ပိုင္ရွင္မဲ့

‘အမွန္တရား’
သူ႕ကို ကၽြန္ေတာ္ရွာေနတာၾကာၿပီ။ ေတာ္ေတာ္ေလးကိုၾကာေနခဲ့ၿပီ။ ဆယ္စုႏွစ္သုံးခုဆိုတဲ့ကာလဟာ ကၽြန္ေတာ့္အတြက္ ရွည္ၾကာလြန္းခဲ့တဲ့ကာလတစ္ခုျဖစ္တယ္။

၁၉၈၈
၁၉၈၈ ခုႏွစ္ ျမန္မာ့ႏိုင္ငံေရးအခင္းအက်င္းကာလထဲကေန သူ႕ကို စၿပီးရွာခဲ့မိတာ။ ရွစ္ေလးလုံးအေရးေတာ္ပုံကာလ အညာေဒသၿမိဳ႕ေလးတစ္ခုမွာ အေဖနဲ႔အတူ လမ္းမေတြထက္ ဟိုဒီသြားလာရင္း အမွန္တရားဆိုတာကို စတင္သိခ်င္၊ ျမင္ခ်င္ခဲ့မိတာကို အမွတ္ရေနမိတယ္။ လမ္းမထက္မွာ ခင္းက်င္းထားတဲ့ ေႂကြးေၾကာ္စာသားေတြ၊ ဆိုင္းဘုတ္ေတြ ၊ ပိုစတာထက္မွာ၊ ေနပူပူေအာက္ လမ္းမထက္မွာ အစာငတ္ခံဆႏၵျပေနတဲ့ အစ္ကိုျဖစ္သူရဲ႕ မ်က္ႏွာထက္က တင္းရင္းေနတဲ့ေသြးေၾကာေတြထဲမွာ အမွန္တရားကိုရွာတယ္။

အာဏာသိမ္းခံရတဲ့ေန႔ မနက္အ႐ုဏ္တက္ခ်ိန္မွာ အိမ္တံခါးကို တေဒါက္ေဒါက္လာေခါက္။ ‘အေဖ…ကၽြန္ေတာ္ပါဆိုတဲ့အသံနဲ႔ ကင္းပုန္းဝပ္ေနရာကေန ျပန္လာတဲ့ ဆယ္တန္းေက်ာင္းသားအစ္ကိုရဲ႕ ဝမ္းနည္းမႈေတြထဲမွာ အမွန္တရားကိုရွာတယ္။ သူ႕ကို စစ္ဖိနပ္နဲ႔နင္းရင္း ‘မင္းတို႔ အိမ္ျပန္ေတာ့’လို႔ ေမာင္းထုတ္လိုက္သူတစ္ေယာက္အေၾကာင္းကို အစ္ကိုက ေဆြးေဆြးေျမ႕ေျမ႕နဲ႔ ေျပာျပတယ္။ အဲဒီစကားေတြထဲမွာ ကၽြန္ေတာ္အမွန္တရားကို ရွာခဲ့ျပန္တယ္။

ဒီလိုနဲ႔ ၁၉၉၀ ေ႐ြးေကာက္ပြဲကာလကို ေရာက္လာတယ္။ ‘ငါတို႔က ခေမာက္မွ ခေမာက္ပဲေဟ့’၊ ‘ငါတို႔က သေဘၤာမွသေဘၤာပဲေဟ့’၊ ‘ငါတို႔က ေဘာလ္ပင္မွ ေဘာလ္ပင္ပဲေဟ့’ဆိုတဲ့ အဘိုး၊ အဘြား၊ အေဖ၊ အေမ၊ ဦးႀကီး၊ ဦးေလး၊ ေဒၚႀကီး ေဒၚေလးတို႔ရဲ႕ မစားရ၀ခမန္း အျငင္းအခုံစကားလုံးေတြၾကားမွာ အမွန္တရားကို ကၽြန္ေတာ္ရွာခဲ့တယ္။ အဲဒီကာလ ဆႏၵမဲျပားေတြေပၚမွာလည္း အမွန္တရားကို ရွာမိျပန္တယ္။

