တူရကီအေရွ႕ပိုင္းတြင္ ဆီးႏွင္းထုၿပိဳက်၊ လူ ၃၈ ဦးေသဆုံး

တူရကီႏိုင္ငံအေရွ႕ပိုင္း ဗန္ျပည္နယ္တြင္ ေတာင္ေပၚမွ ႏွင္းထုၿပိဳက်မႈ ႏွစ္ႀကိမ္ျဖစ္ပြားျခင္းေၾကာင့္ ကယ္ဆယ္ေရးလုပ္သားမ်ားအပါအဝင္ လူ ၃၈ ဦးထက္မနည္းေသဆုံးသြားသည္။

ပထမအႀကိမ္ ႏွင္းထုၿပိဳက်မႈသည္ ေဖေဖာ္ဝါရီ ၄ ရက္တြင္ျဖစ္ပြားခဲ့ၿပီး လူ ငါးဦး ေသဆုံးခဲ့ကာ ၁၃ ဦးကို ကယ္ဆယ္ႏိုင္ခဲ့သည္။

ဒုတိယအႀကိမ္ၿပိဳက်မႈသည္ ေဖေဖာ္ဝါရီ ၅ ရက္တြင္ ထပ္မံျဖစ္ပြားခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ငန္း လုပ္ေဆာင္ေနၾကေသာ အလုပ္သမားမ်ားစြာ နစ္ျမဳပ္သြားခဲ့သည္။

-Ads-
-Ads-

တူရကီျပည္ထဲေရးဝန္ႀကီး ဆူေလမန္ဆိုလူသည္ အခင္းျဖစ္ရာေနရာသို႔သြားေရာက္ခဲ့ၿပီး ဆီးႏွင္းထု ဒုတိယအႀကိမ္ၿပိဳက်မႈတြင္ ကယ္ဆယ္ေရးလုပ္သား ၃၃ ဦးေသဆုံးခဲ့ေၾကာင္း အတည္ျပဳေျပာဆိုသည္။

အသက္ရွင္က်န္ရစ္သူမ်ားအား ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားမွာ ဆိုး႐ြားသည့္ ရာသီဥတုအေျခအေနေၾကာင့္ ေဖေဖာ္ဝါရီ ၅ ရက္ညပိုင္းတြင္ ရပ္ဆိုင္းထားခဲ့ရသည္။

(Unicode Version)

တူရကီအရှေ့ပိုင်းတွင် ဆီးနှင်းထုပြိုကျ၊ လူ ၃၈ ဦးသေဆုံး

တူရကီနိုင်ငံအရှေ့ပိုင်း ဗန်ပြည်နယ်တွင် တောင်ပေါ်မှ နှင်းထုပြိုကျမှု နှစ်ကြိမ်ဖြစ်ပွားခြင်းကြောင့် ကယ်ဆယ်ရေးလုပ်သားများအပါအဝင် လူ ၃၈ ဦးထက်မနည်းသေဆုံးသွားသည်။

ပထမအကြိမ် နှင်းထုပြိုကျမှုသည် ဖေဖော်ဝါရီ ၄ ရက်တွင်ဖြစ်ပွားခဲ့ပြီး လူ ငါးဦး သေဆုံးခဲ့ကာ ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

ဒုတိယအကြိမ်ပြိုကျမှုသည် ဖေဖော်ဝါရီ ၅ ရက်တွင် ထပ်မံဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေကြသော အလုပ်သမားများစွာ နစ်မြုပ်သွားခဲ့သည်။

တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆိုလူသည် အခင်းဖြစ်ရာနေရာသို့သွားရောက်ခဲ့ပြီး ဆီးနှင်းထု ဒုတိယအကြိမ်ပြိုကျမှုတွင် ကယ်ဆယ်ရေးလုပ်သား ၃၃ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုပြောဆိုသည်။

အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာ ဆိုးရွားသည့် ရာသီဥတုအခြေအနေကြောင့် ဖေဖော်ဝါရီ ၅ ရက်ညပိုင်းတွင် ရပ်ဆိုင်းထားခဲ့ရသည်။

-Ads-
-Ads-