တ႐ုတ္မွ ျပန္လာသည့္ တ႐ုတ္ႏိုင္ငံသားမန္ေနဂ်ာကို ၿပီးစလြယ္လက္ခံထား၍ လက္ပံေတာင္းေၾကးနီစီမံကိန္းမွ ျမန္မာအလုပ္သမားမ်ား အလုပ္မဆင္းဘဲ ကန္႔ကြက္

လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းတြင္ တ႐ုတ္ျပည္မွျပန္လာသည့္ တ႐ုတ္ႏိုင္ငံသား ဒုမန္ေနဂ်ာဆိုသူကို လုပ္ငန္းခြင္ထဲအဝင္ခံကာ ၿပီးစလြယ္လက္ခံထားလိုက္သည့္ ကိစၥႏွင့္ပတ္သက္၍ ေၾကးနီးစီမံကိန္းမွ ျမန္မာအလုပ္သမား ၁၀၀၀ ေက်ာ္ အလုပ္မဆင္းေတာ့ဘဲ ကန္႔ကြက္ခဲ့ၾကေၾကာင္း သိရသည္။

ဝမ္ေပါင္ကုမၸဏီက လုပ္ကိုင္လ်က္ရွိေသာ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းသို႔ ဇန္နဝါရီ ၃၁ ရက္က တ႐ုတ္ျပည္မွျပန္ဝင္လာသည့္ တ႐ုတ္ႏိုင္ငံသား ဒုမန္ေနဂ်ာဆိုသူကို လုပ္ငန္းခြင္ထဲအဝင္ခံကာ လက္ခံလိုက္သျဖင့္ ျမန္မာအလုပ္သမားမ်ားႏွင့္ ကုမၸဏီတာဝန္ရွိသူမ်ားအၾကား အခ်င္းမ်ားခဲ့ၾကသည္။

‘ကၽြန္ေတာ္တို႔ သူ႕ကို ေရာဂါရွိတယ္လို႔ စြပ္စြဲေနတာ မဟုတ္ဘူး။ ဒီေလာက္ႀကီး အုတ္ေအာ္ေသာင္းတင္းျဖစ္ေနတာ အားလုံးအသိပဲေလ။ သံသယရွိတဲ့အတြက္ စိတ္ခ်ရတဲ့ အေျခအေနေရာက္မွ ဒီလုပ္ငန္းခြင္ကိုဝင္ပါလို႔ ကၽြန္ေတာ္တို႔က ေတာင္းဆိုတာ။ သူ ဒီထဲကေနမထြက္ရင္ ကၽြန္ေတာ္တို႔လုပ္ငန္းခြင္ထဲ မဝင္ဘူး။ ဒီတ႐ုတ္ႏိုင္ငံသားေတြကို အဝင္မခံပါနဲ႔။ လက္ခံမယ္ဆိုရင္လည္း ေသခ်ာေဆးစစ္၊ သီးျခားခြဲထား၊ ေစာင့္ၾကည့္၊ စိတ္ခ်ရမွ လုပ္ငန္းခြင္ ဝင္ခိုင္း။ ဒီလိုျဖစ္ေစခ်င္တာ။ အခုက အကုန္လက္ခံေနေတာ့ ေရာဂါျဖစ္လာရင္ ဘယ္သူက တာဝန္ယူမွာလဲ။ ဒီလူကိုဘာေၾကာင့္ သီးသန္႔မထားႏိုင္တာလဲလို႔ ေမးေတာ့ တ႐ုတ္တာဝန္ခံက သူအခန္းမွာရွိတယ္။ သူတစ္ေယာက္တည္းေနတယ္ဆိုၿပီး အလြယ္ေျပာတယ္။ မေန႔ညကတည္းက အလုပ္သမားေတြ အကုန္အလုပ္ကနားၿပီး ျပန္ကုန္ၾကတာ။ ဒီမနက္လည္း မဆင္းၾကဘူး။ ၁၀၀၀ ေက်ာ္ရွိပါတယ္’ဟု ေဖေဖာ္ဝါရီ ၁ ရက္ ညေနပိုင္းတြင္အလုပ္သမားအဖြဲ႕မွ အမႈေဆာင္တစ္ဦးက ေျပာဆိုသည္။

