တရားစီရင္ေရး အဖြဲ႕အစည္းမ်ား၏ လုပ္ရပ္မ်ားကို ျပန္လည္သုံးသပ္ရန္ ပဲန္ျမန္မာတိုက္တြန္း

တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္၊ ဦးေနမ်ိဳးဇင္ႏွင့္ ကဗ်ာဆရာေစာေဝတို႔ကို တပ္မေတာ္က တရားလိုျပဳလုပ္စြဲဆိုထားသည့္ အမႈမ်ားမွာ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆိုခြင့္ကို အဟန္႔အတားျဖစ္ေစေသာ အေရးယူမႈမ်ားျဖစ္ျခင္းေၾကာင့္ ျပန္လည္သုံးသပ္ရန္ႏွင့္ တရားစီရင္ေရးဆိုင္ရာ အဖြဲ႕အစည္းမ်ား၏ လုပ္ရပ္မ်ားကို ျပန္လည္သုံးသပ္ရန္ ပဲန္ျမန္မာအဖြဲ႕က ဇန္နဝါရီ ၂၈ ရက္တြင္ သေဘာထားထုတ္ျပန္ တိုက္တြန္းလိုက္သည္။

ယင္းထုတ္ျပန္ခ်က္တြင္ ျပည္ေထာင္စုလႊတ္ေတာ္႐ုံး အမိန္႔ေၾကညာစာအမွတ္-(၁၅/၂၀၁၉) ျဖင့္ ဖြဲ႕စည္းခဲ့ေသာ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၁၈ ခုႏွစ္) ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ၏ ေဆာင္႐ြက္မႈမ်ားအား ေထာက္ခံပြဲကို ေကာ့ေသာင္းၿမိဳ႕၌ ၂၀၁၉ ခုႏွစ္ ဧၿပီ ၃ ရက္တြင္ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္၊ ဦးေနမ်ိဳးဇင္ႏွင့္ ပဲန္ျမန္မာအဖြဲ႕ဝင္ ကဗ်ာဆရာ ေစာေဝတို႔က ျပည္သူလူထုအား ေဟာေျပာခဲ့ေၾကာင္း၊ အဆိုပါ ေဟာေျပာပြဲႏွင့္ပတ္သက္၍ ၎တို႔အား တပ္မေတာ္၏ ဂုဏ္သိကၡာကို ထိခိုက္ေစသည္ဟုဆိုကာ ကမ္း႐ိုးတန္းစစ္ဌာနခ်ဳပ္ စကခ (၂၀) မွ ဒုတိယဗိုလ္မႉးႀကီးေဇာ္ေဇာ္က ေကာ့ေသာင္းၿမိဳ႕နယ္ တရား႐ုံး၌ ရာဇဝတ္ႀကီးမႈ အမွတ္-၉၂၃ ျဖင့္ အမႈဖြင့္ၿပီး တရား႐ုံးက ပုဒ္မ-၅၀၅(က)အရ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္ဟုပါရွိသည္။

ဆက္လက္၍ ပဲန္ျမန္မာသည္ လြတ္လပ္စြာေရးသားထုတ္ေဖာ္ေျပာဆိုခြင့္ကို ကာကြယ္ရန္ႏွင့္ ျမႇင့္တင္ရန္ ေဆာင္႐ြက္ေနသည့္ အဖြဲ႕အစည္းျဖစ္ၿပီး ကဗ်ာဆရာေစာေဝသည္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွစ၍ ပဲန္ျမန္မာ၏ ေ႐ြးေကာက္ခံ ဒါ႐ိုက္တာ အဖြဲ႕ဝင္တစ္ဦးျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးဆိုင္ရာ သိမွတ္ဖြယ္ရာမ်ားကို ေဟာေျပာျခင္းအား တရားစြဲဆိုအေရးယူျခင္းျဖင့္ တပ္မေတာ္၏ ဂုဏ္သိကၡာတိုးျမင့္ဖြယ္ မရွိမည္မွာ ထင္ရွားေၾကာင္း၊ လူတိုင္း၏ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို အသိအမွတ္ျပဳကာကြယ္ ေစာင့္ေရွာက္ေပးျခင္းကသာ အဖြဲ႕အစည္းတစ္ခု၏ ဂုဏ္သိကၡာကို တိုးျမင့္ေစမည္ဟု ပဲန္ျမန္မာက ခံယူေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

