ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ် (ကိန်းဂဏန်းအခြေပြုချက်)

ပြီးခဲ့သည့်နှစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဟွာနန်ပင်လယ်စာဈေးထဲမှစခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်နှင့်ပတ်သက်၍ ကိန်းဂဏန်းအချက်အလက်များကို အခြေပြုထားချက်များဖြစ်ပါသည်။

ပြင်းထန်အဆုတ်ရောင်ရောဂါဟုလူသိများသည့် 2019 Novel Coronavirus သည် လေမှတစ်ဆင့်ကူးစက်တတ်ပြီး ရောဂါလက္ခဏာမပြမီကာလမှာပင် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။

အဆိုပါဗိုင်းရပ်စ် ကူးစက်ပျံ့ နှံ့မှုကို တရုတ်အာဏာပိုင်တို့ဘက်က ကနဦးကာလများတွင် ထိန်းချုပ်ဖို့ တိတ်တဆိတ်ကြိုးစားခဲ့သည်။ ဝူဟန်ဗဟို ဆေးရုံကြီးမှ မျက်စိ အထူးကုဆရာဝန် ဖြစ်သည့် ဒေါက်တာလီဝမ်လျန်းက ဆေးရုံထဲမှ လူနာ ခုနစ်ဦးသည် ဗိုင်းရပ်စ်ပိုးအသစ်တစ်မျိုး ကူးစက်ခံနေကြောင်း သံသယရှိသည့်အတွက် ၎င်း၏ လုပ်ဖေါ်ကိုင်ဘက် ဆရာဝန်များကို ပြောခဲ့ရာမှ ဝူဟန်အာဏာပိုင်များက ဒေါက်တာလီအား မဟုတ်မမှန်ပြောဆိုသည်ဟု စွပ်စွဲကာ ဖမ်းဆီးစစ်ဆေးခြင်း၊ ခံဝန်ထိုးခိုင်းခြင်းတို့ပြုခဲ့သည်။ ဒေါက်တာလီသည်ပင် ၎င်းကုသပေးခဲ့သည့်လူနာတစ်ဦးထံမှ အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖေဖော်ဝါရီ ၇ ရက် နံနက်အစောပိုင်းက ကွယ်လွန်သွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ

၁။ အဖျားတက်ခြင်း
၂။ ချောင်းဆိုးခြင်း
၃။ အသက်ရှူရခက်ခဲခြင်း
၎။ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်ပွားခြင်း
၅။ ဝမ်းလျှောခြင်း
၆။ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ကာကွယ်ရန်နည်းလမ်းများ

၁။ ကြက်ငှက်စသည့်တိရစ္ဆာန်များအား ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကျဉ်ပါ။
၂။ မချက်ပြုတ်ရသေးသော အသား၊ ငါးများအား စားသုံးခြင်းမှ ရှောင်ကျဉ်ပါ။
၃။ လူထူထပ်သောနေရာများအား သွားလာခြင်းမှ ရှောင်ကျဉ်ပါ။
၎။ ရောဂါခံစားနေရသူများနှင့် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။
၅။ နှာချေခြင်း၊ ချောင်းဆိုးခြင်းစသည့်လက္ခဏာများရှိပါက နှာခေါင်းစည်းတပ်ဆင်ထားပါ။
၆။ နှာချေ၊ ချောင်းဆိုးတိုင်း နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်နိုင်သော တစ်ရှူး သို့မဟုတ် လက်ကိုင်ပုဝါများ အသုံးပြုပါ။
၇။ ရောဂါလက္ခဏာများခံစားရပါက ဆရာဝန်အား သွားရောက်တွေ့ဆုံပါ။

ရက်စွဲမှတ်တမ်း

🔘  ၂၀၁၉ ဒီဇင်ဘာ ၁၂ ■ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးစတင်ပျံ့နှံ့ဖြစ်ပွား။ သို့သော် ရောဂါဖြစ်ပွားမှုသတင်းကို ဝူဟန်မြို့ အာဏာပိုင်များက လျှို့ဝှက်ထားခဲ့ကာ ထုတ်ဖော်ပြောကြားခဲ့တဲ့ ဆရာဝန် (၈)ဦးကို မမှန်သတင်းဖြန့်ဝေမှုနဲ့ ခံဝန်ရေးထိုးခိုင်း။ (Source – CGTN)

