ေက်ာက္မဲၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ မိုင္းတင္းေက်း႐ြာအုပ္စု မန္ဆန္းေက်း႐ြာအနီး လယ္ကြက္ထဲတြင္ အမ်ိဳးသားတစ္ဦးေသနတ္ျဖင့္ ပစ္သတ္ခံရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေဖေဖာ္ဝါရီ ၁၃ ရက္ နံနက္ ၁၀ နာရီဝန္းက်င္က မန္ဆန္းေက်း႐ြာအနီး လယ္ကြက္ထဲတြင္ အဆိုပါေက်း႐ြာမွ ႐ြာသားတစ္ဦးျဖစ္သူ စိုင္းေကာထို႔(ခ) အိုက္ေကာသည္ လယ္ထဲတြင္ အလုပ္လုပ္ေနစဥ္ အမည္မသိေသနတ္သမားက လာေရာက္ပစ္ခတ္သြားသျဖင့္ ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။

‘မ်က္ျမင္အေနအထားအရ ဝဲဘက္ေမးေစ့ေအာက္မွာ တစ္ခ်က္၊ လည္ပင္းမွာတစ္ခ်က္ က်ည္ေဖာက္ဝင္ဒဏ္ရာ ေတြ႕တယ္။ ပစ္သြားတာခ်က္ေကာင္းေတြခ်ည္းပဲ၊ ျဖစ္စဥ္အေသးစိတ္ကိုေတာ့ မသိရေသးဘူး’ ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။ အခင္းျဖစ္ေနရာသို႔ သက္ဆိုင္ရာက သြားေရာက္စစ္ေဆးေနဆဲျဖစ္ၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူသတ္မႈျဖင့္ အမႈဖြင့္စစ္ေဆးထားေၾကာင္း သိရသည္။

သတင္း – ႏိုင္ဝင္စိုး

(Unicode Version)

ကျောက်မဲမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု မန်ဆန်းကျေးရွာအနီး လယ်ကွက်ထဲတွင် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီဝန်းကျင်က မန်ဆန်းကျေးရွာအနီး လယ်ကွက်ထဲတွင် အဆိုပါကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ စိုင်းကောထို့(ခ) အိုက်ကောသည် လယ်ထဲတွင် အလုပ်လုပ်နေစဉ် အမည်မသိသေနတ်သမားက လာရောက်ပစ်ခတ်သွားသဖြင့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

‘မျက်မြင်အနေအထားအရ ဝဲဘက်မေးစေ့အောက်မှာ တစ်ချက်၊ လည်ပင်းမှာတစ်ချက် ကျည်ဖောက်ဝင်ဒဏ်ရာ တွေ့တယ်။ ပစ်သွားတာချက်ကောင်းတွေချည်းပဲ၊ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး’ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာက သွားရောက်စစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးထားကြောင်း သိရသည်။

သတင်း – နိုင်ဝင်စိုး