မိမိအနာဂတ္အတြက္ မစိုးရိမ္ဟု နည္းျပဆိုးရွား ေျပာဆိုေနေသာ္လည္း ရလဒ္မ်ား မတိုးတက္လၽွင္ ေဆာက္ဂိတ္ကို အစားထိုးခန္႔အပ္ဖြယ္ရွိေန

မန္ယူအသင္းသည္ ၿပီးခဲ့သည့္ၾကားရက္က ဘန္ေလကို ႏွစ္ဂိုးျပတ္႐ႈံးနိမ့္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ပြဲစဥ္(၂၄ )အၿပီး ႏွစ္ေပါင္း ၃၀ အတြင္း ရမွတ္အနည္းဆုံးစံခ်ိန္ဆိုးကို ပိုင္ဆိုင္ႏိုင္ခဲ့ေသာ္လည္း နည္းျပဆိုးရွားက မိမိႏွင့္ အသင္းဒုတိယဥကၠ႒ ဝုဒ္ဝပ္၊ အသင္းပိုင္ရွင္မိသားစုမ်ားႏွင့္ ေျပာင္းလဲျပင္ဆင္ေရး အနာဂတ္စီမံကိန္းမ်ားကို အလုံးစုံသေဘာတူညီမႈရထားသည့္အတြက္ ရာထူးမွ ထုတ္ပယ္ခံရမည္ကို စိုးရိမ္မႈမရွိေၾကာင္း အဂၤလန္လိဂ္(၁) ကလပ္ ထရန္စ္မဲလ္ႏွင့္ အက္ဖ္ေအဖလားပြဲမတိုင္မီသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသြားခဲ့သည္။

ဆိုးရွားက ‘ကၽြန္ေတာ္ဒီအသင္းကို နည္းျပဖို႔လက္ခံလိုက္ကတည္းက အႀကီးအကဲေတြနဲ႔ ေျပာင္းလဲျပင္ဆင္မႈအတြက္ စီမံကိန္းကို ခ်ျပခဲ့တယ္။ အားလုံးကသေဘာတူလို႔ လက္တြဲအလုပ္လုပ္ခဲ့တာပါ။ ဒါေၾကာင့္ ကၽြန္ေတာ့္စီမံကိန္းအေပၚ အႀကီးအကဲေတြ ယုံၾကည္ေပးထားတဲ့အတြက္ ရာထူးက ထုတ္ပယ္ခံရဖို႔ကို စိုးရိမ္မႈမရွိပါဘူး။ အခု ကၽြန္ေတာ္က အသင္းမန္ေနဂ်ာျဖစ္ေနလို႔ ကိုယ့္အသင္းက လူငယ္ေတြကို ရလဒ္မေကာင္းမႈအတြက္ လက္ၫႈိးထိုးၿပီး ေဝဖန္ေနလို႔မရပါဘူး။ သူမ်ားကို လက္ၫႈိးထိုးရင္ ကိုယ့္ဘက္ကိုျပန္ထိုးမယ့္ လက္ၫႈိးေတြအမ်ားႀကီးရွိမယ္ဆိုတာလည္း သိပါတယ္။ အသင္းက လူငယ္ေတြဟာ ရလဒ္ေတြဆိုး႐ြားေနခ်ိန္ ေခါင္းေမာ့ၿပီးေနၾကတာမဟုတ္ဘဲ သိုသိပ္စြာေနၾကတာပါ။ သူတို႔ဟာ ေအာင္ျမင္ခ်င္တဲ့စိတ္ဆႏၵႀကီးမားစြာ ရွိေနၾကတယ္။ ဒါေၾကာင့္ အားနည္းခ်က္ေတြကို ေျပာတဲ့အခါ ကၽြန္ေတာ့္ဘက္က တံခါးပိတ္ၿပီး အတြင္းမွာပဲ ေျပာပါတယ္’ ဟု ေျပာသြားခဲ့သည္။ ဆိုးရွားက မိမိလိုခ်င္ေသာအသင္းျဖစ္လာေစရန္ ေငြေၾကးမ်ားစြာထပ္မံသုံး စြဲရဦးမည္ျဖစ္ၿပီး ကစားသမားသစ္ ခုနစ္ဦးအထိ ေခၚယူရန္လိုေသာ္လည္း အသင့္ေတာ္ဆုံးႏွင့္ အမွန္ကန္ဆုံးေခၚယူမႈမ်ားျဖစ္မွသာ ေငြသုံးမည္ဟုလည္း ေျပာသြားခဲ့သည္။