-Ads-
-Ads-

တ႐ုတ္ႏိုင္ငံမွစတင္သည့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ ေဖေဖာ္ဝါရီ ၁ ရက္ ညေန ၅ နာရီအထိလူေပါင္း ၂၅၉ ဦးေသဆုံးၿပီး ၁၂၀၀၀ နီးပါး ေရာဂါ ကူးစက္ခံေနရခ်ိန္တြင္ တ႐ုတ္ျပည္မွ ျပန္လာသည့္ စီႏိုဝမ္းကုမၸဏီမွ ဒုမန္ေနဂ်ာ လုံးဆုံဆိုသူကို ကုမၸဏီဘက္က လက္ခံလိုက္၍ ျမန္မာအလုပ္သမားမ်ားက ေရာဂါပိုးကူးစက္ခံရမည္ကို စိုးရိမ္ကာ ကန္႔ကြက္ခဲ့ျခင္းျဖစ္သည္။

‘ျမန္မာႏိုင္ငံဘက္ကိုလာမယ့္ တ႐ုတ္ေလဆိပ္ပိတ္ေပးပါ။ ေလဆိပ္ကေန ဝမ္ေပါင္ကုမၸဏီကို တ႐ုတ္ႏိုင္ငံသားဝင္လာမယ္ၾကားလို႔ နယ္/လုံဝန္ႀကီးကို သတင္းေပးေတာ့ ကၽြန္ေတာ္တို႔က လက္မခံလို႔မရဘူး။ ျပည္ေထာင္စုအဆင့္က လုပ္ရမွာ။ အေျခအေနပဲ ေစာင့္ၾကည့္ရမယ္လို႔ ေျပာထားတယ္။ ကၽြန္မတို႔ ျမန္မာလူမ်ိဳးေတြဆီ ဗိုင္းရပ္စ္ပိုးကူးလာရင္ ဘယ္မွာေဆးရွိလဲ။ အခုကတည္းက ႀကိဳတင္ကာကြယ္ေပးၾကပါလို႔ လူႀကီးမင္းတို႔ကို ေမတၱာရပ္ခံပါရေစ။ အဲဒါနဲ႔ ကၽြန္မ မေန႔က ဝန္ႀကီးခ်ဳပ္ဆီကို ဝန္ထမ္းေတြကို အလုပ္ခဏနားေပးဖို႔ ၫွိႏႈိင္းေပးဖို႔ စာတင္ထားခဲ့တယ္’ဟု ယင္းမာပင္မဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအာင္ေမရီက ေျပာဆိုသည္။

စီႏိုဝမ္းကုမၸဏီမွ ဒုမန္ေနဂ်ာ လုံးဆုံကို အဝင္မခံဘဲ ၎ YGN 3M/—-ယာဥ္ႏွင့္ ယာဥ္ေမာင္းအပါအဝင္ မႏၲေလးၿမိဳ႕သို႔ျပန္ရန္ ၫႊန္ၾကားခဲ့သည့္အတြက္ တိုင္းေဒသႀကီးအစိုးရအေနျဖင့္ ၎ယာဥ္အား မည္သည့္ ေနရာတြင္ ရွိသည္။ ျပန္လည္ထြက္ခြာသြား၊ မသြား ရွာေဖြစစ္ေဆးေပးရန္ တာဝန္ရွိေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

‘တိုင္းေဒသႀကီးအစိုးရအဖြဲ႕ေတြ ဒီေန႔ ေန႔ခင္းက လာၿပီးေတာ့ ေဆြးေႏြးၫွိႏႈိင္းသြားတယ္။ တ႐ုတ္ေတြ ကုမၸဏီကို အလြယ္တကူ ဝင္ထြက္သြားလာမႈမရွိေရးနဲ႔ လက္ရွိေရာက္ရွိလာတဲ့ တ႐ုတ္ကိုလည္း အျခားသီးသန္႔ခြဲထားဖို႔ သေဘာတူညီခ်က္ယူၿပီးသား။ အခုက်ေတာ့ ကုမၸဏီက အစီအစဥ္ ျပန္ေျပာင္းသြားတယ္။ ဒါကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕က မသိေသးဘူး၊ ဒီလူကိုျပန္ပို႔မယ္ဆိုရင္ မင္းတို႔ အလုပ္ျပန္ဆင္းႏိုင္မလားလို႔ အလုပ္သမားေခါင္းေဆာင္ကို ေမးတယ္တဲ့။ အမွန္တကယ္ျပန္မယ္ဆိုတာသိရရင္ အလုပ္ဆင္းမယ္လို႔ ေျပာလိုက္တယ္တဲ့။ ဒီေန႔ည မႏၲေလးမွာအိပ္ၿပီးေတာ့ မနက္ျဖန္တ႐ုတ္ျပည္ ျပန္ပို႔မယ္လို႔ သိရတယ္။ ဒါေပမဲ့ ယုံလို႔မရဘူး။ ေစာင့္ၾကည့္ရဦးမွာေပါ့’ဟု ေဖေဖာ္ဝါရီ ၁ ရက္ ညေနပိုင္းတြင္ ေဒသခံတစ္ဦးျဖစ္သည့္ ကိုျမင့္ဝင္းက စံေတာ္ခ်ိန္သို႔ ေျပာဆိုသည္။

စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအေနျဖင့္ စီမံကိန္းမ်ားသို႔ တ႐ုတ္ဘက္မွ ျပန္ဝင္လာေနသည့္ တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ပတ္သက္၍ က်န္းမာေရးစစ္ေဆးျခင္း၊ ေစာင့္ၾကည့္ျခင္းမ်ားျပဳလုပ္ရာတြင္ အားနည္းခ်က္မ်ားရွိေၾကာင္း ေဒသခံမ်ား၏ ေျပာဆိုမႈမ်ားရွိသည္။

သတင္း – ေမာင္ေမာင္သန္းဝင္း(လွည္းကူး)

………………………………………………………..

(Unicode Version)

တရုတ်မှ ပြန်လာသည့် တရုတ်နိုင်ငံသားမန်နေဂျာကို ပြီးစလွယ်လက်ခံထား၍ လက်ပံတောင်းကြေးနီစီမံကိန်းမှ မြန်မာအလုပ်သမားများ အလုပ်မဆင်းဘဲ ကန့်ကွက်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် တရုတ်ပြည်မှပြန်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာဆိုသူကို လုပ်ငန်းခွင်ထဲအဝင်ခံကာ ပြီးစလွယ်လက်ခံထားလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ကြေးနီးစီမံကိန်းမှ မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းတော့ဘဲ ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

ဝမ်ပေါင်ကုမ္ပဏီက လုပ်ကိုင်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ဇန်နဝါရီ ၃၁ ရက်က တရုတ်ပြည်မှပြန်ဝင်လာသည့် တရုတ်နိုင်ငံသား ဒုမန်နေဂျာဆိုသူကို လုပ်ငန်းခွင်ထဲအဝင်ခံကာ လက်ခံလိုက်သဖြင့် မြန်မာအလုပ်သမားများနှင့် ကုမ္ပဏီတာဝန်ရှိသူများအကြား အချင်းများခဲ့ကြသည်။

‘ကျွန်တော်တို့ သူ့ကို ရောဂါရှိတယ်လို့ စွပ်စွဲနေတာ မဟုတ်ဘူး။ ဒီလောက်ကြီး အုတ်အော်သောင်းတင်းဖြစ်နေတာ အားလုံးအသိပဲလေ။ သံသယရှိတဲ့အတွက် စိတ်ချရတဲ့ အခြေအနေရောက်မှ ဒီလုပ်ငန်းခွင်ကိုဝင်ပါလို့ ကျွန်တော်တို့က တောင်းဆိုတာ။ သူ ဒီထဲကနေမထွက်ရင် ကျွန်တော်တို့လုပ်ငန်းခွင်ထဲ မဝင်ဘူး။ ဒီတရုတ်နိုင်ငံသားတွေကို အဝင်မခံပါနဲ့။ လက်ခံမယ်ဆိုရင်လည်း သေချာဆေးစစ်၊ သီးခြားခွဲထား၊ စောင့်ကြည့်၊ စိတ်ချရမှ လုပ်ငန်းခွင် ဝင်ခိုင်း။ ဒီလိုဖြစ်စေချင်တာ။ အခုက အကုန်လက်ခံနေတော့ ရောဂါဖြစ်လာရင် ဘယ်သူက တာဝန်ယူမှာလဲ။ ဒီလူကိုဘာကြောင့် သီးသန့်မထားနိုင်တာလဲလို့ မေးတော့ တရုတ်တာဝန်ခံက သူအခန်းမှာရှိတယ်။ သူတစ်ယောက်တည်းနေတယ်ဆိုပြီး အလွယ်ပြောတယ်။ မနေ့ညကတည်းက အလုပ်သမားတွေ အကုန်အလုပ်ကနားပြီး ပြန်ကုန်ကြတာ။ ဒီမနက်လည်း မဆင်းကြဘူး။ ၁၀၀၀ ကျော်ရှိပါတယ်’ဟု ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင်အလုပ်သမားအဖွဲ့မှ အမှုဆောင်တစ်ဦးက ပြောဆိုသည်။

