ေတာမီးအႏၲရာယ္ႀကဳံေနသည့္ ဩစေၾတးလ်ႏိုင္ငံတြင္ ေရႀကီးေရလၽွံေဘးႏွင့္ ထပ္ၿပီးရင္ဆိုင္ေနရ

ဩစေၾတးလ်ႏိုင္ငံ နယူးေဆာက္ေဝးျပည္နယ္တြင္ ေလာင္ကၽြမ္းေနေသာ ေတာမီးမွာ မိုး႐ြာသြန္းမႈေၾကာင့္ ယခုသီတင္းပတ္အတြင္း၌ ေလ်ာ့ပါးသက္သာသြားၿပီျဖစ္ေသာ္လည္း ယင္းျပည္နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေရလၽွံအႏၲရာယ္ျဖစ္ႏိုင္ေျခႏွင့္ ရင္ဆိုင္ေနရသည္။

ႏိုင္ငံအေရွ႕ပိုင္း ကမ္း႐ိုးတန္းေဒသမ်ားတြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ ေရႀကီးေရလၽွံမႈမ်ား ျဖစ္ေပၚႏိုင္သည့္ ဆိုး႐ြားေသာ ရာသီဥတုအေျခအေနႏွင့္ပတ္သက္၍ သတိေပးခ်က္မ်ား ထုတ္ျပန္ထားသည္။

ေဖေဖာ္ဝါရီ ၈ ရက္ႏွင့္ ၉ ရက္မ်ားတြင္ အႏၲရာယ္ရွိသည့္ ရာသီဥတုအေျခအေနမ်ားႏွင့္ ရင္ဆိုင္ရႏိုင္ေၾကာင္း ဩစေၾတးလ် မိုးေလ၀သဗ်ဴ႐ိုက သတိေပးထုတ္ျပန္ထားသည္။ ဆစ္ဒနီႏွင့္အျခားေဒသမ်ားတြင္မူ ေရႀကီးေရလၽွံမႈမ်ား ျဖစ္ေပၚေနၿပီျဖစ္သည္။

-Ads-
-Ads-

ဆစ္ဒနီၿမိဳ႕တြင္ ေဖေဖာ္ဝါရီ ၇ ရက္က ႐ြာသြန္းခဲ့ေသာ မိုးသည္ တစ္ႏွစ္အတြင္း စံခ်ိန္တင္ၿပီး လမ္းမ်ားပိတ္ဆို႔ကာ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးမ်ား ေႏွာင့္ေႏွးခဲ့ရသည္။ နယူးေဆာက္ေဝးျပည္နယ္ရွိ ၿမိဳ႕အခ်ိဳ႕တြင္လည္း မိုးေရခ်ိန္ မီလီတာ ၂၅၀ မွ ၂၈၀ အထိ ႐ြာသြန္းခဲ့ၿပီး ေရႀကီးေရလၽွံမႈမ်ားႏွင့္ရင္ဆိုင္ေနရသည္။

မိုးသည္းထန္စြာ႐ြာသြန္းမႈသည္ လာမည့္ သီတင္းပတ္အေစာပိုင္းအထိ ဆက္လက္႐ြာသြန္းႏိုင္ၿပီး မိုးေခါင္ေရရွားေဒသမ်ားႏွင့္ မီးေဘးသင့္ေဒသမ်ားအတြက္ ေလ်ာ့ပါးသက္သာမႈမ်ားျဖစ္ေပၚေစႏိုင္သည္။ မိုး႐ြာသြန္းမႈေၾကာင့္ ေတာမီးေလာင္ကၽြမ္းမႈ သုံးပုံတစ္ပုံ ၿငိမ္းသြားေၾကာင္း၊ သို႔ေသာ္ ေဖေဖာ္ဝါရီ ၇ ရက္အထိ ေတာမီးေလာင္ကၽြမ္းမႈ ၄၃ ခု ရွိေနေသးေၾကာင္း နယူးေဆာက္ေဝး မီးသတ္ဌာနက ေျပာသည္။

(Unicode Version)

တောမီးအန္တရာယ်ကြုံနေသည့် ဩစတြေးလျနိုင်ငံတွင် ရေကြီးရေလျှံဘေးနှင့် ထပ်ပြီးရင်ဆိုင်နေရ

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်တွင် လောင်ကျွမ်းနေသော တောမီးမှာ မိုးရွာသွန်းမှုကြောင့် ယခုသီတင်းပတ်အတွင်း၌ လျော့ပါးသက်သာသွားပြီဖြစ်သော်လည်း ယင်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံအန္တရာယ်ဖြစ်နိုင်ခြေနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် ဆိုးရွားသော ရာသီဥတုအခြေအနေနှင့်ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်များတွင် အန္တရာယ်ရှိသည့် ရာသီဥတုအခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဩစတြေးလျ မိုးလေ၀သဗျူရိုက သတိပေးထုတ်ပြန်ထားသည်။ ဆစ်ဒနီနှင့်အခြားဒေသများတွင်မူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။

ဆစ်ဒနီမြို့တွင် ဖေဖော်ဝါရီ ၇ ရက်က ရွာသွန်းခဲ့သော မိုးသည် တစ်နှစ်အတွင်း စံချိန်တင်ပြီး လမ်းများပိတ်ဆို့ကာ အများပြည်သူ သယ်ယူပို့ဆောင်ရေးများ နှောင့်နှေးခဲ့ရသည်။ နယူးဆောက်ဝေးပြည်နယ်ရှိ မြို့အချို့တွင်လည်း မိုးရေချိန် မီလီတာ ၂၅၀ မှ ၂၈၀ အထိ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများနှင့်ရင်ဆိုင်နေရသည်။

မိုးသည်းထန်စွာရွာသွန်းမှုသည် လာမည့် သီတင်းပတ်အစောပိုင်းအထိ ဆက်လက်ရွာသွန်းနိုင်ပြီး မိုးခေါင်ရေရှားဒေသများနှင့် မီးဘေးသင့်ဒေသများအတွက် လျော့ပါးသက်သာမှုများဖြစ်ပေါ်စေနိုင်သည်။ မိုးရွာသွန်းမှုကြောင့် တောမီးလောင်ကျွမ်းမှု သုံးပုံတစ်ပုံ ငြိမ်းသွားကြောင်း၊ သို့သော် ဖေဖော်ဝါရီ ၇ ရက်အထိ တောမီးလောင်ကျွမ်းမှု ၄၃ ခု ရှိနေသေးကြောင်း နယူးဆောက်ဝေး မီးသတ်ဌာနက ပြောသည်။

-Ads-
-Ads-