ေ႐ြးေကာက္ပြဲက်င္းပၿပီး မၾကာမတင္မွာပဲ အာဏာသိမ္းတာ ဘာလဲဆိုတာကို ကၽြန္ေတာ္သိခြင့္ရခဲ့တယ္။ ေခတ္ပ်က္ထဲမွာ ေမြးဖြားရွင္သန္လာသူတစ္ေယာက္ ေခတ္ဆိုးထဲကို ထပ္မံၿပီး လွိမ့္ဆင္းခဲ့ရျပန္တယ္။ ဒီလိုနဲ႔ေညာင္ႏွစ္ပင္မွာ ျပဳလုပ္တဲ့ညီလာခံေပၚလာတယ္။ အမွန္တရားကို အဲဒီေနရာမွာလည္း သြားရွာၾကည့္ျပန္တယ္။ ဒါေပမဲ့ ဒီလိုမ်ိဳးထူးမျခားနား ရွင္သန္ႀကီးထြားရဦးမယ္ဆိုတာကိုပဲ ကၽြန္ေတာ္သိခြင့္ရခဲ့ျပန္တယ္။ ဒီလိုနဲ႔ ဆယ္စုႏွစ္တစ္ခုကို ေက်ာ္လြန္လာခဲ့တယ္။

၁၉၉၈
၁၉၉၈ ခုႏွစ္မွာ အညာၿမိဳ႕ေလးကေန ရန္ကုန္ကို ေျပာင္းလာခဲ့တယ္။ ရန္ကုန္ေရာက္တဲ့အခ်ိန္ကစၿပီး အမွန္တရားကို ပိုၿပီးေတြ႕ျမင္ခ်င္လာမိတယ္။

သူ႕ကို စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြရဲ႕ အလုပ္႐ုံ၊ စက္႐ုံေတြထဲမွာရွာခဲ့တယ္။ အရပ္ဘက္အဖြဲ႕အစည္းဝင္ လူပုဂၢိဳလ္ေတြနဲ႔ လက္ဆြဲႏႈတ္ဆက္ရင္း ရွာခဲ့တယ္။ ဘုရင့္ေနာင္ပြဲ႐ုံတန္းထဲမွာလည္း ရွာတယ္။ ဗဟိုစံျပငါးေဈးထဲမွာလည္း ရွာတယ္။ သီရိမဂၤလာေဈး သစ္သီးတန္းထဲမွာလည္းရွာတယ္။ ယုတ္စြအဆုံး ေဟာေျပာပြဲေတြ၊ ေဆြးေႏြးပြဲေတြ၊ အခမ္းအနားေတြ၊ ကုန္ပစၥည္းမိတ္ဆက္ပြဲေတြထဲမွာလည္း ရွာခဲ့တယ္။

ဒီလိုနဲ႔ ၂၀၀၇ ေ႐ႊဝါေရာင္ေတာ္လွန္ေရးကာလကို ေရာက္လာတယ္။ အဲဒီမွာ အမွန္တရားေပၚထြက္လာမယ္ဆိုလို႔ ဆႏၵျပသူေတြၾကားမွာ သြားေစာင့္ေနခဲ့တယ္။ က်ည္ဆန္ေဘး၊ နံပါတ္တုတ္ေဘးက လြတ္ေအာင္လည္း မနည္းေရွာင္ခဲ့ရတယ္။ ‘ေဖာက္ေဖာက္….ေဖာက္ေဖာက္’ဆိုတဲ့ ေသနတ္သံေတြၾကားတာနဲ႔ ေခါင္းကိုငုံ႔ ၊ ဇက္ကိုပု။ ေသနတ္သံၿငိမ္သြားခ်ိန္မွာ အမွန္တရားကို ေတြ႕လိုေတြ႕ျငား ေခါင္းေထာင္ၾကည့္မိျပန္တယ္။

အဲဒီမွာ ဂ်ပန္သတင္းေထာက္ႀကီး ပက္လက္လန္လဲက်သြားတာကိုပဲ ေတြ႕လိုက္ရတယ္။ အမွန္တရားကေတာ့ ကၽြန္ေတာ့္ထံေရာက္မလာခဲ့သလို ကၽြန္ေတာ္ကလည္း အမွန္တရားဆီေရာက္ေအာင္ မသြားႏိုင္ခဲ့ဘူး။ ဒီလိုနဲ႔ ဆယ္စုႏွစ္တစ္ခုေက်ာ္လာခဲ့ျပန္တယ္။

