ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်ခဲ့ျခင္းက ႏိုင္ငံတကာမွ ေရာဂါဆန္းမ်ားကို အဟန္႔အတားျဖစ္ေစ

ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်ခဲ့ျခင္းက ႏိုင္ငံတကာမွ ေရာဂါဆန္းမ်ားကို အဟန္႔အတား ျဖစ္ေစေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာဆိုသည္။ ေဖေဖာ္ဝါရီ ၈ ရက္ ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ပဒုမၼာပန္းဥယ်ာဥ္၌ျပဳလုပ္သည့္ ၿမိဳ႕လူထုေတြ႕ဆုံပြဲတြင္ ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

‘ဖြံ႕ၿဖိဳးတိုးတက္မႈ ေကာင္းရင္ေတာ့ တိုင္းျပည္က တိုးတက္တာေပါ့ေနာ္။ ဒါကိုတိုးတက္ေအာင္လည္း ကၽြန္ေတာ္တို႔ ႀကိဳးစားေနတယ္။ ဒါေပမဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈအစေလးပဲ ရွိေသးတဲ့အတြက္ အခုလို ႏိုင္ငံတကာမွာ ျဖစ္ေနတဲ့ ေရာဂါဆန္းေတြ ျဖစ္လာတဲ့အေျခအေနမွာ ကၽြန္ေတာ္တို႔အတြက္ အကာအကြယ္ျဖစ္ေနတယ္လို႔ျမင္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ရာသီဥတု အေျခအေနကလည္း ကၽြန္ေတာ္တို႔က ပူပါတယ္။ ကၽြန္ေတာ္တို႔ ရာသီဥတုပူတဲ့အတြက္ ကၽြန္ေတာ္တို႔ တိုင္းေဒသႀကီးအတြင္းမွာ ဒီဗိုင္းရပ္စ္နဲ႔ပတ္သက္ရင္ စုဖြဲ႕မႈ သိပ္မရွိပါဘူး’ဟု ၎က ေျပာဆိုသည္။

အင္တာေနရွင္နယ္ ဂိတ္ေဝးသည္ ျမန္မာႏိုင္ငံတြင္ ရန္ကုန္ၿမိဳ႕တစ္ၿမိဳ႕သာရွိသည့္အတြက္ ႏိုင္ငံတကာေလယာဥ္မ်ား ဆင္းသက္ရာတြင္ အျခားေသာေလဆိပ္မ်ားကို အသုံးျပဳ၍မရဘဲ ရန္ကုန္ေလဆိပ္ကိုသာအသုံးျပဳေနၿပီး ယင္းေလဆိပ္သည္ စင္ကာပူႏွင့္ ထိုင္းႏိုင္ငံေလယာဥ္ကြင္းမ်ားကဲ့သို႔ အင္တာေနရွင္နယ္ ႏိုင္ငံအသီးသီးကို သြားလာ၍မရသည့္အတြက္ လူဦးေရ ထူထပ္မႈမရွိေၾကာင္း သိရသည္။

‘အားလုံး မွတ္မိလိမ့္မယ္ထင္ပါတယ္။ ကၽြန္ေတာ္တို႔ဆီကို ထိုင္းႏိုင္ငံကေန ႏွစ္ဦးျပန္လာတဲ့အထဲမွာ ႏွစ္ဦးစလုံး ေရာဂါပိုးမရွိဘူးလို႔ စစ္ေဆးေတြ႕ရွိတာျဖစ္ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ကလည္း သုံးသပ္ပါတယ္။ ကၽြန္ေတာ္တို႔ ႏိုင္ငံရဲ႕ အေျခအေနေပၚမွာ လက္လွမ္းမမီလို႔မ်ား ျဖစ္ေနသလားဆိုၿပီး။ ဒါေပမဲ့ ေသေသခ်ာခ်ာသုံးသပ္မိတဲ့အခ်ိန္မွာ အင္တာေနရွင္နယ္ဂိတ္ေဝးဟာ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ရန္ကုန္ၿမိဳ႕တစ္ၿမိဳ႕ပဲရွိပါတယ္။ ဘာလို႔လဲဆို ႏိုင္ငံတကာေလယာဥ္ေတြက တျခားေလယာဥ္ကြင္းေတြမွာ ဆင္းလို႔ မရပါဘူး။ မႏၲေလးမွာ အနည္းငယ္ ဆင္းလို႔ရတယ္။ ဒါေပမဲ့ မႏၲေလးေလဆိပ္မွာ ဆင္းတဲ့ ေလယာဥ္လိုင္းေတြက ပိတ္ထားၿပီး ျဖစ္တယ္။ ကၽြန္ေတာ္တို႔ေလဆိပ္က တျခားႏိုင္ငံေတြလိုမဟုတ္ဘဲ လူဦးေရ အနည္းငယ္ေလာက္ပဲ သြားလာလို႔ရတဲ့အတြက္ စင္ကာပူတို႔၊ ထိုင္းတို႔လို လူဦးေရ သိပ္သည္းမႈ သိပ္မရွိပါဘူး’ဟု ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာဆိုသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ကမၻာ့ႏိုင္ငံအသီးသီးႏွင့္ တိုက္႐ိုက္ခ်ိတ္ဆက္ထားသည့္ ေလဆိပ္မရွိသည့္အျပင္ ႏိုင္ငံတကာ သေဘၤာႀကီးမ်ား ဝင္ထြက္ႏိုင္မႈအေျခအေနတြင္လည္း စင္ကာပူႏိုင္ငံမွတစ္ဆင့္ သယ္ယူရျခင္း ျဖစ္သည့္အတြက္ လက္ရွိ ျဖစ္ပြားေနေသာ ေရာဂါပိုးကူးစက္ႏိုင္သည့္အေျခအေနတြင္ မရွိေၾကာင္း ၎က ေျပာဆိုသည္။

