သ႐ုပ္ေဆာင္ အကယ္ဒမီသက္မြန္ျမင့္ႏွင့္ ေတြ႕ဆုံျခင္း

“ေျခာက္ႏွစ္ဆိုတဲ့ အတိုင္းအတာတစ္ခုကို ျဖတ္သန္းႏိုင္တာ အမ်ားႀကီးဂုဏ္ယူစရာေကာင္းပါတယ္”

သ႐ုပ္ေဆာင္အကယ္ဒမီသက္မြန္ျမင့္ႏွင့္ေတြ႕ဆုံခိုက္ ခရီးသြားသည့္အေၾကာင္း၊ သူငယ္ခ်င္းျဖစ္သူ ခင္ေလးႏြယ္ႏွင့္ပတ္သက္သည့္အေၾကာင္းအရာမ်ားအျပင္ အျခားေသာသိရွိလိုသမၽွ အေၾကာင္းအရာမ်ားကို ေမးျမန္းေဖာ္ျပလိုက္ပါသည္-

ေမး – ခရီးထြက္တဲ့ပုံေလးေတြတင္ထားတာ ေတြ႕ရတယ္။ ခရီးစဥ္မွာ ေတာ္ေတာ္ေလးေပ်ာ္ခဲ့လား။

ေျဖ – ခရီးစဥ္ကေတာ့ ေပ်ာ္ေမာႀကီးေပါ့ေနာ္၊ ႏွစ္ဆင့္စီးရတယ္။ ဒီဘက္ကေလယာဥ္က delay ျဖစ္ေတာ့ ေနာက္တစ္ဆင့္ထပ္စီးရေတာ့ စိတ္လည္းညစ္တယ္။ ဟိုေရာက္သြားေတာ့ သူငယ္ခ်င္းေတြနဲ႔ ေလၽွာက္လည္ၿပီး အတူတူစား၊ ဓာတ္ပုံေတြ႐ိုက္ၾကဆိုေတာ့ ေပ်ာ္စရာႀကီးပါ။ အေတြ႕အႀကဳံေလးေတာ့ ရပါတယ္။

ေမး – ကေလးေတြနဲ႔ခြဲၿပီး သြားရတာဆိုေတာ့ သူတို႔ကိုေရာ လြမ္းေသးလား။

ေျဖ – အခုကေတာ့ ေနသားက်ေနပါၿပီ။ သားဦး ကေလးတုန္းကေတာ့ ရင္ဆိုင္ရတာခက္တယ္။ ဒုတိယကေလးကစိတ္မာတယ္။ စိတ္မာေတာ့ သိပ္စိတ္မပူဘူး။ အႀကီးကလည္း အ႐ြယ္ေရာက္ေနၿပီ။ သူညီမကိုလည္း သူျပန္ေစာင့္ေရွာက္ႏိုင္တဲ့အခါက်ေတာ့ သိပ္စိတ္မပူေတာ့ဘူး။ သူတို႔က လူႀကီးေလးေတြ ပုံစံမ်ိဳးျဖစ္ေနတယ္။ ကိုယ္ေတာင္ ကေလးျပန္ျဖစ္ေနတာဆိုေတာ့ သိပ္ေတာ့ စိတ္မပူေတာ့ပါဘူး။ ေနာက္ သူ႕အေဖလည္းရွိေနေတာ့ သိပ္စိတ္မပူရဘူး။ တစ္ေယာက္တည္းသြားရတယ္ဆိုေတာ့လည္း လြတ္လပ္မႈတစ္ခုေတာ့ရတယ္။ စိတ္ပူတာေတာ့ စိတ္ပူတာေပါ့ေနာ္။ လြမ္းေတာ့လည္း Vedio Call ေတြ ေခၚျဖစ္တယ္။

ေမး – သက္မြန္ရဲ႕သူငယ္ခ်င္း ခင္ေလးကလည္း စြံသြားၿပီဆိုေတာ့ သူ႕အတြက္ ခံစားခ်က္ေလးကို ေျပာျပေပးပါဦး။