၂၀၀၈
ကမၻာမွာ ဆုံး႐ႈံးနစ္နာမႈအႀကီးမားဆုံးေဘးအႏၲရာယ္ေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ခဲ့တဲ့ နာဂစ္မုန္တိုင္း ၂၀၀၈ ခုႏွစ္မွာ တိုက္ခတ္ခဲ့တယ္။ လူေတြ အတိဒုကၡေရာက္ေနခ်ိန္မွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒလို႔ နာမည္ေပးထားတဲ့ စာအုပ္အစိမ္းႀကီး ထြက္ေပၚလာခဲ့တယ္။ အဲဒီထဲမွာ အမွန္တရားရွိေနမလား။ မဝံ့မရဲနဲ႔ လွန္ေလွာရွာေဖြမိျပန္တယ္။ ပုဒ္မေပါင္း ၄၅၇ ခုကို ဖတ္ခဲ့ၿပီးခ်ိန္မွာ စိတ္ကို ဒုန္းဒုန္းခ်ခဲ့ရတယ္။ စာအုပ္အစိမ္းဟာ ကၽြန္ေတာ့္အတြက္လည္း အစိမ္းသက္သက္သာျဖစ္တယ္။ ကၽြန္ေတာ္လိုခ်င္တဲ့ အမွန္တရား၊ ကၽြန္ေတာ္ျမင္ခ်င္တဲ့ အမွန္တရားဟာ စိတ္ကြယ္ရာအရပ္မွာ တိတ္တဆိတ္႐ႈိက္ငိုေနဆဲပဲထင္တယ္။

၂၀၁၀ မွာ ကၽြန္ေတာ္မဲေပးခြင့္ရခဲ့ၿပီ။ စာအုပ္အစိမ္းထဲဝင္ၿပီး အမွန္တရားကို ရွာေဖြခဲ့ဖူးသူအတြက္ ဒီေ႐ြးေကာက္ပြဲက ရင္ခုန္စရာေကာင္းမေနခဲ့ဘူး။ ေ႐ြးခ်ယ္စရာကလည္း ရွိမေနခဲ့ဘူး။ဒီေ႐ြးေကာက္ပြဲအေပၚ ကၽြန္ေတာ္ဆႏၵမရွိခဲ့တာမွန္ေၾကာင္း လက္ပံတန္းေက်ာင္းသားသပိတ္ အၾကမ္းဖက္ၿဖိဳခြင္းမႈနဲ႔ ဆူးေလေရွ႕က ဆႏၵျပပြဲအၾကမ္းဖက္ၿဖိဳခြင္းမႈေတြက သက္ေသထူလိုက္တယ္။ ဒီလိုနဲ႔ တတိယဆယ္စုႏွစ္ထဲမွာလည္း အမွန္တရားဟာ ကၽြန္ေတာ္နဲ႔ခပ္ေဝးေဝးမွာပဲ တူတူပုန္းလို႔ေကာင္းေနခဲ့ျပန္တယ္။

ဒီလိုနဲ႔ပဲ လက္နက္ကိုင္ပဋိပကၡၾကား ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာသည္အထိ ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရတဲ့ ျပည္သူေတြဆီလည္း အမွန္တရားေရာက္မလာသလို၊ အမွန္တရားဟာ ဖြဲ႕စည္းပုံကိုျပင္လိုတဲ့ ျပည္သူလူထုဆီလည္းေရာက္မလာဘူး။ တရားဥပေဒစိုးမိုးေစခ်င္တဲ့ ျပည္သူလူထုထံလည္း ေရာက္မလာဘူး။ ဆယ္စုႏွစ္သုံးခုေက်ာ္ၾကာလိုက္ရွာေနတဲ့ ကၽြန္ေတာ့္ဆီလည္း . . .

၂၀၁၈
၂၀၁၈ခုႏွစ္ရဲ႕ ေန႔တစ္ေန႔။ အဲဒီေန႔က တာေမြအဝိုင္းထိပ္မွာ စစ္ပြဲေတြရပ္ဖို႔ ဆႏၵျပၾကတယ္။ အဲဒီေနရာကို အမွန္တရားေရာက္လာလိမ့္မယ္လို႔ဆိုတာေၾကာင့္ အေျပးအလႊားသြားၿပီး ရွာခဲ့ျပန္တယ္။ စြမ္းအားရွင္ေတြ၊ လက္ပတ္နီေတြကိုသာ ေတြ႕လိုက္ရတယ္။ ထုံးစံအတိုင္း အမွန္တရားကေတာ့ ထြက္ေပၚမလာခဲ့ဘူး။