ဆိုးရွားကသာ အနာဂတ္အတြက္ ပူပန္မႈမရွိဟုေျပာဆိုေနေသာ္လည္း ရလဒ္မ်ားဆက္လက္ ဆိုး႐ြားေနပါက ထုတ္ပယ္ခံရရန္ရွိေနၿပီး နည္းျပသစ္အျဖစ္ အဂၤလန္လက္ေ႐ြးစင္အသင္းနည္းျပ ေဆာက္ဂိတ္ကို အဓိကပစ္မွတ္အျဖစ္ ထားရွိေနေၾကာင္း သိရသည္။ေဆာက္ဂိတ္သည္လည္း မန္ယူအသင္းေပၚလစီအတိုင္း လူငယ္မ်ားကို ေနရာေပးေမြးထုတ္ရာတြင္ ထူးခၽြန္သူျဖစ္၍ မန္ယူအသင္းက ဆိုးရွားထြက္ခြာလၽွင္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲအၿပီး ေဆာက္ဂိတ္ကို အစားထိုးခန္႔အပ္လိမ့္မည္ဟုသိရသည္။

-Ads-
-Ads-

ဆိုးရွားသည္ မိမိအား မန္ယူအသင္းဘက္က လီဗာပူးအသင္းဂ်ာဂန္ကေလာ့ကို ေပးခဲ့သည့္အခြင့္အေရးမ်ိဳးျဖစ္ေသာ သုံးႏွစ္တိုင္ မည္သည့္ဆုဖလားမၽွမရဘဲ ဆက္လက္ထားရွိမည္မဟုတ္ဟု သိထားၿပီးျဖစ္ရာ ယခုရာသီ ဥေရာပၿပိဳင္ပြဲဝင္ခြင့္မရလၽွင္ ေဆာက္ဂိတ္ႏွင့္လဲလွယ္ခံရရန္ ေသခ်ာေနသည္။

(Unicode Version)

မိမိအနာဂတ်အတွက် မစိုးရိမ်ဟု နည်းပြဆိုးရှား ပြောဆိုနေသော်လည်း ရလဒ်များ မတိုးတက်လျှင် ဆောက်ဂိတ်ကို အစားထိုးခန့်အပ်ဖွယ်ရှိနေ

မန်ယူအသင်းသည် ပြီးခဲ့သည့်ကြားရက်က ဘန်လေကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်(၂၄ )အပြီး နှစ်ပေါင်း ၃၀ အတွင်း ရမှတ်အနည်းဆုံးစံချိန်ဆိုးကို ပိုင်ဆိုင်နိုင်ခဲ့သော်လည်း နည်းပြဆိုးရှားက မိမိနှင့် အသင်းဒုတိယဥက္ကဋ္ဌ ဝုဒ်ဝပ်၊ အသင်းပိုင်ရှင်မိသားစုများနှင့် ပြောင်းလဲပြင်ဆင်ရေး အနာဂတ်စီမံကိန်းများကို အလုံးစုံသဘောတူညီမှုရထားသည့်အတွက် ရာထူးမှ ထုတ်ပယ်ခံရမည်ကို စိုးရိမ်မှုမရှိကြောင်း အင်္ဂလန်လိဂ်(၁) ကလပ် ထရန်စ်မဲလ်နှင့် အက်ဖ်အေဖလားပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