ေျဖ – ဝမ္းသာပါတယ္။ တစ္ေယာက္စြံသြားၿပီဆိုေတာ့ ဝမ္းသာပါတယ္။ သက္မြန္ ေတြးၾကည့္တာကေတာ့ သူနဲ႔လည္း ဒီအေၾကာင္းသိပ္မေျပာျဖစ္ဘူး။ တစ္ေယာက္တည္း ေနလာတာၾကာၿပီေလ။ တစ္ေယာက္တည္းေနလာတာၾကာေနၿပီျဖစ္တဲ့သူက ဒီလိုလက္တြဲေဖာ္ရတယ္ဆိုေတာ့ သူ႕အခ်စ္စစ္နဲ႔ေတြ႕လို႔ေပါ့ေနာ္။ သက္မြန္လည္း သူ႕ကို ေျပာတယ္ေလ။ ကိုယ္စိတ္ခ်မ္းသာဖို႔က အဓိကပဲေပါ့ေနာ္။ Single Life နဲ႔ေနတာက ကိုယ့္အတြက္ပိုၿပီးေတာ့ သက္ေသာင့္သက္သာျဖစ္တယ္။ စိတ္ခ်မ္းသာတယ္ဆိုရင္ေနလိုက္ေပါ့ေနာ္။ က်န္တာ အေရးမႀကီးဘူးေပါ့ေနာ္။ မဟုတ္ဘူး ကိုယ္ခ်စ္တဲ့သူနဲ႔လက္တြဲခ်င္တယ္။ အဲဒါက စိတ္ခ်မ္းသာတယ္ဆိုလို႔ရွိရင္ေ႐ြးခ်ယ္လိုက္ေပါ့ေနာ္။ ဒါက သိပ္ျပႆနာမရွိဘူး။ ဘာပဲျဖစ္ျဖစ္ မိန္းကေလးတစ္ေယာက္တည္းဆိုေတာ့လည္း သက္မြန္တို႔ ပြဲေတြဘာေတြသြားရင္ မိုးခ်ဳပ္တာေတြရွိတဲ့အခါက်ေတာ့ သူတစ္ေယာက္တည္းေလ။ ကိုယ္လည္းစိတ္မခ်ဘူး ။ အခုလိုမ်ိဳး လက္တြဲေဖာ္ရွိလာၿပီဆိုေတာ့ ဘာပဲျဖစ္ျဖစ္ သူ႕အနားမွာရပ္တည္ေပးမယ့္သူ၊ ကာကြယ္ေပးမယ့္ သူတစ္ေယာက္ရွိလာၿပီေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ ကိုယ္ကလည္း ဝမ္းသာပါတယ္။

ေမး – ကိုယ္တိုင္ေကာ ကေလးေတြနဲ႔ေရာ အႏုပညာအလုပ္ေတြနဲ႔ အလုပ္မ်ားတဲ့သူဆိုေတာ့ ကိုယ္ပိုင္အခ်ိန္ ထားျဖစ္လား။

ေျဖ – ကိုယ္ပိုင္အခ်ိန္ေတာ့ ဖယ္ရတာေပါ့ေနာ္။ ဖိအား အရမ္းမ်ားေတာ့ အခ်ိန္ေတာ့ဖယ္ရတာေပါ့ေနာ္။ အႏုပညာအလုပ္ကလည္း သိတဲ့အတိုင္းပဲေလ ျပင္ဆင္ရတာမ်ားတယ္။ ျပင္ဆင္တဲ့အခ်ိန္မွာလည္း ကိုယ္က စိတ္ေရာ၊ ကိုယ္ပါ အမ်ားႀကီးအားစိုက္ထုတ္ရတယ္။ ႐ိုက္တဲ့အခ်ိန္မွာလည္း အမ်ားႀကီးစိတ္ႏွစ္ၿပီးေတာ့ ကိုယ္မဟုတ္တဲ့ သူတစ္ေယာက္အေနနဲ႔ေနရတယ္ဆိုေတာ့ စိတ္ပင္ပန္းမႈကလည္း အမ်ားႀကီးရွိေနၿပီးသားေပါ့ေနာ္။ အဲဒီအခ်ိန္မွာလည္း ကေလးကလည္း ႏွစ္ေယာက္။ တစ္ေယာက္တစ္မ်ိဳးဆိုေတာ့ ဖိအားေတြကအမ်ားႀကီးရွိတယ္။ ဒါေတာင္အမ်ိဳးသားအတြက္က သိပ္ၿပီးေတာ့ လုပ္ေပးစရာမလိုဘူး။ သူက သူ႕ဘာသာသူ ေနတတ္တယ္။ အဲဒါတစ္ခုေတာ့ သက္မြန္ကံေကာင္းတာေပါ့ေနာ္။ ကေလးႏွစ္ေယာက္နဲ႔ အႏုပညာအလုပ္လုပ္ရတာ အရမ္းေတာ့ ဗ်ာမ်ားတယ္။ တစ္ခါတေလ သူငယ္ခ်င္းေတြနဲ႔ ခရီးထြက္ေတာ့လည္း နားရတာေပါ့ေနာ္။ အဲဒီအခ်ိန္ကေတာ့ အလုပ္လည္းစဥ္းစားစရာမလိုဘူး။ ကေလးအတြက္လည္း စဥ္းစားစရာ မလိုဘူးဆိုေတာ့ နားရတာေပါ့ေနာ္။

