ဥ႐ုေခ်ာင္းကို ေရာက္ခဲ့သည္

ဥ႐ုေခ်ာင္းကူးတံတားေပၚမွ စာေရးသူ(ဝဲမွ ဒုတိယ)ႏွင့္အဖြဲ႕။
ဥ႐ုေခ်ာင္းကူးတံတားေပၚမွ စာေရးသူ(ဝဲမွ ဒုတိယ)ႏွင့္အဖြဲ႕။

ကၽြန္ေတာ္တို႔ ပညာဒါနအဖြဲ႕သည္ ရန္ကုန္မွမႏၲေလးသို႔ ပထမခရီးစဥ္အျဖစ္ သြားရသည္။ ရန္ကုန္ႏွင့္မႏၲေလးအကြာအေဝးမွာ ၅၇၅ ကီလိုမီတာ(၃၅၇ မိုင္) ကြာေဝးသည္။ ရန္ကုန္ၿမိဳ႕ ေအာင္မဂၤလာကားဝင္းမွ ေ႐ႊမႏၲေလး VIP ကားႀကီးသည္ ည ၉ နာရီခြဲတြင္ စထြက္သည္။ အေဝးေျပးလမ္း ၁၁၅ မိုင္သို႔ ညသန္းေခါင္ေလာက္အခ်ိန္မွာ ေရာက္သည္။ ခ်စ္တီးဆိုင္မွာ ထမင္းစားၾကသည္။ နံနက္ ၅ နာရီေလာက္မွာ ၃၁၅ မိုင္စခန္းသို႔ေရာက္၍ ကားေခတၱတခဏနားသည္။ မႏၲေလးၿမိဳ႕ ကၽြဲဆည္ကန္ကားဝင္းသို႔ေရာက္ေတာ့ မိုးစင္စင္လင္းေနၿပီ။

ရွမ္းေတာင္တန္း အံစာတုံးကားကို ေျပာင္းစီးရသည္။ မႏၲေလးမွဟုမၼလင္းသို႔ ဒုတိယခရီးစဥ္ျဖစ္သည္။ အမရပူရ ေတာင္တမန္အင္းကိုျဖတ္ေက်ာ္ခဲ့သည္။ ဧရာ၀တီျမစ္ကမ္းဘက္ရွိ ေ႐ႊၾကက္ယက္ဘုရားႏွင့္ ယင္းတစ္ဖက္ရွိ ေ႐ႊၾကက္က်ဘုရားကို ဖူးေျမာ္ရသည္။ ထို႔ေနာက္ ဧရာ၀တီျမစ္ကူး စစ္ကိုင္းတံတားသစ္ႀကီးကို ျဖတ္ကူးသည္။ အခုံး ၁၀ ခုပါဝင္ေသာ ေရွးေဟာင္း စစ္ကိုင္းတံတားေဟာင္းႀကီးကို ယွဥ္တြဲေတြ႕ရသည္။ ေ႐ႊေရာင္တဝင္းဝင္းႏွင့္ စစ္ကိုင္းေတာင္႐ိုးရွိ ဘုရားေစတီအဆူဆူကို ၾကည္ၫိုဖြယ္ရာ ဖူးေျမာ္ခြင့္ရၾကသည္။ ေဇယ်ာေ႐ႊေျမကဆီးႀကိဳပါသည္။ ျဖဴေဖြးသန္႔စင္ စင္ၾကယ္ေသာ ထုံးေရာင္ေကာင္းမႈေတာ္ေစတီႀကီးကို တစ္၀ႀကီး ဖူးေျမာ္ၾကသည္။

ထိုမွ ေ႐ႊဘိုနယ္သို႔ ခရီးဆက္သည္။ လမ္းေဘးဝဲ၊ ယာတြင္ အစိမ္းေရာင္ ကမၺလာခင္းထားသည့္ စပါးခင္းေတြကို တစ္ေမၽွာ္တစ္ေခၚႀကီး ေတြ႕ရသည္။ အခ်ိဳ႕ စပါးခင္းေတြမွာ ေ႐ႊေရာင္သန္းစျပဳသည္။ ႐ႈမ၀၊ ႐ႈမၿငီးဖြယ္ျမင္ကြင္းေတြပါ။ ျမန္မာျပည္မွာ အႀကီးမားဆုံး ကၽြန္းလွဆည္သည္ ကၽြန္းလွၿမိဳ႕နယ္ ကၽြန္းလွ႐ြာတြင္ရွိသည္။ ဆည္ေရေၾကာင့္ ယင္းေဒသသည္ သုံးခါစိုက္၊ သုံးသီးစား ေဒသ ျဖစ္ေနသည္။ ေ႐ႊဘိုေပၚဆန္းေမႊးသည္ ျမန္မာျပည္သာမက ကမၻာထိပါ ေက်ာ္ၾကားသည္။

ဝက္လက္ၿမိဳ႕နယ္က လွေတာ႐ြာကို ျဖတ္ေက်ာ္ေတာ့ ပခုကၠဴ၊ ေရႀကိဳၿမိဳ႕နယ္က ပုခန္းႀကီးသားေတြကဲ့သို႔ ဝက္လက္နယ္ လွေတာ႐ြာသားေတြ စကားႂကြယ္ဝၾကပုံကို ေတြးမိၿပီး ၿပဳံးမိသည္။ နံနက္ ၉ နာရီတြင္ ေ႐ႊဘိုၿမိဳ႕သို႔ ေရာက္သည္။ ေ႐ႊေရာင္တဝင္းဝင္းႏွင့္ သပၸာယ္လွေသာေ႐ႊတန္ဆာဘုရားေစတီကို ဖူးေျမာ္ရသည္။

ဟုမၼလင္းေလဆိပ္။

‘ဥဩေအာ္ျမည္ ေ႐ႊဘိုတည္’ သကၠရာဇ္ ၁၁၁၅ ခုႏွစ္တြင္ မုဆိုးဖို႐ြာသူႀကီးျဖစ္ခဲ့ေသာ အေလာင္းမင္းတရားႀကီးသည္ ေ႐ႊဘိုၿမိဳ႕ကိုတည္ထားခဲ့သည္။ ေ႐ႊဘိုၿမိဳ႕သည္ က်ယ္ျပန္႔စည္ကားပါသည္။ အေဝးရပ္ေျမေရာက္ ေ႐ႊဘိုဇာတိ၊ ေ႐ႊဘိုသား၊ ေ႐ႊဘိုသူေတြက ‘ေနၫိုရင္ေ႐ႊဘိုကို လြမ္းလွတယ္’ဟု ဆိုၾကသည္။ မႏၲေလးမွ ေ႐ႊဘိုသို႔ မိုင္ ၇၀၊ ေ႐ႊဘိုမွ မုံ႐ြာသို႔(၆၂ ဒသမ ၄)မိုင္၊ ေ႐ႊဘိုမွ ျမစ္ႀကီးနားသို႔ (၂၉၂ ဒသမ၂)မိုင္ ေဝးကြာသည္။

