ေျပာင္းလဲသြားတာမ်ိဳးမျဖစ္ဘူး။ ကိုယ္တိုင္ေမၽွာ္လင့္ၿပီး ရည္႐ြယ္ထားတဲ့ Life တစ္ခုကို တည္ေထာင္ထားတာျဖစ္တဲ့အတြက္ အေျပာင္းအလဲသိပ္မျဖစ္ဘူး။ အဓိကက ကိုယ္ခ်စ္တဲ့သူ ကိုယ့္နားေလးမွာ ရွိလာတယ္။ သူခ်စ္တဲ့သူေတြလည္း သူ႕အနားေလးမွာ ရွိေနတယ္။ ႏွစ္ေယာက္ ကၽြန္းကိုင္းမွီ ကိုင္းကၽြန္းမွီသြားေနတဲ့အတြက္ အဆင္ေျပပါတယ္။ ေလးေလးပင္ပင္လည္း ျဖစ္မေနဘဲနဲ႔ အားလုံးေပါ့ေပါ့ပါးပါးနဲ႔ အဆင္ေျပပါတယ္။

ေမး – မတည္ၿမဲမႈေတြမ်ားေနတဲ့အခ်ိန္မွာ ကိုယ္ခ်စ္တဲ့သူနဲ႔ခိုင္မာတဲ့ အိမ္ေထာင္ေရးတစ္ခုကို တည္ေထာင္ႏိုင္တယ္ဆိုေတာ့ ဘယ္လို နားလည္မႈေတြယူထားလဲ။

ေျဖ – သမီးရည္းစားဘ၀မွာ ထိလြယ္၊ ရွလြယ္ အရမ္းမ်ားတယ္။ ထိလြယ္၊ ရွလြယ္ဖို႔က ရာခိုင္ႏႈန္း အရမ္းမ်ားတယ္။ သူတို႔မွာက ခ်စ္ျခင္းပဲရွိတယ္။ ခ်ည္ေႏွာင္ထားတဲ့ႀကိဳး မရွိဘူး။ ကၽြန္ေတာ္တို႔က အိမ္ေထာင္ျပဳလိုက္တာ ျဖစ္တဲ့အတြက္ ဘ၀က လုံး၀အေျပာင္းအလဲျဖစ္သြားၿပီ။ ရည္းစားဘ၀နဲ႔လုံး၀မတူဘဲ ေလးေလးပင္ပင္ ျဖစ္သြားတယ္။ ဘ၀ကလည္း ေလးေလးပင္ပင္ျဖစ္သြားတယ္။ သူနဲ႔အတူတူ ဘယ္အထိ ခရီးသြားမလဲ၊ ဘယ္အထိ ဆက္သြားမလဲေပါ့။ ေရရွည္စိတ္ထဲမွာ ႏွစ္ႏွစ္ကာကာခ်စ္ၿပီးေတာ့ တကယ္ႀကိဳက္ေနရင္ ျမန္ျမန္လက္ထပ္လိုက္ပါ။ လက္ထပ္ၿပီးရင္ ကိုယ္လုပ္ရမယ့္ ေနာက္ထပ္အလုပ္ေတြ ရွိတယ္။ အဲဒီအလုပ္ေတြအတြက္ လမ္းေၾကာင္းေတြထပ္ၿပီးေတာ့ ေပၚလာပါလိမ့္မယ္။

ေမး – ႏွစ္ေယာက္သား အျပန္အလွန္ယုံၾကည္မႈေတြ ဘယ္လိုမ်ိဳးတည္ေဆာက္ထားၾကတာလဲ။

ေျဖ – အဓိကကေတာ့ ကိုယ္တိုင္ ဘယ္လိုေနတယ္ဆိုတာကို သူ႕ကို သိေအာင္ျပထားတယ္။ ၿပီးရင္ အဆက္အသြယ္ေပါ့ေနာ္။ သူဘယ္ေနရာ ဘယ္အခ်ိန္ ဘယ္လိုဆက္သြယ္ ကိုယ့္ဘက္က အဆင္သင့္ျဖစ္ေနဖို႔လိုတယ္။ ကိုယ့္ရဲ႕ပုံစံကို သူ႕ကိုျပထားတယ္ဆိုရင္ ကိုယ္အၿမဲတမ္း ဘယ္ပဲသြားသြားသူယုံၾကည္ေနမွာပါ။