ေမး – မၾကာခင္ ေျခာက္ႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္ေရာက္ေတာ့မယ္ဆိုေတာ့ ခံစားခ်က္ကိုေျပာျပေပးပါဦး။

ေျဖ – ေဖေဖာ္ဝါရီ ၁၄ ရက္၊ ၂၀၁၄ ခုႏွစ္ေပါ့ေနာ္။ ေဖေဖာ္ဝါရီ ၁၄ မွာ မဂၤလာေဆာင္ျဖစ္တာကလည္း ခ်စ္သူမ်ားေန႔လည္းျဖစ္တယ္။ ၁၄ယ ၁၄ဆိုၿပီးေတာ့ တိုက္တဲ့ရက္ေလးကိုလည္း လိုခ်င္ေတာ့ အျမန္စီစဥ္ၿပီး လက္ထပ္ျဖစ္လိုက္တာေပါ့ေနာ္။ ေပ်ာ္စရာလည္းေကာင္းတယ္။ အရမ္းလည္း ပင္ပန္းခဲ့တယ္။ သုံးလအတြင္း စီစဥ္ရတာဆိုေတာ့ ပင္ပန္းတယ္။ တကယ္က်င္းပတဲ့အခ်ိန္မွာလည္း ကိုယ္ကသူမ်ားနဲ႔မတူခ်င္ေတာ့ ဘယ္သူမွမက်င္းပဖူးတဲ့ ျပည္သူ႕ရင္ျပင္မွာလုပ္လိုက္တဲ့အခါက်ေတာ့ ဟာကြက္ေတြလည္း အမ်ားႀကီးရွိသြားတယ္။ ဒါေပမဲ့ ေပ်ာ္စရာအရမ္းေကာင္းခဲ့ပါတယ္။ မဂၤလာေဆာင္တုန္းက ပုံေလးေတြျပန္ေတြ႕ရင္လည္း သေဘာက်တယ္။ ျပန္ေတြးလိုက္ရင္ ေပ်ာ္စရာလည္းေကာင္းတယ္။ ေမာလည္း ေမာတယ္။

ေမး – ေျခာက္ႏွစ္တာကာလအထိ ျဖတ္သန္းမႈကိုျပန္ေတြးၾကည့္ရင္ ဘာေတြမ်ားအမွတ္တရရွိေနလဲ။

ေျဖ – ေျခာက္ႏွစ္အထိ ျဖတ္သန္းႏိုင္တဲ့အေပၚ အကုန္လုံးကို ေက်းဇူးတင္ရတယ္။ ကံတရားကိုလည္း ေက်းဇူးတင္တယ္။ အမ်ိဳးသားကိုလည္းေက်းဇူးတင္တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ဘ၀တစ္ခုတည္ေဆာက္တဲ့အခ်ိန္မွာ အမ်ားႀကီးရင္ဆိုင္ရတယ္။ ခ်စ္သူဘ၀နဲ႔မတူဘူး တစ္ေယာက္နဲ႔တစ္ေယာက္ ၂၄ နာရီ ေတြ႕ရတဲ့အခ်ိန္မွာအႀကိဳက္ခ်င္းတူတယ္လို႔ထင္ခဲ့တာ ေတာင္မတူတာေတြအမ်ားႀကီးရွိလာတယ္။ အေတြးေတြ မတူဘူး။ ခံယူခ်က္ေတြမတူဘူး။ ေနပုံထိုင္ပုံေတြမတူဘူး အဲဒီလိုမ်ိဳးေတြဆိုရင္ အမ်ားႀကီးၫွိရတယ္။ ရင္ဆိုင္ရတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ဘာပဲျဖစ္ျဖစ္ ေမတၱာမပ်က္ဘဲနဲ႔ေျခာက္ႏွစ္ဆိုတဲ့ အတိုင္းအတာတစ္ခုကို ျဖတ္သန္းႏိုင္တာ အမ်ားႀကီးဂုဏ္ယူစရာေကာင္းပါတယ္။

