အတိုင္ပင္ခံ မိန္႔ခြန္းေျပာၾကားခ်ိန္ ေက်ာင္းသားအခ်ိဳ႕ ဆႏၵထုတ္ေဖာ္ အခမ္းအနားကို အလြဲသုံးစား မလုပ္ရန္၊ ကိုယ့္စည္းကိုယ္ေစာင့္ရန္ တုံ႔ျပန္

ေနျပည္ေတာ္ရွိ MICC-2 ၌ ဇန္နဝါရီ ၂၈ ရက္က ျပဳလုပ္ခဲ့ေသာ ပညာေရးဖြံ႕ၿဖိဳးတိုး တက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲအခမ္းအနားတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ မိန္႔ခြန္းေျပာၾကားေနစဥ္ ေက်ာင္းသားသမဂၢအဖြဲ႕မွ ေက်ာင္းသား၊ ေက်ာင္းသူအခ်ိဳ႕ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ထိုသို႔ ဆႏၵထုတ္ေဖာ္ေတာင္းဆိုမႈအေပၚ အခမ္းအနားကို အလြဲသုံးစား မလုပ္ရန္ႏွင့္ ကိုယ့္စည္းကိုယ္ေစာင့္ရန္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မိန္႔ခြန္း ေျပာၾကားေနစဥ္ ထိုသို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

‘အေနာက္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ အေခ်အတင္ေျပာေနလို႔ အလကားပဲ။ ေထာင္ျပ တဲ့ဟာေတြလည္း ဒီကျမင္ကို မျမင္ရဘူး။ အဲဒီေတာ့ ဘာမွ ထိေရာက္မႈရွိမွာ မဟုတ္ဘူး။ ၿပီးေတာ့ လည္း ဒီလိုအခမ္းအနားေတြကို ကိုယ့္အတြက္၊ ကိုယ့္အဖြဲ႕အတြက္၊ ကိုယ္တစ္ေယာက္တည္းရဲ႕ အျမင္အတြက္ အသုံးမခ်ပါနဲ႔။ ဒါဟာ
လုံး၀ျဖစ္သင့္တဲ့ ကိစၥမဟုတ္ပါဘူး’ဟု အတိုင္ပင္ခံပုဂၢိဳလ္က ေျပာဆိုသည္။

ယေန႔အခမ္းအနားတြင္ ေက်ာင္းသားသမဂၢကိုယ္စားျပဳ ၁၂ ဦးက ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာၾကားေနစဥ္တြင္ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ၿပီး မတ္တတ္ရပ္ကာ ေတာင္းဆိုမႈျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

၎တို႔၏ ေတာင္းဆိုခ်က္မ်ားတြင္ သုေတသနမရွိသည့္ အစမ္းသပ္ခံပညာေရးစနစ္ အလိုမရွိ၊ စီမံခန္႔ခြဲမႈ အလြဲမ်ားအား ခ်က္ခ်င္းျပဳျပင္ေပး၊ မတ္လကုန္အထိ စာေမးပြဲစစ္ျခင္းျဖင့္ ႏိုင္ငံစီးပြားေရး တက္ႏိုင္ပါသလား၊ မႏၲေလးတကၠသိုလ္ သပိတ္ကို ခ်က္ခ်င္းေျဖရွင္းေပး၊ အမွန္တရားတစ္ခုအတြက္ အခ်ိန္မဆြဲပါနဲ႔စသည့္ စာတန္းပါ ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ကာ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

လူတိုင္းတြင္ အခြင့္အေရးရွိ သကဲ့သို႔ တာဝန္ရွိသည္ကိုလည္း သိရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းဆိုသည္မွာလည္း ကိုယ့္စည္းကို ကိုယ္ထိန္းရမည္ျဖစ္ေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားခဲ့သည္။