ေ႐ႊဘိုၿမိဳ႕မွာ ထမင္းစားေသာက္ၾကၿပီး နံနက္ ၁၀ နာရီမွာ ေ႐ႊဘိုမွခရီးစထြက္သည္။ ခင္ဦးၿမိဳ႕နယ္၊ ကန္႔ဘလူၿမိဳ႕နယ္ေတြကို ျဖတ္ေက်ာ္ရသည္။ ေဘာ္ႀကိဳသစ္ေတာႀကိဳးဝိုင္းကို စေတြ႕ရသည္။ ကၽြန္း၊ ပ်ဥ္းကတိုး၊ အင္၊ အင္ၾကင္း၊ ပိေတာက္စသည့္ အဖိုးတန္သစ္မ်ိဳးစုံ၊ ဇီ၀မ်ိဳးစုံ၊ သယံဇာတမ်ိဳးစုံ ေပါမ်ားလွေသာေဒသ ျဖစ္သည္။ မုံ႐ြာၿမိဳ႕နယ္ရွိ ယင္းမာပင္၊ ပုလဲ၊ ကနီၿမိဳ႕နယ္ေဒသမ်ားတြင္လည္း ေၾကးနီေတာင္၊ လက္ပံေတာင္းေတာင္၊ စံပယ္ေတာင္တစ္ဝိုက္ေတြမွာ ေ႐ႊ၊ ေငြ၊ ေၾကး၊သတၱဳမ်ား ေပါမ်ားလွသည္။ ကၽြန္း၊ ပ်ဥ္းကတိုး၊ အင္ၾကင္း အဖိုးတန္သစ္မ်ား၊ သယံဇာတမ်ား ေပါႂကြယ္လွသည္။

ဖိုလ္ဝင္ေတာင္၊ ပုံေတာင္၊ ပုံညာႏွင့္ အေလာင္းေတာ္ကႆပ သဘာ၀ဥယ်ာဥ္မွာ အထင္အရွားရွိသည္။ ခရီးဆက္ခဲ့ရာ ကန္႔ဘလူၿမိဳ႕နယ္၊ ဇင္း႐ြာတြင္ လင္းႏို႔ဂူ မုခ္ဦးကို ေတြ႕ရသည္။ မုခ္ဦးကို အဖိုးတန္ကၽြန္းတိုင္လုံးႀကီးမ်ားျဖင့္ အလွဆင္ထားသည္။ ဤေနရာတြင္ ပတ္ဝန္းက်င္ ေတာ၊ ေတာင္၊ ႐ႈခင္းေတြ လွပလွသျဖင့္ ကားရပ္နားကာ ဓာတ္ပုံ႐ိုက္ၾကသည္။ ဆက္လက္ထြက္ခြာလာရာ ေက်ာက္တန္းလမ္းဆုံေရာက္သည္။

ဥ႐ုေခ်ာင္းသည္ ခ်င္းတြင္းျမစ္သို႔ စီးဝင္သည္။
ဥ႐ုေခ်ာင္းေဘးမွာ ေရေမ်ာလုပ္ငန္းေတြ လုပ္ကိုင္ၾကသည္။
လုပ္ကြက္တစ္ကြက္ ေလးဧကလၽွင္ အစိုးရကို က်ပ္သိန္း ၃၀၀
မွတ္ပုံတင္ရသည္။ ေရေမ်ာလုပ္ကြက္တစ္ကြက္မွာ ပိုက္ ၁၂ လုံးခန္႔
လုပ္ကိုင္ႏိုင္သည္။ ေပ ၆၀ အနက္မွ ေရမ်ား ႏွင့္ ေက်ာက္ခဲ၊
ေျမႀကီးမ်ားကိုစုပ္ယူၿပီး ပိုက္ႏွင့္ သြယ္တန္းစီးဆင္းေစသည္။
ယင္းေရမ်ားသည္ ေ႐ႊဖမ္းေကာ္ေဇာေပၚမွ စီးဝင္သည္။ ေက်ာက္ခဲမ်ား
ေရႏွင့္အတူပါလာပါက ေ႐ႊေၾကာေတြ႕ၿပီဟု သတ္မွတ္သည္။

ဤမွ ျမစ္ႀကီးနား၊ ကသာ၊ ဗန္းေမာက္လမ္းခြဲေတြ ရွိသည္။ ေက်ာက္တန္းလမ္းဆုံမွ ဟုမၼလင္းလမ္းခြဲ၌ ေကြ႕၍ ကားသည္ ခရီးဆက္သည္။ ကသာခ႐ိုင္၊ ေကာလင္းၿမိဳ႕နယ္တြင္ ကုကၠိဳတန္းေက်း႐ြာ၊ ေထာင္ေဘာ္ေက်း႐ြာမ်ားကို ေတြ႕ရသည္။ လမ္းခြဲတစ္ခုေရာက္ျပန္သည္။ယာဘက္ခြဲသြားပါက ၁၀ မိုင္ခန္႔တြင္ ဝန္းသိုၿမိဳ႕သို႔ေရာက္သည္။ ဝဲဘက္လမ္းခြဲသြားၿပီး ၁၀ မိုင္ခန္႔တြင္ ေကာလင္းၿမိဳ႕သို႔ေရာက္သည္။ ကားကဝန္းသိုလမ္းခြဲကို ေကြ႕၍သြားသည္။ ေဒသခံေျချမန္တပ္ရင္းကို ေတြ႕ရသည္။ ဒုံဒုတ္၊ ဩ၀၊ ဆည္ႀကီး႐ြာေတြကို ျဖတ္ေက်ာ္သည္။ ထို႔ေနာက္ ေသာ္ႀကိဳးဝိုင္း၊ ေက်ာက္ဖ်ာႀကိဳးဝိုင္းေတြကို ေတြ႕ရသည္။

ဝန္းသိုၿမိဳ႕သည္ နယ္ခ်ဲ႕ဆန္႔က်င္ေရးေခါင္းေဆာင္ ဝန္းသိုေစာ္ဘြားႀကီး ဦးေအာင္ျမတ္ေၾကာင့္ ေက်ာ္ၾကားသည္။ ဗိုလ္၀ဦးေဆာင္ေသာသူပုန္မ်ားကို တိုက္ခိုက္ေအာင္ျမင္ခဲ့၍ သီေပါမင္းက ဝန္းသိုေစာ္ဘြားႀကီးအား ေမာရိယမဟာဝံသသီရိသုဓမၼရာဇာဘြဲ႕ကို ခ်ီးျမႇင့္ခဲ့သည္။ ၁၈၈၅ ခုႏွစ္တြင္ ျမန္မာျပည္ သူ႕ကၽြန္ဘဝေရာက္ခဲ့သည္။ ဝန္းသိုေစာ္ဘြားႀကီးသည္ မိုးၫွင္းေဒသမွ သူ႕ကၽြန္ဘ၀တြင္ အဂၤလိပ္တို႔ ေသြးေဆာင္ေသာ ရာထူး၊ ဂုဏ္ထူး၊ ေငြေၾကးကို ဝန္းသိုေစာ္ဘြားႀကီးမမက္ေမာခဲ့ပါ။ သူ႕ကို နယ္ခ်ဲ႕တို႔သိမ္းသြင္း၍မရပါ။ ဝန္းသိုေစာ္ဘြားႀကီးသည္ သူ႕ကၽြန္မခံ ေတာ္လွန္ခဲ့သည္။ မွန္ကင္းခန္းစခန္းတြင္ အဂၤလိပ္တို႔ကိုေအာင္ႏိုင္ခဲ့သည္။