ဆိုးရှားက ‘ကျွန်တော်ဒီအသင်းကို နည်းပြဖို့လက်ခံလိုက်ကတည်းက အကြီးအကဲတွေနဲ့ ပြောင်းလဲပြင်ဆင်မှုအတွက် စီမံကိန်းကို ချပြခဲ့တယ်။ အားလုံးကသဘောတူလို့ လက်တွဲအလုပ်လုပ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်စီမံကိန်းအပေါ် အကြီးအကဲတွေ ယုံကြည်ပေးထားတဲ့အတွက် ရာထူးက ထုတ်ပယ်ခံရဖို့ကို စိုးရိမ်မှုမရှိပါဘူး။ အခု ကျွန်တော်က အသင်းမန်နေဂျာဖြစ်နေလို့ ကိုယ့်အသင်းက လူငယ်တွေကို ရလဒ်မကောင်းမှုအတွက် လက်ညှိုးထိုးပြီး ဝေဖန်နေလို့မရပါဘူး။ သူများကို လက်ညှိုးထိုးရင် ကိုယ့်ဘက်ကိုပြန်ထိုးမယ့် လက်ညှိုးတွေအများကြီးရှိမယ်ဆိုတာလည်း သိပါတယ်။ အသင်းက လူငယ်တွေဟာ ရလဒ်တွေဆိုးရွားနေချိန် ခေါင်းမော့ပြီးနေကြတာမဟုတ်ဘဲ သိုသိပ်စွာနေကြတာပါ။ သူတို့ဟာ အောင်မြင်ချင်တဲ့စိတ်ဆန္ဒကြီးမားစွာ ရှိနေကြတယ်။ ဒါကြောင့် အားနည်းချက်တွေကို ပြောတဲ့အခါ ကျွန်တော့်ဘက်က တံခါးပိတ်ပြီး အတွင်းမှာပဲ ပြောပါတယ်’ ဟု ပြောသွားခဲ့သည်။ ဆိုးရှားက မိမိလိုချင်သောအသင်းဖြစ်လာစေရန် ငွေကြေးများစွာထပ်မံသုံး စွဲရဦးမည်ဖြစ်ပြီး ကစားသမားသစ် ခုနစ်ဦးအထိ ခေါ်ယူရန်လိုသော်လည်း အသင့်တော်ဆုံးနှင့် အမှန်ကန်ဆုံးခေါ်ယူမှုများဖြစ်မှသာ ငွေသုံးမည်ဟုလည်း ပြောသွားခဲ့သည်။

ဆိုးရှားကသာ အနာဂတ်အတွက် ပူပန်မှုမရှိဟုပြောဆိုနေသော်လည်း ရလဒ်များဆက်လက် ဆိုးရွားနေပါက ထုတ်ပယ်ခံရရန်ရှိနေပြီး နည်းပြသစ်အဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကို အဓိကပစ်မှတ်အဖြစ် ထားရှိနေကြောင်း သိရသည်။ဆောက်ဂိတ်သည်လည်း မန်ယူအသင်းပေါ်လစီအတိုင်း လူငယ်များကို နေရာပေးမွေးထုတ်ရာတွင် ထူးချွန်သူဖြစ်၍ မန်ယူအသင်းက ဆိုးရှားထွက်ခွာလျှင် ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး ဆောက်ဂိတ်ကို အစားထိုးခန့်အပ်လိမ့်မည်ဟုသိရသည်။

ဆိုးရှားသည် မိမိအား မန်ယူအသင်းဘက်က လီဗာပူးအသင်းဂျာဂန်ကလော့ကို ပေးခဲ့သည့်အခွင့်အရေးမျိုးဖြစ်သော သုံးနှစ်တိုင် မည်သည့်ဆုဖလားမျှမရဘဲ ဆက်လက်ထားရှိမည်မဟုတ်ဟု သိထားပြီးဖြစ်ရာ ယခုရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်မရလျှင် ဆောက်ဂိတ်နှင့်လဲလှယ်ခံရရန် သေချာနေသည်။

-Ads-
-Ads-