‘အေနာက္ကေနဘာေတြပဲေထာင္ျပေထာင္ျပ ဒီကလည္းမျမင္ရဘူး။ မျမင္ရေတာ့ ဘာမွထူးမွာလည္းမဟုတ္ဘူး။ တင္ျပခ်င္လို႔ရွိရင္ တင္ျပႏိုင္တဲ့ အခြင့္အလမ္းေတြ အမ်ားႀကီးရွိတယ္။ တင္ျပႏိုင္တဲ့ပုံစံေတြရွိတယ္။ ဒါကို ပြင့္ပြင့္လင္းလင္း ကိုယ့္နာမည္ကိုယ္ထိုးၿပီးေတာ့ ကိုယ့္ရဲ႕အျမင္ေတြကို တင္ျပႏိုင္ပါတယ္။ ဒီလိုအခမ္းအနားေတြကို အလြဲသုံးစားမလုပ္ပါနဲ႔။ လူတိုင္းလူတိုင္းဟာ ကိုယ့္စည္းကိုေစာင့္ပါ။ ဒါဟာ အင္မတန္မွ အေရးႀကီးပါတယ္။ ကၽြန္မ ခဏခဏေျပာပါတယ္။ အခြင့္အေရးရွိသလို ကိုယ့္မွာတာဝန္ရွိတယ္။ အခြင့္အေရးကိုပဲၾကည့္ၿပီး တာဝန္ကို မေလးစားလို႔ရွိရင္ ကၽြန္မတို႔ႏိုင္ငံဟာ ဘယ္ေတာ့မွ တိုးတက္ႏိုင္မွာ မဟုတ္ပါဘူး’ဟု အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားခဲ့သည္။

ထိုကဲ့သို႔ ဆႏၵထုတ္ေဖာ္ရျခင္းသည္ ျဖစ္ပ်က္ေနသည္မ်ားကို လူႀကီးမ်ားသိေစခ်င္၍ ျပဳလုပ္ရျခင္း ျဖစ္သည္ဟု ဆႏၵထုတ္ေဖာ္ရာတြင္ပါဝင္ေသာ ေက်ာင္းသားတစ္ဦးက ေျပာဆိုသည္။

‘တစ္ျပည္လုံးက တကၠသိုလ္ေတြ၊ ေက်ာင္းေတြမွာ ဆႏၵျပတဲ့အေၾကာင္းရင္း ႏွစ္ခုရွိတယ္ေပါ့။ တစ္ခုက မတ္လကုန္အထိ စာေမးပြဲတိုးျမႇင့္စစ္ေဆးတဲ့ ကိစၥရယ္၊ မႏၲေလး သပိတ္ကိစၥကို မေျဖရွင္းဘဲနဲ႔ အခ်ိန္ဆြဲတဲ့ ကိစၥရယ္အတြက္ ကၽြန္ေတာ္တို႔ ဆႏၵျပတာပါ။ အဓိကကေတာ့ သူတို႔ မသိဘူးထင္လို႔ ေျပာျပ႐ုံပါပဲ။ မသိဘူးထင္လို႔၊ မလုပ္ေပးႏိုင္တာလို႔ ယူဆတဲ့အတြက္ ကၽြန္ေတာ္တို႔ ေျပာျပ႐ုံပါပဲ။ အဲဒီျဖစ္ေနတဲ့ ကိစၥကို ေျပာခ်င္တာပါ။ ကၽြန္ေတာ္တို႔ ေျပာခ်င္တာက ဒီျပႆနာ ႏွစ္ခုပဲ။ ၿပီးေတာ့ ဝန္ႀကီးဌာနရဲ႕ စီမံခန္႔ခြဲမႈ အလြဲေတြေပါ့။ ျပည္သူလူထုရဲ႕အသံ ေပၚလစီတစ္ခုကို ခ်မွတ္တဲ့ေနရာမွာ ပါဝင္ရမယ့္ Participant ေတြရဲ႕အသံကို နားမေထာင္ဘဲနဲ႔ ခ်မွတ္လိုက္တဲ့ ေပၚလစီတစ္ခုဟာ ဘယ္ေလာက္ေအာင္ျမင္မလဲဆိုတာကို ေမးခ်င္တာ’ဟု ရန္ကုန္ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ အတြင္းေရးမႉး ကိုေအာင္ျပည့္စုံၿဖိဳးက ေျပာဆိုသည္။