တရုတ်နိုင်ငံမှစတင်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီအထိလူပေါင်း ၂၅၉ ဦးသေဆုံးပြီး ၁၂၀၀၀ နီးပါး ရောဂါ ကူးစက်ခံနေရချိန်တွင် တရုတ်ပြည်မှ ပြန်လာသည့် စီနိုဝမ်းကုမ္ပဏီမှ ဒုမန်နေဂျာ လုံးဆုံဆိုသူကို ကုမ္ပဏီဘက်က လက်ခံလိုက်၍ မြန်မာအလုပ်သမားများက ရောဂါပိုးကူးစက်ခံရမည်ကို စိုးရိမ်ကာ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

‘မြန်မာနိုင်ငံဘက်ကိုလာမယ့် တရုတ်လေဆိပ်ပိတ်ပေးပါ။ လေဆိပ်ကနေ ဝမ်ပေါင်ကုမ္ပဏီကို တရုတ်နိုင်ငံသားဝင်လာမယ်ကြားလို့ နယ်/လုံဝန်ကြီးကို သတင်းပေးတော့ ကျွန်တော်တို့က လက်မခံလို့မရဘူး။ ပြည်ထောင်စုအဆင့်က လုပ်ရမှာ။ အခြေအနေပဲ စောင့်ကြည့်ရမယ်လို့ ပြောထားတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေဆီ ဗိုင်းရပ်စ်ပိုးကူးလာရင် ဘယ်မှာဆေးရှိလဲ။ အခုကတည်းက ကြိုတင်ကာကွယ်ပေးကြပါလို့ လူကြီးမင်းတို့ကို မေတ္တာရပ်ခံပါရစေ။ အဲဒါနဲ့ ကျွန်မ မနေ့က ဝန်ကြီးချုပ်ဆီကို ဝန်ထမ်းတွေကို အလုပ်ခဏနားပေးဖို့ ညှိနှိုင်းပေးဖို့ စာတင်ထားခဲ့တယ်’ဟု ယင်းမာပင်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောဆိုသည်။

စီနိုဝမ်းကုမ္ပဏီမှ ဒုမန်နေဂျာ လုံးဆုံကို အဝင်မခံဘဲ ၎င်း YGN 3M/—-ယာဉ်နှင့် ယာဉ်မောင်းအပါအဝင် မန္တလေးမြို့သို့ပြန်ရန် ညွှန်ကြားခဲ့သည့်အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် ၎င်းယာဉ်အား မည်သည့် နေရာတွင် ရှိသည်။ ပြန်လည်ထွက်ခွာသွား၊ မသွား ရှာဖွေစစ်ဆေးပေးရန် တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

‘တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ ဒီနေ့ နေ့ခင်းက လာပြီးတော့ ဆွေးနွေးညှိနှိုင်းသွားတယ်။ တရုတ်တွေ ကုမ္ပဏီကို အလွယ်တကူ ဝင်ထွက်သွားလာမှုမရှိရေးနဲ့ လက်ရှိရောက်ရှိလာတဲ့ တရုတ်ကိုလည်း အခြားသီးသန့်ခွဲထားဖို့ သဘောတူညီချက်ယူပြီးသား။ အခုကျတော့ ကုမ္ပဏီက အစီအစဉ် ပြန်ပြောင်းသွားတယ်။ ဒါကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မသိသေးဘူး၊ ဒီလူကိုပြန်ပို့မယ်ဆိုရင် မင်းတို့ အလုပ်ပြန်ဆင်းနိုင်မလားလို့ အလုပ်သမားခေါင်းဆောင်ကို မေးတယ်တဲ့။ အမှန်တကယ်ပြန်မယ်ဆိုတာသိရရင် အလုပ်ဆင်းမယ်လို့ ပြောလိုက်တယ်တဲ့။ ဒီနေ့ည မန္တလေးမှာအိပ်ပြီးတော့ မနက်ဖြန်တရုတ်ပြည် ပြန်ပို့မယ်လို့ သိရတယ်။ ဒါပေမဲ့ ယုံလို့မရဘူး။ စောင့်ကြည့်ရဦးမှာပေါ့’ဟု ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ဒေသခံတစ်ဦးဖြစ်သည့် ကိုမြင့်ဝင်းက စံတော်ချိန်သို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် စီမံကိန်းများသို့ တရုတ်ဘက်မှ ပြန်ဝင်လာနေသည့် တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းများပြုလုပ်ရာတွင် အားနည်းချက်များရှိကြောင်း ဒေသခံများ၏ ပြောဆိုမှုများရှိသည်။

သတင်း – မောင်မောင်သန်းဝင်း(လှည်းကူး)

-Ads-
-Ads-