စြန္ေတာင္ကုန္းတြင္ အဂၤလိပ္တို႔ကိုေအာင္ႏိုင္ခဲ့၍ ဝန္းသိုေစာ္ဘြားႀကီးေအာင္ႏိုင္ေရး ေက်ာက္တိုင္ရွိသည္။ ဝန္းသိုေစာ္ဘြားႀကီးသည္ ‘ငါသည္ နယ္ခ်ဲ႕လက္ေအာက္သို႔ မဝင္၊ ရန္သူကို ရန္သူလိုသာမွတ္မည္။ ငါ့အမ်ိဳးကို အသက္ႏွင့္လဲ၍ ကာကြယ္ေစာင့္ေရွာက္မည္’ဟူေသာ အဓိ႒ာန္ျဖင့္ တိုင္းခ်စ္၊ မ်ိဳးခ်စ္ပုဂၢိဳလ္ႀကီးျဖစ္ခဲ့သည္။ ၁၉၆၅ ခုႏွစ္၊ ဇန္နဝါရီ ၅ ရက္တြင္ အသက္(၁၀၃)ႏွစ္အ႐ြယ္၌ ေစာ္ဘြားႀကီးကြယ္လြန္ရွာသည္။

လင္းႏို႔ဂူမုခ္ဦး။

ဝန္းသိုၿမိဳ႕မွ ပင္လည္ဘူးၿမိဳ႕သို႔ ၃၄ မိုင္ကြာေဝးသည္။ ပင္လည္ဘူးမွ ေဖာင္းျပင္သို႔ မိုင္ ၅၀ ခန္႔ သြားရသည္။ ခံစားလာသစ္ေတာႀကိဳးဝိုင္းကို ေတြ႕ရသည္။ ေျမလင္း၊ စံျပ၊ ပန္းခူး႐ြာစဥ္ေတြမွာ ေလွခါးထစ္ငွက္ေပ်ာၿခံေတြ ေတြ႕ရသည္။ ပင္လည္ဘူးသို႔ ညေန ၃ နာရီ ေရာက္သည္။ ယင္းေဒသတြင္ ပ်ားရည္စစ္စစ္ေပါသည္။ ပင္လည္ဘူးမွာ ထမင္းစားေသာက္ၾကရာ အလြန္ၿမိန္ရွက္လွသည္။

ညေန ၅ နာရီတြင္ ယင္းမွ ေတာင္တက္စခန္းကို စခဲ့သည္။ မူးျမစ္ကူးတံတား(ပင္လည္ဘူး)ကိုျဖတ္ခဲ့သည္။ ဗန္းေမာက္လမ္းခြဲမွေန၍ နာမည္ေက်ာ္ၾကားေသာ ဇလုံေတာင္သို႔ ေရာက္ႏိုင္သည္။ မ်က္စိလည္လမ္းမွားစရာ မဟာၿမိဳင္ေတာ၊ ဝကၤပါေတာႀကီးကို ျဖတ္သန္းရသည္။ ေပ ၃၀၀၀ ေက်ာ္ ျမင့္မားေသာ ေတာင္တန္းအသြယ္သြယ္ကို ျဖတ္ေက်ာ္ရသည္။ ေတာင္ေၾကာကမ္းပါးယံ တစ္ေလၽွာက္ ေကြ႕ကာေကာက္ကာ လမ္းေဖာက္ထားသည္။ အသည္းယားဖြယ္၊ ေၾကာက္ဖြယ္ရာျဖစ္သည္။

ယခင္က နယ္ေျမမေအးခ်မ္းသျဖင့္ ပင္လည္ဘူးၿမိဳ႕မွာ ညအိပ္ေစာင့္ၿပီးမွ မဟာၿမိဳင္ေတာကို ေက်ာ္ျဖတ္ဝံ့သည္ဟုဆိုသည္။ လမ္းေဘးဝဲယာတြင္ ကၽြန္း၊ အင္၊ အင္ၾကင္း၊ ပ်ဥ္းကတိုးစသည့္ အဖိုးတန္သစ္မ်ားထူထပ္စြာ ေပါက္ေရာက္ေနသည္။ ယခင္ေခတ္ေတြဆီက ယင္းခရီးလမ္းႏွင့္ ကခ်င္ျပည္နယ္ သြားလမ္းမ်ားတြင္ လွည္းဘီးေလာက္ ကၽြန္းပင္ႀကီးမ်ားရွိခဲ့ရာ ယခုအခါ ေပ်ာက္ကြယ္ကုန္ၿပီ။ ပင္လည္ဘူးၿမိဳ႕မွ ေဖာင္းျပင္သို႔ ခရီးစဥ္သည္ ေၾကာက္မက္ဖြယ္၊ ေခ်ာက္ခ်ားဖြယ္ရာ မဟာၿမိဳင္ေတာႀကီး ပီသလွသည္။

ည ၈ နာရီတြင္ေတာ့ ဥ႐ုေခ်ာင္းကူးတံတားေဘးမွာရွိေသာ တိုက္နယ္အဆင့္ ႐ြာပိုေအာင္ေက်း႐ြာသို႔ ေရာက္သည္။ ‘ေ႐ႊျပည္စိုးစံ’ ကိုယ္ပိုင္အထက္တန္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ကၽြန္ေတာ္တို႔ဆရာအဖြဲ႕ကို လႈိက္လွဲပ်ဴငွာစြာ သိုက္သိုက္ဝန္းဝန္း ႀကိဳဆိုၾကသည္။ဉာဏ္ရည္ထက္ျမက္၍ ဘ၀အသိရွိေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားျဖစ္သည္။ စာသင္ၾကားရသည္မွာ လမိုင္း ကပ္ပါသည္။ ေက်ာင္းတည္ေထာင္သူမွာ ဆရာဦးခင္ေမာင္ေဆြျဖစ္ၿပီး ေက်ာင္းအုပ္ဆရာႀကီးမွာ ေဒါက္တာ ေစာနီေဂၚထူးျဖစ္သည္။

စစ္ကိုင္းေျမာက္ပိုင္းႏွင့္ ကခ်င္အေနာက္ပိုင္းေဒသတို႔တြင္ ကခ်င္၊ ဗမာ၊ ရွမ္းနီစသည့္ တိုင္းရင္းသားမ်ား ေအးတူပူမၽွ ညီၫႊတ္မၽွတစြာ ေနထိုင္ခဲ့ၾကသည္။ ဥ႐ုေခ်ာင္းသည္ ခ်င္းတြင္းျမစ္သို႔ စီးဝင္သည္။ ဥ႐ုေခ်ာင္းေဘးမွာ ေရေမ်ာလုပ္ငန္းေတြ လုပ္ကိုင္ၾကသည္။ လုပ္ကြက္တစ္ကြက္ ေလးဧကလၽွင္ အစိုးရကို က်ပ္သိန္း ၃၀၀ မွတ္ပုံတင္ရသည္။ ေရေမ်ာလုပ္ကြက္တစ္ကြက္မွာ ပိုက္ ၁၂ လုံး ခန္႔ လုပ္ကိုင္ႏိုင္သည္။ ေပ ၆၀ အနက္မွ ေရမ်ားႏွင့္ ေက်ာက္ခဲ၊ ေျမႀကီးမ်ားကိုစုပ္ယူၿပီး ပိုက္ႏွင့္သြယ္တန္းစီးဆင္းေစသည္။ ယင္းေရမ်ားသည္ ေ႐ႊဖမ္းေကာ္ေဇာေပၚမွစီးဝင္သည္။ ေက်ာက္ခဲမ်ား ေရႏွင့္အတူပါလာပါက ေ႐ႊေၾကာေတြ႕ၿပီဟုသတ္မွတ္သည္။