ရခိုင္ေဒသျဖစ္စဥ္အေပၚ အမွန္တရားရွာေဖြရင္း ဖမ္းဆီးခံခဲ့ရတဲ့ သတင္းသမားႏွစ္ဦးကို ႐ုံးထုတ္ခ်ိန္ေတြမွာ အမွန္တရား ေရာက္ကိုေရာက္လာလိမ့္မယ္လို႔ ဆိုျပန္တာေၾကာင့္ ႐ုံးခ်ိန္းတိုင္း၊ ႐ုံးခ်ိန္းတိုင္း အေရာက္သြားခဲ့တယ္။ အဲဒီ႐ုံးခ်ိန္းေတြထဲမွာ ဒုရဲမႉးတစ္ဦးက ဂုဏ္သိကၡာအရ အမွန္တရားကို ေဖာ္ထုတ္တယ္လို႔ ဆိုခဲ့တယ္။ သူအျပစ္ေပးခံလိုက္ရတယ္။ ကၽြန္ေတာ္ရွာေနတဲ့ အမွန္တရားကေတာ့ ေရာက္မလာခဲ့ဘူး။ အခုဖမ္းဆီးခံလိုက္ရတဲ့ သတင္းသမားႏွစ္ဦးေတာင္ ေထာင္ကေနလြတ္လာခဲ့ၿပီ အမွန္တရားက ေရာက္မလာခဲ့ဘူး။

ဒီလိုနဲ႔စိတ္ေတြ႐ႈပ္၊ ရင္ေတြေမာပန္း၊ ေျခလက္ေတြ ႏုံးေခြေနမိတယ္။ စိတ္သက္သာလို သက္သာျငား ဟိုဟိုဒီဒီေလၽွာက္ၾကည့္ဖို႔ ၿမိဳ႕ထဲကိုထြက္လာခဲ့မိတယ္။ ပန္းဆိုးတန္းလမ္းအတိုင္း ေအာက္ဘက္ကိုဆင္းလာခဲ့တယ္။ ဦးတည္ရာက စာအုပ္အေဟာင္းတန္းေတြဘက္ေပါ့။

‘စစ္တပ္ဆိုတာ ပစ္ရင္မွန္ေအာင္ပစ္တယ္။ မိုးေပၚေထာင္ၿပီး ေျခာက္တာမပါဘူး’ဆိုတဲ့ ဦးေနဝင္းစကားက အမွန္တရားလား။ ေနျပည္ေတာ္ ပရေဆးဥယ်ာဥ္နားမွာ ေအာင္ဝင္းခိုင္ေပ်ာက္သြားတယ္ဆိုတာ အမွန္တရားလား။ ဗစ္တိုးရီးယားအမႈ စီစီတီဗီမွတ္တမ္းေတြ ပ်က္ေနခဲ့တယ္ဆိုတာ အမွန္တရားလား။ ေအာင္ရဲေထြးေသဆုံးခဲ့ရမႈဟာ အျပင္းအထန္နာက်င္ေစမႈနဲ႔ကိစၥျပတ္ခဲ့တာဟာ အမွန္တရားလား။ ၾကည္လင္းကို ႀကိဳးမိန္႔ေပးလိုက္တာဟာ ဦးကိုနီေသဆုံးရမႈအတြက္ အမွန္တရားလား။ ဒီႏိုင္ငံဟာ ဒီမိုကေရစီလမ္းကို ဦးတည္ေလၽွာက္လွမ္းေနတယ္ဆိုတာ အမွန္တရားလား။ ေနၾကတ္ျခင္းမွာ မင္းေျပာင္းမင္းလဲနိမိတ္ပါေနခဲ့တယ္ဆိုတာ အမွန္တရားလား။

ဒီလိုနဲ႔ ေခါင္းငိုက္စိုက္ခ်ရင္း လမ္းဆက္ေလၽွာက္အလာ ဆႏၵထုတ္ေဖာ္ဟစ္ေႂကြးေနတဲ့ အသံေတြ နားထဲဝင္လာတယ္။ ေႂကြးေၾကာ္သံေတြနဲ႔အတူ ‘ဗစ္တိုးရီးယားအတြက္ တရားမၽွတမႈ အျမန္ဆုံးေဖာ္ေဆာင္ေပး’၊ ‘က်င့္ဝတ္ႏွင့္ဥပေဒခ်ိဳးေဖာက္ေသာ ရဲအရာရွိမ်ား အေရးယူေပး’၊ ‘Justice for Victoria’စတဲ့ ဆိုင္းဘုတ္ေတြလည္း ကိုင္စြဲထားတာကိုေတြ႕ရတယ္။

ႏိုင္ငံေက်ာ္ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္ၿပီး အမွန္တရားေဖာ္ထုတ္ေပးဖို႔ ျပည္သူလူထုဘက္က လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္ေတာင္းဆိုၾကတာျဖစ္တယ္။ ဗစ္တိုးရီးယားေလးလည္း အမွန္တရားကို အခုထိရွာမေတြ႕ေသးဘူး။ ျပည္သူလူထုလည္း အမွန္တရားကို အခုထိရွာမေတြ႕ၾကေသးဘူး။ အမွန္တရားက ဘာလဲဆိုတာ ကၽြန္ေတာ္တို႔ သိခြင့္မရခဲ့ၾကဘူး။

