တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ကတ္ျပား ေဖေဖာ္ဝါရီ ၂၀ ရက္မွစ၍ ထုတ္ယူႏိုင္ၿပီ

၂၀၂၀ ျပည့္ႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ကတ္ျပားကို ေဖေဖာ္ဝါရီ ၂၀ ရက္မွစ၍ ထုတ္ယူႏိုင္ၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္သည္။

၂၀၂၀ ျပည့္ႏွစ္ မတ္ ၁၁ ရက္မွ ၂၀ ရက္အထိ က်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲကို ေျဖဆိုခြင့္ေလၽွာက္ထားၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ ကတ္ျပားထုတ္ယူျခင္းႏွင့္ပတ္သက္၍ ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ထုတ္ျပန္ျခင္းျဖစ္သည္။

တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ စာစစ္ဌာနအသီးသီးတြင္ ေျဖဆိုၾကမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔၏ ဓာတ္ပုံကပ္ထားသည့္ ခုံအမွတ္စဥ္ပါေသာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card)မ်ားကို ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီ ၂၀ ရက္(ၾကာသပေတးေန႔)မွစ၍ ထုတ္ယူၾကရမည္ျဖစ္ေၾကာင္း အဆိုပါေၾကညာခ်က္တြင္ပါရွိသည္။

အေျခခံပညာအထက္တန္းေက်ာင္း၊ (ေက်ာင္းခြဲ)ႏွင့္(တြဲဖက္) အေျခခံပညာအထက္တန္းေက်ာင္း၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔၏ စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပား (Identity Card)မ်ားကို မိမိတို႔ ေက်ာင္းအုပ္ႀကီးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္ေၾကာင္း သိရသည္။

ျပင္ပမွ ေျဖဆိုသူမ်ားသည္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား(Identity Card) မ်ားကို မိမိတို႔ ေျဖဆိုရမည့္ စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္ၿပီး ေက်ာင္းသား၊ေက်ာင္းသူမ်ားအေနျဖင့္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card) မ်ား ထုတ္ယူရာတြင္ အခက္အခဲရွိပါက သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီးမ်ား၊ စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ား၊ ၿမိဳ႕နယ္ပညာေရးမႉးမ်ားႏွင့္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနထံ စုံစမ္းေမးျမန္းႏိုင္ေၾကာင္း ယင္းေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

သတင္း – အိေဟမာ

(Unicode Version)

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ထုတ်ယူနိုင်ပြီ

၂၀၂၀ ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card)များကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်(ကြာသပတေးနေ့)မှစ၍ ထုတ်ယူကြရမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင်ပါရှိသည်။

အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့်(တွဲဖက်) အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card)များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ စုံစမ်းမေးမြန်းနိုင်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

သတင်း – အိဟေမာ