ေမး – အမ်ိဳးသမီးက အႏုပညာအလုပ္ေတြနဲ႔ပတ္သက္ၿပီး ဘယ္ေလာက္အထိနားလည္ေပးလဲ။

ေျဖ – အလုပ္လုပ္ေနတာျဖစ္တဲ့အတြက္ ေအးေဆးပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ Life အိမ္ေထာင္ေရးက အိမ္ေထာင္ေရး Life တစ္ခု၊ အႏုပညာက အႏုပညာ Life တစ္ခု ျဖစ္တယ္။ ႏွစ္ခုကခြဲထားသလို ျဖစ္တဲ့အတြက္ အႏုပညာအလုပ္လုပ္တဲ့အခ်ိန္မွာလည္း ကၽြန္ေတာ့္အမ်ိဳးသမီး လိုက္လာတာမ်ိဳးရွိပါတယ္။ သူ႕ဘက္ကလည္း နားလည္ေပးပါတယ္။

ေမး – ကေလးယူဖို႔ အစီအစဥ္ရွိလား။

ေျဖ – ရွိပါတယ္။ နည္းနည္းေတာ့လိုေသးတယ္။ အခုမွ ကၽြန္ေတာ္တို႔ အိမ္ေထာင္က်တာ ေျခာက္လပဲ ရွိေသးတယ္ဆိုေတာ့ အခ်ိန္ကို နည္းနည္းေစာင့္ေနတာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ဘ၀ထဲကို ကၽြန္ေတာ္တို႔ခ်စ္တဲ့သူ ေနာက္တစ္ေယာက္ ထပ္ေရာက္လာမယ္ဆိုတဲ့ အေဖဆိုတဲ့ခံစားခ်က္ႀကီးကို ဘယ္လိုရင္ဆိုင္ရဦးမလဲဆိုတာကိုလည္း နည္းနည္းလန္႔ေနတယ္။ တစ္ခုရွိတာက ေနာက္ထပ္တစ္ေယာက္ေရာက္လာမွာ ျဖစ္တဲ့အတြက္ သူ႕အတြက္ ကၽြန္ေတာ္တို႔ ဘာေတြကို ျပင္ဆင္ထားၿပီးၿပီလဲ။ သူ႕ရဲ႕ဘ၀အတြက္ ဘာေတြလုပ္ထားၿပီးၿပီလဲ။ အဲဒါေတြက အမ်ားႀကီး စဥ္းစားရေသးတယ္။ အဲဒါေၾကာင့္ နည္းနည္းေလး ခ်င့္ခ်ိန္ေနတာပါ။ ေနာက္ႏွစ္ေလာက္ဆိုရင္ေတာ့ ယူဖို႔ အစီအစဥ္ရွိပါတယ္။

ေမး – အေခြအတြက္ ျပင္ဆင္ေနတယ္ဆိုေတာ့ ဒီတစ္ခါဘယ္လိုပုံစံသီခ်င္းေလးေတြ ျမင္ေတြ႕ရဦးမလဲ။

ေျဖ – အရင္တုန္းက သီခ်င္းပုံစံေလးေတြပဲ ျပန္ပါမယ္။ ေနာက္ၿပီးေတာ့ ကိုကမၻာေရးေပးထားတဲ့ သီခ်င္းႏွစ္ပုဒ္ ထူးထူးျခားျခားက်န္ေသးတယ္။ အဲဒီႏွစ္ပုဒ္ပါမယ္။ ေနာက္ထပ္က်န္မယ့္ သီခ်င္းျမန္ျမန္ေလးေတြ၊ အသြက္ပုံစံေလးေတြလည္း ပါပါတယ္။

ေမး – အားေပးေနတဲ့ ပရိသတ္ေတြကို ဘာမ်ားေျပာခ်င္ေသးလဲ။

ေျဖ – အားေပးတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးအမ်ားႀကီးတင္တယ္။ ကၽြန္ေတာ့္ကိုလည္း ေရွ႕ဆက္ၿပီးေတာ့ အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္။

ဓာတ္ပုံ – ဇြဲျပည့္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

အဆိုတော်ဇွဲပြည့်နှင့် တွေ့ဆုံခြင်း

“အဖေဆိုတဲ့ ခံစားချက်ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ နည်းနည်းလန့်နေတယ်”