ဒီလိုနဲ႔ပဲ လက္နက္ကိုင္ပဋိပကၡၾကား ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာသည္အထိ ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရတဲ့ ျပည္သူေတြဆီလည္း အမွန္တရားေရာက္မလာသလို၊ အမွန္တရားဟာ ဖြဲ႕စည္းပုံကိုျပင္လိုတဲ့ ျပည္သူလူထုဆီလည္း ေရာက္မလာဘူး။ တရားဥပေဒစိုးမိုးေစခ်င္တဲ့ ျပည္သူလူထုထံလည္း ေရာက္မလာဘူး။ ဆယ္စုႏွစ္သုံးခုေက်ာ္ၾကာလိုက္ရွာေနတဲ့ ကၽြန္ေတာ့္ဆီလည္း…။

ေတြးေနရင္း လက္ႏွစ္ဖက္က ေနာက္ေက်ာဘက္ကခါးဆီကိုေရာက္သြားခဲ့တယ္။ ဖိနပ္။ ဟုတ္တယ္။ ဖိနပ္တစ္ရန္။ အမွန္တရားကိုေတြ႕ရင္ ေပးစီးဖို႔အသင့္ေဆာင္ထားတဲ့ ဖိနပ္တစ္ရန္ ေဟာဒီခါးၾကားမွာ အခုထိရွိေနေသးတယ္။

ေရးသူ – သစ္ဇင္

………………………………………………………..

(Unicode Version)

ပိုင်ရှင်မဲ့

‘အမှန်တရား’
သူ့ကို ကျွန်တော်ရှာနေတာကြာပြီ။ တော်တော်လေးကိုကြာနေခဲ့ပြီ။ ဆယ်စုနှစ်သုံးခုဆိုတဲ့ကာလဟာ ကျွန်တော့်အတွက် ရှည်ကြာလွန်းခဲ့တဲ့ကာလတစ်ခုဖြစ်တယ်။

၁၉၈၈
၁၉၈၈ ခုနှစ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကာလထဲကနေ သူ့ကို စပြီးရှာခဲ့မိတာ။ ရှစ်လေးလုံးအရေးတော်ပုံကာလ အညာဒေသမြို့လေးတစ်ခုမှာ အဖေနဲ့အတူ လမ်းမတွေထက် ဟိုဒီသွားလာရင်း အမှန်တရားဆိုတာကို စတင်သိချင်၊ မြင်ချင်ခဲ့မိတာကို အမှတ်ရနေမိတယ်။ လမ်းမထက်မှာ ခင်းကျင်းထားတဲ့ ကြွေးကြော်စာသားတွေ၊ ဆိုင်းဘုတ်တွေ ၊ ပိုစတာထက်မှာ၊ နေပူပူအောက် လမ်းမထက်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ အစ်ကိုဖြစ်သူရဲ့ မျက်နှာထက်က တင်းရင်းနေတဲ့သွေးကြောတွေထဲမှာ အမှန်တရားကိုရှာတယ်။

အာဏာသိမ်းခံရတဲ့နေ့ မနက်အရုဏ်တက်ချိန်မှာ အိမ်တံခါးကို တဒေါက်ဒေါက်လာခေါက်။ ‘အဖေ…ကျွန်တော်ပါဆိုတဲ့အသံနဲ့ ကင်းပုန်းဝပ်နေရာကနေ ပြန်လာတဲ့ ဆယ်တန်းကျောင်းသားအစ်ကိုရဲ့ ဝမ်းနည်းမှုတွေထဲမှာ အမှန်တရားကိုရှာတယ်။ သူ့ကို စစ်ဖိနပ်နဲ့နင်းရင်း ‘မင်းတို့ အိမ်ပြန်တော့’လို့ မောင်းထုတ်လိုက်သူတစ်ယောက်အကြောင်းကို အစ်ကိုက ဆွေးဆွေးမြေ့မြေ့နဲ့ ပြောပြတယ်။ အဲဒီစကားတွေထဲမှာ ကျွန်တော်အမှန်တရားကို ရှာခဲ့ပြန်တယ်။

ဒီလိုနဲ့ ၁၉၉၀ ရွေးကောက်ပွဲကာလကို ရောက်လာတယ်။ ‘ငါတို့က ခမောက်မှ ခမောက်ပဲဟေ့’၊ ‘ငါတို့က သင်္ဘောမှသင်္ဘောပဲဟေ့’၊ ‘ငါတို့က ဘောလ်ပင်မှ ဘောလ်ပင်ပဲဟေ့’ဆိုတဲ့ အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး ဒေါ်လေးတို့ရဲ့ မစားရ၀ခမန်း အငြင်းအခုံစကားလုံးတွေကြားမှာ အမှန်တရားကို ကျွန်တော်ရှာခဲ့တယ်။ အဲဒီကာလ ဆန္ဒမဲပြားတွေပေါ်မှာလည်း အမှန်တရားကို ရှာမိပြန်တယ်။