-Ads-
-Ads-

ဤသို႔ ေဆာင္႐ြက္မႈအေပၚ ဒုတိယဗိုလ္မႉးႀကီးေဇာ္ေဇာ္၏ တိုင္ၾကားမႈႏွင့္ပတ္သက္၍ တရား႐ုံးက ေဆာင္႐ြက္မႈမ်ားသည္လည္း ဥပေဒႏွင့္ ညီၫြတ္မႈမရွိသည္ကို ေတြ႕ရွိရၿပီး ကဗ်ာဆရာေစာေဝအား တရားဝင္ ဆင့္ေခၚစာေပးပို႔ျခင္း မရွိဘဲ ၀ရမ္းထုတ္ျပန္ျခင္းသည္ ဥပေဒႏွင့္အညီ ေဆာင္႐ြက္ထားျခင္းမဟုတ္သည္ကို ေတြ႕ရွိရသကဲ့သို႔ တရားလႊတ္ေတာ္ ေရွ႕ေနဦးႀကီးျမင့္အား အေရးယူမႈမွာလည္း ဥပေဒႏွင့္အညီ ေဆာင္႐ြက္ထားျခင္းမရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ တရားဥပေဒစိုးမိုးေရး ေဆာင္႐ြက္ေနေသာ တရားစီရင္ေရးဆိုင္ရာအဖြဲ႕အစည္း၏ လုပ္ရပ္မ်ားကို သက္ဆိုင္ရာမ်ားက ျပန္လည္သုံးသပ္ရန္ တိုက္တြန္းေၾကာင္း ပဲန္ျမန္မာအဖြဲ႕က သေဘာထားထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္၂၀၁၉ ခုႏွစ္ ဧၿပီ ၃ ရက္ တြင္ ေကာ့ေသာင္းၿမိဳ႕၌ ျပဳလုပ္ေသာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ(၂၀၀၈ ခုႏွစ္) ျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ ေဆာင္႐ြက္မႈႏွင့္ပတ္သက္၍ ေထာက္ခံပြဲတြင္ ေဟာေျပာခဲ့သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္၊ ဦးေနမ်ိဳးဇင္ႏွင့္ ကဗ်ာဆရာ ေစာေဝတို႔ကို ေကာ့ေသာင္းၿမိဳ႕နယ္တရား႐ုံးက ဖမ္း၀ရမ္းထုတ္ထားေၾကာင္း သိရသည္။

သတင္း – ေနာင္ေလး

………………………………………………………..

(Unicode Version)

တရားစီရင်ရေး အဖွဲ့အစည်းများ၏ လုပ်ရပ်များကို ပြန်လည်သုံးသပ်ရန် ပဲန်မြန်မာတိုက်တွန်း

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဦးနေမျိုးဇင်နှင့် ကဗျာဆရာစောဝေတို့ကို တပ်မတော်က တရားလိုပြုလုပ်စွဲဆိုထားသည့် အမှုများမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေသော အရေးယူမှုများဖြစ်ခြင်းကြောင့် ပြန်လည်သုံးသပ်ရန်နှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ရပ်များကို ပြန်လည်သုံးသပ်ရန် ပဲန်မြန်မာအဖွဲ့က ဇန်နဝါရီ ၂၈ ရက်တွင် သဘောထားထုတ်ပြန် တိုက်တွန်းလိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြေညာစာအမှတ်-(၁၅/၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၁၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဆောင်ရွက်မှုများအား ထောက်ခံပွဲကို ကော့သောင်းမြို့၌ ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်တွင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဦးနေမျိုးဇင်နှင့် ပဲန်မြန်မာအဖွဲ့ဝင် ကဗျာဆရာ စောဝေတို့က ပြည်သူလူထုအား ဟောပြောခဲ့ကြောင်း၊ အဆိုပါ ဟောပြောပွဲနှင့်ပတ်သက်၍ ၎င်းတို့အား တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ကမ်းရိုးတန်းစစ်ဌာနချုပ် စကခ (၂၀) မှ ဒုတိယဗိုလ်မှူးကြီးဇော်ဇော်က ကော့သောင်းမြို့နယ် တရားရုံး၌ ရာဇဝတ်ကြီးမှု အမှတ်-၉၂၃ ဖြင့် အမှုဖွင့်ပြီး တရားရုံးက ပုဒ်မ-၅၀၅(က)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်ဟုပါရှိသည်။

ဆက်လက်၍ ပဲန်မြန်မာသည် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ကဗျာဆရာစောဝေသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ပဲန်မြန်မာ၏ ရွေးကောက်ခံ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဟောပြောခြင်းအား တရားစွဲဆိုအရေးယူခြင်းဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာတိုးမြင့်ဖွယ် မရှိမည်မှာ ထင်ရှားကြောင်း၊ လူတိုင်း၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အသိအမှတ်ပြုကာကွယ် စောင့်ရှောက်ပေးခြင်းကသာ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တိုးမြင့်စေမည်ဟု ပဲန်မြန်မာက ခံယူကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဤသို့ ဆောင်ရွက်မှုအပေါ် ဒုတိယဗိုလ်မှူးကြီးဇော်ဇော်၏ တိုင်ကြားမှုနှင့်ပတ်သက်၍ တရားရုံးက ဆောင်ရွက်မှုများသည်လည်း ဥပဒေနှင့် ညီညွတ်မှုမရှိသည်ကို တွေ့ရှိရပြီး ကဗျာဆရာစောဝေအား တရားဝင် ဆင့်ခေါ်စာပေးပို့ခြင်း မရှိဘဲ ၀ရမ်းထုတ်ပြန်ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်းမဟုတ်သည်ကို တွေ့ရှိရသကဲ့သို့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်အား အရေးယူမှုမှာလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်း၏ လုပ်ရပ်များကို သက်ဆိုင်ရာများက ပြန်လည်သုံးသပ်ရန် တိုက်တွန်းကြောင်း ပဲန်မြန်မာအဖွဲ့က သဘောထားထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်၂၀၁၉ ခုနှစ် ဧပြီ ၃ ရက် တွင် ကော့သောင်းမြို့၌ ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ထောက်ခံပွဲတွင် ဟောပြောခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဦးနေမျိုးဇင်နှင့် ကဗျာဆရာ စောဝေတို့ကို ကော့သောင်းမြို့နယ်တရားရုံးက ဖမ်း၀ရမ်းထုတ်ထားကြောင်း သိရသည်။

သတင်း – နောင်လေး

-Ads-
-Ads-