သနပ္ခါးစိုက္ပ်ိဳးမႈ ၄၀ ရာခိုင္ႏႈန္းခန္႔ က်ဆင္းသြားဟုဆို

သနပ္ခါးမ်ားကို အသုံးျပဳမႈနည္းလာျခင္းႏွင့္အတူ ေဈးကြက္လိုအပ္ခ်က္နည္းပါးလာျခင္းေၾကာင့္ စိုက္ပ်ိဳးမႈမွာလည္း ၄၀ ရာခိုင္ႏႈန္းခန္႔ က်ဆင္းသြားေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ သနပ္ခါးစိုက္ပ်ိဳးထုတ္လုပ္ ေရာင္းခ်သူမ်ားအသင္းမွ သိရသည္။

ျမန္မာႏိုင္ငံအတြင္း စိုက္ပ်ိဳးေသာ သနပ္ခါးမ်ားကို တန္ဖိုးျမင့္ ထုတ္ကုန္အျဖစ္ မထုတ္လုပ္ႏိုင္ျခင္းႏွင့္ အလွကုန္ပစၥည္းမ်ားတြင္ အသုံးျပဳမႈ နည္းပါးလာျခင္းေၾကာင့္ ေဈးကြက္လိုအပ္ခ်က္ နည္းပါးလာကာ စိုက္ပ်ိဳးသူ တျဖည္းျဖည္းရွားပါးလာျခင္းျဖစ္ေၾကာင္း ယင္း အသင္းဥကၠ႒ ဦးေက်ာ္မိုးက ေဖေဖာ္ဝါရီ ၃ ရက္တြင္ ေျပာဆိုသည္။

‘အခု သနပ္ခါးကို အဆင့္ျမင့္ထုတ္ကုန္ေတြျဖစ္တဲ့ အလွကုန္ပစၥည္းေတြမွာ ပါတယ္ဆိုၿပီး ေရာင္းၾကတယ္။ ဒါေပမဲ့ အဲဒီထဲမွာ တကယ္မပါဝင္ဘူး။ ဒါကိုထိန္းခ်ဳပ္မႈလည္း မလုပ္ႏိုင္ေသးေတာ့ တျဖည္းျဖည္းနဲ႔ ေဈးကြက္ ပမာဏက က်ဥ္းေျမာင္းလာတယ္။ အဲဒီအခါမွာ စိုက္ပ်ိဳးသူေတြကလည္း သနပ္ခါးပင္ေတြကို ဖ်က္ၿပီး ေလၽွာ္ျဖဴေတြကို အစားထိုးစိုက္ပ်ိဳးလာၾကတဲ့အတြက္ အခုဆိုရင္ ၆၀ ရာခိုင္ႏႈန္းေလာက္ပဲ ရွိေတာ့မယ္’ ဟု ဦးေက်ာ္မိုးက ေျပာဆိုသည္။

သို႔ျဖစ္၍ ေဈးကြက္ ပိုမိုက်ယ္ျပန္႔လာေစေရးအတြက္ သနပ္ခါးပါဝင္သည္ဟုဆိုကာ ေရာင္းခ်ေနသည့္ မိတ္ကပ္ႏွင့္ အလွကုန္ ပစၥည္းမ်ားကို ထိန္းသိမ္းၾကပ္မတ္ၾကရန္လိုအပ္ၿပီး ၾကပ္မတ္မႈမ်ားကို ျပဳလုပ္ေပးရန္ စားသုံးသူေရးရာဦးစီးဌာနသို႔ အသင္းက တိုင္ၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။

‘လက္ရွိမွာ သနပ္ခါး ပါဝင္တယ္ဆိုၿပီး ေဈးကြက္ထဲမွာ ေရာင္းခ်ေနတဲ့ အလွကုန္ေတြရဲ႕ ဓာတ္ခြဲစစ္ေဆးၿပီးတဲ့ရလဒ္ေတြကို စားသုံးသူေရးရာ ဦးစီးဌာနကို တင္ျပထားၿပီးျဖစ္ပါတယ္။ စားသုံးသူေရးရာ ဥပေဒမွာပါဝင္တဲ့ အခ်က္အလက္အတိုင္း လိုက္နာဖို႔အတြက္ အသိပညာေတြ ေပးေနတယ္။ မၾကာမီမွာ အသိပညာေပး ကာလက ကုန္ေတာ့မွာ ျဖစ္ပါတယ္။ အေရးယူမႈေတြ ျပဳလုပ္ေတာ့မယ္လို႔လည္း သိရတယ္’ ဟု ၎က ေျပာဆိုသည္။

ေဈးကြက္တိုးတက္မႈ မရွိျခင္းအျပင္ စိုက္ပ်ိဳးသူမ်ားကလည္း ေရရွည္စိုက္ပ်ိဳးရေသာ အပင္အမ်ိဳးအစား ျဖစ္သျဖင့္ အလ်င္အျမန္ ထုတ္ယူေရာင္းခ်ႏိုင္ရန္ အပင္ႀကီးျမန္ေဆးမ်ား အသုံးျပဳလာၾကေၾကာင္း သိရသည္။