ေမး – အားေပးေနတဲ့ ပရိသတ္ေတြကို ႏႈတ္ဆက္စကားေလး ေျပာေပးပါဦး။

ေျဖ – အခုအခ်ိန္အထိ အႏုပညာအလုပ္မွာ ရပ္တည္ ႏိုင္ေအာင္ အားေပးေနတဲ့ပရိသတ္အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ အိမ္ေထာင္က်ၿပီး ကေလးအေမျဖစ္တဲ့ေနာက္ သက္မြန္ရဲ႕ကေလးေလးေတြကိုပါ ခ်စ္ေပးၾကတဲ့အတြက္လည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္။

ဓာတ္ပုံ – သက္မြန္ျမင့္ေဖ့စ္ဘြတ္ခ္
ႏွင္းစုမြန္ေတြ႕ဆုံသည္

………………………………………………………..

(Unicode Version)

သရုပ်ဆောင် အကယ်ဒမီသက်မွန်မြင့်နှင့် တွေ့ဆုံခြင်း

“ခြောက်နှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုကို ဖြတ်သန်းနိုင်တာ အများကြီးဂုဏ်ယူစရာကောင်းပါတယ်”

သရုပ်ဆောင်အကယ်ဒမီသက်မွန်မြင့်နှင့်တွေ့ဆုံခိုက် ခရီးသွားသည့်အကြောင်း၊ သူငယ်ချင်းဖြစ်သူ ခင်လေးနွယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအပြင် အခြားသောသိရှိလိုသမျှ အကြောင်းအရာများကို မေးမြန်းဖော်ပြလိုက်ပါသည်-

မေး – ခရီးထွက်တဲ့ပုံလေးတွေတင်ထားတာ တွေ့ရတယ်။ ခရီးစဉ်မှာ တော်တော်လေးပျော်ခဲ့လား။

ဖြေ – ခရီးစဉ်ကတော့ ပျော်မောကြီးပေါ့နော်၊ နှစ်ဆင့်စီးရတယ်။ ဒီဘက်ကလေယာဉ်က delay ဖြစ်တော့ နောက်တစ်ဆင့်ထပ်စီးရတော့ စိတ်လည်းညစ်တယ်။ ဟိုရောက်သွားတော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး အတူတူစား၊ ဓာတ်ပုံတွေရိုက်ကြဆိုတော့ ပျော်စရာကြီးပါ။ အတွေ့အကြုံလေးတော့ ရပါတယ်။

မေး – ကလေးတွေနဲ့ခွဲပြီး သွားရတာဆိုတော့ သူတို့ကိုရော လွမ်းသေးလား။

ဖြေ – အခုကတော့ နေသားကျနေပါပြီ။ သားဦး ကလေးတုန်းကတော့ ရင်ဆိုင်ရတာခက်တယ်။ ဒုတိယကလေးကစိတ်မာတယ်။ စိတ်မာတော့ သိပ်စိတ်မပူဘူး။ အကြီးကလည်း အရွယ်ရောက်နေပြီ။ သူညီမကိုလည်း သူပြန်စောင့်ရှောက်နိုင်တဲ့အခါကျတော့ သိပ်စိတ်မပူတော့ဘူး။ သူတို့က လူကြီးလေးတွေ ပုံစံမျိုးဖြစ်နေတယ်။ ကိုယ်တောင် ကလေးပြန်ဖြစ်နေတာဆိုတော့ သိပ်တော့ စိတ်မပူတော့ပါဘူး။ နောက် သူ့အဖေလည်းရှိနေတော့ သိပ်စိတ်မပူရဘူး။ တစ်ယောက်တည်းသွားရတယ်ဆိုတော့လည်း လွတ်လပ်မှုတစ်ခုတော့ရတယ်။ စိတ်ပူတာတော့ စိတ်ပူတာပေါ့နော်။ လွမ်းတော့လည်း Vedio Call တွေ ခေါ်ဖြစ်တယ်။

မေး – သက်မွန်ရဲ့သူငယ်ချင်း ခင်လေးကလည်း စွံသွားပြီဆိုတော့ သူ့အတွက် ခံစားချက်လေးကို ပြောပြပေးပါဦး။