🔘 ၂၀၁၉ ဒီဇင်ဘာ ၃၁ ■ ဝူဟန်မြို့ကျန်းမာရေးအဖွဲ့က ဟွာနန်ပင်လယ်စာဈေးမှလူ ၂၇ ဦးခန့်တွင် အဖျားရောဂါခံစားနေရကြောင်း တရားဝင်ထုတ်ပြန်ကြေညာ။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၁ ■ ကိုရိုနာဗိုင်းရပ်စတင်ပြန့်နှံ့ရာဝူဟန်မြို့ရှိ ဟွာနန်ပင်လယ်စာဈေးကိုပိတ်ကာ ဆေးဖြန်းခြင်းများပြုလုပ်။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၅ ■ ဖြစ်ပွားနေတဲ့ရောဂါဟာ ၂၀၀၂ခုနှစ် နှစ်ကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့ SARS ရောဂါနဲ့ ၂၀၁၂ခန့်ကဖြစ်ပွားခဲ့တဲ့ MERS ရောဂါတို့မဟုတ်ကြောင်း ဝူဟန်မြို့ကျန်းမာရေးအဖွဲ့က အတည်ပြုထုတ်ပြန်ကြေညာ။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၉ ■ ဝူဟန်မြို့က ရောဂါကူးစက်ပြန့်နှံ့မှုဟာ ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်များဘက်က အတည်ပြု။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၁၁ ■ ဝူဟန်မြို့ရှိ ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သေဆုံး။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၁၄ ■ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပထမဆုံးကူးစက်ခံရသူတွေ့။ ၎င်းသည် ဝူဟန်မြို့မှလာသူဖြစ်။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၁၆ ■ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၂၀ ■ တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၂၆ ■ ကနေဒါနိုင်ငံတွင် ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၂၇ ■ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးကာကွယ်ရေး ဆွေးနွေးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တာဝန်ရှိသူများ တရုတ်နိုင်ငံသို့ ရောက်ရှိ။  (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၂၇ ■ ကမ္ဘောဒီးယားနှင့် ဂျာမနီတို့တွင် ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၂၈ ■ သီရိလင်္ကာနှင့် ဂျာမနီတို့တွင် ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၂၉ ■ ယူအေအီးတွင် ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၃၀ ■ ကိုရိုနာဗိုင်းရပ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ မြန်မာ ဖွဲ့စည်း။ (Source – The Standard Time)

🔘 ၂၀၂၀ ဇန်နဝါရီ ၃၀ ■ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် WHOကြေညာ။  (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၃၁ ■ အီတလီ၊ ရုရုားနှင့် ဗြိတိန်နိုင်ငံတို့တွင် ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့။ (Source – CGTN)

🔘 ၂၀၂၀ ဇန်နဝါရီ ၃၁ ■ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ပိတ်မိနေသော တောင်ကိုရီးယားနိုင်ငံသား ၃၆၇ ဦးကို ပထမဆုံးအကြိမ်သွားရောက်ခေါ်ဆောင်။  (Source – The Standard Time)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ၁ ■ စပိန်နှင့် ဆွီဒင်နိုင်ငံတို့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦးစီ ပထမဆုံးအကြိမ်တွေ့။ (Source – Channel News Asia)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ■ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွားများကို ဆိုက်ရောက်ဗီဇာ(Visa on Arrival) ထုတ်ပေးခြင်း ကို ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်။ (Source – The Standard Time)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ■ ဖိလစ်ပိုင်တွင် တစ်ဦးသေ။ တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးသေဆုံးသူဖြစ်။ (Source – The Standard Time)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ■  ဝူဟန်မြို့မှ မြန်မာကျောင်းသား ၅၉ ဦး ပြန်ရောက်၊ ၄ ဦးကျန်ခဲ့။ (Source – The Standard Time)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ၃ ■ မွေးကင်းစကလေးတွင် ဗိုင်းရပ်စ်တွေ့။ တရုတ်နိုင်ငံ၌ မိခင်ဝမ်းမှမွေးဖွားပြီး နာရီ ၃၀ အကြာသာရှိသေးသည့် မွေးကင်းစကလေးငယ်ထံတွင် ကိုရိုနာ ဗိုင်းရပ်စ်တွေ့ရှိ။ ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် အသက်ငယ်ဆုံးအဖြစ် မှတ်တမ်းဝင်။ (Source – BBC)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ၄ ■ ဟောင်ကောင်တွင် တစ်ဦးသေ။ တရုတ်နိုင်ငံပြင်ပတွင် ဒုတိယမြောက်သေဆုံးသူဖြစ်။ (Source – Channel News Asia)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ၅ ■ ဂျပန်ဇိမ်ခံသင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦးတွေ့။ (Source – The Standard Time)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ၆ ■ ဂျပန်ဇိမ်ခံသင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦးထပ်တွေ့။ ယင်းသင်္ဘောပေါ်မှ ဗိုင်းရပ်စ်တွေ့သူ စုစုပေါင်း ၂၀ ဦးရှိပြီဖြစ်။ (Source – The Standard Time)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ၆ ■ ဖင်လန်နှင့် သီရိလင်္ကာမှ ဗိုင်းရပ်စ်ကူးစက်ခံသူတို့ ပြန်လည်ကောင်းမွန်။ (Source – The Standard Time)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ၇ ■ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ပထမဆုံးသတိပေးတဲ့ ဆရာဝန်ကွယ်လွန်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေပြီလို့ ကမ္ဘာကို ပထမဆုံး ထုတ်ဖော်သတိပေးပြောကြားခဲ့ သည့်ဆရာဝန် Li Wenliang သည် ဝူဟန်မြို့ဆေးရုံကြီး၌ ယနေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီက ကွယ်လွန်။  ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး ပြည်သူများ၏ စိုးရိမ်ဒေါသဖြစ်လျက်ရှိရာ စုံစမ်းရန် တရုတ်အမျိုးသားကြီးကြပ်ရေးကော်မရှင်ကအထူးအဖွဲ့တစ်ဖွဲ့ကိုယနေ့(ဖေဖော်ဝါရီ ၇ ရက်)တွင်ဝူဟန်မြို့သို့စေလွှတ် (Source – RFA)

🔘 ၂၀၂၀ ဖေဖော်ဝါရီ ၇ ■ ဂျပန်ဇိမ်ခံသင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦးထပ်တွေ့။ ယင်းသင်္ဘောပေါ်မှ ဗိုင်းရပ်စ်တွေ့သူ စုစုပေါင်း ၆၁ ဦးရှိပြီဖြစ်။ (Source – The Standard Time)