အမေရိကန်လက်ထဲက ကမ္ဘာ့ဈေးအကြီးဆုံးကိုယ်ပျောက်လေယာဉ်

ဒီကနေ့တင်ဆက်ပေးမယ့် သုတဆိုင်ရာသတင်းကဏ္ဍမှာတော့ ကမ္ဘာ့ဈေးအကြီးဆုံးလေယာဉ်ဖြစ်တဲ့ အမေရိကန် လေတပ်သုံး ကိုယ်ပျောက် တာဝေးဗုံးကြဲလေယာဉ်အကြောင်းဖြစ်ပါတယ်။

အဲဒီလေယာဉ်ကို B-2 Spirit လို့အမည်ပေးထားပြီး သူရဲ့သိသာထင်ရှားတဲ့အင်္ဂါရပ်တွေက တောင်ပံဒီဇိုင်းနဲ့ ရေဒါဖမ်းမမိနိုင်အောင်စီမံထားတဲ့ ကိုယ်ထည်သုတ်ဆေးတို့ပဲဖြစ်ပါတယ်။ အဲဒီဆေးကိုယ်ထည်မှာ သုတ်ထားတဲ့ အတွက် ရေဒါက တောင်ဖမ်းမမိနိုင်ဘူးလို့ ဆိုပါတယ်။

သူ့ရဲ့ဈေးနှုန်းကတော့ ကမ္ဘာ့ဈေးအကြီးဆုံးဆိုတဲ့အတိုင်းပဲ တစ်စင်းကိုအမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျသင့်မှာ ဖြစ်ပါတယ်။

-Ads-
-Ads-

B-2 Spirit ကို နော့ထရော့ကော်ပိုရေးရှင်းက ၁၉၈၇ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ၁၉၈၉ ခုနှစ် ဇူလိုင် ၁၇ ပြုလုပ်ခဲ့ပါတယ်။

စစ်အေးတိုက်ပွဲအတွင်း ဆိုဗီယက်လေကြောင်းကာကွယ်ရေးစနစ်တွေကို ထိုးဖောက်ဝင်ရောက်ပြီး နျူကလီး ယားဗုံးနဲ့ ရိုးရိုးဗုံးတွေ ကြဲချနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပထမဆုံးစစ်ရေးတာဝန်ကတော့ ၁၉၉၉ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကိုဆိုဗိုစစ်ပွဲပဲဖြစ်ပါတယ်။

လေပေါ်မှာဆီထပ်မံဖြည့်တင်းစရာမလိုဘဲ မိုင်ပေါင်း ၆၉၀၀ခန့်ကို တောက်လျှောက်ပျံသန်းနိုင်ပြီး လေပေါ်မှာ ထပ်မံဆီဖြည့်တင်းသွားမယ်ဆိုရင်တော့ မိုင် ၁၂၀၀၀ ခန့်ထိ ဆက်တိုက်ပျံသန်းသွားနိုင်မှာဖြစ်ပါတယ်။

အဲဒီလေယာဉ် B-2 Spirit မှာတပ်ဆင်ထားတဲ့ အင်ဂျင်ဟာ တခြားလေယာဉ်တွေမှာလို တွေ့မြင်နိုင်မှာမဟုတ်ဘဲ ကိုယ်ထည်အတွင်းမှာထည့်သွင်းတည်ဆောက်ထားကာ အင်ဂျင်အပူလျှော့ချတဲ့နည်းစနစ်တွေ ပါဝင်ပါတယ်။

A

ဒါ့အပြင်အင်ဂျင်ကနေထွက်ရှိတဲ့အပူငွေ့တွေကို လေယာဉ်အပြင်ဘက်လုံးဝမထွက်ရှိရအောင်လည်း စီမံတည် ဆောက်ထားတာကြောင့် ရေဒါဖမ်းယူရရှိနိုင်မှုအနည်းဆုံးဖြစ်ကာ ရေဒါဖန်သားပြင်မှာ ငှက်တစ်ကောင်သာ သာခန့်သာမြင်ရမှာဖြစ်ပါတယ်။

အင်ဂျင်ဆူညံမှုကို လျော့ချနိုင်မယ့်နည်းပညာတွေလည်း ထည့်သွင်းထားတာကြောင့် B-2 Spirit တစ်စင်း ခေါင်းပေါ်တည့်တည့်ကနေဖြတ်သန်းနေချိန်မှသာ အသံကြားရနိုင်မှာဖြစ်ပါတယ်။

