က်ိဳင္းေကာင္အုပ္မ်ား က်ေရာက္သည့္ အႏၲရာယ္ေၾကာင့္ ဆိုမာလီယာတြင္ အေရးေပၚအေျခအေန ေၾကညာ

ဆိုမာလီယာႏိုင္ငံတြင္ အေရွ႕ အာဖရိကတစ္လႊားက်က္စားေနသည့္ က်ိဳင္းေကာင္အုပ္ႀကီးမ်ားေၾကာင့္ အေရးေပၚ အေျခအေနတစ္ရပ္ကို ေၾကညာလိုက္သည္။

ေကာက္ပဲသီးႏွံမ်ားကို အမ်ားအျပားစားသုံးသည့္ အဆိုပါ အင္းဆက္မ်ားသည္ ဆိုမာလီယာႏိုင္ငံ၏ အထိအခိုက္မခံအေျခအေနျဖစ္ေနေသာ စားနပ္ရိကၡာ က႑ကို အဓိကၿခိမ္းေျခာက္ေနေၾကာင္း ဆိုမာလီယာ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ေျပာသည္။

ဧၿပီလတြင္ စတင္မည့္ ေကာက္ပဲသီးႏွံရိတ္သိမ္းခ်ိန္မတိုင္မီ အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ဖြယ္မရွိျခင္းႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚေနသည္။

-Ads-
-Ads-

က်ိဳင္းေကာင္မ်ား က်ေရာက္ျခင္းသည္ ၂၅ ႏွစ္အတြင္း ဆိုမာလီယာႏွင့္ အီသီယိုပီးယားႏိုင္ငံတို႔အတြင္း အမ်ားဆုံးျဖစ္ေၾကာင္း ကုလသမဂၢက ေျပာသည္။

ဤအေတာအတြင္း အိမ္နီးခ်င္း ကင္ညာႏိုင္ငံတြင္ ႏွစ္ေပါင္း ၇၀ အတြင္း က်ိဳင္းေကာင္အႏၲရာယ္ၿခိမ္းေျခာက္မႈ ျပင္းျပင္းထန္ထန္မေတြ႕ရေၾကာင္း ကုလသမဂၢစားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳးေရးအဖြဲ႕က ေျပာသည္။

သို႔ေသာ္ ဆိုမာလီယာႏိုင္ငံသည္ က်ိဳင္းေကာင္အုပ္မ်ားက်ေရာက္မႈအႏၲရာယ္ေၾကာင့္ အေရးေပၚအေျခအေန ေၾကညာလိုက္သည့္ ေဒသတြင္းႏိုင္ငံမ်ားထဲမွ ပထမဆုံး ႏိုင္ငံျဖစ္သည္။

(Unicode Version)

ကျိုင်းကောင်အုပ်များ ကျရောက်သည့် အန္တရာယ်ကြောင့် ဆိုမာလီယာတွင် အရေးပေါ်အခြေအနေ ကြေညာ

ဆိုမာလီယာနိုင်ငံတွင် အရှေ့ အာဖရိကတစ်လွှားကျက်စားနေသည့် ကျိုင်းကောင်အုပ်ကြီးများကြောင့် အရေးပေါ် အခြေအနေတစ်ရပ်ကို ကြေညာလိုက်သည်။

ကောက်ပဲသီးနှံများကို အများအပြားစားသုံးသည့် အဆိုပါ အင်းဆက်များသည် ဆိုမာလီယာနိုင်ငံ၏ အထိအခိုက်မခံအခြေအနေဖြစ်နေသော စားနပ်ရိက္ခာ ကဏ္ဍကို အဓိကခြိမ်းခြောက်နေကြောင်း ဆိုမာလီယာ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောသည်။

ဧပြီလတွင် စတင်မည့် ကောက်ပဲသီးနှံရိတ်သိမ်းချိန်မတိုင်မီ အခြေအနေကို ထိန်းချုပ်နိုင်ဖွယ်မရှိခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။

ကျိုင်းကောင်များ ကျရောက်ခြင်းသည် ၂၅ နှစ်အတွင်း ဆိုမာလီယာနှင့် အီသီယိုပီးယားနိုင်ငံတို့အတွင်း အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂက ပြောသည်။

ဤအတောအတွင်း အိမ်နီးချင်း ကင်ညာနိုင်ငံတွင် နှစ်ပေါင်း ၇၀ အတွင်း ကျိုင်းကောင်အန္တရာယ်ခြိမ်းခြောက်မှု ပြင်းပြင်းထန်ထန်မတွေ့ရကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ပြောသည်။

သို့သော် ဆိုမာလီယာနိုင်ငံသည် ကျိုင်းကောင်အုပ်များကျရောက်မှုအန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာလိုက်သည့် ဒေသတွင်းနိုင်ငံများထဲမှ ပထမဆုံး နိုင်ငံဖြစ်သည်။

-Ads-
-Ads-