ဖြေ – ဝမ်းသာပါတယ်။ တစ်ယောက်စွံသွားပြီဆိုတော့ ဝမ်းသာပါတယ်။ သက်မွန် တွေးကြည့်တာကတော့ သူနဲ့လည်း ဒီအကြောင်းသိပ်မပြောဖြစ်ဘူး။ တစ်ယောက်တည်း နေလာတာကြာပြီလေ။ တစ်ယောက်တည်းနေလာတာကြာနေပြီဖြစ်တဲ့သူက ဒီလိုလက်တွဲဖော်ရတယ်ဆိုတော့ သူ့အချစ်စစ်နဲ့တွေ့လို့ပေါ့နော်။ သက်မွန်လည်း သူ့ကို ပြောတယ်လေ။ ကိုယ်စိတ်ချမ်းသာဖို့က အဓိကပဲပေါ့နော်။ Single Life နဲ့နေတာက ကိုယ့်အတွက်ပိုပြီးတော့ သက်သောင့်သက်သာဖြစ်တယ်။ စိတ်ချမ်းသာတယ်ဆိုရင်နေလိုက်ပေါ့နော်။ ကျန်တာ အရေးမကြီးဘူးပေါ့နော်။ မဟုတ်ဘူး ကိုယ်ချစ်တဲ့သူနဲ့လက်တွဲချင်တယ်။ အဲဒါက စိတ်ချမ်းသာတယ်ဆိုလို့ရှိရင်ရွေးချယ်လိုက်ပေါ့နော်။ ဒါက သိပ်ပြဿနာမရှိဘူး။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်တည်းဆိုတော့လည်း သက်မွန်တို့ ပွဲတွေဘာတွေသွားရင် မိုးချုပ်တာတွေရှိတဲ့အခါကျတော့ သူတစ်ယောက်တည်းလေ။ ကိုယ်လည်းစိတ်မချဘူး ။ အခုလိုမျိုး လက်တွဲဖော်ရှိလာပြီဆိုတော့ ဘာပဲဖြစ်ဖြစ် သူ့အနားမှာရပ်တည်ပေးမယ့်သူ၊ ကာကွယ်ပေးမယ့် သူတစ်ယောက်ရှိလာပြီပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကလည်း ဝမ်းသာပါတယ်။

မေး – ကိုယ်တိုင်ကော ကလေးတွေနဲ့ရော အနုပညာအလုပ်တွေနဲ့ အလုပ်များတဲ့သူဆိုတော့ ကိုယ်ပိုင်အချိန် ထားဖြစ်လား။

ဖြေ – ကိုယ်ပိုင်အချိန်တော့ ဖယ်ရတာပေါ့နော်။ ဖိအား အရမ်းများတော့ အချိန်တော့ဖယ်ရတာပေါ့နော်။ အနုပညာအလုပ်ကလည်း သိတဲ့အတိုင်းပဲလေ ပြင်ဆင်ရတာများတယ်။ ပြင်ဆင်တဲ့အချိန်မှာလည်း ကိုယ်က စိတ်ရော၊ ကိုယ်ပါ အများကြီးအားစိုက်ထုတ်ရတယ်။ ရိုက်တဲ့အချိန်မှာလည်း အများကြီးစိတ်နှစ်ပြီးတော့ ကိုယ်မဟုတ်တဲ့ သူတစ်ယောက်အနေနဲ့နေရတယ်ဆိုတော့ စိတ်ပင်ပန်းမှုကလည်း အများကြီးရှိနေပြီးသားပေါ့နော်။ အဲဒီအချိန်မှာလည်း ကလေးကလည်း နှစ်ယောက်။ တစ်ယောက်တစ်မျိုးဆိုတော့ ဖိအားတွေကအများကြီးရှိတယ်။ ဒါတောင်အမျိုးသားအတွက်က သိပ်ပြီးတော့ လုပ်ပေးစရာမလိုဘူး။ သူက သူ့ဘာသာသူ နေတတ်တယ်။ အဲဒါတစ်ခုတော့ သက်မွန်ကံကောင်းတာပေါ့နော်။ ကလေးနှစ်ယောက်နဲ့ အနုပညာအလုပ်လုပ်ရတာ အရမ်းတော့ ဗျာများတယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ခရီးထွက်တော့လည်း နားရတာပေါ့နော်။ အဲဒီအချိန်ကတော့ အလုပ်လည်းစဉ်းစားစရာမလိုဘူး။ ကလေးအတွက်လည်း စဉ်းစားစရာ မလိုဘူးဆိုတော့ နားရတာပေါ့နော်။