ထို႔ျပင္ အခမ္းအနား ေခတၱနားခ်ိန္တြင္ ဝန္ႀကီးဌာနဘက္မွ အႀကီးအကဲအခ်ိဳ႕ႏွင့္ ဆႏၵထုတ္ေဖာ္သူမ်ား ေတြ႕ဆုံၫွိႏႈိင္းမႈျပဳလုပ္ခဲ့ေသာ္လည္း ၎တို႔အေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္သာ အခ်ိန္အနည္းငယ္ ေတြ႕ဆုံဖို႔ ေတာင္းဆိုခဲ့ၾကေသာ္လည္း ေတြ႕ဆုံခြင့္မရခဲ့ေပ။

ယေန႔ ေတာင္းဆိုဆႏၵထုတ္ေဖာ္သူမ်ားသည္ ရန္ကုန္ပညာေရးတကၠသိုလ္၊ စစ္ကိုင္းပညာေရး တကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳတို႔ ပါဝင္ေၾကာင္းသိရသည္။

သတင္း၊ ဓာတ္ပုံ – မင္းမင္းထြန္း

………………………………………………………..

(Unicode Version)

အတိုင်ပင်ခံ မိန့်ခွန်းပြောကြားချိန် ကျောင်းသားအချို့ ဆန္ဒထုတ်ဖော်
အခမ်းအနားကို အလွဲသုံးစား မလုပ်ရန်၊ ကိုယ့်စည်းကိုယ်စောင့်ရန် တုံ့ပြန်

နေပြည်တော်ရှိ MICC-2 ၌ ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့သော ပညာရေးဖွံ့ဖြိုးတိုး တက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် မိန့်ခွန်းပြောကြားနေစဉ် ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူအချို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုသို့ ဆန္ဒထုတ်ဖော်တောင်းဆိုမှုအပေါ် အခမ်းအနားကို အလွဲသုံးစား မလုပ်ရန်နှင့် ကိုယ့်စည်းကိုယ်စောင့်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားနေစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘အနောက်မှာ တစ်ယောက်နဲ့တစ်ယောက် အချေအတင်ပြောနေလို့ အလကားပဲ။ ထောင်ပြ တဲ့ဟာတွေလည်း ဒီကမြင်ကို မမြင်ရဘူး။ အဲဒီတော့ ဘာမှ ထိရောက်မှုရှိမှာ မဟုတ်ဘူး။ ပြီးတော့ လည်း ဒီလိုအခမ်းအနားတွေကို ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အတွက်၊ ကိုယ်တစ်ယောက်တည်းရဲ့ အမြင်အတွက် အသုံးမချပါနဲ့။ ဒါဟာ
လုံး၀ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး’ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုသည်။

ယနေ့အခမ်းအနားတွင် ကျောင်းသားသမဂ္ဂကိုယ်စားပြု ၁၂ ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး မတ်တတ်ရပ်ကာ တောင်းဆိုမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ တောင်းဆိုချက်များတွင် သုတေသနမရှိသည့် အစမ်းသပ်ခံပညာရေးစနစ် အလိုမရှိ၊ စီမံခန့်ခွဲမှု အလွဲများအား ချက်ချင်းပြုပြင်ပေး၊ မတ်လကုန်အထိ စာမေးပွဲစစ်ခြင်းဖြင့် နိုင်ငံစီးပွားရေး တက်နိုင်ပါသလား၊ မန္တလေးတက္ကသိုလ် သပိတ်ကို ချက်ချင်းဖြေရှင်းပေး၊ အမှန်တရားတစ်ခုအတွက် အချိန်မဆွဲပါနဲ့စသည့် စာတန်းပါ ဆိုင်းဘုတ်များကိုင်ဆောင်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လူတိုင်းတွင် အခွင့်အရေးရှိ သကဲ့သို့ တာဝန်ရှိသည်ကိုလည်း သိရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာလည်း ကိုယ့်စည်းကို ကိုယ်ထိန်းရမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