အဆိုတော်ဇွဲပြည့်နှင့် တွေ့ဆုံခိုက် ဂီတလှုပ်ရှားမှုနှင့် ပတ်သက်သည့်အကြောင်း၊ အခွေအတွက် ပြင်ဆင်နေသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိလိုသမျှ မေးမြန်းဖော်ပြပေးလိုက်ပါသည်-

မေး – အခုလတ်တလော ရန်ကုန်မှာ သိပ်မတွေ့ရတော့ဘူးနော်။ နယ်ပွဲတွေပဲ သွားတာများနေတာလား။

ဖြေ – ဟုတ်တယ်။ နယ်ပွဲတွေပဲ ဆက်တိုက်လိုလို ဖြစ်နေတော့ နယ်ပွဲတွေပဲသွားဖြစ်နေလို့ပါ။ ကြားထဲမှာတော့ နောက်ထပ်တစ်ခွေထပ်လုပ်ဖို့ရှိတယ်။ အခွေအတွက် ရန်ကုန်ကို ပြန်လာရမယ်။ သွားလိုက်၊ လာလိုက် လုပ်ရမှာပေါ့။ ရန်ကုန်လာရင်လည်း ပွဲတက်တာတွေ နည်းတဲ့အတွက်ကြောင့် ကျွန်တော့်ကို သိပ်ပြီးတော့ မြင်ရခဲသလို ဖြစ်နေတာပါ။

မေး – မိသားစုအခြေအနေလေးနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ – အေးဆေးပါပဲ။ နှစ်ယောက်တည်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်လေး ဖြတ်သန်းနေပါတယ်။ ကျွန်တော့်အတွက် အရမ်းကြီး ပြောင်းလဲသွားတာမျိုးမဖြစ်ဘူး။ ကိုယ်တိုင်မျှော်လင့်ပြီး ရည်ရွယ်ထားတဲ့ Life တစ်ခုကို တည်ထောင်ထားတာဖြစ်တဲ့အတွက် အပြောင်းအလဲသိပ်မဖြစ်ဘူး။ အဓိကက ကိုယ်ချစ်တဲ့သူ ကိုယ့်နားလေးမှာ ရှိလာတယ်။ သူချစ်တဲ့သူတွေလည်း သူ့အနားလေးမှာ ရှိနေတယ်။ နှစ်ယောက် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီသွားနေတဲ့အတွက် အဆင်ပြေပါတယ်။ လေးလေးပင်ပင်လည်း ဖြစ်မနေဘဲနဲ့ အားလုံးပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်။

မေး – မတည်မြဲမှုတွေများနေတဲ့အချိန်မှာ ကိုယ်ချစ်တဲ့သူနဲ့ခိုင်မာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ထောင်နိုင်တယ်ဆိုတော့ ဘယ်လို နားလည်မှုတွေယူထားလဲ။

ဖြေ – သမီးရည်းစားဘ၀မှာ ထိလွယ်၊ ရှလွယ် အရမ်းများတယ်။ ထိလွယ်၊ ရှလွယ်ဖို့က ရာခိုင်နှုန်း အရမ်းများတယ်။ သူတို့မှာက ချစ်ခြင်းပဲရှိတယ်။ ချည်နှောင်ထားတဲ့ကြိုး မရှိဘူး။ ကျွန်တော်တို့က အိမ်ထောင်ပြုလိုက်တာ ဖြစ်တဲ့အတွက် ဘ၀က လုံး၀အပြောင်းအလဲဖြစ်သွားပြီ။ ရည်းစားဘ၀နဲ့လုံး၀မတူဘဲ လေးလေးပင်ပင် ဖြစ်သွားတယ်။ ဘ၀ကလည်း လေးလေးပင်ပင်ဖြစ်သွားတယ်။ သူနဲ့အတူတူ ဘယ်အထိ ခရီးသွားမလဲ၊ ဘယ်အထိ ဆက်သွားမလဲပေါ့။ ရေရှည်စိတ်ထဲမှာ နှစ်နှစ်ကာကာချစ်ပြီးတော့ တကယ်ကြိုက်နေရင် မြန်မြန်လက်ထပ်လိုက်ပါ။ လက်ထပ်ပြီးရင် ကိုယ်လုပ်ရမယ့် နောက်ထပ်အလုပ်တွေ ရှိတယ်။ အဲဒီအလုပ်တွေအတွက် လမ်းကြောင်းတွေထပ်ပြီးတော့ ပေါ်လာပါလိမ့်မယ်။