ထို႔ေၾကာင့္ သနပ္ခါးမ်ားမွာ အေမႊးနံ႔သာမ်ား ၾကာရွည္မခံျခင္း၊ ပိုးကိုက္မႈမ်ားလာျခင္း၊ သက္တမ္းတြက္ခ်က္ရန္ မလြယ္ကူေတာ့ျခင္းတို႔လည္းျဖစ္လာေၾကာင္း၊ ေဆးမ်ားအသုံးျပဳ၍ မစိုက္ပ်ိဳးၾကရန္ လိုအပ္ေၾကာင္း သိရသည္။

သတင္း – စိုးစိုးစံ
ဓာတ္ပုံ – KM

(Unicode Version)

သနပ်ခါးစိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားဟုဆို

သနပ်ခါးများကို အသုံးပြုမှုနည်းလာခြင်းနှင့်အတူ ဈေးကွက်လိုအပ်ချက်နည်းပါးလာခြင်းကြောင့် စိုက်ပျိုးမှုမှာလည်း ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသော သနပ်ခါးများကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် မထုတ်လုပ်နိုင်ခြင်းနှင့် အလှကုန်ပစ္စည်းများတွင် အသုံးပြုမှု နည်းပါးလာခြင်းကြောင့် ဈေးကွက်လိုအပ်ချက် နည်းပါးလာကာ စိုက်ပျိုးသူ တဖြည်းဖြည်းရှားပါးလာခြင်းဖြစ်ကြောင်း ယင်း အသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောဆိုသည်။

‘အခု သနပ်ခါးကို အဆင့်မြင့်ထုတ်ကုန်တွေဖြစ်တဲ့ အလှကုန်ပစ္စည်းတွေမှာ ပါတယ်ဆိုပြီး ရောင်းကြတယ်။ ဒါပေမဲ့ အဲဒီထဲမှာ တကယ်မပါဝင်ဘူး။ ဒါကိုထိန်းချုပ်မှုလည်း မလုပ်နိုင်သေးတော့ တဖြည်းဖြည်းနဲ့ ဈေးကွက် ပမာဏက ကျဉ်းမြောင်းလာတယ်။ အဲဒီအခါမှာ စိုက်ပျိုးသူတွေကလည်း သနပ်ခါးပင်တွေကို ဖျက်ပြီး လျှော်ဖြူတွေကို အစားထိုးစိုက်ပျိုးလာကြတဲ့အတွက် အခုဆိုရင် ၆၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့မယ်’ ဟု ဦးကျော်မိုးက ပြောဆိုသည်။

သို့ဖြစ်၍ ဈေးကွက် ပိုမိုကျယ်ပြန့်လာစေရေးအတွက် သနပ်ခါးပါဝင်သည်ဟုဆိုကာ ရောင်းချနေသည့် မိတ်ကပ်နှင့် အလှကုန် ပစ္စည်းများကို ထိန်းသိမ်းကြပ်မတ်ကြရန်လိုအပ်ပြီး ကြပ်မတ်မှုများကို ပြုလုပ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ အသင်းက တိုင်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

‘လက်ရှိမှာ သနပ်ခါး ပါဝင်တယ်ဆိုပြီး ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အလှကုန်တွေရဲ့ ဓာတ်ခွဲစစ်ဆေးပြီးတဲ့ရလဒ်တွေကို စားသုံးသူရေးရာ ဦးစီးဌာနကို တင်ပြထားပြီးဖြစ်ပါတယ်။ စားသုံးသူရေးရာ ဥပဒေမှာပါဝင်တဲ့ အချက်အလက်အတိုင်း လိုက်နာဖို့အတွက် အသိပညာတွေ ပေးနေတယ်။ မကြာမီမှာ အသိပညာပေး ကာလက ကုန်တော့မှာ ဖြစ်ပါတယ်။ အရေးယူမှုတွေ ပြုလုပ်တော့မယ်လို့လည်း သိရတယ်’ ဟု ၎င်းက ပြောဆိုသည်။

ဈေးကွက်တိုးတက်မှု မရှိခြင်းအပြင် စိုက်ပျိုးသူများကလည်း ရေရှည်စိုက်ပျိုးရသော အပင်အမျိုးအစား ဖြစ်သဖြင့် အလျင်အမြန် ထုတ်ယူရောင်းချနိုင်ရန် အပင်ကြီးမြန်ဆေးများ အသုံးပြုလာကြကြောင်း သိရသည်။

ထို့ကြောင့် သနပ်ခါးများမှာ အမွှေးနံ့သာများ ကြာရှည်မခံခြင်း၊ ပိုးကိုက်မှုများလာခြင်း၊ သက်တမ်းတွက်ချက်ရန် မလွယ်ကူတော့ခြင်းတို့လည်းဖြစ်လာကြောင်း၊ ဆေးများအသုံးပြု၍ မစိုက်ပျိုးကြရန် လိုအပ်ကြောင်း သိရသည်။

သတင်း – စိုးစိုးစံ
ဓာတ်ပုံ – KM