ဆိုခဲ့ပါထူးခြားစွမ်းဆောင်ရည်စနစ်တွေဟာ အမြဲတမ်းအသက်ဝင်နေမှာ မဟုတ်ဘဲ ရန်သူ့လေပိုင်နက်အတွင်း ထိုးဖောက်ဝင်ရောက်ခါနီးမှသာလျှင် အသက်ဝင်စေဖို့ လေယာဉ်မှူးက စီမံသွားမှာဖြစ်ပါတယ်။

မိုင်ပေါင်းများစွာမရပ်မနားပျံသန်းနိုင်တာကြောင့် လေယာဉ်မှူးနှစ်ဦးအလှည့်ကျ အနားယူနိုင်ဖို့နေရာနဲ့ သန့်စင် ခန်းတို့ပါရှိပြီး အစားအသောက်များသိမ်းဆည်းဖို့လည်း အပူပေးစနစ် ထည့်သွင်းထားပါတယ်။

အဲဒီ B-2 Spirit ဗုံးကြဲလေယာဉ်ဟာ ကမ္ဘာ့ဈေးအကြီးဆုံးလေယာဉ်ဖြစ်ရုံသာမက ကမ္ဘာပြုပြင်ထိမ်းသိန်းမှု စရိတ်အမြင့်ဆုံး လေယာဉ်ပျံတစ်စင်းလည်းဖြစ်ပါတယ်။ သူတစ်နာရီကြာပျံသန်းတိုင်း ပြုပြင်ထိမ်းသိန်းသိမ်းမှု ၁၀နာရီကြာပြုလုပ်ရပါတယ်။

ဒါ့အပြင် သူကိုယ်ထည်မှာသုတ်လိမ်းထားတဲ့ ရေဒါပျောက်စေတဲ့ ဆေးသားဟာလည်း သတ်မှတ်အပူချိန်မှာသာ ထားရှိဖို့သတ်မှတ်ထားတဲ့အတွက် သိုလှောင်ရာသိုလှောင်ရုံကို လေအေးပေးစက်တွေတပ်ဆင်ထားရပြန်ပါတယ်။

စတင်ပျံသန်းတဲ့ ၁၉၈၉ကနေဒီကနေ့အထိ B-2 Spirit တစ်စင်းတလေမှရန်သူတိုက်ခိုက်မှုကြောင့် ပျက်ဆီးမှု မရှိခဲ့ပါဘူး။ သို့ပေမယ့် ၂၀၀၈ခုနှစ်မှာတော့ အန်စတာဒန်လေတပ်အခြေစိုက်စခန်းကနေ ပျံတက်စဉ်မှာ တစ်စင်း ပျက်ကျခဲ့ဖူးသလို ၂၀၁၀မှာတော့ B-2 Spirit နောက်တစ်စင်းဟာ မီးလောင်မှုကြောင့် အကြီးစားပြုပြင်မှု တွေပြုလုပ်ခဲ့ရကာ ဒီကနေ့အခါမှာတော့ အဲဒီလေယာဉ်ဟာ ပြန်လည်တာဝန်ထမ်းဆောင်နေပါပြီ။

အမေရိကန်လေတပ်ဟာ B-2 Spirit ကို မူလက ၁၃၂စင်းဝယ်ယူဖို့ ရည်ရွယ်ထားပေမယ့် သူ့ဈေးနှုန်းနဲ့ ပြုပြင်ထိမ်းသိန်းမှုစရိတ်မြင့်မားတာကြောင့် ၂၁ စင်းသာဝယ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ပျက်ကျခဲ့တဲ့တစ်စင်းကို နုတ်လိုက်မယ်ဆိုရင် အမေရိကန်လေတပ်မှာ လက်ရှိအစင်း ၂၀ ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

သူ့နေရာမှာဆက်ခံမယ့် တာဝေးကိုယ်ပျောက်ဗုံးကြဲလေယာဉ်မျိုးဆက်သစ်လည်း မကြာခင်ပေါ်ထွက်လာ တော့မှာပါ။ သူ့ကိုလက်ရှိမှာစမ်းသပ်နေပြီး B-21 Raider လို့ အမည်ပေးထားပါတယ်။

စမ်းသပ်နေတဲ့ B-21 Raider ဟာ ၂၀၂၅ခုနှစ်နောက်ပိုင်းမှာ စတင်စမ်းသပ်ပျံသန်းနိုင်မှာဖြစ်ပြီး နောက်ဆုံး ပေါ်နည်းပညာများတပ်ဆင်ထားကာ B-2 Spirit ရဲ့တာဝန်များကိုလွှဲပြောင်းရယူမှာဖြစ်ပါတယ်။

သတင်း – ငြိမ်းမောင်
Ref ; CNN, Wiki
Photo – USAF

-Ads-
-Ads-