မေး – နှစ်ယောက်သား အပြန်အလှန်ယုံကြည်မှုတွေ ဘယ်လိုမျိုးတည်ဆောက်ထားကြတာလဲ။

ဖြေ – အဓိကကတော့ ကိုယ်တိုင် ဘယ်လိုနေတယ်ဆိုတာကို သူ့ကို သိအောင်ပြထားတယ်။ ပြီးရင် အဆက်အသွယ်ပေါ့နော်။ သူဘယ်နေရာ ဘယ်အချိန် ဘယ်လိုဆက်သွယ် ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့လိုတယ်။ ကိုယ့်ရဲ့ပုံစံကို သူ့ကိုပြထားတယ်ဆိုရင် ကိုယ်အမြဲတမ်း ဘယ်ပဲသွားသွားသူယုံကြည်နေမှာပါ။

မေး – အမျိုးသမီးက အနုပညာအလုပ်တွေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိနားလည်ပေးလဲ။

ဖြေ – အလုပ်လုပ်နေတာဖြစ်တဲ့အတွက် အေးဆေးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ Life အိမ်ထောင်ရေးက အိမ်ထောင်ရေး Life တစ်ခု၊ အနုပညာက အနုပညာ Life တစ်ခု ဖြစ်တယ်။ နှစ်ခုကခွဲထားသလို ဖြစ်တဲ့အတွက် အနုပညာအလုပ်လုပ်တဲ့အချိန်မှာလည်း ကျွန်တော့်အမျိုးသမီး လိုက်လာတာမျိုးရှိပါတယ်။ သူ့ဘက်ကလည်း နားလည်ပေးပါတယ်။

မေး – ကလေးယူဖို့ အစီအစဉ်ရှိလား။

ဖြေ – ရှိပါတယ်။ နည်းနည်းတော့လိုသေးတယ်။ အခုမှ ကျွန်တော်တို့ အိမ်ထောင်ကျတာ ခြောက်လပဲ ရှိသေးတယ်ဆိုတော့ အချိန်ကို နည်းနည်းစောင့်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဘ၀ထဲကို ကျွန်တော်တို့ချစ်တဲ့သူ နောက်တစ်ယောက် ထပ်ရောက်လာမယ်ဆိုတဲ့ အဖေဆိုတဲ့ခံစားချက်ကြီးကို ဘယ်လိုရင်ဆိုင်ရဦးမလဲဆိုတာကိုလည်း နည်းနည်းလန့်နေတယ်။ တစ်ခုရှိတာက နောက်ထပ်တစ်ယောက်ရောက်လာမှာ ဖြစ်တဲ့အတွက် သူ့အတွက် ကျွန်တော်တို့ ဘာတွေကို ပြင်ဆင်ထားပြီးပြီလဲ။ သူ့ရဲ့ဘ၀အတွက် ဘာတွေလုပ်ထားပြီးပြီလဲ။ အဲဒါတွေက အများကြီး စဉ်းစားရသေးတယ်။ အဲဒါကြောင့် နည်းနည်းလေး ချင့်ချိန်နေတာပါ။ နောက်နှစ်လောက်ဆိုရင်တော့ ယူဖို့ အစီအစဉ်ရှိပါတယ်။

မေး – အခွေအတွက် ပြင်ဆင်နေတယ်ဆိုတော့ ဒီတစ်ခါဘယ်လိုပုံစံသီချင်းလေးတွေ မြင်တွေ့ရဦးမလဲ။

ဖြေ – အရင်တုန်းက သီချင်းပုံစံလေးတွေပဲ ပြန်ပါမယ်။ နောက်ပြီးတော့ ကိုကမ္ဘာရေးပေးထားတဲ့ သီချင်းနှစ်ပုဒ် ထူးထူးခြားခြားကျန်သေးတယ်။ အဲဒီနှစ်ပုဒ်ပါမယ်။ နောက်ထပ်ကျန်မယ့် သီချင်းမြန်မြန်လေးတွေ၊ အသွက်ပုံစံလေးတွေလည်း ပါပါတယ်။

မေး – အားပေးနေတဲ့ ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်တယ်။ ကျွန်တော့်ကိုလည်း ရှေ့ဆက်ပြီးတော့ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

ဓာတ်ပုံ – ဇွဲပြည့်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်

-Ads-
-Ads-