ထို႔ေနာက္ ေ႐ႊက်င္လုပ္ငန္းသို႔ ပို႔သည္။ က်င္ၿပီး အဝါေရာင္ဝင္းလက္ေတာက္ပေနေသာ ေ႐ႊမ်ားကို ျပဒါးျဖင့္ ဖမ္းယူသည္ဟု ဆိုသည္။ ဥ႐ုေခ်ာင္းေဘးတြင္ နေႏၵာ၊ ေဝဖလာ၊ ေရေမ်ာႏွင့္ ထိန္ကုန္း႐ြာတို႔သည္ ေရေမ်ာလုပ္ငန္းလုပ္ကိုင္ၾကသည္။ ဆည္ဆင္းႏွင့္ သံဇလုတ္တို႔သည္ ကုန္းေမ်ာလုပ္ငန္းလုပ္ကိုင္ၾကသည္။

ယင္းမွ မိုင္ ၅၀ ေလာက္တြင္ နာမည္ေက်ာ္ ဟူးေကာင္းခ်ိဳင့္ဝွမ္းရွိသည္။ ထမံသီေတာ႐ိုင္းတိရစၧာန္ေဘးမဲ့ေတာရွိသည္။ (၆၂)ႀကိမ္ေျမာက္ အာဆီယံအေမြအႏွစ္ဥယ်ာဥ္မ်ား ညီလာခံကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၂၁ ရက္မွ ၂၄ ရက္အထိ က်င္းပရာ ျမန္မာႏိုင္ငံမွသဘာ၀ထိန္းသိမ္းေရးနယ္ေျမျဖစ္ေသာ ထမံသီေဘးမဲ့ေတာကို အာဆီယံအေမြအႏွစ္အျဖစ္ သတ္မွတ္ခံရသည္။

၁၉၇၄ ခုႏွစ္တြင္ ထမံသီေဘးမဲ့ေတာကို တည္ေထာင္ခဲ့သည္။ ထမံသီေဘးမဲ့ေတာသည္ ေဂဟေဗဒ ေကာင္းမြန္ေသာေနရာျဖစ္ျခင္း၊ တိုင္းရင္းသားမ်ား၏ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းမ်ား တည္ရွိရာေနရာျဖစ္ျခင္း၊ ေတာဆင္႐ိုင္း၊ က်ား၊ အင္းက်ား၊ ဝက္ဝံႏွင့္ သင္းေခြခ်ပ္စသည့္ ရွားပါးေတာ႐ိုင္းတိရစၧာန္ႏွင့္ အပင္မ်ိဳးစိပ္မ်ား ေပါက္ေရာက္ရာေနရာျဖစ္ျခင္းတို႔ေၾကာင့္ အာဆီယံအေမြအႏွစ္ျဖစ္ခဲ့သည္။

ျမန္မာႏိုင္ငံတြင္ သဘာ၀ထိန္းသိမ္းေရး နယ္ေျမ ၄၄ ခုတည္ထားခဲ့သည္။ ယင္းတို႔အနက္ ခါကာဘိုရာဇီ အမ်ိဳးသားဥယ်ာဥ္၊ အင္းေတာ္ႀကီး ေတာ႐ိုင္းတိရစၧာန္ ေဘးမဲ့ေတာ၊ အေလာင္းေတာ္ကႆပ အမ်ိဳးသားဥယ်ာဥ္၊ အင္းေလးကန္ ေတာ႐ိုင္းတိရစၧာန္ေဘးမဲ့ေတာ၊မိန္းမလွကၽြန္း ေတာ႐ိုင္းတိရစၧာန္ေဘးမဲ့ေတာ၊ လန္ပိအဏၰဝါ အမ်ိဳးသားဥယ်ာဥ္(၂၀၀၃)၊ နတ္မေတာင္ အမ်ိဳးသားဥယ်ာဥ္(၂၀၁၂)ႏွင့္ ထမံသီေတာ႐ိုင္းတိရစၧာန္ (၂၀၁၉)တို႔သည္ အာဆီယံအေမြအႏွစ္အျဖစ္သတ္မွတ္ခံရသည္။

ေ႐ႊေမၽွာလုပ္ကြက္။

မႏၲေလးမွ ဟုမၼလင္းကားခမွာ က်ပ္ငါးေသာင္းခန္႔ ရွိသည္။ ဟုမၼလင္းမွ တမူး၊ ကေလးၿမိဳ႕ႏွင့္ အိႏၵိယသို႔ သြားႏိုင္၏။ ခ်င္းတြင္းေရလမ္းခရီးသည္ ဟုမၼလင္း၊ တႏိုင္းအထိ ေရာက္ႏိုင္သည္။ အထက္ခ်င္းတြင္းေဒသတြင္ ေ႐ႊသယံဇာတ ေပါႂကြယ္၀သည္။

ေဆာင္းရာသီျဖစ္၍ ရာသီဥတုမွာ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေအးပါသည္။ ဆီးႏွင္းေတြ ေဝမစဲက်ေနသည္။ ဆီးႏွင္းေတြကိုျဖတ္၍ လမ္းေလၽွာက္ရသည့္ အရသာမွာ ထူးကဲလွသည္။ ရွမ္းစာ၊ ဗမာစာ မ်ိဳးစုံျဖင့္ ဆရာဦးခင္ေမာင္ေဆြက ဧည့္ဝတ္ျပဳ လိုေလးေသးမရွိ ေက်ပြန္သည္။

‘ယခင္က ကၽြန္းတစ္တန္ က်ပ္ ၁၅၀၀၀၀ ကေန အခု ကၽြန္းတစ္တန္ က်ပ္ ၄၅၀၀၀၀ အထိ တက္လာတယ္။ ပ်ဥ္းကတိုး၊ အင္ၾကင္းဆိုရင္ အရင္က တစ္တန္ က်ပ္ ၇၅၀၀၀ ကေန အခု က်ပ္ ၂၅၀၀၀၀ ျဖစ္လာတယ္။ အဖိုးတန္သစ္ေတာ သယံဇာတေတြေပါတဲ့ ျမန္မာျပည္ပါ။ ေလာဘေဇာ တိုက္ေနသူေတြလည္းရွိၾကတယ္။ အခုအခါ သစ္ခိုးထုတ္သူေတြ ပိုမ်ားလာၾကတယ္’ ဟု ဆရာဦးခင္ေမာင္ေဆြက ေျပာသည္။

ရန္ကုန္မွာေတာ့ ကၽြန္းတစ္တန္ က်ပ္ ၁၄ သိန္း ေဈးခန္႔ ေပါက္ေနသည္။

ကားႏွင့္ ခရီးၾကမ္းႏွင္ခဲ့သည္မွာ ရန္ကုန္မွမႏၲေလးသို႔ ၁၀ နာရီခန္႔ၾကာ၍ မႏၲေလးမွ ဟုမၼလင္းသို႔ ၁၄ နာရီ ခန္႔ၾကာသည္။ အျပန္ခရီးတြင္ ေနာင္ပိုေအာင္႐ြာမွ ဥ႐ု ေခ်ာင္းကူးတံတားကို ျဖတ္ခဲ့သည္။ ျမစ္ေရလႊမ္းေသာေဒသျဖစ္၍ ေျမႏုကၽြန္းမ်ားတြင္ ပဲမ်ိဳးစုံစိုက္ပ်ိဳးၾကေသာ ေဒသျဖစ္သည္။ ဥ႐ုေခ်ာင္းေဘး ေ႐ႊေဒသမွ ၁၀ မိုင္ခန္႔ ကြာေဝးေသာ ဟုမၼလင္းၿမိဳ႕သို႔ ေရာက္သည္။