ရွေးကောက်ပွဲကျင်းပပြီး မကြာမတင်မှာပဲ အာဏာသိမ်းတာ ဘာလဲဆိုတာကို ကျွန်တော်သိခွင့်ရခဲ့တယ်။ ခေတ်ပျက်ထဲမှာ မွေးဖွားရှင်သန်လာသူတစ်ယောက် ခေတ်ဆိုးထဲကို ထပ်မံပြီး လှိမ့်ဆင်းခဲ့ရပြန်တယ်။ ဒီလိုနဲ့ညောင်နှစ်ပင်မှာ ပြုလုပ်တဲ့ညီလာခံပေါ်လာတယ်။ အမှန်တရားကို အဲဒီနေရာမှာလည်း သွားရှာကြည့်ပြန်တယ်။ ဒါပေမဲ့ ဒီလိုမျိုးထူးမခြားနား ရှင်သန်ကြီးထွားရဦးမယ်ဆိုတာကိုပဲ ကျွန်တော်သိခွင့်ရခဲ့ပြန်တယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့တယ်။

၁၉၉၈
၁၉၉၈ ခုနှစ်မှာ အညာမြို့လေးကနေ ရန်ကုန်ကို ပြောင်းလာခဲ့တယ်။ ရန်ကုန်ရောက်တဲ့အချိန်ကစပြီး အမှန်တရားကို ပိုပြီးတွေ့မြင်ချင်လာမိတယ်။

သူ့ကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အလုပ်ရုံ၊ စက်ရုံတွေထဲမှာရှာခဲ့တယ်။ အရပ်ဘက်အဖွဲ့အစည်းဝင် လူပုဂ္ဂိုလ်တွေနဲ့ လက်ဆွဲနှုတ်ဆက်ရင်း ရှာခဲ့တယ်။ ဘုရင့်နောင်ပွဲရုံတန်းထဲမှာလည်း ရှာတယ်။ ဗဟိုစံပြငါးဈေးထဲမှာလည်း ရှာတယ်။ သီရိမင်္ဂလာဈေး သစ်သီးတန်းထဲမှာလည်းရှာတယ်။ ယုတ်စွအဆုံး ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေထဲမှာလည်း ရှာခဲ့တယ်။

ဒီလိုနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလကို ရောက်လာတယ်။ အဲဒီမှာ အမှန်တရားပေါ်ထွက်လာမယ်ဆိုလို့ ဆန္ဒပြသူတွေကြားမှာ သွားစောင့်နေခဲ့တယ်။ ကျည်ဆန်ဘေး၊ နံပါတ်တုတ်ဘေးက လွတ်အောင်လည်း မနည်းရှောင်ခဲ့ရတယ်။ ‘ဖောက်ဖောက်….ဖောက်ဖောက်’ဆိုတဲ့ သေနတ်သံတွေကြားတာနဲ့ ခေါင်းကိုငုံ့ ၊ ဇက်ကိုပု။ သေနတ်သံငြိမ်သွားချိန်မှာ အမှန်တရားကို တွေ့လိုတွေ့ငြား ခေါင်းထောင်ကြည့်မိပြန်တယ်။

အဲဒီမှာ ဂျပန်သတင်းထောက်ကြီး ပက်လက်လန်လဲကျသွားတာကိုပဲ တွေ့လိုက်ရတယ်။ အမှန်တရားကတော့ ကျွန်တော့်ထံရောက်မလာခဲ့သလို ကျွန်တော်ကလည်း အမှန်တရားဆီရောက်အောင် မသွားနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြန်တယ်။

