အေမရိကန္-မကၠဆီကိုနယ္စပ္တြင္ အရွည္လ်ားဆုံး ဥမင္လိုဏ္ေခါင္းေတြ႕ရွိ

မကၠဆီကိုႏွင့္ ထိစပ္ေနေသာနယ္စပ္တြင္ ေမွာင္ခိုလုပ္ငန္းမ်ားလုပ္ေဆာင္သည့္ အရွည္လ်ားဆုံး ဥမင္လိုဏ္ေခါင္းတစ္ခုကို ေတြ႕ရွိခဲ့ေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ားက ေျပာသည္။

အရွည္ ၄၃၀၉ ေပရွိေသာ အဆိုပါ ဥမင္လိုဏ္ေခါင္းတြင္ ဓာတ္ေလွကား၊ ေရႏုတ္ေျမာင္းႏွင့္ ေလဝင္ေလထြက္စနစ္မ်ား၊ ဗို႔အားျမင့္လၽွပ္စစ္ႀကိဳးမ်ားႏွင့္ လၽွပ္စစ္မီးစနစ္မ်ား ပါဝင္သည္။

ဥမင္လိုဏ္ေခါင္းသည္ မကၠဆီကိုႏိုင္ငံ စက္မႈဇုန္တစ္ခုရွိ တီဟြာနာၿမိဳ႕ႏွင့္ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားရွိ ဆန္ဒီယာဂိုတို႔ကို ဆက္သြယ္ထားသည္။

-Ads-
-Ads-

ယင္းျဖစ္စဥ္တြင္ ဖမ္းဆီးျခင္းသို႔မဟုတ္ မူးယစ္ေဆးဝါးမ်ား ေတြ႕ရွိျခင္းမ်ိဳး မရွိေပ။ လိုဏ္ေခါင္းႏွင့္ပတ္သက္သည့္ သံသယရွိသူကို အာဏာပိုင္မ်ားက ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေပ။

သို႔ေသာ္ အဆိုပါေဒသတြင္ ကမၻာေပၚ၌ အႀကီးဆုံး မူးယစ္ေဆးဝါးဂိုဏ္းမ်ားထဲမွ တစ္ခုအျဖစ္ အေမရိကန္ကသတ္မွတ္ထားသည့္ မကၠဆီကိုမွ စီႏိုအာဂိုဏ္းလႈပ္ရွားရာေဒသျဖစ္သည္။ ဂိုဏ္းတည္ေထာင္သူႏွင့္ ကာလရွည္ၾကာေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့သူ အယ္လ္ခ်ာပိုဂုဇ္မန္းမွာ အေမရိကန္ရွိအက်ဥ္းေထာင္တြင္ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္း က်ခံေနရသည္။

(Unicode Version)

အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် အရှည်လျားဆုံး ဥမင်လိုဏ်ခေါင်းတွေ့ရှိ

မက္ကဆီကိုနှင့် ထိစပ်နေသောနယ်စပ်တွင် မှောင်ခိုလုပ်ငန်းများလုပ်ဆောင်သည့် အရှည်လျားဆုံး ဥမင်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။

အရှည် ၄၃၀၉ ပေရှိသော အဆိုပါ ဥမင်လိုဏ်ခေါင်းတွင် ဓာတ်လှေကား၊ ရေနုတ်မြောင်းနှင့် လေဝင်လေထွက်စနစ်များ၊ ဗို့အားမြင့်လျှပ်စစ်ကြိုးများနှင့် လျှပ်စစ်မီးစနစ်များ ပါဝင်သည်။

ဥမင်လိုဏ်ခေါင်းသည် မက္ကဆီကိုနိုင်ငံ စက်မှုဇုန်တစ်ခုရှိ တီဟွာနာမြို့နှင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ဆန်ဒီယာဂိုတို့ကို ဆက်သွယ်ထားသည်။

ယင်းဖြစ်စဉ်တွင် ဖမ်းဆီးခြင်းသို့မဟုတ် မူးယစ်ဆေးဝါးများ တွေ့ရှိခြင်းမျိုး မရှိပေ။ လိုဏ်ခေါင်းနှင့်ပတ်သက်သည့် သံသယရှိသူကို အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သို့သော် အဆိုပါဒေသတွင် ကမ္ဘာပေါ်၌ အကြီးဆုံး မူးယစ်ဆေးဝါးဂိုဏ်းများထဲမှ တစ်ခုအဖြစ် အမေရိကန်ကသတ်မှတ်ထားသည့် မက္ကဆီကိုမှ စီနိုအာဂိုဏ်းလှုပ်ရှားရာဒေသဖြစ်သည်။ ဂိုဏ်းတည်ထောင်သူနှင့် ကာလရှည်ကြာခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ အယ်လ်ချာပိုဂုဇ်မန်းမှာ အမေရိကန်ရှိအကျဉ်းထောင်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသည်။

-Ads-
-Ads-