တန္ဖိုးနည္း၊ တန္ဖိုးသင့္ ျပည္သူ႕အေရာင္းအိမ္ရာအိမ္ခန္းမ်ား စတုတၳအသုတ္အျဖစ္ ဆက္လက္ေရာင္းခ်ေပးမည္

ရန္ကုန္တိုင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ား ေရာင္းခ်ေရးႀကီးၾကပ္မႈ ေကာ္မတီမွ ေရာင္းခ်သည့္ စတုတၳအသုတ္အျဖစ္ အိမ္ခန္းလက္က်န္ ၂၁၁ခန္းကို ေကာ္မတီ၏ ဇန္နဝါရီ ၈ ရက္ အစည္းအေဝးဆုံးျဖတ္ခ်က္အရ တန္းစီဇယားပါ စိစစ္ဝယ္ယူခြင့္ျပဳထားသူ ၆၉၆ဦးအား ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း အဆိုပါေကာ္မတီမွ သိရသည္။

စတုတၳအသုတ္ေရာင္းခ်ေပးမည့္ အိမ္ခန္း ၂၁၁ ခန္းစာရင္းႏွင့္ ဝယ္ယူခြင့္ျပဳထားသူ ၆၉၆ ဦးစာရင္းတို႔ကို အမွတ္ ၂၂၈/၂၃၄ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးေရးဦးစီးဌာန ရန္ကုန္တိုင္းေဒသႀကီး ၫႊန္ၾကားေရးမႉ႐ုံး ေျမညီထပ္ Yangon City Gallery တြင္ ဇန္နဝါရီ ၂၇ရက္မွ ေဖေဖာ္ဝါရီ ၂၁ရက္အထိ ေၾကညာထားေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဝယ္ယူခြင့္ ရရွိသူမ်ားသည္ ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရးဘဏ္(CHID Bank) တြင္ Housing Saving Account က်ပ္သိန္း ၃၀ကို ေပးသြင္းၿပီးမွ ဝယ္ယူလိုေသာ အိမ္ရာကို Yangon City Gallery တြင္ ဆႏၵျပဳၾကရမည္ျဖစ္ေၾကာင္း သိရသည္။

-Ads-
-Ads-

ဆႏၵျပဳအိမ္ရာအလိုက္ ေရာင္းရန္ က်န္အိမ္ခန္းမ်ားကို မဲစနစ္ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ၿပီး မဲမေပါက္သူမ်ားသည္ အျခားအိမ္ခန္းမ်ား ေရာင္းရန္ က်န္ရွိပါက ဆက္လက္ဆႏၵျပဳဝယ္ယူႏိုင္ေၾကာင္း သိရသည္။

လာမည့္ ေဖေဖာ္ဝါရီ ၂၁ ရက္ အထိ ေငြသြင္းျခင္း၊ ဆႏၵျပဳျခင္းမ်ား ေဆာင္႐ြက္ျခင္းမရွိပါက အိမ္ခန္းဝယ္ယူခြင့္ အားလုံးပ်က္ျပယ္မည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရး ႀကီးၾကပ္မႈေကာ္မတီက သတင္းထုတ္ျပန္ထားသည္။

ယင္းေကာ္မတီမွ ေရာင္းခ်သည့္ ျပည္သူ႕အေရာင္းအိမ္ရာ အိမ္ခန္းမ်ားကို ၂၀၁၈ ခုႏွစ္ ဇူလိုင္လအတြင္း ပထမအသုတ္အျဖစ္ အိမ္ခန္း ၈၆၄ ခန္းကို ေရာင္းခ်ေပးခဲ့ရာ ၄၂၄ ဦးက ေငြသြင္းဝယ္ယူခဲ့ၿပီး ဒုတိယအသုတ္အျဖစ္ တန္းစီဇယားအလိုက္ ၂၀၁၉ ခုႏွစ္ ဇြန္လအတြင္းက အိမ္ခန္းေပါင္း ၃၂၅ခန္းကို ဆက္လက္ေရာင္းခ်ခဲ့ရာ ၄၇ဦးကသာ ေငြသြင္းဝယ္ယူခဲ့ေၾကာင္း၊ တတိယအသုတ္အျဖစ္ ေရာင္းခ်ရာတြင္ သတ္မွတ္ရက္အတြင္း လာေရာက္ဆက္သြယ္ ဆႏၵျပဳသူ ၉၃၆ ဦးရွိသည့္အနက္မွ စုစုေပါင္းအခန္း ၃၆၉ ခန္းကို စက္တင္ဘာ ၂၉ ရက္ နံနက္ ၉ နာရီတြင္ မဲႏႈိက္ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕သို႔ ေရာင္းခ်ေပးရန္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာ ဦးစီးဌာနက ေပးအပ္ထားသည့္ တန္ဖိုးနည္းအိမ္ရာ ၇၀၃ ခန္း၊ တန္ဖိုးသင့္ အိမ္ရာ ၁၆၁ ခန္း စုစုေပါင္း ၈၆၄ခန္းကို ရန္ကုန္တိုင္းေဒသႀကီးအတြင္း အိမ္ရာလိုအပ္လ်က္ရွိေသာ ဝင္ေငြနည္းႏွင့္ ဝင္ေငြအလယ္အလတ္ရွိသူမ်ား၊ ႏိုင္ငံ့ဝန္ထမ္း၊ ကုမၸဏီဝန္ထမ္း၊ အၿငိမ္းစားဝန္ထမ္း၊ အမ်ားျပည္သူမ်ားကို စနစ္တက်ေရာင္းခ်ေပးႏိုင္ေရးအတြက္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း – အိေဟမာ