၂၀၀၈
ကမ္ဘာမှာ ဆုံးရှုံးနစ်နာမှုအကြီးမားဆုံးဘေးအန္တရာယ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တယ်။ လူတွေ အတိဒုက္ခရောက်နေချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ နာမည်ပေးထားတဲ့ စာအုပ်အစိမ်းကြီး ထွက်ပေါ်လာခဲ့တယ်။ အဲဒီထဲမှာ အမှန်တရားရှိနေမလား။ မဝံ့မရဲနဲ့ လှန်လှောရှာဖွေမိပြန်တယ်။ ပုဒ်မပေါင်း ၄၅၇ ခုကို ဖတ်ခဲ့ပြီးချိန်မှာ စိတ်ကို ဒုန်းဒုန်းချခဲ့ရတယ်။ စာအုပ်အစိမ်းဟာ ကျွန်တော့်အတွက်လည်း အစိမ်းသက်သက်သာဖြစ်တယ်။ ကျွန်တော်လိုချင်တဲ့ အမှန်တရား၊ ကျွန်တော်မြင်ချင်တဲ့ အမှန်တရားဟာ စိတ်ကွယ်ရာအရပ်မှာ တိတ်တဆိတ်ရှိုက်ငိုနေဆဲပဲထင်တယ်။

၂၀၁၀ မှာ ကျွန်တော်မဲပေးခွင့်ရခဲ့ပြီ။ စာအုပ်အစိမ်းထဲဝင်ပြီး အမှန်တရားကို ရှာဖွေခဲ့ဖူးသူအတွက် ဒီရွေးကောက်ပွဲက ရင်ခုန်စရာကောင်းမနေခဲ့ဘူး။ ရွေးချယ်စရာကလည်း ရှိမနေခဲ့ဘူး။ဒီရွေးကောက်ပွဲအပေါ် ကျွန်တော်ဆန္ဒမရှိခဲ့တာမှန်ကြောင်း လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ဆူးလေရှေ့က ဆန္ဒပြပွဲအကြမ်းဖက်ဖြိုခွင်းမှုတွေက သက်သေထူလိုက်တယ်။ ဒီလိုနဲ့ တတိယဆယ်စုနှစ်ထဲမှာလည်း အမှန်တရားဟာ ကျွန်တော်နဲ့ခပ်ဝေးဝေးမှာပဲ တူတူပုန်းလို့ကောင်းနေခဲ့ပြန်တယ်။

ဒီလိုနဲ့ပဲ လက်နက်ကိုင်ပဋိပက္ခကြား နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေဆီလည်း အမှန်တရားရောက်မလာသလို၊ အမှန်တရားဟာ ဖွဲ့စည်းပုံကိုပြင်လိုတဲ့ ပြည်သူလူထုဆီလည်းရောက်မလာဘူး။ တရားဥပဒေစိုးမိုးစေချင်တဲ့ ပြည်သူလူထုထံလည်း ရောက်မလာဘူး။ ဆယ်စုနှစ်သုံးခုကျော်ကြာလိုက်ရှာနေတဲ့ ကျွန်တော့်ဆီလည်း . . .

၂၀၁၈
၂၀၁၈ခုနှစ်ရဲ့ နေ့တစ်နေ့။ အဲဒီနေ့က တာမွေအဝိုင်းထိပ်မှာ စစ်ပွဲတွေရပ်ဖို့ ဆန္ဒပြကြတယ်။ အဲဒီနေရာကို အမှန်တရားရောက်လာလိမ့်မယ်လို့ဆိုတာကြောင့် အပြေးအလွှားသွားပြီး ရှာခဲ့ပြန်တယ်။ စွမ်းအားရှင်တွေ၊ လက်ပတ်နီတွေကိုသာ တွေ့လိုက်ရတယ်။ ထုံးစံအတိုင်း အမှန်တရားကတော့ ထွက်ပေါ်မလာခဲ့ဘူး။

ရခိုင်ဒေသဖြစ်စဉ်အပေါ် အမှန်တရားရှာဖွေရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားနှစ်ဦးကို ရုံးထုတ်ချိန်တွေမှာ အမှန်တရား ရောက်ကိုရောက်လာလိမ့်မယ်လို့ ဆိုပြန်တာကြောင့် ရုံးချိန်းတိုင်း၊ ရုံးချိန်းတိုင်း အရောက်သွားခဲ့တယ်။ အဲဒီရုံးချိန်းတွေထဲမှာ ဒုရဲမှူးတစ်ဦးက ဂုဏ်သိက္ခာအရ အမှန်တရားကို ဖော်ထုတ်တယ်လို့ ဆိုခဲ့တယ်။ သူအပြစ်ပေးခံလိုက်ရတယ်။ ကျွန်တော်ရှာနေတဲ့ အမှန်တရားကတော့ ရောက်မလာခဲ့ဘူး။ အခုဖမ်းဆီးခံလိုက်ရတဲ့ သတင်းသမားနှစ်ဦးတောင် ထောင်ကနေလွတ်လာခဲ့ပြီ အမှန်တရားက ရောက်မလာခဲ့ဘူး။