‘ဒီႏိုင္ငံမွာ အင္တာေနရွင္နယ္ကလာတဲ့ သေဘၤာႀကီးေတြ ဝင္ထြက္မႈဟာလည္း ကၽြန္ေတာ္တို႔ဆီမွာ သိပ္အမ်ားႀကီးမရွိပါဘူး။ ဘာေၾကာင့္လဲဆို ကၽြန္ေတာ္တို႔က ေရနက္ဆိပ္ကမ္းႀကီးေတြ မဟုတ္တဲ့အတြက္ တစ္ႏိုင္ငံလုံးရဲ႕ ကုန္စည္ကို ရန္ကုန္ဆိပ္ကမ္းက ၉၀ ရာခိုင္ႏႈန္းအတင္အခ် လုပ္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ဆိပ္ကမ္းဟာ ေရနက္ဆိပ္ကမ္းႀကီး မဟုတ္ပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က စင္ကာပူကေနတစ္ဆင့္ သယ္ရတာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ အင္တာေနရွင္နယ္ ကူးစက္ႏိုင္တဲ့ အေျခအေနေတြက ကၽြန္ေတာ္တို႔ဆီမွာ ရွိမေနပါဘူး’ဟု ၎က ေျပာဆိုသည္။

အဆိုပါ ဗိုင္းရပ္စ္အ ေျခအေနသည္ ျမန္မာႏိုင္ငံအတြက္ တ႐ုတ္ခရီးသည္မ်ားကို အဓိက မွီခိုေနရေသာ ခရီးသြားလုပ္ငန္းမ်ားမွအစ ဟိုတယ္၊ စားေသာက္ဆိုင္မ်ားႏွင့္ အျခားဝန္ေဆာင္မႈ လုပ္ငန္းမ်ားအထိ ႐ိုက္ခတ္မႈ မ်ားစြာရွိေနေၾကာင္း သိရသည္။

သတင္း – စိုးစိုးစံ

………………………………………………………..

(Unicode Version)

ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ခြင်းက နိုင်ငံတကာမှ ရောဂါဆန်းများကို အဟန့်အတားဖြစ်စေ

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ခြင်းက နိုင်ငံတကာမှ ရောဂါဆန်းများကို အဟန့်အတား ဖြစ်စေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။ ဖေဖော်ဝါရီ ၈ ရက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာပန်းဥယျာဉ်၌ပြုလုပ်သည့် မြို့လူထုတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‘ဖွံ့ဖြိုးတိုးတက်မှု ကောင်းရင်တော့ တိုင်းပြည်က တိုးတက်တာပေါ့နော်။ ဒါကိုတိုးတက်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်မှုအစလေးပဲ ရှိသေးတဲ့အတွက် အခုလို နိုင်ငံတကာမှာ ဖြစ်နေတဲ့ ရောဂါဆန်းတွေ ဖြစ်လာတဲ့အခြေအနေမှာ ကျွန်တော်တို့အတွက် အကာအကွယ်ဖြစ်နေတယ်လို့မြင်ပါတယ်။ နောက်တစ်ချက်ကတော့ ရာသီဥတု အခြေအနေကလည်း ကျွန်တော်တို့က ပူပါတယ်။ ကျွန်တော်တို့ ရာသီဥတုပူတဲ့အတွက် ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ရင် စုဖွဲ့မှု သိပ်မရှိပါဘူး’ဟု ၎င်းက ပြောဆိုသည်။

