




(Unicode Version)

အသက်စွန့်ဝံ့သောလူသားတစ်ဦး (သို့မဟုတ်) ရေယာဉ်မှူး ဦးမြင့်အေး

အမြင့်ပေ ၄၀ နီးပါးရှိတဲ့ ရေယာဉ်ပေါ်ကနေ မြစ်ထဲကို ခုန်ချပြီး လူတစ်ယောက်ကိုကယ်တင်ဖို့ တော်ရုံလူဆိုရင် စဉ်းစားနေရမှာပါ။ ဒါပေမယ့် ဦးမြင့်အေးကတော့ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လုပ်နိုင်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၈ ရက်၊ နံနက်ပိုင်းက ဒလ – ပန်းဆိုးတန်း မြစ်ကူး ရေယာဉ် ချယ်ရီ ၁ မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်ဟာ သူ့ဘဝ တစ်လျှောက်တော့ ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ပါဘူး။

အမျိုးသမီးတစ်ဦး ရေထဲပြုတ်ကျနေတာကို ကယ်တင်ဖို့ ဦးမြင့်အေး ဘယ်လို ကြိုးစားခဲ့လဲဆိုတာ စံတော်ချိန်က မေးမြန်းထားပါတယ်။

ရိုက်ကူး – ကျော်သက်အောင်/ စံတော်ချိန်