ဒီလိုနဲ့စိတ်တွေရှုပ်၊ ရင်တွေမောပန်း၊ ခြေလက်တွေ နုံးခွေနေမိတယ်။ စိတ်သက်သာလို သက်သာငြား ဟိုဟိုဒီဒီလျှောက်ကြည့်ဖို့ မြို့ထဲကိုထွက်လာခဲ့မိတယ်။ ပန်းဆိုးတန်းလမ်းအတိုင်း အောက်ဘက်ကိုဆင်းလာခဲ့တယ်။ ဦးတည်ရာက စာအုပ်အဟောင်းတန်းတွေဘက်ပေါ့။

‘စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး’ဆိုတဲ့ ဦးနေဝင်းစကားက အမှန်တရားလား။ နေပြည်တော် ပရဆေးဥယျာဉ်နားမှာ အောင်ဝင်းခိုင်ပျောက်သွားတယ်ဆိုတာ အမှန်တရားလား။ ဗစ်တိုးရီးယားအမှု စီစီတီဗီမှတ်တမ်းတွေ ပျက်နေခဲ့တယ်ဆိုတာ အမှန်တရားလား။ အောင်ရဲထွေးသေဆုံးခဲ့ရမှုဟာ အပြင်းအထန်နာကျင်စေမှုနဲ့ကိစ္စပြတ်ခဲ့တာဟာ အမှန်တရားလား။ ကြည်လင်းကို ကြိုးမိန့်ပေးလိုက်တာဟာ ဦးကိုနီသေဆုံးရမှုအတွက် အမှန်တရားလား။ ဒီနိုင်ငံဟာ ဒီမိုကရေစီလမ်းကို ဦးတည်လျှောက်လှမ်းနေတယ်ဆိုတာ အမှန်တရားလား။ နေကြတ်ခြင်းမှာ မင်းပြောင်းမင်းလဲနိမိတ်ပါနေခဲ့တယ်ဆိုတာ အမှန်တရားလား။

ဒီလိုနဲ့ ခေါင်းငိုက်စိုက်ချရင်း လမ်းဆက်လျှောက်အလာ ဆန္ဒထုတ်ဖော်ဟစ်ကြွေးနေတဲ့ အသံတွေ နားထဲဝင်လာတယ်။ ကြွေးကြော်သံတွေနဲ့အတူ ‘ဗစ်တိုးရီးယားအတွက် တရားမျှတမှု အမြန်ဆုံးဖော်ဆောင်ပေး’၊ ‘ကျင့်ဝတ်နှင့်ဥပဒေချိုးဖောက်သော ရဲအရာရှိများ အရေးယူပေး’၊ ‘Justice for Victoria’စတဲ့ ဆိုင်းဘုတ်တွေလည်း ကိုင်စွဲထားတာကိုတွေ့ရတယ်။

နိုင်ငံကျော်ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး အမှန်တရားဖော်ထုတ်ပေးဖို့ ပြည်သူလူထုဘက်က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တောင်းဆိုကြတာဖြစ်တယ်။ ဗစ်တိုးရီးယားလေးလည်း အမှန်တရားကို အခုထိရှာမတွေ့သေးဘူး။ ပြည်သူလူထုလည်း အမှန်တရားကို အခုထိရှာမတွေ့ကြသေးဘူး။ အမှန်တရားက ဘာလဲဆိုတာ ကျွန်တော်တို့ သိခွင့်မရခဲ့ကြဘူး။

ဒီလိုနဲ့ပဲ လက်နက်ကိုင်ပဋိပက္ခကြား နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေဆီလည်း အမှန်တရားရောက်မလာသလို၊ အမှန်တရားဟာ ဖွဲ့စည်းပုံကိုပြင်လိုတဲ့ ပြည်သူလူထုဆီလည်း ရောက်မလာဘူး။ တရားဥပဒေစိုးမိုးစေချင်တဲ့ ပြည်သူလူထုထံလည်း ရောက်မလာဘူး။ ဆယ်စုနှစ်သုံးခုကျော်ကြာလိုက်ရှာနေတဲ့ ကျွန်တော့်ဆီလည်း…။

တွေးနေရင်း လက်နှစ်ဖက်က နောက်ကျောဘက်ကခါးဆီကိုရောက်သွားခဲ့တယ်။ ဖိနပ်။ ဟုတ်တယ်။ ဖိနပ်တစ်ရန်။ အမှန်တရားကိုတွေ့ရင် ပေးစီးဖို့အသင့်ဆောင်ထားတဲ့ ဖိနပ်တစ်ရန် ဟောဒီခါးကြားမှာ အခုထိရှိနေသေးတယ်။

ရေးသူ – သစ်ဇင်