………………………………………………………..

(Unicode Version)

တန်ဖိုးနည်း၊ တန်ဖိုးသင့် ပြည်သူ့အရောင်းအိမ်ရာအိမ်ခန်းများ စတုတ္ထအသုတ်အဖြစ် ဆက်လက်ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှု ကော်မတီမှ ရောင်းချသည့် စတုတ္ထအသုတ်အဖြစ် အိမ်ခန်းလက်ကျန် ၂၁၁ခန်းကို ကော်မတီ၏ ဇန်နဝါရီ ၈ ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ တန်းစီဇယားပါ စိစစ်ဝယ်ယူခွင့်ပြုထားသူ ၆၉၆ဦးအား ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။

စတုတ္ထအသုတ်ရောင်းချပေးမည့် အိမ်ခန်း ၂၁၁ ခန်းစာရင်းနှင့် ဝယ်ယူခွင့်ပြုထားသူ ၆၉၆ ဦးစာရင်းတို့ကို အမှတ် ၂၂၈/၂၃၄ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ်ရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူရုံး မြေညီထပ် Yangon City Gallery တွင် ဇန်နဝါရီ ၂၇ရက်မှ ဖေဖော်ဝါရီ ၂၁ရက်အထိ ကြေညာထားပေးမည်ဖြစ်ကြောင်း သိရသည်။

ဝယ်ယူခွင့် ရရှိသူများသည် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်(CHID Bank) တွင် Housing Saving Account ကျပ်သိန်း ၃၀ကို ပေးသွင်းပြီးမှ ဝယ်ယူလိုသော အိမ်ရာကို Yangon City Gallery တွင် ဆန္ဒပြုကြရမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြုအိမ်ရာအလိုက် ရောင်းရန် ကျန်အိမ်ခန်းများကို မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မဲမပေါက်သူများသည် အခြားအိမ်ခန်းများ ရောင်းရန် ကျန်ရှိပါက ဆက်လက်ဆန္ဒပြုဝယ်ယူနိုင်ကြောင်း သိရသည်။

လာမည့် ဖေဖော်ဝါရီ ၂၁ ရက် အထိ ငွေသွင်းခြင်း၊ ဆန္ဒပြုခြင်းများ ဆောင်ရွက်ခြင်းမရှိပါက အိမ်ခန်းဝယ်ယူခွင့် အားလုံးပျက်ပြယ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ယင်းကော်မတီမှ ရောင်းချသည့် ပြည်သူ့အရောင်းအိမ်ရာ အိမ်ခန်းများကို ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ပထမအသုတ်အဖြစ် အိမ်ခန်း ၈၆၄ ခန်းကို ရောင်းချပေးခဲ့ရာ ၄၂၄ ဦးက ငွေသွင်းဝယ်ယူခဲ့ပြီး ဒုတိယအသုတ်အဖြစ် တန်းစီဇယားအလိုက် ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက အိမ်ခန်းပေါင်း ၃၂၅ခန်းကို ဆက်လက်ရောင်းချခဲ့ရာ ၄၇ဦးကသာ ငွေသွင်းဝယ်ယူခဲ့ကြောင်း၊ တတိယအသုတ်အဖြစ် ရောင်းချရာတွင် သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ် ဆန္ဒပြုသူ ၉၃၆ ဦးရှိသည့်အနက်မှ စုစုပေါင်းအခန်း ၃၆၉ ခန်းကို စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီတွင် မဲနှိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရောင်းချပေးရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဦးစီးဌာနက ပေးအပ်ထားသည့် တန်ဖိုးနည်းအိမ်ရာ ၇၀၃ ခန်း၊ တန်ဖိုးသင့် အိမ်ရာ ၁၆၁ ခန်း စုစုပေါင်း ၈၆၄ခန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာလိုအပ်လျက်ရှိသော ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ အများပြည်သူများကို စနစ်တကျရောင်းချပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – အိဟေမာ

-Ads-
-Ads-