ေ႐ႊေမၽွာလုပ္ကြက္။

၂၀၁၆ ခုႏွစ္ ဇန္နဝါရီ ၁၄ ရက္တြင္ ဖြင့္လွစ္ခဲ့ေသာ ခ်င္းတြင္းတံတား(ဟုမၼလင္း)မွၾကည့္လၽွင္ အလြန္သာယာစြဲမက္ဖြယ္ေကာင္းေသာ ႐ႈခင္းမ်ားကို ေတြ႕ရသည္။ ခ်င္းတြင္းေျမျပန္႔လြင္ျပင္၏ က်ယ္ေျပာလွေသာ အလွက လြတ္လပ္သည္။ ေတာင္ခိုးမ်ား ေဝေနသည့္ နာဂေတာင္တန္းေဒသ၊ ကခ်င္ျပည္နယ္က ေရခဲေတာင္ေဒသမ်ားကို ၾကည့္ရင္း လြမ္းေမာတမ္းတခံစားရသည္။ တိုင္းရင္းသားညီအစ္ကိုေတြ ေအးအတူပူအမၽွ ေနထိုင္ခဲ့ၾကေသာ အဖိုးမျဖတ္ႏိုင္သည့္ ျမန္မာျပည္အလွတရား။

အျပန္တြင္ေတာ့ ဟုမၼလင္းၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ATR72 ေလယာဥ္စီးျပန္ခဲ့ရသည္။ ေပ ၁၅၀၀၀ အျမင့္မွာ တိမ္ေတြကို ျဖတ္ေက်ာ္ ပ်ံသန္းေနသည္။ ဟုမၼလင္းႏွင့္ မႏၲေလးေလယာဥ္ခရီးစဥ္မွာ ၄၅ မိနစ္သာ ၾကာသည္။ ရန္ကုန္ ေအာင္မဂၤလာကားဂိတ္မွ ရန္ကုန္ၿမိဳ႕ထဲသို႔ ၾကာခ်ိန္မွာ ႏွစ္နာရီ၊ သုံးနာရီျဖစ္သည္။

မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ မႏၲေလးကားဂိတ္သို႔ ၅၅ မိနစ္ၾကာ Taxi စီးရသည္။ မႏၲေလးကားဂိတ္မွ ရန္ကုန္ၿမိဳ႕သို႔ ကားလမ္းခရီးျဖင့္ တစ္ညလုံး ခရီးႏွင္ရဦးမည္။ ကားႏွင့္သြားရေသာခရီးစဥ္သည္ ခက္ခဲပင္ပန္းေပမယ့္။ ေလယာဥ္စီးရေသာခရီးစဥ္ထက္ အဖိုးတန္ဗဟုသုတေတြ တိုးပြားရသည္။

ေရးသူ – သခ်ၤာေအာင္သင္း

(Unicode Version)

ဥရုချောင်းကို ရောက်ခဲ့သည်

ကျွန်တော်တို့ ပညာဒါနအဖွဲ့သည် ရန်ကုန်မှမန္တလေးသို့ ပထမခရီးစဉ်အဖြစ် သွားရသည်။ ရန်ကုန်နှင့်မန္တလေးအကွာအဝေးမှာ ၅၇၅ ကီလိုမီတာ(၃၅၇ မိုင်) ကွာဝေးသည်။ ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းမှ ရွှေမန္တလေး VIP ကားကြီးသည် ည ၉ နာရီခွဲတွင် စထွက်သည်။ အဝေးပြေးလမ်း ၁၁၅ မိုင်သို့ ညသန်းခေါင်လောက်အချိန်မှာ ရောက်သည်။ ချစ်တီးဆိုင်မှာ ထမင်းစားကြသည်။ နံနက် ၅ နာရီလောက်မှာ ၃၁၅ မိုင်စခန်းသို့ရောက်၍ ကားခေတ္တတခဏနားသည်။ မန္တလေးမြို့ ကျွဲဆည်ကန်ကားဝင်းသို့ရောက်တော့ မိုးစင်စင်လင်းနေပြီ။

ရှမ်းတောင်တန်း အံစာတုံးကားကို ပြောင်းစီးရသည်။ မန္တလေးမှဟုမ္မလင်းသို့ ဒုတိယခရီးစဉ်ဖြစ်သည်။ အမရပူရ တောင်တမန်အင်းကိုဖြတ်ကျော်ခဲ့သည်။ ဧရာ၀တီမြစ်ကမ်းဘက်ရှိ ရွှေကြက်ယက်ဘုရားနှင့် ယင်းတစ်ဖက်ရှိ ရွှေကြက်ကျဘုရားကို ဖူးမြော်ရသည်။ ထို့နောက် ဧရာ၀တီမြစ်ကူး စစ်ကိုင်းတံတားသစ်ကြီးကို ဖြတ်ကူးသည်။ အခုံး ၁၀ ခုပါဝင်သော ရှေးဟောင်း စစ်ကိုင်းတံတားဟောင်းကြီးကို ယှဉ်တွဲတွေ့ရသည်။ ရွှေရောင်တဝင်းဝင်းနှင့် စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီအဆူဆူကို ကြည်ညိုဖွယ်ရာ ဖူးမြော်ခွင့်ရကြသည်။ ဇေယျာရွှေမြေကဆီးကြိုပါသည်။ ဖြူဖွေးသန့်စင် စင်ကြယ်သော ထုံးရောင်ကောင်းမှုတော်စေတီကြီးကို တစ်၀ကြီး ဖူးမြော်ကြသည်။

ထိုမှ ရွှေဘိုနယ်သို့ ခရီးဆက်သည်။ လမ်းဘေးဝဲ၊ ယာတွင် အစိမ်းရောင် ကမ္ဗလာခင်းထားသည့် စပါးခင်းတွေကို တစ်မျှော်တစ်ခေါ်ကြီး တွေ့ရသည်။ အချို့ စပါးခင်းတွေမှာ ရွှေရောင်သန်းစပြုသည်။ ရှုမ၀၊ ရှုမငြီးဖွယ်မြင်ကွင်းတွေပါ။ မြန်မာပြည်မှာ အကြီးမားဆုံး ကျွန်းလှဆည်သည် ကျွန်းလှမြို့နယ် ကျွန်းလှရွာတွင်ရှိသည်။ ဆည်ရေကြောင့် ယင်းဒေသသည် သုံးခါစိုက်၊ သုံးသီးစား ဒေသ ဖြစ်နေသည်။ ရွှေဘိုပေါ်ဆန်းမွှေးသည် မြန်မာပြည်သာမက ကမ္ဘာထိပါ ကျော်ကြားသည်။

