ဩစေၾတးလ်ေတာမီးေၾကာင့္ တိရစၧာန္မ်ိဳးစိတ္ ၁၁၃ မ်ိဳး အေရးေပၚအကူအညီမ်ားလိုအပ္ေန

ဩစေၾတးလ်ႏိုင္ငံအတြင္းရွိ တိရစၧာန္မ်ိဳးစိတ္ ၁၁၃ မ်ိဳးသည္ မၾကာေသးမီက ေတာမီးေလာင္ကၽြမ္းမႈေၾကာင့္ မ်ိဳးစိတ္ေကာင္ေရႏွင့္ စားက်က္ေျမမ်ားဆုံး႐ႈံးသြားၿပီးေနာက္ အေရးေပၚ အကူအညီမ်ားလိုအပ္ဖြယ္ရွိေၾကာင္း ေတြ႕ရသည္ဟု ဘီဘီစီက သတင္းထုတ္ျပန္သည္။

အဆိုပါေတြ႕ရွိခ်က္သည္ လုံး၀မ်ိဳးသုဥ္းပ်က္စီးသြားျခင္းမ်ိဳး ဟုတ္ဟန္မရွိေၾကာင္း အစိုးရအဖြဲ႕က ေျပာသည္။

သို႔ေသာ္ စာရင္းျပဳစုထားေသာ မ်ိဳးစိတ္အားလုံးနီးပါးသည္ ဩစေၾတးလ်ေႏြရာသီတြင္ အေရွ႕ပိုင္းႏွင့္ေတာင္ပိုင္းမ်ား၌ ေတာမီးေလာင္ကၽြမ္းမႈမ်ားေၾကာင့္ ၎တို႔စားက်က္ေျမ၏ ၃၀ ရာခိုင္ႏႈန္းထက္မနည္း ဆုံး႐ႈံးသြားသည္။

ဩစေၾတးလ် သားပိုက္ေကာင္၊ ကိုအာလားဝက္ဝံမ်ား၊ ငွက္မ်ိဳးစိတ္၊ ငါးႏွင့္ ဖားမ်ိဳးစိတ္မ်ားသည္ ေဖာ္ျပပါမ်ိဳးစိတ္မ်ားအနက္ အကူအညီအလိုအပ္ဆုံး တိရစၧာန္မ်ိဳးစိတ္မ်ား ျဖစ္သည္ဟု ကၽြမ္းက်င္သူတစ္ဦးက ေျပာသည္။

တိရစၧာန္ေကာင္ေရ တစ္ဘီလီယံေက်ာ္သည္ သင့္တင့္မၽွတေသာဥတုရာသီရွိသည့္ သစ္ေတာမ်ားႏွင့္ စားက်က္ျမက္ခင္းမ်ားကို ဝါးမ်ိဳဖ်က္ဆီးသြားသည့္ မီးေတာက္မ်ားထဲတြင္ ေသဆုံးသြားဖြယ္ရွိေၾကာင္း သုေတသီမ်ားက ယခင္ကခန္႔မွန္းခဲ့ၾကသည္ဟု သိရသည္။

(Unicode Version)

ဩစတြေးလျတောမီးကြောင့် တိရစ္ဆာန်မျိုးစိတ် ၁၁၃ မျိုး အရေးပေါ်အကူအညီများလိုအပ်နေ

ဩစတြေးလျနိုင်ငံအတွင်းရှိ တိရစ္ဆာန်မျိုးစိတ် ၁၁၃ မျိုးသည် မကြာသေးမီက တောမီးလောင်ကျွမ်းမှုကြောင့် မျိုးစိတ်ကောင်ရေနှင့် စားကျက်မြေများဆုံးရှုံးသွားပြီးနောက် အရေးပေါ် အကူအညီများလိုအပ်ဖွယ်ရှိကြောင်း တွေ့ရသည်ဟု ဘီဘီစီက သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ရှိချက်သည် လုံး၀မျိုးသုဉ်းပျက်စီးသွားခြင်းမျိုး ဟုတ်ဟန်မရှိကြောင်း အစိုးရအဖွဲ့က ပြောသည်။

သို့သော် စာရင်းပြုစုထားသော မျိုးစိတ်အားလုံးနီးပါးသည် ဩစတြေးလျနွေရာသီတွင် အရှေ့ပိုင်းနှင့်တောင်ပိုင်းများ၌ တောမီးလောင်ကျွမ်းမှုများကြောင့် ၎င်းတို့စားကျက်မြေ၏ ၃၀ ရာခိုင်နှုန်းထက်မနည်း ဆုံးရှုံးသွားသည်။

ဩစတြေးလျ သားပိုက်ကောင်၊ ကိုအာလားဝက်ဝံများ၊ ငှက်မျိုးစိတ်၊ ငါးနှင့် ဖားမျိုးစိတ်များသည် ဖော်ပြပါမျိုးစိတ်များအနက် အကူအညီအလိုအပ်ဆုံး တိရစ္ဆာန်မျိုးစိတ်များ ဖြစ်သည်ဟု ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

တိရစ္ဆာန်ကောင်ရေ တစ်ဘီလီယံကျော်သည် သင့်တင့်မျှတသောဥတုရာသီရှိသည့် သစ်တောများနှင့် စားကျက်မြက်ခင်းများကို ဝါးမျိုဖျက်ဆီးသွားသည့် မီးတောက်များထဲတွင် သေဆုံးသွားဖွယ်ရှိကြောင်း သုတေသီများက ယခင်ကခန့်မှန်းခဲ့ကြသည်ဟု သိရသည်။