မေး – မကြာခင် ခြောက်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်ရောက်တော့မယ်ဆိုတော့ ခံစားချက်ကိုပြောပြပေးပါဦး။

ဖြေ – ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၄ ခုနှစ်ပေါ့နော်။ ဖေဖော်ဝါရီ ၁၄ မှာ မင်္ဂလာဆောင်ဖြစ်တာကလည်း ချစ်သူများနေ့လည်းဖြစ်တယ်။ ၁၄ယ ၁၄ဆိုပြီးတော့ တိုက်တဲ့ရက်လေးကိုလည်း လိုချင်တော့ အမြန်စီစဉ်ပြီး လက်ထပ်ဖြစ်လိုက်တာပေါ့နော်။ ပျော်စရာလည်းကောင်းတယ်။ အရမ်းလည်း ပင်ပန်းခဲ့တယ်။ သုံးလအတွင်း စီစဉ်ရတာဆိုတော့ ပင်ပန်းတယ်။ တကယ်ကျင်းပတဲ့အချိန်မှာလည်း ကိုယ်ကသူများနဲ့မတူချင်တော့ ဘယ်သူမှမကျင်းပဖူးတဲ့ ပြည်သူ့ရင်ပြင်မှာလုပ်လိုက်တဲ့အခါကျတော့ ဟာကွက်တွေလည်း အများကြီးရှိသွားတယ်။ ဒါပေမဲ့ ပျော်စရာအရမ်းကောင်းခဲ့ပါတယ်။ မင်္ဂလာဆောင်တုန်းက ပုံလေးတွေပြန်တွေ့ရင်လည်း သဘောကျတယ်။ ပြန်တွေးလိုက်ရင် ပျော်စရာလည်းကောင်းတယ်။ မောလည်း မောတယ်။

မေး – ခြောက်နှစ်တာကာလအထိ ဖြတ်သန်းမှုကိုပြန်တွေးကြည့်ရင် ဘာတွေများအမှတ်တရရှိနေလဲ။

ဖြေ – ခြောက်နှစ်အထိ ဖြတ်သန်းနိုင်တဲ့အပေါ် အကုန်လုံးကို ကျေးဇူးတင်ရတယ်။ ကံတရားကိုလည်း ကျေးဇူးတင်တယ်။ အမျိုးသားကိုလည်းကျေးဇူးတင်တယ်။ တစ်ယောက်နဲ့တစ်ယောက်ဘ၀တစ်ခုတည်ဆောက်တဲ့အချိန်မှာ အများကြီးရင်ဆိုင်ရတယ်။ ချစ်သူဘ၀နဲ့မတူဘူး တစ်ယောက်နဲ့တစ်ယောက် ၂၄ နာရီ တွေ့ရတဲ့အချိန်မှာအကြိုက်ချင်းတူတယ်လို့ထင်ခဲ့တာ တောင်မတူတာတွေအများကြီးရှိလာတယ်။ အတွေးတွေ မတူဘူး။ ခံယူချက်တွေမတူဘူး။ နေပုံထိုင်ပုံတွေမတူဘူး အဲဒီလိုမျိုးတွေဆိုရင် အများကြီးညှိရတယ်။ ရင်ဆိုင်ရတယ်။ တစ်ယောက်နဲ့တစ်ယောက်ဘာပဲဖြစ်ဖြစ် မေတ္တာမပျက်ဘဲနဲ့ခြောက်နှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုကို ဖြတ်သန်းနိုင်တာ အများကြီးဂုဏ်ယူစရာကောင်းပါတယ်။

မေး – အားပေးနေတဲ့ ပရိသတ်တွေကို နှုတ်ဆက်စကားလေး ပြောပေးပါဦး။

ဖြေ – အခုအချိန်အထိ အနုပညာအလုပ်မှာ ရပ်တည် နိုင်အောင် အားပေးနေတဲ့ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အိမ်ထောင်ကျပြီး ကလေးအမေဖြစ်တဲ့နောက် သက်မွန်ရဲ့ကလေးလေးတွေကိုပါ ချစ်ပေးကြတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဓာတ်ပုံ – သက်မွန်မြင့်ဖေ့စ်ဘွတ်ခ်
နှင်းစုမွန်တွေ့ဆုံသည်