အႏၲာတိကတိုက္ အပူခ်ိန္ ၁ ဒသမ ၃ ဒီဂရီစင္တီဂရိတ္အထိ စံခ်ိန္တင္ျမင့္မား

ကမၻာ့ေတာင္ဝင္႐ိုးစြန္း အႏၲာတိကတိုက္တြင္ အပူခ်ိန္ ၁၈ ဒသမ ၃ ဒီဂရီစင္တီဂရိတ္အထိ စံခ်ိန္တင္ျမင့္မားေၾကာင္း သိရသည္။

အာဂ်င္တီးနားအေျခစိုက္ သုေတသနဌာနက ေဖေဖာ္ဝါရီ ၆ ရက္က တိုင္းတာရရွိသည့္ အပူခ်ိန္ ၁၈ဒသမ ၃ ဒီဂရီစင္တီဂရိတ္မွာ ၂၀၁၅ ခုႏွစ္ မတ္လပိုင္းက တိုင္းတာရရွိသည့္ အပူခ်ိန္ ၁၇ ဒသမ ၅ ဒီဂရီစင္တီဂရိတ္ထက္ သုည ဒသမ ၈ ဒီဂရီစင္တီဂရိတ္ ပိုမိုသည္။

ကမၻာေပၚတြင္ ပူေႏြးမႈအျမန္ဆုံး ေဒသတစ္ခုျဖစ္သည့္ အႏၲာတိကကၽြန္းဆြယ္ အေနာက္ေျမာက္ဖ်ား၌ ယင္းအပူခ်ိန္ကို တိုင္းတာမွတ္တမ္းတင္ျခင္းျဖစ္သည္။

ယင္းကို ကုလသမဂၢ ကမၻာ့မိုးေလ၀သအဖြဲ႕(ဒဗလ်ဴအမ္အို )က မွန္ကန္ေၾကာင္း အတည္ျပဳသည္။

အႏၲာတိကတိုက္၏ အပူခ်ိန္မွာ လြန္ခဲ့သည့္ႏွစ္ေပါင္း ၅၀ အတြင္း ၃ ဒီဂရီ စင္တီဂရိတ္အထိ တက္လာေၾကာင္း၊ အႏၲာတိကတိုက္၏ အေနာက္ဘက္ကမ္းေျခတစ္ေလၽွာက္မွ ေရခဲျမစ္မ်ား ၈၇ ရာခိုင္ႏႈန္း ထိုကာလအတြင္း ဆုတ္သြားေၾကာင္း ဒဗလ်ဴအမ္အိုက ေၾကညာသည္။

ကမၻာႀကီးပူေႏြးလာမႈေၾကာင့္ လြန္ခဲ့သည့္ ၁၂ ႏွစ္အတြင္းတြင္ ေရခဲျမစ္မ်ား အရွိန္အဟုန္ျဖင့္ဆုတ္သြားသည္ဟုလည္း ဒဗလ်ဴအမ္အိုက ေၾကညာသည္။

(Unicode Version)

အန္တာတိကတိုက် အပူချိန် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်မား

ကမ္ဘာ့တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်တွင် အပူချိန် ၁၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်မားကြောင်း သိရသည်။

အာဂျင်တီးနားအခြေစိုက် သုတေသနဌာနက ဖေဖော်ဝါရီ ၆ ရက်က တိုင်းတာရရှိသည့် အပူချိန် ၁၈ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှာ ၂၀၁၅ ခုနှစ် မတ်လပိုင်းက တိုင်းတာရရှိသည့် အပူချိန် ၁၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် သုည ဒသမ ၈ ဒီဂရီစင်တီဂရိတ် ပိုမိုသည်။

ကမ္ဘာပေါ်တွင် ပူနွေးမှုအမြန်ဆုံး ဒေသတစ်ခုဖြစ်သည့် အန္တာတိကကျွန်းဆွယ် အနောက်မြောက်ဖျား၌ ယင်းအပူချိန်ကို တိုင်းတာမှတ်တမ်းတင်ခြင်းဖြစ်သည်။

ယင်းကို ကုလသမဂ္ဂ ကမ္ဘာ့မိုးလေ၀သအဖွဲ့(ဒဗလျူအမ်အို )က မှန်ကန်ကြောင်း အတည်ပြုသည်။

အန္တာတိကတိုက်၏ အပူချိန်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ အတွင်း ၃ ဒီဂရီ စင်တီဂရိတ်အထိ တက်လာကြောင်း၊ အန္တာတိကတိုက်၏ အနောက်ဘက်ကမ်းခြေတစ်လျှောက်မှ ရေခဲမြစ်များ ၈၇ ရာခိုင်နှုန်း ထိုကာလအတွင်း ဆုတ်သွားကြောင်း ဒဗလျူအမ်အိုက ကြေညာသည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် လွန်ခဲ့သည့် ၁၂ နှစ်အတွင်းတွင် ရေခဲမြစ်များ အရှိန်အဟုန်ဖြင့်ဆုတ်သွားသည်ဟုလည်း ဒဗလျူအမ်အိုက ကြေညာသည်။