‘အနောက်ကနေဘာတွေပဲထောင်ပြထောင်ပြ ဒီကလည်းမမြင်ရဘူး။ မမြင်ရတော့ ဘာမှထူးမှာလည်းမဟုတ်ဘူး။ တင်ပြချင်လို့ရှိရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ တင်ပြနိုင်တဲ့ပုံစံတွေရှိတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်နာမည်ကိုယ်ထိုးပြီးတော့ ကိုယ့်ရဲ့အမြင်တွေကို တင်ပြနိုင်ပါတယ်။ ဒီလိုအခမ်းအနားတွေကို အလွဲသုံးစားမလုပ်ပါနဲ့။ လူတိုင်းလူတိုင်းဟာ ကိုယ့်စည်းကိုစောင့်ပါ။ ဒါဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မ ခဏခဏပြောပါတယ်။ အခွင့်အရေးရှိသလို ကိုယ့်မှာတာဝန်ရှိတယ်။ အခွင့်အရေးကိုပဲကြည့်ပြီး တာဝန်ကို မလေးစားလို့ရှိရင် ကျွန်မတို့နိုင်ငံဟာ ဘယ်တော့မှ တိုးတက်နိုင်မှာ မဟုတ်ပါဘူး’ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းသည် ဖြစ်ပျက်နေသည်များကို လူကြီးများသိစေချင်၍ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သော ကျောင်းသားတစ်ဦးက ပြောဆိုသည်။

‘တစ်ပြည်လုံးက တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ ဆန္ဒပြတဲ့အကြောင်းရင်း နှစ်ခုရှိတယ်ပေါ့။ တစ်ခုက မတ်လကုန်အထိ စာမေးပွဲတိုးမြှင့်စစ်ဆေးတဲ့ ကိစ္စရယ်၊ မန္တလေး သပိတ်ကိစ္စကို မဖြေရှင်းဘဲနဲ့ အချိန်ဆွဲတဲ့ ကိစ္စရယ်အတွက် ကျွန်တော်တို့ ဆန္ဒပြတာပါ။ အဓိကကတော့ သူတို့ မသိဘူးထင်လို့ ပြောပြရုံပါပဲ။ မသိဘူးထင်လို့၊ မလုပ်ပေးနိုင်တာလို့ ယူဆတဲ့အတွက် ကျွန်တော်တို့ ပြောပြရုံပါပဲ။ အဲဒီဖြစ်နေတဲ့ ကိစ္စကို ပြောချင်တာပါ။ ကျွန်တော်တို့ ပြောချင်တာက ဒီပြဿနာ နှစ်ခုပဲ။ ပြီးတော့ ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု အလွဲတွေပေါ့။ ပြည်သူလူထုရဲ့အသံ ပေါ်လစီတစ်ခုကို ချမှတ်တဲ့နေရာမှာ ပါဝင်ရမယ့် Participant တွေရဲ့အသံကို နားမထောင်ဘဲနဲ့ ချမှတ်လိုက်တဲ့ ပေါ်လစီတစ်ခုဟာ ဘယ်လောက်အောင်မြင်မလဲဆိုတာကို မေးချင်တာ’ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုသည်။

ထို့ပြင် အခမ်းအနား ခေတ္တနားချိန်တွင် ဝန်ကြီးဌာနဘက်မှ အကြီးအကဲအချို့နှင့် ဆန္ဒထုတ်ဖော်သူများ တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ အချိန်အနည်းငယ် တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြသော်လည်း တွေ့ဆုံခွင့်မရခဲ့ပေ။

ယနေ့ တောင်းဆိုဆန္ဒထုတ်ဖော်သူများသည် ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်နှင့် ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုတို့ ပါဝင်ကြောင်းသိရသည်။

သတင်း၊ ဓာတ်ပုံ – မင်းမင်းထွန်း