ဝက်လက်မြို့နယ်က လှတောရွာကို ဖြတ်ကျော်တော့ ပခုက္ကူ၊ ရေကြိုမြို့နယ်က ပုခန်းကြီးသားတွေကဲ့သို့ ဝက်လက်နယ် လှတောရွာသားတွေ စကားကြွယ်ဝကြပုံကို တွေးမိပြီး ပြုံးမိသည်။ နံနက် ၉ နာရီတွင် ရွှေဘိုမြို့သို့ ရောက်သည်။ ရွှေရောင်တဝင်းဝင်းနှင့် သပ္ပာယ်လှသောရွှေတန်ဆာဘုရားစေတီကို ဖူးမြော်ရသည်။

‘ဥဩအော်မြည် ရွှေဘိုတည်’ သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် မုဆိုးဖိုရွာသူကြီးဖြစ်ခဲ့သော အလောင်းမင်းတရားကြီးသည် ရွှေဘိုမြို့ကိုတည်ထားခဲ့သည်။ ရွှေဘိုမြို့သည် ကျယ်ပြန့်စည်ကားပါသည်။ အဝေးရပ်မြေရောက် ရွှေဘိုဇာတိ၊ ရွှေဘိုသား၊ ရွှေဘိုသူတွေက ‘နေညိုရင်ရွှေဘိုကို လွမ်းလှတယ်’ဟု ဆိုကြသည်။ မန္တလေးမှ ရွှေဘိုသို့ မိုင် ၇၀၊ ရွှေဘိုမှ မုံရွာသို့(၆၂ ဒသမ ၄)မိုင်၊ ရွှေဘိုမှ မြစ်ကြီးနားသို့ (၂၉၂ ဒသမ၂)မိုင် ဝေးကွာသည်။

ရွှေဘိုမြို့မှာ ထမင်းစားသောက်ကြပြီး နံနက် ၁၀ နာရီမှာ ရွှေဘိုမှခရီးစထွက်သည်။ ခင်ဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်တွေကို ဖြတ်ကျော်ရသည်။ ဘော်ကြိုသစ်တောကြိုးဝိုင်းကို စတွေ့ရသည်။ ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ အင်ကြင်း၊ ပိတောက်စသည့် အဖိုးတန်သစ်မျိုးစုံ၊ ဇီ၀မျိုးစုံ၊ သယံဇာတမျိုးစုံ ပေါများလှသောဒေသ ဖြစ်သည်။ မုံရွာမြို့နယ်ရှိ ယင်းမာပင်၊ ပုလဲ၊ ကနီမြို့နယ်ဒေသများတွင်လည်း ကြေးနီတောင်၊ လက်ပံတောင်းတောင်၊ စံပယ်တောင်တစ်ဝိုက်တွေမှာ ရွှေ၊ ငွေ၊ ကြေး၊သတ္တုများ ပေါများလှသည်။ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း အဖိုးတန်သစ်များ၊ သယံဇာတများ ပေါကြွယ်လှသည်။

ဖိုလ်ဝင်တောင်၊ ပုံတောင်၊ ပုံညာနှင့် အလောင်းတော်ကဿပ သဘာ၀ဥယျာဉ်မှာ အထင်အရှားရှိသည်။ ခရီးဆက်ခဲ့ရာ ကန့်ဘလူမြို့နယ်၊ ဇင်းရွာတွင် လင်းနို့ဂူ မုခ်ဦးကို တွေ့ရသည်။ မုခ်ဦးကို အဖိုးတန်ကျွန်းတိုင်လုံးကြီးများဖြင့် အလှဆင်ထားသည်။ ဤနေရာတွင် ပတ်ဝန်းကျင် တော၊ တောင်၊ ရှုခင်းတွေ လှပလှသဖြင့် ကားရပ်နားကာ ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်ထွက်ခွာလာရာ ကျောက်တန်းလမ်းဆုံရောက်သည်။

ဥရုချောင်းသည် ချင်းတွင်းမြစ်သို့ စီးဝင်သည်။
ဥရုချောင်းဘေးမှာ ရေမျောလုပ်ငန်းတွေ လုပ်ကိုင်ကြသည်။
လုပ်ကွက်တစ်ကွက် လေးဧကလျှင် အစိုးရကို ကျပ်သိန်း ၃၀၀
မှတ်ပုံတင်ရသည်။ ရေမျောလုပ်ကွက်တစ်ကွက်မှာ ပိုက် ၁၂ လုံးခန့်
လုပ်ကိုင်နိုင်သည်။ ပေ ၆၀ အနက်မှ ရေများ နှင့် ကျောက်ခဲ၊
မြေကြီးများကိုစုပ်ယူပြီး ပိုက်နှင့် သွယ်တန်းစီးဆင်းစေသည်။
ယင်းရေများသည် ရွှေဖမ်းကော်ဇောပေါ်မှ စီးဝင်သည်။ ကျောက်ခဲများ
ရေနှင့်အတူပါလာပါက ရွှေကြောတွေ့ပြီဟု သတ်မှတ်သည်။

ဤမှ မြစ်ကြီးနား၊ ကသာ၊ ဗန်းမောက်လမ်းခွဲတွေ ရှိသည်။ ကျောက်တန်းလမ်းဆုံမှ ဟုမ္မလင်းလမ်းခွဲ၌ ကွေ့၍ ကားသည် ခရီးဆက်သည်။ ကသာခရိုင်၊ ကောလင်းမြို့နယ်တွင် ကုက္ကိုတန်းကျေးရွာ၊ ထောင်ဘော်ကျေးရွာများကို တွေ့ရသည်။ လမ်းခွဲတစ်ခုရောက်ပြန်သည်။ယာဘက်ခွဲသွားပါက ၁၀ မိုင်ခန့်တွင် ဝန်းသိုမြို့သို့ရောက်သည်။ ဝဲဘက်လမ်းခွဲသွားပြီး ၁၀ မိုင်ခန့်တွင် ကောလင်းမြို့သို့ရောက်သည်။ ကားကဝန်းသိုလမ်းခွဲကို ကွေ့၍သွားသည်။ ဒေသခံခြေမြန်တပ်ရင်းကို တွေ့ရသည်။ ဒုံဒုတ်၊ ဩ၀၊ ဆည်ကြီးရွာတွေကို ဖြတ်ကျော်သည်။ ထို့နောက် သော်ကြိုးဝိုင်း၊ ကျောက်ဖျာကြိုးဝိုင်းတွေကို တွေ့ရသည်။

ဝန်းသိုမြို့သည် နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ကြောင့် ကျော်ကြားသည်။ ဗိုလ်၀ဦးဆောင်သောသူပုန်များကို တိုက်ခိုက်အောင်မြင်ခဲ့၍ သီပေါမင်းက ဝန်းသိုစော်ဘွားကြီးအား မောရိယမဟာဝံသသီရိသုဓမ္မရာဇာဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာပြည် သူ့ကျွန်ဘဝရောက်ခဲ့သည်။ ဝန်းသိုစော်ဘွားကြီးသည် မိုးညှင်းဒေသမှ သူ့ကျွန်ဘ၀တွင် အင်္ဂလိပ်တို့ သွေးဆောင်သော ရာထူး၊ ဂုဏ်ထူး၊ ငွေကြေးကို ဝန်းသိုစော်ဘွားကြီးမမက်မောခဲ့ပါ။ သူ့ကို နယ်ချဲ့တို့သိမ်းသွင်း၍မရပါ။ ဝန်းသိုစော်ဘွားကြီးသည် သူ့ကျွန်မခံ တော်လှန်ခဲ့သည်။ မှန်ကင်းခန်းစခန်းတွင် အင်္ဂလိပ်တို့ကိုအောင်နိုင်ခဲ့သည်။