အင်တာနေရှင်နယ် ဂိတ်ဝေးသည် မြန်မာနိုင်ငံတွင် ရန်ကုန်မြို့တစ်မြို့သာရှိသည့်အတွက် နိုင်ငံတကာလေယာဉ်များ ဆင်းသက်ရာတွင် အခြားသောလေဆိပ်များကို အသုံးပြု၍မရဘဲ ရန်ကုန်လေဆိပ်ကိုသာအသုံးပြုနေပြီး ယင်းလေဆိပ်သည် စင်ကာပူနှင့် ထိုင်းနိုင်ငံလေယာဉ်ကွင်းများကဲ့သို့ အင်တာနေရှင်နယ် နိုင်ငံအသီးသီးကို သွားလာ၍မရသည့်အတွက် လူဦးရေ ထူထပ်မှုမရှိကြောင်း သိရသည်။

‘အားလုံး မှတ်မိလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ဆီကို ထိုင်းနိုင်ငံကနေ နှစ်ဦးပြန်လာတဲ့အထဲမှာ နှစ်ဦးစလုံး ရောဂါပိုးမရှိဘူးလို့ စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကလည်း သုံးသပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေပေါ်မှာ လက်လှမ်းမမီလို့များ ဖြစ်နေသလားဆိုပြီး။ ဒါပေမဲ့ သေသေချာချာသုံးသပ်မိတဲ့အချိန်မှာ အင်တာနေရှင်နယ်ဂိတ်ဝေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရန်ကုန်မြို့တစ်မြို့ပဲရှိပါတယ်။ ဘာလို့လဲဆို နိုင်ငံတကာလေယာဉ်တွေက တခြားလေယာဉ်ကွင်းတွေမှာ ဆင်းလို့ မရပါဘူး။ မန္တလေးမှာ အနည်းငယ် ဆင်းလို့ရတယ်။ ဒါပေမဲ့ မန္တလေးလေဆိပ်မှာ ဆင်းတဲ့ လေယာဉ်လိုင်းတွေက ပိတ်ထားပြီး ဖြစ်တယ်။ ကျွန်တော်တို့လေဆိပ်က တခြားနိုင်ငံတွေလိုမဟုတ်ဘဲ လူဦးရေ အနည်းငယ်လောက်ပဲ သွားလာလို့ရတဲ့အတွက် စင်ကာပူတို့၊ ထိုင်းတို့လို လူဦးရေ သိပ်သည်းမှု သိပ်မရှိပါဘူး’ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် လေဆိပ်မရှိသည့်အပြင် နိုင်ငံတကာ သင်္ဘောကြီးများ ဝင်ထွက်နိုင်မှုအခြေအနေတွင်လည်း စင်ကာပူနိုင်ငံမှတစ်ဆင့် သယ်ယူရခြင်း ဖြစ်သည့်အတွက် လက်ရှိ ဖြစ်ပွားနေသော ရောဂါပိုးကူးစက်နိုင်သည့်အခြေအနေတွင် မရှိကြောင်း ၎င်းက ပြောဆိုသည်။

‘ဒီနိုင်ငံမှာ အင်တာနေရှင်နယ်ကလာတဲ့ သင်္ဘောကြီးတွေ ဝင်ထွက်မှုဟာလည်း ကျွန်တော်တို့ဆီမှာ သိပ်အများကြီးမရှိပါဘူး။ ဘာကြောင့်လဲဆို ကျွန်တော်တို့က ရေနက်ဆိပ်ကမ်းကြီးတွေ မဟုတ်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ ကုန်စည်ကို ရန်ကုန်ဆိပ်ကမ်းက ၉၀ ရာခိုင်နှုန်းအတင်အချ လုပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆိပ်ကမ်းဟာ ရေနက်ဆိပ်ကမ်းကြီး မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က စင်ကာပူကနေတစ်ဆင့် သယ်ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အင်တာနေရှင်နယ် ကူးစက်နိုင်တဲ့ အခြေအနေတွေက ကျွန်တော်တို့ဆီမှာ ရှိမနေပါဘူး’ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဗိုင်းရပ်စ်အ ခြေအနေသည် မြန်မာနိုင်ငံအတွက် တရုတ်ခရီးသည်များကို အဓိက မှီခိုနေရသော ခရီးသွားလုပ်ငန်းများမှအစ ဟိုတယ်၊ စားသောက်ဆိုင်များနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများအထိ ရိုက်ခတ်မှု များစွာရှိနေကြောင်း သိရသည်။

သတင်း – စိုးစိုးစံ