စွန်တောင်ကုန်းတွင် အင်္ဂလိပ်တို့ကိုအောင်နိုင်ခဲ့၍ ဝန်းသိုစော်ဘွားကြီးအောင်နိုင်ရေး ကျောက်တိုင်ရှိသည်။ ဝန်းသိုစော်ဘွားကြီးသည် ‘ငါသည် နယ်ချဲ့လက်အောက်သို့ မဝင်၊ ရန်သူကို ရန်သူလိုသာမှတ်မည်။ ငါ့အမျိုးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်’ဟူသော အဓိဋ္ဌာန်ဖြင့် တိုင်းချစ်၊ မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့သည်။ ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် အသက်(၁၀၃)နှစ်အရွယ်၌ စော်ဘွားကြီးကွယ်လွန်ရှာသည်။

ဝန်းသိုမြို့မှ ပင်လည်ဘူးမြို့သို့ ၃၄ မိုင်ကွာဝေးသည်။ ပင်လည်ဘူးမှ ဖောင်းပြင်သို့ မိုင် ၅၀ ခန့် သွားရသည်။ ခံစားလာသစ်တောကြိုးဝိုင်းကို တွေ့ရသည်။ မြေလင်း၊ စံပြ၊ ပန်းခူးရွာစဉ်တွေမှာ လှေခါးထစ်ငှက်ပျောခြံတွေ တွေ့ရသည်။ ပင်လည်ဘူးသို့ ညနေ ၃ နာရီ ရောက်သည်။ ယင်းဒေသတွင် ပျားရည်စစ်စစ်ပေါသည်။ ပင်လည်ဘူးမှာ ထမင်းစားသောက်ကြရာ အလွန်မြိန်ရှက်လှသည်။

ညနေ ၅ နာရီတွင် ယင်းမှ တောင်တက်စခန်းကို စခဲ့သည်။ မူးမြစ်ကူးတံတား(ပင်လည်ဘူး)ကိုဖြတ်ခဲ့သည်။ ဗန်းမောက်လမ်းခွဲမှနေ၍ နာမည်ကျော်ကြားသော ဇလုံတောင်သို့ ရောက်နိုင်သည်။ မျက်စိလည်လမ်းမှားစရာ မဟာမြိုင်တော၊ ဝင်္ကပါတောကြီးကို ဖြတ်သန်းရသည်။ ပေ ၃၀၀၀ ကျော် မြင့်မားသော တောင်တန်းအသွယ်သွယ်ကို ဖြတ်ကျော်ရသည်။ တောင်ကြောကမ်းပါးယံ တစ်လျှောက် ကွေ့ကာကောက်ကာ လမ်းဖောက်ထားသည်။ အသည်းယားဖွယ်၊ ကြောက်ဖွယ်ရာဖြစ်သည်။

ယခင်က နယ်မြေမအေးချမ်းသဖြင့် ပင်လည်ဘူးမြို့မှာ ညအိပ်စောင့်ပြီးမှ မဟာမြိုင်တောကို ကျော်ဖြတ်ဝံ့သည်ဟုဆိုသည်။ လမ်းဘေးဝဲယာတွင် ကျွန်း၊ အင်၊ အင်ကြင်း၊ ပျဉ်းကတိုးစသည့် အဖိုးတန်သစ်များထူထပ်စွာ ပေါက်ရောက်နေသည်။ ယခင်ခေတ်တွေဆီက ယင်းခရီးလမ်းနှင့် ကချင်ပြည်နယ် သွားလမ်းများတွင် လှည်းဘီးလောက် ကျွန်းပင်ကြီးများရှိခဲ့ရာ ယခုအခါ ပျောက်ကွယ်ကုန်ပြီ။ ပင်လည်ဘူးမြို့မှ ဖောင်းပြင်သို့ ခရီးစဉ်သည် ကြောက်မက်ဖွယ်၊ ချောက်ချားဖွယ်ရာ မဟာမြိုင်တောကြီး ပီသလှသည်။

ည ၈ နာရီတွင်တော့ ဥရုချောင်းကူးတံတားဘေးမှာရှိသော တိုက်နယ်အဆင့် ရွာပိုအောင်ကျေးရွာသို့ ရောက်သည်။ ‘ရွှေပြည်စိုးစံ’ ကိုယ်ပိုင်အထက်တန်း ကျောင်းသား၊ ကျောင်းသူများသည် ကျွန်တော်တို့ဆရာအဖွဲ့ကို လှိုက်လှဲပျူငှာစွာ သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြသည်။ဉာဏ်ရည်ထက်မြက်၍ ဘ၀အသိရှိသော ကျောင်းသား၊ ကျောင်းသူများဖြစ်သည်။ စာသင်ကြားရသည်မှာ လမိုင်း ကပ်ပါသည်။ ကျောင်းတည်ထောင်သူမှာ ဆရာဦးခင်မောင်ဆွေဖြစ်ပြီး ကျောင်းအုပ်ဆရာကြီးမှာ ဒေါက်တာ စောနီဂေါ်ထူးဖြစ်သည်။

စစ်ကိုင်းမြောက်ပိုင်းနှင့် ကချင်အနောက်ပိုင်းဒေသတို့တွင် ကချင်၊ ဗမာ၊ ရှမ်းနီစသည့် တိုင်းရင်းသားများ အေးတူပူမျှ ညီညွှတ်မျှတစွာ နေထိုင်ခဲ့ကြသည်။ ဥရုချောင်းသည် ချင်းတွင်းမြစ်သို့ စီးဝင်သည်။ ဥရုချောင်းဘေးမှာ ရေမျောလုပ်ငန်းတွေ လုပ်ကိုင်ကြသည်။ လုပ်ကွက်တစ်ကွက် လေးဧကလျှင် အစိုးရကို ကျပ်သိန်း ၃၀၀ မှတ်ပုံတင်ရသည်။ ရေမျောလုပ်ကွက်တစ်ကွက်မှာ ပိုက် ၁၂ လုံး ခန့် လုပ်ကိုင်နိုင်သည်။ ပေ ၆၀ အနက်မှ ရေများနှင့် ကျောက်ခဲ၊ မြေကြီးများကိုစုပ်ယူပြီး ပိုက်နှင့်သွယ်တန်းစီးဆင်းစေသည်။ ယင်းရေများသည် ရွှေဖမ်းကော်ဇောပေါ်မှစီးဝင်သည်။ ကျောက်ခဲများ ရေနှင့်အတူပါလာပါက ရွှေကြောတွေ့ပြီဟုသတ်မှတ်သည်။

ထို့နောက် ရွှေကျင်လုပ်ငန်းသို့ ပို့သည်။ ကျင်ပြီး အဝါရောင်ဝင်းလက်တောက်ပနေသော ရွှေများကို ပြဒါးဖြင့် ဖမ်းယူသည်ဟု ဆိုသည်။ ဥရုချောင်းဘေးတွင် နန္ဒော၊ ဝေဖလာ၊ ရေမျောနှင့် ထိန်ကုန်းရွာတို့သည် ရေမျောလုပ်ငန်းလုပ်ကိုင်ကြသည်။ ဆည်ဆင်းနှင့် သံဇလုတ်တို့သည် ကုန်းမျောလုပ်ငန်းလုပ်ကိုင်ကြသည်။

ယင်းမှ မိုင် ၅၀ လောက်တွင် နာမည်ကျော် ဟူးကောင်းချိုင့်ဝှမ်းရှိသည်။ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိသည်။ (၆၂)ကြိမ်မြောက် အာဆီယံအမွေအနှစ်ဥယျာဉ်များ ညီလာခံကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပရာ မြန်မာနိုင်ငံမှသဘာ၀ထိန်းသိမ်းရေးနယ်မြေဖြစ်သော ထမံသီဘေးမဲ့တောကို အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်ခံရသည်။

၁၉၇၄ ခုနှစ်တွင် ထမံသီဘေးမဲ့တောကို တည်ထောင်ခဲ့သည်။ ထမံသီဘေးမဲ့တောသည် ဂေဟဗေဒ ကောင်းမွန်သောနေရာဖြစ်ခြင်း၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ တည်ရှိရာနေရာဖြစ်ခြင်း၊ တောဆင်ရိုင်း၊ ကျား၊ အင်းကျား၊ ဝက်ဝံနှင့် သင်းခွေချပ်စသည့် ရှားပါးတောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိပ်များ ပေါက်ရောက်ရာနေရာဖြစ်ခြင်းတို့ကြောင့် အာဆီယံအမွေအနှစ်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် သဘာ၀ထိန်းသိမ်းရေး နယ်မြေ ၄၄ ခုတည်ထားခဲ့သည်။ ယင်းတို့အနက် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်(၂၀၀၃)၊ နတ်မတောင် အမျိုးသားဥယျာဉ်(၂၀၁၂)နှင့် ထမံသီတောရိုင်းတိရစ္ဆာန် (၂၀၁၉)တို့သည် အာဆီယံအမွေအနှစ်အဖြစ်သတ်မှတ်ခံရသည်။

မန္တလေးမှ ဟုမ္မလင်းကားခမှာ ကျပ်ငါးသောင်းခန့် ရှိသည်။ ဟုမ္မလင်းမှ တမူး၊ ကလေးမြို့နှင့် အိန္ဒိယသို့ သွားနိုင်၏။ ချင်းတွင်းရေလမ်းခရီးသည် ဟုမ္မလင်း၊ တနိုင်းအထိ ရောက်နိုင်သည်။ အထက်ချင်းတွင်းဒေသတွင် ရွှေသယံဇာတ ပေါကြွယ်၀သည်။

ဆောင်းရာသီဖြစ်၍ ရာသီဥတုမှာ ခိုက်ခိုက်တုန်အောင် ချမ်းအေးပါသည်။ ဆီးနှင်းတွေ ဝေမစဲကျနေသည်။ ဆီးနှင်းတွေကိုဖြတ်၍ လမ်းလျှောက်ရသည့် အရသာမှာ ထူးကဲလှသည်။ ရှမ်းစာ၊ ဗမာစာ မျိုးစုံဖြင့် ဆရာဦးခင်မောင်ဆွေက ဧည့်ဝတ်ပြု လိုလေးသေးမရှိ ကျေပွန်သည်။

‘ယခင်က ကျွန်းတစ်တန် ကျပ် ၁၅၀၀၀၀ ကနေ အခု ကျွန်းတစ်တန် ကျပ် ၄၅၀၀၀၀ အထိ တက်လာတယ်။ ပျဉ်းကတိုး၊ အင်ကြင်းဆိုရင် အရင်က တစ်တန် ကျပ် ၇၅၀၀၀ ကနေ အခု ကျပ် ၂၅၀၀၀၀ ဖြစ်လာတယ်။ အဖိုးတန်သစ်တော သယံဇာတတွေပေါတဲ့ မြန်မာပြည်ပါ။ လောဘဇော တိုက်နေသူတွေလည်းရှိကြတယ်။ အခုအခါ သစ်ခိုးထုတ်သူတွေ ပိုများလာကြတယ်’ ဟု ဆရာဦးခင်မောင်ဆွေက ပြောသည်။

ရန်ကုန်မှာတော့ ကျွန်းတစ်တန် ကျပ် ၁၄ သိန်း ဈေးခန့် ပေါက်နေသည်။

ကားနှင့် ခရီးကြမ်းနှင်ခဲ့သည်မှာ ရန်ကုန်မှမန္တလေးသို့ ၁၀ နာရီခန့်ကြာ၍ မန္တလေးမှ ဟုမ္မလင်းသို့ ၁၄ နာရီ ခန့်ကြာသည်။ အပြန်ခရီးတွင် နောင်ပိုအောင်ရွာမှ ဥရု ချောင်းကူးတံတားကို ဖြတ်ခဲ့သည်။ မြစ်ရေလွှမ်းသောဒေသဖြစ်၍ မြေနုကျွန်းများတွင် ပဲမျိုးစုံစိုက်ပျိုးကြသော ဒေသဖြစ်သည်။ ဥရုချောင်းဘေး ရွှေဒေသမှ ၁၀ မိုင်ခန့် ကွာဝေးသော ဟုမ္မလင်းမြို့သို့ ရောက်သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့သော ချင်းတွင်းတံတား(ဟုမ္မလင်း)မှကြည့်လျှင် အလွန်သာယာစွဲမက်ဖွယ်ကောင်းသော ရှုခင်းများကို တွေ့ရသည်။ ချင်းတွင်းမြေပြန့်လွင်ပြင်၏ ကျယ်ပြောလှသော အလှက လွတ်လပ်သည်။ တောင်ခိုးများ ဝေနေသည့် နာဂတောင်တန်းဒေသ၊ ကချင်ပြည်နယ်က ရေခဲတောင်ဒေသများကို ကြည့်ရင်း လွမ်းမောတမ်းတခံစားရသည်။ တိုင်းရင်းသားညီအစ်ကိုတွေ အေးအတူပူအမျှ နေထိုင်ခဲ့ကြသော အဖိုးမဖြတ်နိုင်သည့် မြန်မာပြည်အလှတရား။

အပြန်တွင်တော့ ဟုမ္မလင်းမြို့မှ မန္တလေးမြို့သို့ ATR72 လေယာဉ်စီးပြန်ခဲ့ရသည်။ ပေ ၁၅၀၀၀ အမြင့်မှာ တိမ်တွေကို ဖြတ်ကျော် ပျံသန်းနေသည်။ ဟုမ္မလင်းနှင့် မန္တလေးလေယာဉ်ခရီးစဉ်မှာ ၄၅ မိနစ်သာ ကြာသည်။ ရန်ကုန် အောင်မင်္ဂလာကားဂိတ်မှ ရန်ကုန်မြို့ထဲသို့ ကြာချိန်မှာ နှစ်နာရီ၊ သုံးနာရီဖြစ်သည်။

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးကားဂိတ်သို့ ၅၅ မိနစ်ကြာ Taxi စီးရသည်။ မန္တလေးကားဂိတ်မှ ရန်ကုန်မြို့သို့ ကားလမ်းခရီးဖြင့် တစ်ညလုံး ခရီးနှင်ရဦးမည်။ ကားနှင့်သွားရသောခရီးစဉ်သည် ခက်ခဲပင်ပန်းပေမယ့်။ လေယာဉ်စီးရသောခရီးစဉ်ထက် အဖိုးတန်ဗဟုသုတတွေ တိုးပွားရသည်။

ရေးသူ – သင်္ချာအောင်သင်း